မီနူး

လောင်းကစားနှင့် စိတ်ကျန်းမာရေး Gambling Disorder

“လောင်းကစားနှင့် စိတ်ကျန်းမာရေး (Gambling disorder)”

အခုလို မတည်ငြိမ်တဲ့ကာလမှာ အခြေအနေ အကြောင်းအရာ အမျိုးမျိုးကြောင့် လောင်းကစားနဲ့ ပက်သက်တဲ့ ဂိမ်းအမျိုးစားပေါင်းများစွာဟာ လူတွေရဲ့ လက်တစ်ကမ်းအကွာမှာ ရောက်ရှိလာတာနဲ့အမျှ လောင်းကစားကြောင့် လူမှုရေးနဲ့ ရုပ်ပိုင်း/စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေလည်း တိုးမြင့်လာပါတယ်။

“လှေမျော လှေနဲ့လိုက်၊ ငွေမျော ငွေနဲ့လိုက်” ဆိုတဲ့ စကားကို လက်ကိုင်ရင်း နောက်ဆုံးမှာ မိသားစုလိုက် ဘဝပျက်တာတွေနဲ့ အဆုံးစီရင်ဖို့ကြိုးစားတဲ့ ဖြစ်ရပ်တွေလည်း ခပ်စိပ်စိပ် ကြားမိကြမှာပါ။

..

..

❗️Gambling disorder ဆိုတာ လောင်းကစားစွဲလမ်းတဲ့ ကျန်းမာရေးပြဿနာ ဖြစ်ပါတယ်။

???? လောင်းကစားစွဲလမ်းတယ်ဆိုတာ…

⦿ လောင်းကစားဆော့တာကို အချိန်အတော်ကြာ စွဲလမ်းလာပြီး မိမိကိုယ့်ကို ထိန်းချုပ်ဖို့ ခက်ခဲလာမယ်။

⦿ ရုပ်ပိုင်း၊ စိတ်ပိုင်း၊ လူမှုရေးပိုင်းဆိုင်ရာ ထိခိုက်မှုတွေကို ဂရုမစိုက်ဘဲ လောင်းကစားပဲလုပ်ချင်နေတယ်။

⦿ မိသားစုဝင်တွေနဲ့ မိတ်ဆွေတွေက လောင်းကစားလုပ်တာနဲ့ ပက်သက်ပြီး စိုးရိမ်တဲ့လက္ခဏာတွေ ပြလာမယ်။

⦿ ကိုယ်တိုင်က နေ့စဉ်လုပ်ငန်းဆောင်တာတွေထက် လောင်းကစားကပဲ အရေးကြီးဆုံးလို့ ခံစားနေရတာမျိုးကို ဆိုလိုပါတယ်။

..

..

???? လောင်းကစားအမျိုးမျိုး…

လောင်းကစားလို့ဆိုရင် ဘောလုံးပွဲလောင်းတာ၊ ဖဲရိုက်တာ၊ ၂ လုံး/၃ လုံး ထီထိုးတာတင်မက အခုဆိုရင် ဖုန်းနဲ့ အလွယ်တကူဆော့လို့ရပြီး ပရိုဂရမ်ဆွဲထားတဲ့ အွန်လိုင်းဂိမ်း၊ စလော့ (slot) ဂိမ်းတွေကြောင့် ဘဝပျက်နေသူတွေ ပိုများလာပါတယ်။

..

..

???? လောင်းကစားစွဲလမ်းစေနိုင်တဲ့ အကြောင်းအရင်းတွေက?

