Sign in
ပင်မစာမျက်နှာ
ကျန်းမာရေးဆောင်းပါးများ
တယ်လီကျန်းမာအကြောင်း
အကြံပြုချက်ပေးပို့ရန်
Sign in
Welcome!
Log into your account
your username
your password
Forgot your password?
Password recovery
Recover your password
your email
Search
An official website of the National Unity Government
မီနူး
တယ်လီကျန်းမာ
An official website of the National Unity Government
Facebook
Mail
Youtube
တယ်လီကျန်းမာ
ပင်မစာမျက်နှာ
ကျန်းမာရေးဆောင်းပါးများ
တယ်လီကျန်းမာအကြောင်း
အကြံပြုချက်ပေးပို့ရန်
Search
See our latest stories
written by our lovely staff members
အယူအဆအလွဲများ (၈)
အောက်တိုဘာ 28, 2025
အလွဲ ❌ ဆီးချိုရောဂါသည် သကြားအလွန်အကျွံစားမိခြင်းကြောင့်သာ ဖြစ်သည်။ အမှန် ✅ ဆီးချိုရောဂါသည် သကြားတစ်ခုတည်းကြောင့် ဖြစ်သည်မဟုတ်ပါ။ ဆီးချိုသွေးချိုဖြစ်စေရန် အကြောင်းအရင်းများစွာ ရှိပါသည်။ အဓိကအကြောင်းအရင်းများမှာ မျိုးရိုးဗီဇ (Gene)မျိုးရိုးလိုက်ခြင်းကြောင့် ဖြစ်တတ်သည်။ ခန္ဓာကိုယ်အလေးချိန်အဝလွန်ခြင်း သို့မဟုတ် ဗိုက်ပတ်လည်မှာ အဆီစုနေခြင်းသည် ရောဂါဖြစ်စေဖို့ တွန်းအားပေးသည်။ လူနေမှုပုံစံကိုယ်လက်လှုပ်ရှားမှု နည်းပါးခြင်းသည် အင်ဆူလင် ခုခံအားကို မြင့်တက်စေသည်။. သကြားဓာတ်များသော အစားအစာများ (အချိုရည်၊...
အမြည်းလေးတော့ စားပါ
အောက်တိုဘာ 26, 2025
ဟိုတစ်နေ့က ကိုရင်မောင်နှင့် အငယ်ကောင် အရက်သောက်သည့်အကြောင်းတွေ ရေးတာတွေ့တော့ အရင်က အဖြစ်အပျက်လေးတစ်ခု သတိရသွားသည်။ ကြုံလို့ ပြောပြချင်ပါသည်။ “ဆရာရေ… ဆရာ… ကျွန်မနဲ့ ခဏလောက်ဖြစ်ဖြစ် လိုက်ခဲ့ပေးပါဦး။ ခဏလေးပါ။” “ဘာဖြစ်လို့လဲ မအေးရယ်။" ကျွန်တော် ဆေးခန်းမှာ လူနာတွေကြည့်နေတုန်း ထန်းသီးရောင်းသည့် မအေး အူယားဖားယား ပြေးလာခေါ်၍ မေးလိုက်ရသည်။ “ကျွန်မ အစ်ကို…...
နတ်စားခြင်း
အောက်တိုဘာ 24, 2025
"ဆရာရယ် …ကျွန်မသမီးလေးအတွက် နတ်ပြန်စားမှ ဖြစ်မှာပါ။ ကျွန်မတို့ကို ဆေးရုံဆင်းခွင့်ပေးပါနော်။" "ဟင်..ဘာဖြစ်လို့လဲ ..ကလေးမလေးက ဆေးထိုးနေတာ ဆေးပတ်လည်တော့မယ့်ဟာ" အသက် ၁၆ နှစ် ကလေးမလေး အသက်ရှူလမ်းကြောင်းပိုးဝင်၍ ပိုးသတ်ဆေးများ ထိုးထားသည်မှာ နက်ဖြန်ဆို ၃ ရက်ပြည့်တော့မည်။ ရင်ကျပ်အခံရှိ၍ လေပြွန်ကျယ်ဆေးများလည်း ရှူခိုင်းထားရသည်။ အိမ်တွင် ဆေးမြီးတိုများနှင့် ကုနေသည်မှာ...
အယူအဆအလွဲများ (၇)
အောက်တိုဘာ 23, 2025
အလွဲ ❌ နေမကောင်းရင် ရေချိုးလို့မရဘူး။ ရေချိုးရင် အပူပိုကြီးမယ်၊ ဖျားမယ်၊ အအေးမိမယ် ဒါမှမဟုတ် ဖျားတာ ပိုကြာမယ်။ အမှန် ✅ တကယ်တော့ ဖျားနေချိန်မှာ ရေနွေးနွေးလေးနဲ့ ရေချိုးပေးခြင်းဟာ ကိုယ်ပူကျစေပါတယ်။ ရေနွေးငွေ့နဲ့ ရေရဲ့အပူဓာတ်က နှာခေါင်းပိတ်တာကိုသက်သာစေပြီး အသက်ရှူရ လွယ်ကူစေပါတယ်။ ဒါ့အပြင် ခန္ဓာကိုယ်ရဲ့ ကြွက်သားတွေကို...
