မီနူး

See our latest stories

written by our lovely staff members

မိုးရာသီနှင့် မှိုပိုးများအကြောင်း

"တစ်နှစ်တစ်ခါပေါ်လို့လာ၊ ငါသာမင်းလောင်း ထီးဖြူဆောင်း" ဆိုသလို ခုလို မိုးရာသီအချိန်အခါဟာ မှိုပွင့်လေးတွေ ပေါ်ပေါက်ချိန်ပါပဲ။ မိုးရာသီဟာ ဒီလိုမျိုး လူသားတွေကို အာဟာရအကျိုးပြုတဲ့ မှိုတွေပေါ်ထွက်ရုံသာမက သာမာန်လူမျက်စိနဲ့မမြင်နိုင်တဲ့ အဏုကြည့်မှန်ပြောင်းအောက်မှာသာ မြင်နိုင်တဲ့ မှိုပိုးတွေ အမြောက်အများပေါ်ထွန်းရာ၊ မှိုပိုးနဲ့ပတ်သက်တဲ့ရောဂါတွေ ဖြစ်ပွားလေ့ရှိရာ ရာသီတစ်ခုလည်း ဖြစ်နေပြန်ပါတယ်။ ပူနွေးစွတ်စိုတဲ့ ရာသီဥတု​က မှိုပိုးတွေပေါက်ဖွားစေဖို့ အားပေးတဲ့နေရာ...

မသန့်ရှင်းသော ဆေးထိုးအပ်ကြောင့်ဖြစ်သော အနာ Injection Abscess

Injection Abscess မြန်မာလို ဘယ်လိုပြောရမလဲမသန့်ရှင်းသော ဆေးထိုးအပ်ဖြင့်၊ မထိုးသင့်သောဆေးကို၊ မထိုး‌ပေးသင့်သော လူနာအား၊ ဆေးထိုးခွင့်မရှိသော အပ်ပုန်းရမ်းကုများက လူနာ၏တင်ပါးတွင် ထိုးပေးပြီးနောက် တင်ပါးတွင် အသားဆွေးပြည်တည်နာ ဖြစ်ခြင်း။ အံမယ်လေး မောတာ ရှင်းပြရတာ…ခု အဲဒီလိုလူနာ ရောက်နေလို့ဗျ။ အသက်က ငါးဆယ်ကျော် မိန်းမကြီး။ ကလေးက ဆယ်ယောက်မွေးထားတယ်။ စစ်ကြည့်လိုက်တော့ ဆီးချိုရှိတယ်။...

ပြင်းထန်ကာလဝမ်းရောဂါနှင့် အခြားဝမ်းပျက်ဝမ်း‌လျှောရောဂါများကို ကာကွယ်ရန်အတွက် လိုက်နာရမည့်အချက်များ

လတ်တလောမှာ ဝမ်းပျက်ဝမ်းလျှောရောဂါတွေ အဖြစ်များတဲ့သတင်းတွေ တွေ့ရတာကြောင့် ရောဂါ ဖြစ်ပွားမှု လျှော့ချနိုင်အောင် ကာကွယ်ရေးပညာရေးအနေနဲ့ လှုံ့ဆော်ရေးသားလိုက်ပါတယ်။  ရောဂါကို ကြိုတင်စိုးရိမ် အထိတ်တလန့်ဖြစ်ခြင်းထက် ကြိုတင်ကာကွယ်နိုင်သော နည်းလမ်းများကို သိမှတ် လိုက်နာခြင်းက ပိုမိုထိရောက်ပါတယ်။  ကာလဝမ်းအပါအဝင် ဝမ်းလျှောရောဂါ ကာကွယ်ရေးမှာ အောက်ဖော်ပြပါ သန့်ရှင်းရေးအချက် (၅) ချက်ကို လိုက်နာပါ။ …… (၁) ရေသန့် သောက်ရေနဲ့...

ပြင်းထန် ကာလဝမ်းရောဂါအကြောင်း သိမှတ်ဖွယ်ရာ Cholera

ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်စေတဲ့ ဘက်တီရီးယား၊ ဗိုင်းရပ်စ်၊ toxins, food poisoning စသဖြင့် ‌အကြောင်းအရင်းများစွာ ရှိပါတယ်။ အဲဒီအထဲကမှ Cholera လို့ခေါ်တဲ့ ကာလဝမ်းရောဂါဟာ ကူးစက်မြန်ပြီး ရောဂါပြင်းထန်တာမို့ သေချာမကုသရင် နာရီပိုင်းအတွင်း အသက်အန္တရာယ်ထိခိုက်တဲ့ရောဂါ ဖြစ်ပါတယ်။ . 🚨 ဘာကြောင့် ဖြစ်ရတယ် ပြင်းထန် ဘက်တီးရီးယားတစ်မျိုးဖြစ်တဲ့ Vibrio Cholerae...

