မီနူး

Chronic Tonsilitis (နာတာရှည်အာသီးရောင်ခြင်း) ( December, 2022)

“ နာတာရှည်အာသီးရောင်ခြင်း (Chronic tonsilitis)”

အာသီးရောင်ခြင်းသည် ရက်ရှည်ဖြစ်နေလျှင် ( ယေဘုယျအားဖြင့်၂ ပတ် ) ကျော်လာလျှင် chronic tonsillitis ဟု သတ်မှတ်ပါသည်။

????ဖြစ်စေသော အကြောင်းအရင်းများ

– cytomegalovirus, herpes simplex, Epstein-Barr ကဲ့သို့သော ဗိုင်းရပ်စ်ပိုးများ

– Streptococcus ဘက်တီးရီးယားပိုးများကြောင့် အာသီးရောင်တတ်ပါသည်။

ကလေးများတွင် ပိုဖြစ်တတ်သော်လည်း အသက် (၂) နှစ်အောက် ကလေးများတွင် ဖြစ်လေ့မရှိပါ။

– ပဋိဇီဝဆေး ( ပိုးသတ်ဆေး) များကိုခံနိုင်ရည်ရှိသော bacteria များ (သို့မဟုတ်) ကိုယ်ခံအားနည်း နေသူများတွင် ရက်ရှည် အာသီးရောင်ခြင်း ဖြစ်တတ်ပါသည်။

–ဓာတ်ရောင်ခြည် (radiation) ထိတွေ့မှုသည်လည်း ရက်ရှည် အာသီးရောင်ခြင်းအန္တရာယ်ကို ​​ဖြစ်စေပါသည်။

????ရောဂါလက္ခဏာများ

– လည်ချောင်းနာခြင်း

– ဖျားခြင်း

– အာသီးများ ရောင်ရမ်းပြီး ကြီးလာခြင်း

– မြိုချရ ခက်ခြင်း

– ခံတွင်းအနံ့ ဆိုးခြင်း

( ခံတွင်းအိတ်များထဲတွင် အစာအကြွင်းအကျန်များ ကျန်ရစ်ခဲ့ခြင်းကြောင့် )

– လည်ချောင်းတစ်ဝိုက်ရှိ ပြန်ရည်ကျိတ်များ ကြီးလာပြီး နာကျင်ခြင်း

ပုံမှန် အာသီးရောင်ခြင်းသည် ယေဘုယျအားဖြင့် ၃ ရက်မှ ၂ ပတ်အတွင်း ကြာတတ်ပီး ရက်ရှည် အာသီးရောင်ခြင်းသည် ရက်ပေါင်းများစွာ ရောဂါဝေဒနာများကို ခံစားရပါသည်။

????နောက်ဆက်တွဲဆိုးကျိုးများ

– အာသီးတဝိုက်တွင် ပြည်တည်နာ ဖြစ်ခြင်း ( peritonsillar abscess)

– နားကိုက်ခြင်း

– အသက်ရှူရခက်ခြင်းတို့ ဖြစ်တတ်ပါသည်။

????Treatment (ကုသမှု)

Bacteria ကြောင့်ဖြစ်လျှင် ပိုးသတ်ဆေး (antibiotics) သောက်ရပါမည်။

ဆေးသောက်သည့်အခါမှာလည်း ဆေးပတ်လည်အောင် သောက်ဖို့လိုအပ်ပါသည်။ Bacteria များသည် ဆေးကို ခံနိုင်ရည်ရှိတတ်သောကြောင့် ပထမအကြိမ် မသက်သာလျှင် ဆေးပြောင်းပေးဖို့ လိုအပ်ပါသည်။

နာကျင်မှုကို သက်သာစေရန်

– Tylenol (acetaminophen)

– Advil or Mortrin (ibuprofen)

– Throat lozenges ( ငုံဆေး)

– Throat spray ​( ဖျန်းဆေး) များအပြင် ရေများများသောက်ဖို့ လိုအပ်ပါသည်။

Virusကြောင့် ဖြစ်လျှင် ပိုးသတ်ဆေး ( antibiotics )ကြောင့် မသက်သာနိုင်ပါ။ သင့်ကိုယ်ခံအားက virus များကို တိုက်ခိုက်ရပါသည်။

????Tonsillectomy (အာသီးဖြတ်ခြင်း)

အောက်ပါ အခြေအနေများတွင် အာသီးဖြတ်ခြင်းကို အကြုံပြုကြပါသည်။

– တစ်နှစ်အတွင်း ၅ ကြိမ်မှ ၇ ကြိမ်ထိ အာသီးရောင်ခြင်း (recurrent tonsillitis )

– ဆေးသောက်ခြင်းဖြင့် မသက်သာခြင်း

– ရောဂါလက္ခဏာများ ပိုဆိုးလာခြင်း

– ရေရှည်အာသီးရောင်ခြင်းကြောင့် ဖြစ်သော နောက်ဆက်တွဲဆိုးကျိုးများ ဖြစ်ပေါ်လာခြင်း

– အလုပ်ကိစ္စ၊ ကျောင်းကိစ္စများ ထိခိုက်လာခြင်း

အာသီးဖြတ်လိုက်ခြင်းသည် လည်ချောင်းနာခြင်းအကြိမ်အရေအတွက်နှင့် ပိုးသတ်ဆေးလိုအပ်ချက်များကို သိသိသာသာ လျော့နည်းစေပါသည်။ အာသီးရောင်ခြင်းသည် သင်၏ အလုပ်ကိစ္စ၊ ကျောင်းကိစ္စကို အနှောင့်အယှက်ဖြစ်နေလျှင် အာသီးဖြတ်လိုက်ခြင်းသည် လူမှုဘဝအရည်အသွေးကို တိုးတက်ကောင်းမွန်စေနိုင်ပါသည်။

