Sign in
Home
Health Articles
About Us
Feedback Form
Sign in
Welcome!
Log into your account
your username
your password
Forgot your password?
Password recovery
Recover your password
your email
Search
An official website of the National Unity Government
MENU
Telekyanmar
An official website of the National Unity Government
Facebook
Instagram
Youtube
Mail-1
Telekyanmar
Home
About Us
Health News
Health Education
Reports
Contact Us
Work With Us
Contact Us
Feedback Form
FAQ
Search
See our latest stories
written by our lovely staff members
လူသိနည်းနေတဲ့ ဆင်ခြေထောက်ရောဂါအကြောင်း Elephantiasis or Lymphatic Filariasis
October 23, 2024
"လူသိနည်းနေတဲ့ ဆင်ခြေထောက်ရောဂါအကြောင်း"(Elephantiasis or Lymphatic filariasis) ဆင်ခြေထောက်ရောဂါဆိုတာ ခြင်ကနေတစ်ဆင့်ကူးစက်တတ်တဲ့ ကူးစက်ရောဂါတစ်မျိုးပါ။ ခြင်မှတစ်ဆင့်ကူးစက်တဲ့ filarial worm ကြောင့် ဖြစ်တာပါ။ ဆင်ခြေထောက်ရောဂါက အရေပြားကို ထူထဲရောင်ရမ်းစေပြီး ပုံပျက်တဲ့အထိ ဖြစ်နိုင်ပါတယ်။ ဆင်ခြေထောက်ရောဂါပိုးဟာ လူ့ခန္ဓာကိုယ်ထဲက ပြန်ရည်ကြောစနစ်ထဲမှာ ရှင်သန်ကြီးထွားတာဖြစ်ပြီး သွေးကြောမှတစ်ဆင့် မျိုးပွားပျံ့နှံ့ကြပါတယ်။ ပြန်ရည်ကြောစနစ်ထဲမှာ ပိတ်နေနိုင်ပြီး...
ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်စေတဲ့ တိုက်ဖိုက်မျိုးစိတ် Salmonella ရောဂါပိုးအကြောင်း
September 25, 2024
Salmonella ဆိုတာ ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်စေနိုင်တဲ့ ဘက်တီးရီးယားတစ်မျိုးဖြစ်ပါတယ်။ Salmonella ကူးစက်မှုရဲ့ အဖြစ်များတဲ့ လက္ခဏာတွေကတော့ ဝမ်းလျှောခြင်း၊ ဗိုက်အောင့်ခြင်း၊ အဖျားတက်ခြင်းနဲ့ အော့အန်ခြင်းတို့ပါ။ Salmonella ဘက်တီးရီးယား မျိုးကွဲအမျိုးအစားများစွာရှိပြီး ၎င်းတို့ဟာ တိုက်ဖွိုက်အဖျားနဲ့ အစာအိမ်ရောဂါအပါအဝင် ရောဂါအမျိုးမျိုးကို ဖြစ်စေနိုင်ပါတယ်။ Salmonella ကူးစက်ခံရသူအများစုဟာ ရောဂါလက္ခဏာမပြင်းထန်တာကြောင့် ကုသမှုမခံယူဘဲ...
ကလေးများ ဝမ်းပျက်ဝမ်းလျှောဖြစ်လျှင် သတိပြုရမည့်အချက်များ
September 19, 2024
ကလေးတွေ ဝမ်းပျက်ဝမ်းလျှော ဖြစ်လာကြရင်… အခုတလော ကလေးတွေရော လူကြီးတွေပါ ဝမ်းပျက်ဝမ်းလျှောဖြစ်နေကြတာမို့ ဝမ်းလျှောတဲ့ကလေးငယ်တွေအတွက် သတိပြုရမယ့်အချက်ကလေးတွေ ပြန်ပြောပြချင်ပါတယ်။ ဝမ်းလျှောတဲ့အခါ ခန္ဓာကိုယ်က ရေဓာတ်လျော့နည်းသွားပါတယ်။ ကလေးငယ်တွေဟာ ရေဓာတ်ခန်းခြောက်မှုကို လူကြီးတွေလို ခံနိုင်ရည်မရှိပါဘူး။ ဒါ့ကြောင့် အရေးအကြီးဆုံးက ရေဓာတ်မခန်းခြောက်စေဖို့ပါ။ အဝင်အထွက်မျှရပါမယ်။ ခန္ဓာကိုယ်ကထွက်သလောက် (ဝမ်းလျှောသလောက်/အန်သလောက်) အရည်ပြန်ဝင်အောင် တိုက်သင့်ပါတယ်။ အရည်များများ...
ရေမှတဆင့်ကူးစက်တတ်သော ရောဂါများအကြောင်း Waterborne Diseases
August 21, 2024
🌧️မိုးရာသီရောက်လာတာနဲ့အမျှ ရေကြီးတာတွေကလည်း နောက်ဆက်တွဲအနေနဲ့ ပါလာကြစမြဲပါပဲ…… မိမိတို့ နေထိုင်တဲ့အရပ်မှာ ရေဝင်လာတဲ့အခါ၊ ရေကြီးတဲ့နေရာတွေကို သွားရတဲ့အခါမှာဆိုရင် ရေကနေကူးစက်တတ်တဲ့ ရောဂါတွေအကြောင်းကို သိထားပြီး သတိထားမိစေနိုင်ဖို့အတွက် အဖြစ်အများဆုံး ရောဂါ (၃) မျိုးကို တင်ပြပေးလိုက်ပါတယ်နော်။…… နှစ်စဥ်တိုင်းလိုလို ဖွံ့ဖြိုးဆဲနိုင်ငံတွေက လူဦးရေ အတော်များများဟာ ရေကနေ ကူးစက်တဲ့ရောဂါတွေကို ခံစားနေကြရပါတယ်။. ❓ရေကနေဘယ်လိုကူးစက်တာလဲ…… ရေမှပေါက်ဖွားတဲ့ သို့မဟုတ်...
