ပင်မစာမျက်နှာ
ကျန်းမာရေးဆောင်းပါးများ
တယ်လီကျန်းမာအကြောင်း
အကြံပြုချက်ပေးပို့ရန်
Search
An official website of the National Unity Government
မီနူး
တယ်လီကျန်းမာ
An official website of the National Unity Government
Facebook
Mail
Youtube
တယ်လီကျန်းမာ
ပင်မစာမျက်နှာ
ကျန်းမာရေးဆောင်းပါးများ
တယ်လီကျန်းမာအကြောင်း
အကြံပြုချက်ပေးပို့ရန်
Search
See our latest stories
written by our lovely staff members
ကျွန်တော်နှင့် အဆိပ် (၄)
မတ် 10, 2024
ကျွန်တော်နှင့် အဆိပ် (၄) အဆိပ်အကြောင်း မရေးဖြစ်တာ ကြာနေပါပြီ။ ခုတလောတော့ တိုက်ဆိုင်တာလေးတွေ ရှိနေလို့ ပြန်ရေးလိုက်တာပါ။ ကျွန်တော်တို့ ဆေးရုံမှာ လုပ်တုန်းကဆို အဆိပ်သင့်လူနာတွေ ခဏခဏ ကြုံတွေ့ရတာပေါ့။ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး စတဲ့ ဓာတုဆေးတွေအပြင် နေ့စဉ်ဆေးကုသမှုမှာ အသုံးပြုတဲ့ အင်္ဂလိပ်သောက်ဆေးတွေ၊ မြန်မာဆေးတွေ အဆိပ်သင့်တာလည်း ပါဝင်ပါတယ်။...
အေးချမ်းသက်သာစွာ သွားခွင့်ပြုပါ Do-Not-Resuscitate (DNR)
မတ် 7, 2024
အေးချမ်းသက်သာစွာ သွားခွင့်ပြုပါ {Do-Not-Resuscitate (DNR)} Do-Not-Resuscitate (DNR) အကြောင်းကို မပြောပြခင် Resuscitation ဆိုတာ ဘာလဲဆိုတာကို အရင်ရှင်းပြပါရစေ။ Resuscitation ဆိုတာ တကယ်တော့ ဒီနေရာမှာ သေခါနီးအသက်ကယ်တာ {Cardiopulmonary resuscitation (CPR)} ကို ဆိုလိုတာပါ။ ဗြိတိသျှနိုင်ငံ (UK) မှာတော့ ပိုပြည့်စုံအောင်...
ဘိန်းဖြူနဲ့ ကြုံခဲ့ရတဲ့အကြောင်း
မတ် 7, 2024
ဘိန်းဖြူ ဆေးလွန်တဲ့အကြောင်းလေး ပြောပြချင်လို့ပါ။ ကျွန်တော် ခန္တီးမှာတာဝန်ကျတုန်းက ကြုံခဲ့ရတာလေး... မှတ်မှတ်ရရ သင်္ကြန်အကြိုနေ့ကြီးဗျ။ လူငယ်တွေရန်ဖြစ်ပြီး ခေါင်းရိုက်ခွဲခံရတဲ့ လူငယ်လေးတစ်ယောက် ဆေးရုံရောက်လာတယ်။ ရဲအရေးပိုင်တဲ့အမှု ခေါ်မလား။ ဆေးမှုခင်းနဲ့ပတ်သက်တဲ့ လူနာပေါ့ဗျာ။ဆေးရုံအခေါ်ဝေါ်အရ (Police case) လို့ ခေါ်တယ်။ လူနာရဲ့ထိခိုက်ဒဏ်ရာ အတိမ်/အနက် အကြီး/အသေး ပေါ်မူတည်ပြီး ရိုက်တဲ့တရားခံရဲ့ကျခံရမဲ့ပြစ်ဒဏ်ပုဒ်မက ပြေင်းလဲတယ်လေ။...
အသည်းကွဲသူရဲ့ နှလုံးဒဏ်ရာ Broken Heart Syndrome
မတ် 5, 2024
ရုပ်ရှင်တွေထဲမှာ အိမ်ကအဘိုးကြီးက အတွင်းရေးမှူးမလေးနဲ့ တွဲခုတ်နေတာကို ရုတ်တရက် မြင်လိုက်ရတဲ့အခါ (ဒါမှမဟုတ်) သမီးအပျိုလေးက ယောကျာ်းနောက် လိုက်သွားတယ်လို့ သိရတဲ့အခါ ရင်ဘတ်လေးဖိပြီး လဲကျသွားတဲ့ မေမေကြီးတွေကို မကြာခဏတွေ့ဖူးကြမှာပါ။ အဲဒီလို အပြင်းအထန် စိတ်ထိခိုက်ရတာကို အသည်းကွဲတယ်လို့ တင်စားပြောကြပေမယ့် တကယ်တော့ အသည်းက ဘာမှမဖြစ်ဘဲ (စိတ်ညစ်ပြီး အရက်အလွန်အကျွံသောက်ရင်တော့...
