See our latest stories

written by our lovely staff members

ချစ်ခြင်းတရားလေးလည်း ကျန်းမာစေလို

‎"ချစ်ခြင်းတရားလေးလည်း ကျန်းမာစေလို"‎‎ချစ်ခြင်းတရားလို့ ပြောလိုက်ရင် အမျိုးမျိုးသော ချစ်ပုံချစ်နည်းတွေ၊ သံယောဇဉ်ဆက်နွယ်မှုတွေကို ပြေးမြင်ကြပါလိမ့်မယ်။ မိဘနဲ့ သားသမီး၊ သူငယ်ချင်းအပေါင်းအသင်း၊ ချစ်သူရည်စား ဒါမှမဟုတ် ကိုယ့်ပတ်ဝန်းကျင်က လူသားတွေအပေါ်ထားရှိတဲ့ မေတ္တာတရားတွေပေါ့။‎‎စုန်ရေ၊ ဆန်ရေလို အပြန်အလှန် ချစ်ခြင်းမျိုးတွေတင်မက ဖြူစင်တဲ့၊ ပြင်းပြတဲ့၊ နူးညံ့တဲ့၊ ပေးဆပ်တဲ့ ချစ်ခြင်း‌တွေဟာ ကျွန်မတို့ရဲ့...

‎စိတ်ပျော်ဟော်မုန်း ဆီရိုတိုနင် (Serotonin)

‎ကျွန်တော့်အသိတစ်ယောက်ခမျာ ရည်းစားနဲ့ အဆင်မပြေဖြစ်ပြီးတဲ့နောက် ညဘက်တွေမှာ အိပ်ပျော်ဖို့ ခက်ခဲလာတယ်တဲ့။ တော်တော်နဲ့လည်း အိပ်မပျော်တော့ဘူး။ မနက်ခင်းဆိုရင် အစောကြီးနိုးနေတတ်ပြီး တစ်နေကုန် နေရထိုင်ရတာလည်း အားမရှိသလို၊ နုံးနေသလိုဖြစ်နေပြီး အလုပ်တွေပါ မလုပ်နိုင်မကိုင်နိုင်ဖြစ်လာတော့တာ ဆိုပါလား။ ကျောင်းစာတွေမှာလည်း သိပ်ပြီးတော့ အာရုံမစိုက်နိုင်တော့တဲ့အကြောင်းကို ကျွန်တော့်ဆီလာပြီး ရင်ဖွင့်ပြောပြပါတယ်။‎‎ဒါနဲ့ စိတ်လေးနေလို့ အဆင်မပြေဘူးဆိုရင်...

လေထုညစ်ညမ်းခြင်းနှင့် ကျန်းမာရေး

‎ဒီရက်ပိုင်းအတွင်း ခေါင်းကိုက်ပြီး နေလို့ထိုင်လို့မကောင်းလို့ ဆေးခန်းလာပြကြတဲ့ လူနာတွေထဲမှာ ‎ဟုတ်တိပတ်တိ အခြား လဏ္ခဏာတွေလည်း မရှိပါဘဲနဲ့ လူကမလန်း၊ နေလို့မကောင်း ဖြစ်နေကြတာမျိုးကို တွေ့ခဲ့ရပါတယ်။ တခြားဘာရောဂါမှလည်း မရှိကြပါဘူး။ ပါရာစီတမောသောက်လည်း မသက်သာကြဘူးရယ်။ နေတဲ့နေရာကို မေးကြည့်တော့ လက်ရှိက ဘန်ကောက်မှာပါတဲ့။ ဒါနဲ့ "လေထုညစ်ညမ်း" လို့များလားဆိုပြီး သံသယရှိလာတဲ့အတွက်...

‎ဇုန်ဇုန်တို့ မိသားစု (Zone Family)

‎အချို့အချို့တွေက "ဇုန်ဝမ်းက ဘယ်နေလဲ မသိဘူး" တို့၊ "ဇုန်တူးက ဘာလဲ" တို့ဆိုပြီး မေးနေကြတယ်ဆိုလား။ ပြီးတော့ ရှေ့တစ်ပတ်က နီပါဗိုင်းရပ်စ် အကြောင်းပြောရင်း ထန်းရည်ကျိုခိုင်းလိုက်မိလို့ မကျေနပ်သံလေးတွေလည်း ပိကျိပိကျိ ထွက်လာတယ်ဆိုလား… 🤭‎‎ဇုန်ဇုန်တို့ မိသားစု (Zone Family) အကြောင်းကို ပြောပြရရင် သူတို့က...

