မီနူး

See our latest stories

written by our lovely staff members

ရာသီသွေးအဆင်းများခြင်း Menorrhagia ( March, 2022 )

ရာသီသွေးအဆင်းများခြင်း ( March, 2022 ) ဘာကြောင့်ဖြစ်တာလဲ ? ????Dysfunctional Uterine Bleeding အများအားဖြင့် ဖြစ်ရတဲ့အကြောင်းရင်း မသိပါဘူး။ သားအိမ်၊ သားဥအိမ်စစ်ဆေးမှုတွေမှာလဲ ပုံမှန်ပဲ အဖြေထွက်ပါတယ်။ Dysfunctional Uterine Bleeding လို့ခေါ်ပါတယ်။ ရာသီသွေးပေါ်ကာစအရွယ်နဲ့ သွေးဆုံးခါနီးအသက်အရွယ်တွေမှာ ပိုပြီးဖြစ်တတ်ပါတယ်။ သားအိမ်အတွင်းနံရံကနေ ပုံမှန်ထုတ်ပေးလေ့ရှိတဲ့ Prostaglandins (ပရော်စတာဂလန်ဒင်)လို့ခေါ်တဲ့...

ရာသီလာချိန်ကိုက်ခဲခြင်း Dysmenorrhea ( March, 2022 )

ရာသီလာချိန်ကိုက်ခဲခြင်း ရာသီလာချိန်ကိုက်ခဲတာဟာ ရောဂါအခံမရှိဘဲ ဖြစ်နိုင်သလို သားအိမ်အတွင်း အလုံးရှိတာမျိုး၊ သားအိမ်တွင်း ပိုးဝင်တာမျိုးကြောင့်လဲဖြစ်တတ်ပါတယ်။ ????ရောဂါအခံမရှိဘဲ ဘာကြောင့် ကိုက်ခဲရတာလဲ? Prostaglandins (ပရော်စတာဂလန်ဒင်)လို့ခေါ်တဲ့ ဟော်မုန်းတစ်မျိုးကို သားအိမ်ရဲ့ အတွင်းနံရံက လိုအပ်တာထက်ပိုပြီး ထုတ်တာများလို့ပါ။ အဲဒီ့ဟော်မုန်းရဲ့လုပ်ဆောင်ချက်တစ်မျိုးက သားအိမ်ကြွက်သားတွေကိုညှစ်တာမျိုးဖြစ်စေလို့ပါ။ ????ရောဂါလက္ခဏာများတစ်ယောက်နဲ့တစ်ယောက် ခံစားရတာခြင်း မတူနိုင်ပါဘူး။ တချို့တွေမှာ ဗိုက်အောက်ပိုင်း ဆီးစပ်လောက်မှာပဲ ကိုက်ခဲတာဖြစ်ပြီး တချို့တွေမှာတော့...

ကြွက်တက်တတ်သူတွေ ဘယ်လိုအစားအသောက်တွေ စားသုံးသင့်သလဲ ?

ကြွက်တက်တတ်သူတွေ ဘယ်လိုအစားအသောက်တွေ စားသုံးသင့်သလဲ ? ကြွက်သားတွေပြေလျော့မှုမရှိဘဲ တောင့်တင်းလာတဲ့အခါ ကြွက်တက်ခြင်းကို ခံစားရပါတယ်။ ကြွက်တက်တဲ့အခါ ကိုယ့်ဘာသာကုသလို့ ရနိုင်ပါတယ်။ လေ့ကျင့်ခန်းလုပ်ခြင်း၊ ရေဓာတ်ခမ်းခြောက်ခြင်းနဲ့ ရာသီလာခြင်းစတာတွေက ကြွက်တက်ခြင်းကို ဖြစ်စေနိုင်ပါတယ်။ ကြွက်သားတွေကို ဖြေလျှော့နှိပ်နယ်ပေးတာ၊ ပိုတက်ဆီယမ်၊ ဆိုဒီယမ်၊ ကယ်လ်ဆီယမ်နဲ့ မက်ဂနီဆီယမ်ကြွယ်ဝတဲ့အစားအစာတွေစားပေးခြင်းဖြင့် ကြွက်တက်ခြင်းကို သက်သာစေနိုင်ပါတယ်။ ... ... ၁။ ငှက်ပျောသီး ငှက်ပျောသီးတွေဟာ ပိုတက်ဆီယမ်ဓာတ် ကြွယ်ဝစွာပါဝင်သလို...

ကလေးတွေမှာ ဦးခေါင်းအနည်းငယ်ထိခိုက်ဒဏ်ရာရခြင်း Minor Head Injuries in Children ( February 2022 )

ကလေးတွေမှာ ဦးခေါင်းအနည်းငယ်ထိခိုက်ဒဏ်ရာရခြင်း တစ်ခါတလေ ကလေးတွေဆော့ကစားရင်းဖြစ်စေ မတော်တဆဖြစ်စေ ခေါင်းကိုထိခိုက်မှုဖြစ်တဲ့အခါ မိဘအုပ်ထိန်းသူတွေအနေနဲ့ ဆေးရုံပို့ရမှာလား၊ ဦးနှောက်ထိပြီး ဉာဏ်ရည်များနိမ့်သွားတော့မှာလား၊ အသက်အန္တရာယ်များရှိလား စသဖြင့် စိုးရိမ်ပူပန်မှုများစွာ ဖြစ်စေပါတယ်။ ဦးခေါင်းအနည်းငယ် ထိခိုက်ဒဏ်ရာရတယ်ဆိုတာ ဘာလဲ ? သဘာဝတရားကြီးက အရမ်းနုနယ်တဲ့ဦးနှောက်ကို ကာကွယ်ဖို့အတွက် ဦးခေါင်းခွံမာကြီးနဲ့ အုပ်ပေးထားပါတယ်။ ခေါင်းကို တစ်ခုခုနဲ့ဆောင့်မိတဲ့အခါ ဦးနှောက်က အနည်းငယ်ခါယမ်းသွားပြီး...

