မီနူး

အမျိုးသားလိင်တံထိပ် အရေပြားသန့်ရှင်းရေးနှင့် အရေပြားဖြတ်ထုတ်ခြင်း Foreskin hygiene and Circumcision (February, 2023)

အမျိုးသားလိင်တံထိပ် အရေပြားသန့်ရှင်းရေးနှင့် အရေပြားဖြတ်ထုတ်ခြင်း (Foreskin hygiene and Circumcision)

အမျိုးသားတွေမှာ လိင်အင်္ဂါသန့်ရှင်းမှု အားနည်းတဲ့အခါ အနံ့ဆိုးထွက်တာ၊ လိင်တံနာကျင်တာ၊ ယားယံပြီး နေရခက်တာ၊ ရောဂါပိုးဝင်တာတွေအပြင် လိင်မှတစ်ဆင့်ကူးစက်တဲ့ရောဂါတွေလည်း ဖြစ်နိုင်ခြေများလှပါတယ်။

ဒါ့အပြင် လိင်အင်္ဂါသန့်ရှင်းမှု အားနည်းခြင်းဟာ လိင်တံကင်ဆာ (Penile Cancer) ဖြစ်ပွားနိုင်ခြေနဲ့လည်း ဆက်စပ်မှုရှိတယ်လို့ သုတေသနစာတမ်းတွေက ဆိုပါတယ်။

အတူနေ လိင်ဆက်ဆံဖော် (ဒါမှမဟုတ်) ကိုယ့်အိမ်ထောင်ဖက်အတွက်လည်း ဒါဟာ စိတ်အနှောက်အယှက်ဖြစ်စေပြီး လိင်ဆက်ဆံရေးကိုပါ ထိခိုက်စေတာမို့ လိင်တံ( အရပ်အ
ခေါ် “ ညီလေး” )ကို သန့်ရှင်းရေး ပုံမှန်ပြုလုပ်ပေးဖို့ အရေးကြီးပါတယ်။
..
..

ပုံမှန်အားဖြင့် အမျိုးသားလိင်တံထိပ်ကို ဖုံးအုပ်ပေးထားတဲ့ ထိပ်အရေပြား (foreskin) ရဲ့အောက်မှာ ဆဲလ်အသေတွေ၊ အဆီတွေနဲ့ ချွေးတွေစုပြီး အချိန်ကြာလာတဲ့အခါ အဖြူအနှစ်အဖတ်လေးတွေ (Smegma) ဖြစ်လာတတ်ပါတယ်။ လိင်တံထိပ်အရေပြားကို ဆွဲလှန်တဲ့အခါ တွေ့ရတတ်ပါတယ်။

လိင်တံထိပ်အရေပြားဖြတ် (Circumcision) ထားတဲ့ အမျိုးသားတွေမှာတော့ သန့်ရှင်းရေးလုပ်ရလွယ်သွားတာမို့ အညစ်အကြေးတွေစုပုံနေတာ၊ အနံ့အသက်ဆိုးထွက်တာကနေ လျော့ပါးသက်သာစေပါတယ်။
..
..

???? လိင်တံထိပ်အရေပြားဖြတ်ခြင်းအပေါ် ….

အချို့က လိင်တံထိပ်အရေပြားဖြတ်တာကို မလိုအပ်ဘဲ ပုံပျက်စေတယ်လို့ တွေးတတ်ကြပေမယ့် အချို့ကလည်း ဘာသာရေးအယူအဆအရ၊ ရိုးရာဓလေ့ထုံးတမ်းအရ အရေပြားထိပ်ဖြတ်ခြင်းက်ိုပြုလုပ်ကြပါတယ်။

အထူးသဖြင့် ဂျူးလူမျိုး၊ အစ္စလာမ်ဘာသာဝင်တွေ (Jewish and Islamic communities) နဲ့ အာဖရိကဖွား လူမျိုးစုအချို့မှာ အရေပြားထိပ်ဖြတ်ခြင်းကို ကျယ်ကျယ်ပြန့်ပြန့်ပြုလုပ်ကြပါတယ်။
ထိုသူတွေမှာ လိင်တံကင်ဆာဖြစ်ပွားနှုန်း ပိုနည်းတာကိုလဲ တွေ့ရပါတယ်။

