မီနူး

Dry Skin “ ဆောင်းတွင်းအသားပတ်ခြင်း” (December, 2022)

“ ဆောင်းတွင်းအသားပတ်ခြင်း”

ဆောင်းတွင်းရောက်လာပြီဆိုတော့ ဆောင်းတွင်းအသားပတ်ခြင်း/ အသားခြောက်ခြင်းအကြောင်း ဗဟုသုတရအောင် တင်ပေးလိုက်ပါတယ်။ ဆောင်းရာသီမှာ လေထုစိုထိုင်းဆနည်းတာကြောင့်ရော အေးတာရောကြောင့် အသားခြောက်ရပါတယ်။

????ဆောင်းတွင်းမှာ ဘယ်လိုတွေကြောင့် အသားခြောက်ရသလဲ?

အရေပြားရဲ့အပြင်ဘက်ဆုံးအလွှာဟာ အဆီနဲ့ ဆဲလ်သေတွေနဲ့ဖွဲ့စည်းထားပြီး အရေပြားအကာအကွယ် (skin barrier) အနေနဲ့ လုပ်ဆောင်ပေးပါတယ်။ အဲ့ဒီ skin barrier ပျက်စီးထိခိုက်တဲ့အခါ အရေပြားခြောက်ခြင်းနဲ့ ယားနာစတာတွေ ဖြစ်လာပါတယ်။ ဆောင်းတွင်းမှာ လေထုစိုထိုင်းဆနည်းတဲ့အပြင် အေးတာရောကြောင့် ခန္ဓာကိုယ်က ရေဓာတ်ခမ်းခြောက်ပါတယ်။ အရမ်းအေးတဲ့ဒေသတွေမှာ အပူပေးစက်သုံးတာ၊ လေအေးတွေတိုက်တာတွေကလည်း ဆောင်းတွင်းအသားခြောက်စေပါတယ်။

????ဆောင်းတွင်းအသားပတ်ရင် ဘယ်လိုလက္ခဏာတွေ ဖြစ်မလဲ?

* အရေပြားအဖတ်လန်ကွာကျခြင်း

* အရေပြားအကွက်များဖြစ်ခြင်း

* အသားအက်ခြင်း

* အရေပြားနီခြင်း

* အရေပြားယားယံခြင်း

* အသားကြမ်းခြင်း

????ဆောင်းတွင်းအသားမခြောက်အောင် ဘယ်လိုလုပ်ကြမလဲ?

အဓိကက ရေဓာတ်ပြည့်ဝအောင် နေထိုင်ဖို့ပါ။ အသားအရေကို ရေဓာတ်ကောင်းစွာဖြည့်ပေးဖို့ moisturizer လိမ်းပေးရပါမယ်။ အလှဆီလိုးရှင်းများလည်း လိမ်းပေးနိုင်ပါတယ်။ ထို့ပြင် ceramides, hyaluronic acid, glycerin, sorbitol စတဲ့ products များကို အသုံးပြုပေးခြင်းဖြင့်လည်း အသားအရေကို စိုပြေစေပါတယ်။ ဆောင်းတွင်းနဲ့လိုက်ဖက်သင့်တော်တဲ့ skin care ပစ္စည်းများကို ရွေးချယ်ရပါမယ်။ ရေများများသောက်ဖို့ကလည်း အရေးကြီးတဲ့အချက်ပါ။ လေထုစိုထိုင်းဆမြှင့်ပေးဖို့ humidifier တွေလည်း သုံးနိုင်ပါတယ်။ နေရောင်ခြည်နဲ့ တိုက်ရိုက်ထိတွေ့တာကိုလည်း တတ်နိုင်သမျှရှောင်ပေးပါ။

အကယ်၍ အထက်ကနည်းလမ်းတွေနဲ့ အသားခြောက်တာဟာ မသက်သာပဲ ပိုဆိုးလာတယ်ဆိုရင်တော့ တတ်ကျွမ်းတဲ့ဆရာဝန်နဲ့ ပြသသင့်ပါတယ်။

Reference: ????
https://www.medicalnewstoday.com/articles/winter-dry-skin

❤️ NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️

???? တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်
*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက်( https://m.me/telehealthmm )ကို နှိပ်ပါ
( နေ့စဉ် မနက် ၈နာရီမှ ည၁၀နာရီအထိ )

#nugmoh#telehealth#telemedicine
#teleconsultation#တယ်လီကျန်းမာ
#အသားပတ်ခြင်း#dry_skin

Ministry of Health,

National Unity Government.