အာသီးခွဲထုတ်ခြင်းကို ဆေးရုံများတွင် နာရီပိုင်းအတွင်း လုပ်ဆောင်နိုင်ပြီး ခွဲစိတ်ပြီး နာရီပိုင်းအတွင်း အိမ်ပြန်နိုင်ပါသည်။ ခွဲစိတ်ပြီး ၇ ရက်မှ ၁၀ ရက်အတွင်း ပြန်လည်ကောင်းမွန်လာတတ်ပါသည်။

Reference ????
https://www.verywellhealth.com/chronic-and-recurrent…

❤️ NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️

???? တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်
*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက်( https://m.me/telehealthmm )ကို နှိပ်ပါ
( နေ့စဉ်မနက် ၈နာရီမှ ည၁၀နာရီအထိ )

#nugmoh#telehealth#telemedicine
#teleconsultation#တယ်လီကျန်းမာ
#Tonsilitis#chronictonsilitis#အာသီးရောင်ခြင်း

Ministry of Health,

National Unity Government.

Published on: 7 December 2022
Last Updated: 7 December 2022

ဆက်စပ်ရာ ကျန်းမာရေးဆောင်းပါးများ

‎တစ်ယောက်တည်း စကားပြောတတ်တဲ့အကျင့်

‎တစ်ယောက်တည်း စကားပြောတတ်တဲ့အကျင့်က စိတ်ရောဂါလား…။‎‎"ဟင်… ဒီဟာက ဘယ်မှာထားမိလိုက်တာလဲ"‎"ကဲ… အခု ဒီဖိုင်ကို အရင်ပို့မယ်၊ ပြီးရင် ဟိုဘက်ကို ဖုန်းဆက်မယ်"‎"အေး… ငါလုပ်နိုင်တယ်၊ စိတ်မပူနဲ့"‎‎တစ်ယောက်တည်းရှိနေချိန် ဒါမှမဟုတ် အလုပ်လုပ်နေချိန်မှာ အပေါ်မှာ ရေးပြထားသလိုမျိုး ကိုယ့်ဘာသာကိုယ် တစ်ယောက်တည်း ရေရွတ်နေမိတယ်။ အဲဒီအခါမှာ "ငါ့စိတ်က ပုံမှန်များ မဟုတ်တော့တာလား"...

လေ့ကျင့်ခန်း အညွှန်း Exercise Prescription

‎ဆေးစာရွက်ပေါ်မှာ ဆေးနာမည် မဟုတ်ဘဲ "တစ်ပတ် ၅ ရက်၊ တစ်ရက်ကို ၃၀ မိနစ် လမ်းလျှောက်ပါ" လို့ ရေးထားတာကို မြင်ဖူးကြပါရဲ့လား။‎‎တကယ်ရှိပါတယ်။ အဲဒါကို “ဆေးညွှန်း” မဟုတ်ဘဲ Exercise Prescription (လေ့ကျင့်ခန်း အညွှန်း) လို့ ခေါ်ပါတယ်။‎‎အရာရာ မလုံခြုံတဲ့၊ ခုလို...

‎အမူအယာ တုပမိခြင်း (သို့မဟုတ်) Echopraxia

‎လူသားတစ်ဦး၏ လှုပ်ရှားမှုများနှင့် အမူအရာများသည် ပုံမှန်အားဖြင့် မိမိ၏ စိတ်ဆန္ဒနှင့် ဦးနှောက်၏ အမိန့်ပေးမှုပေါ်တွင် အခြေခံပါသည်။ သို့သော် တစ်ခါတစ်ရံတွင် ကျွန်ုပ်တို့၏ ခန္ဓာကိုယ်သည် မိမိ၏ အလိုကို မလိုက်ဘဲ ရှေ့တွင် မြင်တွေ့နေရသောသူ၏ လှုပ်ရှားမှုများကို အလိုအလျောက် လိုက်လံတုပမိပြီး ချက်ချင်းလုပ်ဆောင်တတ်ပါသည်။ ဤကဲ့သို့ ထိန်းချုပ်မရသော...

စိတ်စွဲလမ်းလွန်ခြင်းနှင့် မလုပ်ရမနေနိုင်သောဝေဒနာ OCD

‎"ငါက OCD (စိတ်စွဲလမ်းလွန်ခြင်းနှင့် မလုပ်ရမနေနိုင်သောဝေဒနာ) ဖြစ်နေပြီလား"‎‎အိပ်ရာဝင်ခါနီးမှ "မီးပိတ်ခဲ့ရဲ့လား"၊ "တံခါးသော့ခတ်ခဲ့ရဲ့လား" ဆိုပြီး ပြန်စစ်မိတာမျိုး၊ လှေကားတက်တဲ့အခါ တစ်ထစ်ချင်း ရေတွက်နေမိတာမျိုး၊ အခန်းထဲက ပစ္စည်းတစ်ခုခု နေရာမကျနေရင် သည်းမခံနိုင်ဘဲ ပြန်စီမိနေတာမျိုးတွေ ဖြစ်ဖူးကြတယ်မလား။ ဒါတွေဟာ လူတိုင်းနီးပါး ကြုံဖူးတဲ့ သာမန်အလေ့အထပါပဲ။‎ဒါပေမယ့် ဒီလိုအလေ့အကျင့်ဖြစ်ဖူးရုံနဲ့ "ငါတော့...