အစာအိမ်ရောင်ခြင်း Gastritis ( February 2022 )

အစာအိမ်ရောင်ခြင်း စားလိုက်တဲ့အစာတွေကို ခြေဖျက်ဖို့အတွက် အစာအိမ်နံရံကနေ အက်ဆစ်တစ်မျိုးထုတ်ပေးပါတယ်။ အက်ဆစ်က အစာအိမ်နံရံကို ပြန်ပြီးမစားသွားအောင် အစာအိမ်အတွင်းနံရံကို အလွှာပါးလေးနဲ့ သဘာ၀တရားကြီးကဖုံးအုပ်ပေးထားပါတယ်။ အစာအိမ်ရောင်တယ်ဆိုတာ အဲဒီ့ အတွင်းနံရံ အလွှာပါးလေး ရောင်တာကိုခေါ်ပါတယ်။ တချို့မှာ ရုတ်တရက်ဖြစ်တတ်ပြီး၊ တချို့မှာတော့ နာတာရှည်ရောဂါပုံစံမျိုးဖြစ်တတ်ပါတယ်။ ရောဂါအခြေအနေဆိုးရွားပြင်းထန်ရင်တော့ အစာအိမ်အနာ၊ အစာအိမ်သွေးကြောပေါက်တာ၊ အဆိုးဆုံးအနေနဲ့ကတော့ အစာအိမ်နံရံပေါက်တာမျိုးအထိဖြစ်နိုင်ပြီး...

အသည်းရောင်အသားဝါ ဘီပိုးနှင့် စီပိုးအကြောင်း Hepatitis B Virus & Hepatitis C Virus ( February 2022 )

အသည်းရောင်အသားဝါ ဘီပိုးနှင့် စီပိုးအကြောင်း ပြီးခဲ့တဲ့တစ်ခေါက် အသည်းရောဂါအကြောင်း သိကောင်းစရာ အပိုင်း(၁)မှာ ပေါများလာနေတဲ့ အန္တရာယ်အများဆုံးဖြစ်တဲ့ အသည်းကင်ဆာ အကြောင်း တစေ့တစောင်း ဆွေးနွေးခဲ့ပြီး ဖြစ်ပါတယ်။ ဒီတစ်ခါကတော့ အသည်းရောင် အသားဝါ ဘီပိုး စီပိုး အကြောင်း အနည်းငယ်ဆွေးနွေးလိုပါတယ်။ မြန်မာနိုင်ငံမှာ အသည်းကင်ဆာနဲ့ အသည်းခြောက်ရောဂါဖြစ်စေတဲ့အကြောင်းရင်း ၆၀~၇၀%က ဘီပိုး...

ဝမ်းပျက်ဝမ်းလျှောရောဂါအကြောင်း ( February, 2022 )

တစ်ချိန်က တစ်ကမ္ဘာလုံးကို ကပ်ရောဂါကြီးအနေနဲ့ ခြိမ်းခြောက်ခဲ့တဲ့ ဝမ်းပျက်ဝမ်းလျှောရောဂါဟာ Shigella dysenteriae ၊ Vibrio cholerae နဲ့ Escherichia coli လို့ခေါ်တဲ့ရောဂါပိုးတွေကြောင့် အများဆုံးဖြစ်တတ်ပါတယ်။ အဓိကအားဖြင့်တော့ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ပိုအဖြစ်များပါတယ်။ အခုချိန်ထိလည်း ဝမ်းပျက်ဝမ်းလျှောရောဂါဟာ ကမ္ဘာတစ်ဝန်းလုံးမှာ သေဆုံးမှုအများဆုံးရောဂါတွေထဲက တစ်ခုဖြစ်ပါတယ်။ ဝမ်းပျက်ဝမ်းလျှောဖြစ်စေနိုင်တဲ့ အဓိကအကြောင်းရင်းကတော့ မသန့်ရှင်းတဲ့အစာနဲ့ရေကို စားသောက်မိတာနဲ့ တစ်ကိုယ်ရေသန့်ရှင်းရေးအသိပညာမရှိတာတွေကြောင့်...

အိပ်တော့မယ်ဆိုမှ ခြေထောက်ကြီးဆာတာတာ ဖြစ်တာဘာကြောင့်လဲ Restless Legs Syndrome (RLS) ( February 2022)

အိပ်တော့မယ်ဆိုမှ ခြေထောက်ကြီးဆာတာတာ ဖြစ်တာဘာကြောင့်လဲ ? တချို့လူတွေ ခံစားဖူးကြပါမယ်။ အိပ်တော့မယ်ဆိုမှ ခြေထောက်ကြီးဆာတာတာဖြစ်၊ ခြေထောက်ကို မလှုပ်ရရင်မနေနိုင်၊ နာတာလည်းမဟုတ်၊ ကိုက်တာလည်း မဟုတ်၊ ရောင်ရမ်းတာလည်းမရှိ၊ တခြားလူကို ဘယ်လိုရှင်းပြရမယ်မှန်းလည်းမသိ။ အဲဒါမျိုးဖြစ်တာကို Restless legs syndrome (RLS)လို့ခေါ်ပါတယ်။ ဘာကြောင့်ဖြစ်တာလဲ ? ဖြစ်ရတဲ့ အကြောင်းအရင်းကို ခုချိန်ထိ တိတိကျကျ...