Published on: 1 December 2022
Last Updated: 1 December 2022

ဆက်စပ်ရာ ကျန်းမာရေးဆောင်းပါးများ

အိမ်လေးတစ်လုံးနဲ့ တူတဲ့သူ (A Person Like a Home)

‎🏡 အိမ်လေးတစ်လုံးနဲ့ တူတဲ့သူ (A Person Like a Home)‎‎လူ့ဘဝဆိုတာ ခရီးရှည်ကြီးတစ်ခုပါ။ ဒီခရီးလမ်းမှာ ကျွန်တော်တို့အားလုံးဟာ ခရီးသွားတွေသာ ဖြစ်ကြပါတယ်။ နေပူကျဲကျဲ လမ်းမတွေထက်မှာ လျှောက်လှမ်းရတဲ့အခါရှိသလို မိုးသည်းထန်စွာ ရွာသွန်းတဲ့ မုန်တိုင်းတွေကြား ဖြတ်သန်းရတဲ့ အခါတွေလည်း ရှိပါတယ်။‎ဒီလို ပင်ပန်းနွမ်းနယ်လာတဲ့အခါ လူတိုင်း...

အချဉ်ဖောက်ထားသောအစားအစာများ

‎အစားအစာတွေကို တစ်ခေတ်ဆန်းသစ်စေတဲ့ နည်းလမ်းအမျိုးမျိုးရှိတဲ့အနက် တစ်မျိုးကတော့ အချဉ်ဖောက်ထားတာလို့ဆိုရင် မမှားပါဘူး။ ‎သူတို့ရဲ့ အရသာဟာ ချိုချဉ်ငန်ခါးလို သာမန်အရသာမျိုးမဟုတ်ဘဲ တစ်မျိုးလေး ထူးဆန်းနေတတ်ပါတယ်။‎ဒီလိုအချဥ်ဖောက်ထားတာတွေက ‎ကျန်းမာရေးအတွက်လည်း အကျိုးပြုနေတတ်ပါတယ်။ ဘာလို့လဲဆိုတော့ အူလမ်းကြောင်းထဲမှာ အကျိုးပြုပိုးကောင်လေးတွေကို များပြား၊ ပွားများလာစေပြီး အူလမ်းကြောင်းရဲ့ကိုယ်ခံအားကို ကောင်းစေလို့ပါ။ အဲဒီကနေတစ်ဆင့် တစ်ကိုယ်လုံးရဲ့ ကိုယ်ခံအားကိုလည်း...

Dr Harry နှင့် လည်ပင်းသွေးကြောဒဏ်ရာ

Helloကျွန်တော် Dr Harry ပါ။ တိုက်ပွဲတွေက ဆက်တိုက်ဖြစ်ပြီး ခွဲခန်းမှာ ရဲဘော်တွေ ရော၊ စစ်ရှောင်တွေရော လက်မလည်အောင် ရှုပ်ရှက်ခတ်နေတာနဲ့ စာရေးဖို့ကို ဘယ်လိုမှအာရုံစိုက်လို့မရ ဖြစ်နေတာနဲ့ မရေးဖြစ်တာ ကြာသွားပြန်ပြီ။ လူနာမျိုးစုံ၊ ဒဏ်ရာမျိုးစုံ၊ အဖြစ်အပျက်မျိုးစုံနဲ့ စာရေးမယ်ဆို ရေးစရာတွေက အများကြီးပေမယ့် အချိန်လေးရတုန်း အိပ်ချင်တာနဲ့၊ ပင်ပန်းတာနဲ့၊...

ပြောင်းလဲခြင်းကို အလှပဆုံး လက်ခံတတ်ဖို့‎

‎ကျွန်မတို့ဟာ မိခင်ရဲ့ဝမ်းကနေ မွေးဖွားလာချိန်ကစပြီး ဒီကနေ့အထိ ပြောင်းလဲခြင်းများစွာကို ဖြတ်သန်းခဲ့ကြရပါတယ်။ တချို့သော ပြောင်းလဲမှုတွေက သိမ်မွေ့လွန်းတာကြောင့် ကိုယ်တိုင်တောင် သတိမထားမိဘဲ သဘာဝကျကျ ဖြတ်ကျော်နိုင်ခဲ့ကြပါတယ်။ ‎ဥပမာ - ကလေးဘဝကနေ လူငယ်ဘဝကို ကူးပြောင်းတာမျိုး၊ ကျောင်းသားဘဝကနေ လုပ်ငန်းခွင်ထဲ ရောက်သွားတာမျိုးတွေပေါ့။ ဒီလို အဆင့်ဆင့်ပြောင်းလဲတာတွေက တဖြည်းဖြည်းချင်း ဖြစ်ပေါ်လာတာမို့...