လိင်တံထိပ်အရေပြားဟာ လိင်တံထိပ်ကို သဘာဝအားဖြင့် ကာကွယ်ပေးထားတာဖြစ်လို့ ဆရာဝန်တွေအနေနဲ့လည်း ပုံမှန်အားဖြင့် (အထူးသဖြင့် မွေးကင်းစကလေးငယ်လေးတွေမှာ) ထိပ်အရေပြားဖြတ်ဖို့ကို အားမပေးတတ်ကြပါဘူး။

ဒါပေမယ့် သန့်ရှင်းရေးသေချာမပြုလုပ်ခြင်းရဲ့ နောက်ဆက်တွဲရောဂါတွေ ဖြစ်လာနိုင်တယ်ဆိုရင်တော့ လိင်တံထိပ်အရေပြားကို ဖြတ်လို့ရပါတယ်။
.

???? ထိပ်အရေပြားဖြတ်တာရဲ့ ကျန်းမာရေးကောင်းကျိုးတွေကတော့…

– ထိပ်အရေပြားကို ဆွဲလှန်ရခက်ခဲ/မရ ဖြစ်စေတဲ့ ရောဂါ (Phimosis)

– လိင်တံထိပ်အရေပြားကို အားသုံးနောက်သို့ ဆွဲပြီးနောက် (after forceful retraction) အရေပြားပြန်ဖုံးမရဘဲ လိင်တံထိပ်ရောင်ရမ်းသောရောဂါ (Paraphimosis)

– လိင်တံအရေပြားနှင့် လိင်တံထိပ်ရောင်ရမ်းရောဂါ (Balanitis)နဲ့

– လိင်တံကင်ဆာ (Penile cancer) ဖြစ်ပွားမှုတွေကနေ ထိထိရောက်ရောက် ကာကွယ်နိုင်တယ်လို့ ဆိုပါတယ်။
..
..

ထိပ်အရေပြားဖြတ်ထားသူ အမျိုးသားတွေဟာ အရေပြားဖြတ်မထားသူတွေထက်စာရင် ဆီးလမ်းကြောင်းပိုးဝင်ရောဂါ (Urinary tract infection) နဲ့ လိင်မှတစ်ဆင့်ကူးစက်တတ်တဲ့ရောဂါ (Sexually transmitted infections)တွေ ဖြစ်ပွားနိုင်​ခြေလည်း ပိုနည်းတယ်လို့ လေ့လာမှုတွေကဆိုပါတယ်။

ဒါ့အပြင်…. လိင်တံထိပ်သန့်ရှင်းနေခြင်းဟာ လက်တွဲဖော်အမျိုးသမီးတွေအတွက်လည်း သားအိမ်ခေါင်းကင်ဆာ (Cervical cancer) ဖြစ်ပွားနိုင်​ခြေကို လျော့ပါးစေတယ် ဆိုကြပါတယ်။

???? လိင်တံထိပ်အရေပြားဖြတ်တာဟာ ဆိုးကျိုးရော ရှိသလား ?

❗လိင်တံထိပ်အရေပြားဖြတ်တာဟာ လိင်တံထိပ်အရေပြားမဖြတ်လို့ရလာတဲ့ နောက်ဆက်တွဲရောဂါတွေလောက် ဆိုးကျိုးမများဘူးလို့ ဆိုလို့ရပါတယ်။

❗အရေပြားဖြတ်တာဟာ လိင်စိတ်ခံစားမှုအပေါ် ပုံမှန်အားဖြင့်လည်း ဆိုးကျိုးတစ်စုံတစ်ရာ မရှိစေနိုင်ပါဘူး….

❗ဒါပေမယ့် Circumcision ပြုလုပ်ခြင်းရဲ့ နောက်ဆက်တွဲအနေနဲ့ သွေးထွက်တာ၊ နာကျင်တာ၊ အခန့်မသင့်ရင် ထပ်မံခွဲစိတ်ဖို့လိုအပ်လာနိုင်တာ….ဒါမျိုး ဆိုးကျိုးတွေတော့ ရှိလာနိုင်ပါတယ်။
.တတ်သိပညာရှင်ဖြင့် ပြုလုပ်ပါက ဆိုးကျိုးအလွန်နည်းပါတယ်။

