မီနူး

See our latest stories

written by our lovely staff members

ြင်းထန်စိတ်ဖိစီးမှုဒဏ်သင့်ဝေဒနာ (Post-Traumatic Stress Disorder) ခံစားနေရပါက … (ဇွန်လ၊ ၂၀၂၅ ခုနှစ်)

ပြင်းထန်စိတ်ဖိစီးမှုဒဏ်သင့်ဝေဒနာ (Post-Traumatic Stress Disorder) ခံစားနေရပါက စိတ်ကျန်းမာရေးအထူးကုဆရာဝန်နဲ့ ပြသ၍ ဆွေးနွေးကုသမှုခံယူသင့်ပြီး ▪️မိသားစု▪️သူငယ်ချင်းနှင့်▪️ပတ်ဝန်းကျင်အသိုင်းအဝိုင်း၏ဖေးမကူညီမှုများ (Social support) ကိုလည်း လိုအပ်ပါတယ်။ တယ်လီကျန်းမာ အခမဲ့အွန်လိုင်းဆေးခန်းကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ

COVID-19 ရောဂါနှင့် ရာသီတုပ်ကွေးရောဂါ မကူးစက်အောင် ကာကွယ်သည့် နည်းလမ်းများ (ဇွန်လ၊ ၂၀၂၅ ခုနှစ်)

COVID-19 ရောဂါနှင့် ရာသီတုပ်ကွေးရောဂါ မကူးစက်အောင် ကာကွယ်သည့် နည်းလမ်းများ ✅ ကာကွယ်ဆေးထိုးနှံခြင်း✅ ပါးစပ်နှင့် နှာခေါင်းစည်း (Mask) တပ်ခြင်း✅ လက်ကို မကြာခဏနှင့် စနစ်တကျ ဆေးကြောခြင်း✅ လူစုလူဝေး ရှောင်ရှားခြင်း✅ လေဝင်လေထွက် မကောင်းသော အခန်းများကို ရှောင်ရှားခြင်း✅ လူတစ်ဦးနှင့် တစ်ဦး...

ပဋိဇီဝဆေး (Antibiotics) နှင့် ဗိုင်းရပ်စ်ပိုး (မေလ၊ ၂၀၂၅)

အအေးမိခြင်းနှင့် တုပ်ကွေးရောဂါကိုဖြစ်စေသော ဗိုင်းရပ်စ်ပိုးများအား ပဋိဇီဝဆေးများဖြင့် မကုသနိုင်ပါ။ ပဋိဇီဝဆေး မသောက်မီ ကျွမ်းကျင်သော ကျန်းမာရေးပညာရှင်ထံမှ အကြံဉာဏ်ရယူပါ။ တယ်လီကျန်းမာ အခမဲ့အွန်လိုင်းဆေးခန်းကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ Ref: World Health Organization

အရေပြား ကူးစက်ရောဂါများ ကူးစက်ပြန့်ပွားမှုမှ ကာကွယ်ရန် (May, 2025)

အရေပြား ကူးစက်ရောဂါများ ကူးစက်ပြန့်ပွားမှုမှ ကာကွယ်ရန် အလွယ်ကူဆုံးနှင့် အထိရောက်ဆုံးနည်းလမ်းမှာ ရေ ပုံမှန်ချိုးခြင်း၊ အဝတ်အစားနှင့် အိပ်ရာ/အိပ်ရာခင်းများကို ပုံမှန်လျှော်ဖွပ်ခြင်း အစရှိသည့် တစ်ကိုယ်ရေသန့်ရှင်းရေး အလေ့အကျင့်ကောင်းများကို လေ့ကျင့်ဆောင်ရွက်ရန်ဖြစ်ပါသည်။ တယ်လီကျန်းမာ အခမဲ့အွန်လိုင်းဆေးခန်းကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ Ref: Wisconsin Department of Health Services

ဝက်သက်ရောဂါရောဂါလက္ခဏာများ (မေလ၊ ၂၀၂၅ ခုနှစ်)