ပဋိဇီဝဆေး/ ပိုးသတ်ဆေးတွေအကြောင်း Antibiotic
မတ် 3, 2024
Antibiotics လို့ခေါ်တဲ့ ပဋိဇီဝဆေး/ ပိုးသတ်ဆေးတွေနဲ့ ပတ်သက်ပြီး သိရှိထားသင့်တဲ့ အကြောင်းတွေ ဘတ်တီးရီးယား (Bacteria) ပိုးမွှားတွေက ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်၊ ပတ်ဝန်းကျင်မှာသာမက ထိတွေ့တဲ့နေရာတိုင်းလိုလိုမှာ တည်ရှိကြပါတယ်။ တချို့ဘတ်တီးရီးယားပိုးတွေက ခန္ဓာကိုယ်အတွက် အကျိုးရှိပြီး တချို့ကတော့ အန္တရာယ်ပေးနိုင်ကြပါတယ်။ အန္တရာယ်ပေးနိုင်တဲ့ ဘတ်တီးရီးယားပိုးတွေကြောင့်ဖြစ်တဲ့ ကူးစက်ရောဂါတွေမှာ ပိုးသတ်ဆေးတွေကို အသုံးပြုကြပါတယ်။ ... ... ????ပိုးသတ်ဆေးတွေ...
မြွေပွေးအန္တရာယ်
မတ် 1, 2024
အဆိပ်မရှိသောမြွေ ဖြစ်ပါစေဦး။ သွားချေးဆိပ်တော့ တက်နိုင်ပါသေးသည်။ ရှင်းပါအံ့။ မြွေများသည် လူကိုမကိုက်မီ သွားမတိုက်ကြပါ။ ပါးစပ်သန့်ဆေးရည်ဖြင့် ပလုတ်မကျင်းကြပါ.... အသေးစိတ် ဖတ်ရှုရန် ???????????? ... ... "မြွေပွေးအန္တရာယ် သိမှတ်ဖွယ်" မြွေပွေးကိုက်ခံရနိုင်သော ကျေးလက်တောရွာတွင် နေထိုင်ကြကုန်သော၊ တောင်သူလယ်လုပ် ဓားမခုတ်အလုပ်ကို လုပ်ကိုင်ကြကုန်သော ဦးဦး၊ ဒေါ်ဒေါ်၊ ကိုကို၊ မမ၊ ညီလေး၊ ညီမလေး အပေါင်းတို့ခင်ဗျား... မြွေပွေးအစစ်က...
မသန်စွမ်းသူများကို လူမှုနယ်ပယ်အတွင်း ပါဝင်လာအောင် ပြုလုပ်ရာတွင် တားဆီးနေသော အဟန့်အတားများ Disability Barriers to Inclusion
ဖေဖော်ဝါရီ 28, 2024
ဒီတစ်ပတ်မှာတော့ မသန်စွမ်းသူတွေကို လူမှုနယ်ပယ်အတွင်း ပါဝင်လာအောင် ပြုလုပ်ရာမှာ တားဆီးနေတဲ့ အဟန့်အတားတွေ (Disability barriers to inclusion) အကြောင်းကို ပြောပြချင်ပါတယ်။ ဒီနေရာမှာ အရင်တစ်ခေါက်က ရေးထားတာလေးတွေကို နည်းနည်းလောက် ပြန်ကောက်ပါရစေ။ မသန်စွမ်းသူ (People with disabilities - PWD) တွေကို ကာကွယ်ပေးဖို့...
အကိုက်အခဲပျောက်ဆေးကဲ့သို့သော ဆေးဝါးများကို အလွန်အကျွံသုံးစွဲခြင်းကြောင့်ဖြစ်သော ခေါင်းကိုက်ခြင်း (Medication Overuse Headache – MOH)
ဖေဖော်ဝါရီ 25, 2024
ဆေးဝါးများကို အလွန်အကျွံသောက်သုံးခြင်းကြောင့် ခေါင်းကိုက်ခြင်း (MOH) ဆိုတာဟာ Triptans, Ergotamines, Opiates, NSAIDs နဲ့ Paracetamol လိုမျိုး ဆေးအပြင်းတွေ သို့မဟုတ် အကိုက်အခဲပျောက်ဆေးတွေကို မကြာခဏအသုံးပြုတာကြောင့် ဖြစ်လာတတ်တဲ့ ခေါင်းကိုက်ခြင်းဖြစ်ပါတယ်။ ခေါင်းတစ်ခြမ်းကိုက်ခြင်း Migraine (မိသားစုမျိုးရိုးမှာ Migraine ရှိသူ) တွေမှာ အများအားဖြင့်...
1
...
10
11
12
...
29
Page 11 of 29