See our latest stories

written by our lovely staff members

ဆီးချိုရောဂါ၏ အရေးပေါ် ကျန်းမာရေးပြဿနာများ (November,2023)

ဆီးချိုရောဂါဟာ ကျန်းမာရေးပြဿနာများစွာကို ဖြစ်စေတာ လူတိုင်းအသိပါပဲ။ နာတာရှည်ရောဂါဖြစ်တာကြောင့် ရေရှည်ကျန်းမာရေးဆိုးကျိုးများ ဖြစ်သလို အသက်အန္တရာယ်ရှိတဲ့ အရေးပေါ် ဆိုးကျိုးများလည်း ဖြစ်နိုင်ပါတယ်။ ဒီအထဲကမှ ဆီးချိုကြောင့် ဖြစ်ရတဲ့ အရေးပေါ် ကျန်းမာရေးပြဿနာများကို ဆွေးနွေးသွားမှာဖြစ်ပါတယ်။ . ‌ဆီးချိုရဲ့ အရေးပေါ် ရေတိုကျန်းမာရေးပြဿနာများကတော့ (၁) သွေးတွင်းသကြားဓာတ် ကျဆင်းခြင်း (၂) သွေးတွင်းသကြားဓာတ်များပြီး သွေးတွင်းအက်ဆစ်ဓာတ်များခြင်း (Diabetic...

ကိုယ်ဝန်ဆောင်ခြင်းနှင့် ဆီးချိုရောဂါ Diabetes & Pregnancy (October,2023)

ကိုယ်ဝန်ဆောင်ခြင်းနှင့် ဆီးချိုရောဂါ အမျိုးသမီးများဟာ ကိုယ်ဝန်လွယ်ထားတဲ့အချိန်မှာ ခန္ဓာကိုယ်တွင်း ပြောင်းလဲမှုဖြစ်စဉ်များစွာ ‌ဖြစ်ပေါ်ပါတယ်။ ဒီအပြောင်းအလဲတွေထဲ သွေးတွင်းသကြားဓာတ် ထိန်းညှိခြင်းဆိုင်ရာ အပြောင်းအလဲသည်လည်း ထိပ်ဆုံးက ပါဝင်ပါတယ်။ အချို့အမျိုးသမီးများဟာ နဂိုက ဆီးချိုရောဂါအခံမရှိပါဘဲ ကိုယ်ဝန်ဆောင်ချိန်ရောက်မှ သွေးတွင်းသကြားဓာတ်များခြင်း ဖြစ်ပေါ်လာတတ်ပါတယ်။ အဲဒီအကြောင်းကို ဖတ်ကြည့်လိုက်ရအောင်နော်။ ... ... ကိုယ်ဝန်ဆောင်ခြင်းဟာ ဆီးချိုရောဂါအပေါ် ဘယ်လို အကျိုးသက်ရောက်မှု ရှိစေလဲ အမျိုးသမီးတစ်ဦး...

သွေးတွင်းသကြားဓာတ်နည်းခြင်း Hypoglycaemia (October,2023)

သွေးတွင်းသကြားဓာတ်နည်းခြင်း (Hypoglycaemia) သွေးတွင်းသကြားဓာတ်နည်းခြင်းကို Hypoglycaemia (Hypo - ဟိုက်ပို) လို့ ခေါ်ကြပါတယ်။ သွေးတွင်းသကြားဓာတ်နည်းခြင်းဟာ သင့်ကို မူးဝေကာ နေလို့မကောင်းဖြစ်စေပြီး အလုပ်လုပ်ခြင်း၊ ကားမောင်းခြင်း စတာတွေကို အနှောက်အယှက် ပေးနိုင်ပါတယ်။ ဒီပြဿနာ​ကို ဆိုးရွားစွာ မခံစားရအောင်၊ သကြားဓာတ်နည်းခြင်း မဖြစ်အောင် ကာကွယ်လို့ရတဲ့ နည်းလမ်းတွေ...

အမျိုးအစား (၂) ဆီးချိုရောဂါကို လေ့ကျင့်ခန်းဖြင့် ထိန်းညှိခြင်း Type 2 Diabetes Mellitus & Exercise(October,2023)

အမျိုးအစား (၂) ဆီးချိုရောဂါကို လေ့ကျင့်ခန်းဖြင့် ထိန်းညှိခြင်း တကယ်လို့ သင်ဟာ အမျိုးအစား (၂) ဆီးချိုရောဂါရှိနေပြီလို့ စစ်ဆေးတွေ့ရှိတဲ့အခါ စိုးရိမ်မှုတွေ၊ ကြောက်ရွံ့မှုတွေကို ခံစားရနိုင်ပါတယ်။ ရောဂါရဲ့ နောက်ဆက်တွဲအနေနဲ့ ဘာတွေဖြစ်မယ်ဆိုတာလည်း ခန့်မှန်းမရပါဘူး။အချို့သူများ ကြုံတွေ့ရမယ့် ကုသမှုများမှာ ရောဂါစရှိမှန်းသိတဲ့ လူနာများကို ဆေးစာပဲရေးပေးပြီး ဘာမှမရှင်းပြ‌တာတွေလည်း ဖြစ်နိုင်ပါတယ်။...