တစ်ထောင်နဲ့ တစ်သောင်း
အောက်တိုဘာ 22, 2025
တစ်ချိန်က ဆေးရုံကြီး၏ ပြင်ပလူနာဌာနတွင် ဖြစ်သည်။ ဆရာဝန်။ ဒေါ်ကြီးရေ ဓာတ်မှန်နဲ့ သလိပ်စစ်ဆေးမှုတွေအရ ခင်ဗျားမှာ တီဘီရောဂါဖြစ်နေပြီ။ တီဘီဆေးသောက်ရမယ်။ အနည်းဆုံး ၆ လတော့ သောက်ရလိမ့်မယ်။ တီဘီတိုက်ဖျက်ရေးဌာနမှာ ဆေးသွားထုတ်ပါ။ စာရေးပေးလိုက်မယ်။ သူတို့ပြောတဲ့အတိုင်း ဆေးသောက်ပါ။ သလိပ်ပြန်စစ်ပါ။ ၂ လကြာရင် လာပြန်ပြနော်။ ဒေါ်…….။ တီဘီတိုက်ဖျက်ရေးဌာနဆိုတာ...
အယူအဆ အလွဲများ (၆)
အောက်တိုဘာ 19, 2025
အလွဲ ❌ ထိခိုက်ဒဏ်ရာရရင် ချက်ချင်း ရေခဲကပ်ရမယ်။ အမှန် ✅ ဒဏ်ရာအမျိုးအစားပေါ် မူတည်ပါတယ်။ ရောင်ရမ်းတတ်တဲ့ ထိခိုက်ဒဏ်ရာများ (ဥပမာ။ ခြေကျင်းဝတ်လွဲခြင်း၊ ကြွက်သား သို့မဟုတ် အရွတ်စုတ်ပြဲခြင်း စတာတွေ) အတွက် ဒဏ်ရာရပြီး ပထမ ၄၈ နာရီအတွင်း ရေခဲကပ်ပေးခြင်းဟာ ရောင်ရမ်းမှုနဲ့ နာကျင်မှုကို သိသိသာသာ...
OG ပြောပြခဲ့ရတဲ့ မြွေပွေးကိုက်လူနာကို ကုသခြင်းအကြောင်း
အောက်တိုဘာ 17, 2025
၂၀၂၂ နဲ့ ၂၀၂၃ စပ်ကူးမတ်ကူးကာလမှာ ကန့်ဘလူ ချာချင်ဆေးရုံကို ရောက်ခဲ့တယ်။ မြွေပွေးအပေါဆုံးကတော့ မြန်မာပြည်မှာ ပဲခူးတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းအောက်ပိုင်း အပူပိုင်းဒေသတွေပေါ့။ ချာချင်လည်း အပါအဝင်ပေါ့လေ။ မြွေပွေးကိုက်လူနာတွေ အများကြီးတွေ့ခဲ့ ကုခဲ့ရတာပေါ့။ မြွေပွေးကိုက်လူနာတွေ အများဆုံးသေကြတာက ရှေးဦးသူနာပြုစုနည်း မမှန်တာရယ်၊ ဆေးရုံကို စောစောမရောက်လို့ မြွေဆိပ်ဖြေဆေး...
အယူအဆအလွဲများ (၅)
အောက်တိုဘာ 14, 2025
အလွဲ ❌ ဗီတာမင်အားဆေး (Supplement) တွေသောက်ရင် အားရှိတယ်၊ ကျန်းမာတယ်။ အမှန် ✅ ဗီတာမင်နဲ့ သတ္တုဓာတ်တွေဟာ ခန္ဓာကိုယ်အတွက် လိုအပ်ပေမယ့် "စွမ်းအင်တိုးဆေး၊ အားတိုးဆေး" မဟုတ်ပါဘူး။ ခန္ဓာကိုယ်မှာ ဗီတာမင်ဓာတ်ချို့တဲ့မှု၊ ဆုံးရှုံးမှုရှိမှသာ အားဆေးသောက်ဖို့ လိုအပ်ပါတယ်။ ကလေးငယ်အချို့နဲ့ အစာကောင်းကောင်းစားမဝင်တဲ့သူတွေမှာတော့ အားဆေးဆိုတာ လိုအပ်ကောင်းလိုအပ်နိုင်ပါတယ် ။ ဒါပေမယ့်...
1
...
3
4
5
...
38
Page 4 of 38