ဝက်သက်ရောဂါသည် အသက်အန္တရာယ်ကို ထိခိုက်စေနိုင်ပါသည်။ ရောဂါလက္ခဏာများကို သိပါသလား။ 🔸 အနီစက်များ မျက်နှာတွင် စတင်ပေါ်လာပြီးနောက်ခန္ဓာကိုယ်တစ်ခုလုံးသို ပျံ့သွားသည်။🔸 ဖျားခြင်း🔸 နှာရည်ယိုခြင်း🔸 ချောင်းဆိုးခြင်း🔸 မျက်လုံးနီ၍ မျက်ရည်ကျခြင်း🔸 ပါးစပ်အတွင်း ဘေးတစ်ဘက်ဘက်တွင် သေးငယ်သည့်အဖြူရောင်အစက်များရှိခြင်း သင့်ကလေးတွင် ဝက်သက်ရောဂါဖြစ်ပွားသည်ဟု သံသယရှိပါက ကျန်းမာရေးဌာနများသို သွားပြပါ။ တယ်လီကျန်းမာ အခမဲ့အွန်လိုင်းဆေးခန်းကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ

စိတ်ဒဏ်ရာကြုံခဲ့ရသူ လိုက်နာဆောင်ရွက်ရမည့်အချက်များ (မေလ၊ ၂၀၂၅ ခုနှစ်)

စိတ်ဒဏ်ရာရစေသည့် အဖြစ်အပျက်နှင့် တွေ့ကြုံခဲ့ရလျှင် အောက်ပါတိုကို ဆောင်ရွက်သင့်ပါသည်။ ၁။ လက်ခံနိုင်ရန် သင့်ကိုယ်သင် အချိန်ပေးပါ။၂။ အမှန်တကယ် ဖြစ်ပျက်ခဲ့သည်များကို သေချာလေ့လာပါ။၃။ တူညီသော အတွေ့အကြုံရှိသူများနှင့် ဆက်သွယ်ပါ။ တွေ့ဆုံစကားပြောပါ။၄။ အကူအညီတောင်းခံပါ။၅။ တစ်ယောက်တည်းနေရန် လိုအပ်ပါက အချိန်တစ်ခုယူကာ သီးသန့်နေပါ။၆။ အတွေ့အကြုံကို ဖွင့်ဟပြောဆိုပါ။၇။ နိစ္စဓူဝလုပ်ငန်းများကို ပုံမှန်ဆောင်ရွက်ပါ။၈။...

သင့်ကလေး‌ ကာကွယ်ဆေးထိုးသင့်တဲ့ အကြောင်းပြချက် (၅) ချက် (ဧပြီ၊ ၂၀၂၅)

ကာကွယ်ဆေးထိုးနှံခြင်းက- ၁။ သင့်ကလေးရဲ့ အသက်နဲ့ ဘဝကို ကယ်တင်နိုင်ပါတယ်။၂။ အလွန်စိတ်ချရပြီး ထိရောက်ပါတယ်။၃။ သင်ချစ်ရတဲ့ အခြားသူတွေကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။၄။ သင့်မိသားစုရဲ့ အချိန်နဲ့ ငွေကြေးကိုလည်း ကုန်ကျမှုသက်သာစေနိုင်ပါတယ်။၅။ အနာဂတ်မျိုးဆက်သစ်တွေကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ တယ်လီကျန်းမာ အခမဲ့အွန်လိုင်းဆေးခန်းကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ

ဦးနှောက်အမြှေးရောင်ရောဂါ၏ လက္ခဏာများ (ဧပြီ၊ ၂၀၂၅)

ဦးနှောက်နှင့် အာရုံကြောမကြီး ဘေးပတ်လည်ရှိ အသားစများ ရောင်ရမ်းခြင်းကို ဦးနှောက်အမြှေးရောင်ခြင်းဟု ခေါ်ဆိုပါသည်။ အဖြစ်များသော ရောဂါလက္ခဏာများမှာ လည်ပင်းတောင့်တင်းခြင်း ဖျားခြင်း ခေါင်းကိုက်ခြင်း ပျိုခြင်း အန်ခြင်း တယ်လီကျန်းမာ အခမဲ့အွန်လိုင်းဆေးခန်းကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