???? ‘အတုမြင် အတတ်သင်’ သဘောနဲ့ လောင်းကစားလုပ်တတ်တဲ့ မိဘ၊ ဆွေမျိုး၊ မိတ်ဆွေရှိတာ

???? ငွေကြေးအခက်အခဲရှိသူ၊ လုပ်ငန်းခွင် ဖိအားများနေသူ၊ လောင်းကစားလုပ်ရလွယ်တဲ့ အနေအထားရှိသူ

???? အခြားစွဲလမ်းမှု ရောဂါတစ်ခုခုရှိနေသူ (ဆေးစွဲတာ၊ အရက်စွဲတာ)

???? တစ်ကြိမ်တစ်ခါ အနိုင်ရခြင်းက စိတ်လှုပ်ရှားစေပြီး ဆုလာဘ်တစ်ခုရသလို ခံစားရစေတဲ့ dopamine ဟော်မုန်းရဲ့ ဦးနှောက်ကို လှုံ့ဆော်တာ

???? စိတ်ထိခိုက်စရာရှိသူ၊ ရုပ်ပိုင်း/စိတ်ပိုင်းဆိုင်ရာ နေမကောင်းသူတွေမှာ စွဲလမ်းနိုင်ခြေများပါတယ်။

..

..

‼️ လောင်းကစားကြောင့် စီးပွားရေးသာမက အိမ်ထောင်ရေး၊ လူမှုရေး၊ ကိုယ်/စိတ်ကျန်းမာရေး ထိခိုက်ဆုံးရှုံးမှုတွေ ရရှိနိုင်ပါတယ်။

– မိသားစုဝင်တွေအပေါ် လိမ်ညာခြင်း၊ ဒေါသအလျောက် စိတ်လိုက်မာန်ပါလုပ်ခြင်း

– ငွေရေးကြေးရေး၊ အကြွေးတွေနဲ့ ပတ်သက်ပြီး ပြဿနာတက်ခြင်း

– ခိုးယူခြင်း၊ အလွဲသုံးစားလုပ်ခြင်း၊ ရာဇဝတ်မှုကျူးလွန်ခြင်း

– အိမ်တွင်းအကြမ်းဖက်မှုတွေ၊ ကွာရှင်းပြတ်စဲမှုတွေ စတဲ့ အိမ်ထောင်ရေးပြဿနာတွေသာမက…

– စိတ်ဖိစီးမှုများတာ၊ စိတ်အတက်အကျမြန်တာ

– ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုနည်းလာတာ

– အအိပ်ပျက်၊ အစားအသောက်ပျက်တာ

– မူးယစ်ဆေးနဲ့ အရက်စွဲလာတာ

– မိမိကိုယ်မိမိ သေကြောင်းကြံစည်ဖို့ ကြိုးစားတာအထိ စိတ်ကျန်းမာရေးပြဿနာတွေ ခံစားရနိုင်ပါတယ်။

ဒါ့အပြင် ……. လုပ်ငန်းခွင်မှာလည်း အာရုံထွေပြားကာ လုပ်ဖော်ကိုင်ဖက်တွေနဲ့ အဆင်မပြေတာမျိုးဖြစ်ပြီး ပစ္စည်းဥစ္စာဆုံးရှုံးမှုသာမက လူမှုရေးရာဂုဏ်သိက္ခာတွေပါ ထိခိုက်နစ်နာနိုင်ပါတယ်။

..

..

✅ အထက်ပါ လက္ခဏာတွေ ခံစားရပြီး မိမိကိုယ်ကို လောင်းကစားစွဲလမ်းမှု ပြဿနာရှိနေတယ်လို့ သံသယရှိရင် တတ်ကျွမ်းနားလည်သူတွေထံမှ အကူအညီရယူဖို့ ကြိုးစားပါ။

???? အရေးအကြီးဆုံးအနေနဲ့ Self-help “မိမိသာလျှင် အဓိက ကုစားနိုင်သူ” ဖြစ်တာမို့ မိမိစွဲလမ်းမှုကို ဦးစွာပထမ နားလည်လက်ခံပြီး စိတ်ပိုင်းဆိုင်ရာကုသမှု ခံယူသင့်ပါတယ်။