❗ထို့အပြင် circumcision လုပ်ရာတွင် ပိုးသတ်ထားသော ပစ္စည်းကိရိယာများ။ ဓါးများ နှင့် တစ်ခါသုံး ဆေးပစ္စည်းများကို အသုံးမပြုပါက သွေးမှတဆင့်ကူးစက်တတ်သောရောဂါများ (ဥပမာ- အသည်းရောင် အသားဝါ ဘီပိုး၊ စီပိုး၊ အိခ်ျအိုင်ဗွီပိုး) ကူးစက်နိုင်ပါသည်။
ထို့ကြောင့် အန္တရာယ်နည်းအောင် တတ်သိကျွမ်းကျင်သော ဆေးပညာရှင်များထံတွင် ပိုးသတ်ထားသော ခွဲခန်းကဲ့သို့နေရာတွင်ပြုလုပ်ရန် အကြံပေးလိုပါတယ်။

..
???? ထိပ်အရေပြားမဖြတ်ထားတဲ့ အမျိုးသားတွေ (Uncircumcised men) အတွက် ညီငယ်လေးကျန်းမာစေဖို့ အတွက်ဆိုရင်…

(၁) ????ရေချိုးတဲ့အခါ

– လိင်တံထိပ်သားတွေ အလုံးစုံပေါ်တဲ့အထိ အရေပြားကို အသာအယာ ဆွဲလှန်ပါ။

– လိင်တံထိပ်သားနဲ့ ထိပ်အရေပြားကို ရေသီးသန့်သုံးပြီးဖြစ်စေ၊ နူးညံ့တဲ့ဆပ်ပြာနဲ့ဖြစ်စေ သေချာစွာ ဆေးကြောပေးပါ။

– ရေချိုးအပြီး လိင်တံထိပ်ရော ထိပ်အရေပြားပါ ခြောက်သွေ့သွားတဲ့အခါ ထိပ်အရေပြားကို ပြန်ဆွဲအုပ်ဖို့ မမေ့ပါနဲ့။
.

(၂) ????ဆီးသွားတဲ့အခါ

အမျိုးသားတွေ ပုံမှန်ဆီးသွားတဲ့အခါ ထိပ်အရေပြားကို ဆီးတွေပေကျံတာ ဖြစ်တတ်ပါတယ်။

ဒါ့ကြောင့်…. လိင်တံထိပ်သားလေးပေါ်ရုံ ထိပ်အရေပြားကို လှန်ချပြီးမှ ဆီးသွားပေးပါ။

အမျိုးသားတွေရဲ့ဘဝမှာ အိမ်ထောင်မှုဘဝ သာယာချမ်းမြေ့ဖို့၊ စိတ်ခံစားမှုကောင်းစေဖို့၊ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိစေဖို့က ညီငယ်လေးကျန်းမာနေဖို့ကလည်း အရေးကြီးပါတယ်…..

ညီငယ်လေးကျန်းမာစေဖို့ကလည်း သန့်ရှင်းမှုက အဓိကပါပဲ…

ဒါကြောင့်…လိင်တံထိပ်အရေပြား ဖြတ်သည်ဖြစ်စေ၊ မဖြတ်ဘဲ သဘာဝအတိုင်းထားသည်ဖြစ်စေ လိင်တံ သန့်ရှင်းရေးကိုတော့ အစဥ်ဂရုပြုပေးဖို့ လိုအပ်ပါကြောင်း အသိပေးတိုက်တွန်းလိုက်ရပါတယ်။

References ????
????John Murtagh’s Patient Education, Sixth Edition: Circumcision pg-24
????John Murtagh’s Patient Education, Sixth Edition: Foreskin hygiene pg-97
????Mayo Clinic | Male Circumcision

❤️ NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️

???? တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက်( https://m.me/telehealthmm )ကို နှိပ်ပါ

( နေ့စဉ် မနက် ၈နာရီမှ ည၁၀နာရီအထိ )

#nugmoh#telehealth#telemedicine
#teleconsultation#တယ်လီကျန်းမာ
#ထိပ်အရေပြားဖြတ်ခြင်း#circumcision#malecircumcision#foreskinhygiene#menhealth

Ministry of Health,

National Unity Government.