မိုးရာသီနှင့် မှိုပိုးများအကြောင်း
August 1, 2024
"တစ်နှစ်တစ်ခါပေါ်လို့လာ၊ ငါသာမင်းလောင်း ထီးဖြူဆောင်း" ဆိုသလို ခုလို မိုးရာသီအချိန်အခါဟာ မှိုပွင့်လေးတွေ ပေါ်ပေါက်ချိန်ပါပဲ။ မိုးရာသီဟာ ဒီလိုမျိုး လူသားတွေကို အာဟာရအကျိုးပြုတဲ့ မှိုတွေပေါ်ထွက်ရုံသာမက သာမာန်လူမျက်စိနဲ့မမြင်နိုင်တဲ့ အဏုကြည့်မှန်ပြောင်းအောက်မှာသာ မြင်နိုင်တဲ့ မှိုပိုးတွေ အမြောက်အများပေါ်ထွန်းရာ၊ မှိုပိုးနဲ့ပတ်သက်တဲ့ရောဂါတွေ ဖြစ်ပွားလေ့ရှိရာ ရာသီတစ်ခုလည်း ဖြစ်နေပြန်ပါတယ်။ ပူနွေးစွတ်စိုတဲ့ ရာသီဥတုက မှိုပိုးတွေပေါက်ဖွားစေဖို့ အားပေးတဲ့နေရာ...
မသန့်ရှင်းသော ဆေးထိုးအပ်ကြောင့်ဖြစ်သော အနာ Injection Abscess
July 19, 2024
Injection Abscess မြန်မာလို ဘယ်လိုပြောရမလဲမသန့်ရှင်းသော ဆေးထိုးအပ်ဖြင့်၊ မထိုးသင့်သောဆေးကို၊ မထိုးပေးသင့်သော လူနာအား၊ ဆေးထိုးခွင့်မရှိသော အပ်ပုန်းရမ်းကုများက လူနာ၏တင်ပါးတွင် ထိုးပေးပြီးနောက် တင်ပါးတွင် အသားဆွေးပြည်တည်နာ ဖြစ်ခြင်း။ အံမယ်လေး မောတာ ရှင်းပြရတာ…ခု အဲဒီလိုလူနာ ရောက်နေလို့ဗျ။ အသက်က ငါးဆယ်ကျော် မိန်းမကြီး။ ကလေးက ဆယ်ယောက်မွေးထားတယ်။ စစ်ကြည့်လိုက်တော့ ဆီးချိုရှိတယ်။...
ပြင်းထန်ကာလဝမ်းရောဂါနှင့် အခြားဝမ်းပျက်ဝမ်းလျှောရောဂါများကို ကာကွယ်ရန်အတွက် လိုက်နာရမည့်အချက်များ
July 7, 2024
လတ်တလောမှာ ဝမ်းပျက်ဝမ်းလျှောရောဂါတွေ အဖြစ်များတဲ့သတင်းတွေ တွေ့ရတာကြောင့် ရောဂါ ဖြစ်ပွားမှု လျှော့ချနိုင်အောင် ကာကွယ်ရေးပညာရေးအနေနဲ့ လှုံ့ဆော်ရေးသားလိုက်ပါတယ်။ ရောဂါကို ကြိုတင်စိုးရိမ် အထိတ်တလန့်ဖြစ်ခြင်းထက် ကြိုတင်ကာကွယ်နိုင်သော နည်းလမ်းများကို သိမှတ် လိုက်နာခြင်းက ပိုမိုထိရောက်ပါတယ်။ ကာလဝမ်းအပါအဝင် ဝမ်းလျှောရောဂါ ကာကွယ်ရေးမှာ အောက်ဖော်ပြပါ သန့်ရှင်းရေးအချက် (၅) ချက်ကို လိုက်နာပါ။ …… (၁) ရေသန့် သောက်ရေနဲ့...
ပြင်းထန် ကာလဝမ်းရောဂါအကြောင်း သိမှတ်ဖွယ်ရာ Cholera
July 6, 2024
ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်စေတဲ့ ဘက်တီရီးယား၊ ဗိုင်းရပ်စ်၊ toxins, food poisoning စသဖြင့် အကြောင်းအရင်းများစွာ ရှိပါတယ်။ အဲဒီအထဲကမှ Cholera လို့ခေါ်တဲ့ ကာလဝမ်းရောဂါဟာ ကူးစက်မြန်ပြီး ရောဂါပြင်းထန်တာမို့ သေချာမကုသရင် နာရီပိုင်းအတွင်း အသက်အန္တရာယ်ထိခိုက်တဲ့ရောဂါ ဖြစ်ပါတယ်။ . 🚨 ဘာကြောင့် ဖြစ်ရတယ် ပြင်းထန် ဘက်တီးရီးယားတစ်မျိုးဖြစ်တဲ့ Vibrio Cholerae...
1
2
3
4
...
12
Page 3 of 12