???? Cognitive Behavioural Therapy (CBT) အတွေးနဲ့အပြုအမူကို ပြန်လည်ထိန်းညှိပေးတဲ့ ကုထုံးခံယူခြင်းဖြင့် လောင်းကစားနဲ့ပက်သက်တဲ့ နိုင်လိုစိတ်နဲ့ အတွေးအမြင်တွေ ပြောင်းလဲလာပြီး လောင်းကစားကို ရပ်တန့်ဖို့ ကြိုးစားလာပါမယ်။

???? မိသားစု၊ အိမ်ထောင်ရေးပြဿနာများ နှစ်သိမ့်ဆွေးနွေးခြင်း (family and couples therapy) နဲ့ ငွေရေးကြေးရေး ပြန်လည် ဆန်းစစ် ညှိနှိုင်းခြင်း (Family budgeting) နည်းလမ်းတွေနဲ့လည်း ဆွေးနွေးနှစ်သိမ့်မှု ခံယူသင့်ပါတယ်။

???? UK လိုမျိုး နိုင်ငံတွေမှာတော့ “လောင်းကစားသူများ အမည်ဝှက်အဖွဲ့” (Gamblers Anonymous) ဆို ပြီး အဖွဲ့တွေရှိပါတယ်။ သူတို့က ဆွေးနွေးပွဲတွေ ပုံမှန်ကျင်းပလေ့ရှိပြီး လောင်းကစားစွဲလမ်းမှုနဲ့ ပတ်သက်ပြီး အတွေ့အကြုံဖလှယ်ကာ ရပ်တန့်ဖို့ ကြိုးစားပုံ နည်းလမ်းတွေ အချင်းချင်းမျှဝေကြပါတယ်။ ဒီနည်းလမ်းက လူနာတွေအတွက် ထိရောက်မှုရှိတာကိုလည်း လေ့လာတွေ့ရှိထားပါတယ်။

✅ မိမိပတ်ဝန်းကျင်မှာ လောင်းကစားစွဲလမ်းမှုပြဿနာရှိသူတစ်ဦး ရှိနေရင် ပစ်ပယ်မထားဘဲ ရောဂါရှိသူတစ်ဦးအနေနဲ့ နားလည်ပေးပြီး လိုအပ်တဲ့ကုထုံးတွေ ရယူနိုင်ဖို့ ကူညီပေးသင့်ပါတယ်။

❌ အခုလိုကာလမှာ “ဘယ်သူသေသေ ငတေမာပြီးရော” ဆိုတဲ့အတွေးနဲ့ အွန်လိုင်းဂိမ်းပေါင်းစုံကို ကြော်ငြာခ၊ ကော်မရှင်ခယူပြီး ကစားဖို့ မြှူဆွယ်သူတွေကိုလည်း ရှုတ်ချမိပါတယ်။

???? စွဲလမ်းမှုပြဿနာတိုင်းမှ ရုန်းထွက်နိုင်ကြပါစေ။

Reference : ????

https://www.rcpsych.ac.uk/…/proble…/gambling-disorder…

❤️ NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️

???? တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် ( https://m.me/telehealthmm ) ကို နှိပ်ပါ

( နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ )

#nugmoh#telehealth#telemedicine

#teleconsultation#တယ်လီကျန်းမာ#Telekyanmar

#gambling#လောင်းကစား

Ministry of Health,

National Unity Government.

ဆက်စပ်ရာ ကျန်းမာရေးဆောင်းပါးများ

အိမ်လေးတစ်လုံးနဲ့ တူတဲ့သူ (A Person Like a Home)

‎🏡 အိမ်လေးတစ်လုံးနဲ့ တူတဲ့သူ (A Person Like a Home)‎‎လူ့ဘဝဆိုတာ ခရီးရှည်ကြီးတစ်ခုပါ။ ဒီခရီးလမ်းမှာ ကျွန်တော်တို့အားလုံးဟာ ခရီးသွားတွေသာ ဖြစ်ကြပါတယ်။ နေပူကျဲကျဲ လမ်းမတွေထက်မှာ လျှောက်လှမ်းရတဲ့အခါရှိသလို မိုးသည်းထန်စွာ ရွာသွန်းတဲ့ မုန်တိုင်းတွေကြား ဖြတ်သန်းရတဲ့ အခါတွေလည်း ရှိပါတယ်။‎ဒီလို ပင်ပန်းနွမ်းနယ်လာတဲ့အခါ လူတိုင်း...