Published on: 6 February 2023
Last Updated: 6 February 2023

ဆက်စပ်ရာ ကျန်းမာရေးဆောင်းပါးများ

လူတစ်ယောက်ကို အကဲဖြတ်မိတဲ့အခါ ကျွန်မတို့ ဘာတွေ မှားတတ်ကြသလဲ (Fundamental Attribution Error)

လူတစ်ယောက်ကို အကဲဖြတ်မိတဲ့အခါ ကျွန်မတို့ ဘာတွေ မှားတတ်ကြသလဲ (Fundamental Attribution Error) ကျွန်မတို့ လူမှုပတ်ဝန်းကျင်မှာ နေ့စဉ် ကြုံတွေ့နေရတဲ့ နားလည်မှုလွဲတာတွေ၊ စိတ်ဝမ်းကွဲရတာတွေရဲ့ အဓိက တရားခံဟာ Fundamental Attribution Error (FAE) လို့ခေါ်တဲ့ အခြေခံကျတဲ့ အတွေးအမှားတစ်ခု ဖြစ်နေတတ်ပါတယ်။ ဒါကို...

အေသုံးလုံးနှင့် စူပါဆန်းဒေး

"အေသုံးလုံးနှင့် စူပါဆန်းဒေး" တစ်နေ့သော တနင်္ဂနွေနေ့တစ်ရက် ရုံးပိတ်ရက်ပေါ့လေ။ နှလုံးခွဲစိတ်ဆရာဝန်တစ်ယောက် မနက်စောစော ဆေးရုံမှာ Ward Round ဖို့ ထွက်လာခဲ့တယ်။ ဆေးရုံရောက်တော့ ပြီးခဲ့တဲ့ရက်တွေက ခွဲထားတဲ့ လူနာလေးတွေ၊ ခွဲဖို့စောင့်နေတဲ့ လူနာတွေ ကြည့်နေစဥ် အရေးပေါ်မှ ဖုန်းလာပါလေရော။ "အေသုံးလုံးပါ ဆရာ. . . လူနာ အရေးပေါ်ခန်းထဲမှာပါ။...

ခန္ဓာကိုယ်ထဲသို မေးခိုင်ပိုး ဝင်ရောက်နိုင်သည့် အဖြစ်များသော နည်းလမ်းများ (ဇန်နဝါရီ၊ ၂၀၂၆)

ခန္ဓာကိုယ်ထဲသို့ မေးခိုင်ပိုး ဝင်ရောက်နိုင်သည့် အဖြစ်များသော နည်းလမ်းများ (ဇန်နဝါရီ၊ ၂၀၂၆) ▪️ထိုးသွင်းဒဏ်ရာများ (လက်သည်း သို့မဟုတ် အပ်ကဲ့သို့သော အရာဝတ္ထု တစ်ခုခုကြောင့် ဖြစ်သော ဒဏ်ရာများ သို့မဟုတ် တိရစ္ဆာန်ကိုက်ခြင်း)▪️အညစ်အကြေး၊ ဝမ်း သို့မဟုတ် တံတွေးတို့ဖြင့် ပေကျံနေသော ဒဏ်ရာများ▪️တစ်ရှူးသေများပါရှိသော ဒဏ်ရာများ (ဥပမာ- မီးလောင်ဒဏ်ရာ၊...

သေဆုံးနှုန်း ၄၀% ကျော်ရှိပြီး လတ်တလော အိန္ဒိယမှာ ဖြစ်ပွားနေတဲ့ နီပါ (Nipah) ဗိုင်းရပ်စ်အကြောင်း

❗️သေဆုံးနှုန်း ၄၀% ကျော်ရှိပြီး လတ်တလော အိန္ဒိယမှာ ဖြစ်ပွားနေတဲ့ နီပါ (Nipah) ဗိုင်းရပ်စ်အကြောင်း Nipah ဗိုင်းရပ်စ်ဆိုတာ တိရိစ္ဆာန်များမှ လူသို့ ကူးစက်နိုင်သော (zoonotic) ဗိုင်းရပ်စ်တစ်မျိုး ဖြစ်ပါတယ်။ သစ်သီးစားလင်းနို့ အမျိုးအစားတွေဖြစ်တဲ့ (fruit bats/ flying foxes) တွေဟာ ဒီဗိုင်းရပ်စ်ရဲ့...