အယူအဆအလွဲ (၂၆)

အလွဲ ❌ မွေးကင်းစကလေးကို နို့ဦးရည်မတိုက်ခင် ပျားရည်တိုက်ခြင်းဟာ ကလေးငယ်အတွက် ကောင်းခြင်းတွေ ဆောင်ကြဉ်းပေးပြီး တစ်ဘဝလုံးကံကောင်းစေတယ်၊ အူလမ်းကြောင်းကို သန့်စင်ပေးလို့ မွေးပြီးနောက် ကလေးငယ်ချေးသွားစေတယ်၊ ပျားရည်နဲ့ လျှာကိုပွတ်ပေးရင် ကလေး နို့ကောင်းကောင်းစို့နိုင်စေတယ်။ အမှန် ✅ မွေးစကနေ တစ်နှစ်အထိ ကလေးငယ်တွေကို ပျားရည် လုံးဝမတိုက်ရပါ။ အာရုံကြောအဆိပ်သင့် ရောဂါတစ်မျိုးဖြစ်တဲ့...

မိသားစုအပေါ် အားနာမှု

‎"မိသားစုမို့… အားနာစရာမလိုဘူး" ဆိုတဲ့ အတွေးက အခြေအနေတိုင်းအတွက် တကယ်မှန်ကန်ပါရဲ့လား။‎‎တစ်ခါတလေတော့ မိသားစုနဲ့အတူရှိတဲ့အခါ "ဟန်ဆောင်နေစရာ မလိုဘူး။ ဖုံးကွယ်နေစရာ မလိုဘူး။ အရှိအတိုင်းနေလို့ ရတယ်။ ပြောစရာရှ်ိပြောမယ်။ ငြင်းစရာရှိ ငြင်းမယ်။ ပွင့်လင်းလို့ရတယ်" ဆိုတာက မှန်ပါတယ် ။‎‎ဒါပေမယ့် "မိသားစုကိုတော့ အားနာစရာမလိုလို့ နောက်မှာ ချန်ထားခဲ့မယ်။...

အယူအဆအလွဲ (၂၅)

ဓမ္မတာလာစဉ် ခေါင်းလျှော်လို့ ရသလား။ အယူအဆအလွဲ ❌ ဓမ္မတာ (ရာသီသွေး) လာနေစဉ်အတွင်း ခေါင်းလျှော်ခြင်းသည် သွေးဆင်းခြင်းကို ရပ်တန့်စေနိုင်သည်၊ ဗိုက်နာကျင်မှုကို ပိုဆိုးစေနိုင်သည်၊ သို့မဟုတ် ရာသီသွေးကို အတွင်းထဲသို့ ပြန်ဝင်စေနိုင်သည်ဟု ယူဆသောကြောင့် လုံးဝရှောင်ကြဉ်သင့်သည်။ အမှန် ✅ ဓမ္မတာလာစဉ် ခေါင်းလျှော်ခြင်းသည် လုံးဝစိတ်ချရပြီး ခန္ဓာကိုယ်၏ ဇီဝကမ္မဖြစ်စဉ်ကို...

ကိုယ်၊ စိတ်၊ လူမှု ကျန်းမာတဲ့စနစ်အတွက် အကြံပြုချက် ၁၀ ချက်

ပြီးခဲ့တဲ့နှစ်အတွင်း ဖြစ်ပျက်ခဲ့တာတွေကို ပြန်လည်စမ်းစစ်လေ့လာဖို့ တစ်နေ့က တိုက်တွန်းရေးသားခဲ့ပါတယ်။ အခုပိုစ့်ကတော့ ဒီနှစ်အတွက် အကျိုးရှိစေဖို့ အကြံပြုတိုက်တွန်းချက်များပါ။ ဒီနှစ်အတွက် လုပ်စရာတွေ တစ်ပုံတစ်ပင်ရှိနေနိုင်တဲ့အထဲကမှ ကျန်းမာတဲ့ အလေ့အထတွေကို တစ်ခုချင်းစီနဲ့ ဖြည်းဖြည်းချင်း လုပ်သွားကြရအောင်နော်။ ကိုယ့်ကျန်းမာရေးအတွက် မိမိလုပ်နိုင်လောက်မယ့် ဖြစ်နိုင်တာတွေကို နည်းနည်းချင်းစီလုပ်တာက လုံးဝ မလုပ်တာထက်တော့ ပိုကောင်းတယ်မို့လား။ ဒီတော့ ကိုယ်၊ စိတ်၊ လူမှု...