အချဉ်ဖောက်ထားသောအစားအစာများ

‎အစားအစာတွေကို တစ်ခေတ်ဆန်းသစ်စေတဲ့ နည်းလမ်းအမျိုးမျိုးရှိတဲ့အနက် တစ်မျိုးကတော့ အချဉ်ဖောက်ထားတာလို့ဆိုရင် မမှားပါဘူး။ ‎သူတို့ရဲ့ အရသာဟာ ချိုချဉ်ငန်ခါးလို သာမန်အရသာမျိုးမဟုတ်ဘဲ တစ်မျိုးလေး ထူးဆန်းနေတတ်ပါတယ်။‎ဒီလိုအချဥ်ဖောက်ထားတာတွေက ‎ကျန်းမာရေးအတွက်လည်း အကျိုးပြုနေတတ်ပါတယ်။ ဘာလို့လဲဆိုတော့ အူလမ်းကြောင်းထဲမှာ အကျိုးပြုပိုးကောင်လေးတွေကို များပြား၊ ပွားများလာစေပြီး အူလမ်းကြောင်းရဲ့ကိုယ်ခံအားကို ကောင်းစေလို့ပါ။ အဲဒီကနေတစ်ဆင့် တစ်ကိုယ်လုံးရဲ့ ကိုယ်ခံအားကိုလည်း...

Dr Harry နှင့် လည်ပင်းသွေးကြောဒဏ်ရာ

Helloကျွန်တော် Dr Harry ပါ။ တိုက်ပွဲတွေက ဆက်တိုက်ဖြစ်ပြီး ခွဲခန်းမှာ ရဲဘော်တွေ ရော၊ စစ်ရှောင်တွေရော လက်မလည်အောင် ရှုပ်ရှက်ခတ်နေတာနဲ့ စာရေးဖို့ကို ဘယ်လိုမှအာရုံစိုက်လို့မရ ဖြစ်နေတာနဲ့ မရေးဖြစ်တာ ကြာသွားပြန်ပြီ။ လူနာမျိုးစုံ၊ ဒဏ်ရာမျိုးစုံ၊ အဖြစ်အပျက်မျိုးစုံနဲ့ စာရေးမယ်ဆို ရေးစရာတွေက အများကြီးပေမယ့် အချိန်လေးရတုန်း အိပ်ချင်တာနဲ့၊ ပင်ပန်းတာနဲ့၊...

ပြောင်းလဲခြင်းကို အလှပဆုံး လက်ခံတတ်ဖို့‎

‎ကျွန်မတို့ဟာ မိခင်ရဲ့ဝမ်းကနေ မွေးဖွားလာချိန်ကစပြီး ဒီကနေ့အထိ ပြောင်းလဲခြင်းများစွာကို ဖြတ်သန်းခဲ့ကြရပါတယ်။ တချို့သော ပြောင်းလဲမှုတွေက သိမ်မွေ့လွန်းတာကြောင့် ကိုယ်တိုင်တောင် သတိမထားမိဘဲ သဘာဝကျကျ ဖြတ်ကျော်နိုင်ခဲ့ကြပါတယ်။ ‎ဥပမာ - ကလေးဘဝကနေ လူငယ်ဘဝကို ကူးပြောင်းတာမျိုး၊ ကျောင်းသားဘဝကနေ လုပ်ငန်းခွင်ထဲ ရောက်သွားတာမျိုးတွေပေါ့။ ဒီလို အဆင့်ဆင့်ပြောင်းလဲတာတွေက တဖြည်းဖြည်းချင်း ဖြစ်ပေါ်လာတာမို့...