လက်၊ ခြေနှင့် ပါးစပ်နာ ရောဂါ Hand, Foot and Mouth Disease (HFMD)

အခုတစ်လော ကလေးတွေမှာ အဖြစ်များနေတဲ့ လက်၊ ခြေနဲ့ ပါးစပ်မှာ အနာတွေ၊ အရည်ကြည်ဖုတွေ ဖြစ်တဲ့ရောဂါဟာ Hand, Foot and Mouth disease (HFMD) လို့ခေါ်တဲ့ ကူးစက်ရောဂါတစ်ခုဖြစ်ပါတယ်။…… ဘာကြောင့်ဖြစ်တာလဲ…. ဗိုင်းရပ်စ်ပိုးကြောင့်ပါ။ တစ်မျိုးမကတဲ့ ဗိုင်းရပ်စ်ပိုးတွေကြောင့် ဖြစ်တတ်ပါတယ်။ အဖြစ်များတာက Coxsackievirus နဲ့ Enterovirus...

ခွေးရူးရောဂါအကြောင်း

၁၂ နှစ်အရွယ် ကိုရင်လေး ဆေးရုံရောက်တာ တစ်ပတ်ရှိပြီ။ ဒီတစ်ပတ်အတွင်း ဆေးရုံပေါ်မှာ အဖျားလည်း အဲဒီလောက်မတက်၊ တခြားပြောပလောက်စရာဆိုလို့ ချောင်းဆိုးချင်တာ၊ အစားပျက်တာ၊ နှုံးခွေနေတာပဲ ရှိသည်။ အရင်က တက်တက်ကြွကြွ စာအံနေတတ်ပြီး ကျောင်းကအလုပ်တွေကို မညည်းမညူ ဝိုင်းလုပ်ပေးနေတတ်သဖြင့် အားလုံးက ဝိုင်းချစ်နေကြတဲ့ ကိုရင်လေးကို ပြီးခဲ့တဲ့တစ်ပတ်ဆယ်ရက်လောက်က မလန်းမဆန်း...

အနာကြီးရောဂါအကြောင်း သိကောင်းစရာ Hansen’s Disease (Leprosy)

အနာကြီးရောဂါအကြောင်း သိကောင်းစရာ ✅ ဒီနေ့ ဇန်နဝါရီ ၂၈ ရက်နေ့ဟာ “ကမ္ဘာ့အနာကြီးရောဂါနေ့" ဖြစ်တဲ့အတွက် အနာကြီးရောဂါအကြောင်းကို မျှဝေပေးလိုက်ပါတယ်။ အနာကြီးရောဂါ (Hansen’s disease) ကို လက်ပရိုစီ (Leprosy) လို့ ပိုပြီးအသိများကြပါတယ်။ Mycobacterium leprae လို့ခေါ်တဲ့ ဘက်တီးရီးယားကြောင့်ဖြစ်တဲ့ ကူးစက်ရောဂါတစ်မျိုး ဖြစ်ပါတယ်။ ဒီဘက်တီးရီးယားဟာ...

ဖျားနေသူကို အပူမထုတ်ရ (January,2024)

ဖျားနေသူကို ရိုးရာဆေးမှုန့်လေးတွေနဲ့ ရေနွေးပူပူလေးတိုက်၊ အနွေးထည်ထူထူ ဝတ်ပေး၊ စောင်အထပ်ထပ်ခြုံပြီး အပူကို အပူနဲ့တိုက်... အဲဒီလိုသာ အပူထုတ်လိုက်ရင် ချွေးတွေလည်းထွက် အဖျားတွေလည်းကျပြီး နေလို့ထိုင်လို့ ကောင်းသွားရော... ဟုတ်တယ်မို့လား။ ဒါပေမယ့် ဆရာဝန်တွေ ဘာလို့များ အဲဒီလို နည်းလမ်းတွေ မလုပ်ခိုင်းကြပါလိမ့် ???? ... ... အမှန်က ဒီလိုပါနော် ဘာကြောင့် အပူမထုတ်ခိုင်းရလဲဆိုရင် အရင်ဆုံးတော့ ဖျားတာနဲ့...