အမျိုးအစား (၁) ဆီးချိုရောဂါ Type 1 Diabetes Mellitus (October,2023)

အမျိုးအစား (၁) ဆီးချိုရောဂါ (Type 1 Diabetes Mellitus) အမျိုးအစား (၁) ဆီးချိုရောဂါဆိုတာ မုန့်ချိုအိတ် (ပန်ကရိယ) ကနေ အင်ဆူလင် လုံလုံလောက်လောက် ထုတ်မပေးနိုင်တဲ့ (သို့) လုံးဝမထုတ်တဲ့ အခြေ‌အနေကြောင့် သွေးတွင်းသကြားဓာတ် များရတဲ့‌ရောဂါပါ။ အမျိုးအစား (၁) ဆီးချိုကို အရင်က Insulin dependent...

ဆီးချိုနှီးနွယ် ကျောက်ကပ်ရောဂါ (September,2023)

"ဆီးချိုနှီးနွယ် ကျောက်ကပ်ရောဂါ" ဆီးချိုရောဂါရဲ့ နောက်ဆက်တွဲအနေနဲ့ ကျောက်ကပ်ထိတတ်တယ်ဆိုတာ လူတိုင်းနီးပါး ကြားဖူးကြပါလိမ့်မယ်။ ဒီနေ့မှာတော့ ဆီးချိုနှီးနွယ် ကျောက်ကပ်ရောဂါ အကြောင်း သိကောင်းစရာလေးတွေနဲ့ ကာကွယ်ကုသနည်းများကို မျှဝေချင်ပါတယ်။ ကျောက်ကပ်တွေဟာ ခန္ဓာကိုယ်ရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းတွေပါ။ သူတို့ရဲ့ အဓိက လုပ်ငန်းဆောင်တာတွေကတော့ ခန္ဓာကိုယ်ရဲ့ ဆီးဖြစ်မယ့် အရည်တွေထဲက လိုတာတွေကို စစ်ယူပြီး...

အကြိုဆီးချိုအဆင့် Prediabetes

အကြိုဆီးချိုအဆင့် (Prediabetes) အကြိုဆီးချိုကို ကနဦးအဆင့်ဆီးချိုလို့လည်း မြန်မာဘာသာပြန်ပြီး ခေါ်ဆိုကြပါတယ်။ အကြိုဆီးချိုဆိုတာဟာ သွေးထဲမှာ သကြားဓာတ်ပမာဏ သာမန်ထက်များပြားပေမယ့်လည်း ဆီးချိုဖြစ်တဲ့အဆင့်ပမာဏအထိ မရောက်သေးတဲ့ ပုံမှန်နဲ့ ဆီးချိုအဆင့်ကြားက အခြေအနေဖြစ်ပါတယ်။ .. .. ????အကြိုဆီးချိုက အရေးကြီးသလား • အကြိုဆီးချိုပါ… ဆီးချို ရောဂါ မဖြစ်သေးပါဘူးဆိုပြီး မပေါ့သင့်ပါ။ အရေးကြီးပါတယ်။ • အကြိုဆီးချိုဟာ မသိလို့ မဆင်မခြင်နေရင် ၅...

သင့်မှာ အကြိုဆီးချိုအဆင့် ဖြစ်နိုင်‌ခြေ ရှိနေလား Prediabetes Risk Test

သင့်မှာ အကြိုဆီးချိုအဆင့် ဖြစ်နိုင်‌ခြေ ရှိနေလား (Prediabetes Risk Test) ဆီးချိုရောဂါဟာ ကုသထိန်းညှိလို့ရတဲ့ ရောဂါဖြစ်ပေမယ့် ကောင်းစွာဂရုမပြုဘဲ နေမိရင် ဆီးချိုနှီးနွယ် နောက်ဆက်တွဲ ကျန်းမာရေးဆိုးကျိုးများစွာကို ဖြစ်စေနိုင်ပါတယ်။ သွေးတွင်းသကြားဓာတ်ပမာဏ ပုံမှန်ထက်မြင့်မားနေပေမယ့် ဆီးချိုဖြစ်နိုင်တဲ့ ပမာဏအထိ မရောက်သေးတဲ့ စပ်ကြားအချိန်ကို အကြိုဆီးချိုအဆင့်လို့ ခေါ်ပါတယ်။ အကြိုဆီးချိုရှိသူ ၉၀ ရာခိုင်နှုန်းကျော်ဟာ...