မီနူး

Burn (အပူလောင်ခြင်း) (November, 2022)

အပူလောင်ခြင်း (November,2022)

အပူလောင်ခြင်း(Burn)ဆိုသည်မှာအပူကြောင့်အရေပြားထိခိုက်ဒဏ်ရာရခြင်းဟုနားလည်ကြပါသည်။ မီးအပူတစ်ခုတည်းကပဲ အပူလောင်ခြင်းကိုဖြစ်စေသည်မဟုတ်ပါ။

ထို့ကြောင့်အပူလောင်ခြင်းစေနိုင်သော အကြောင်းများနှင့် ရှောင်ကြဥ်လိုက်နာရမည်များကို ဗဟုသုတဖော်ပြလိုက်ရပါသည်။

အပူလောင်ခြင်းအမျိုးအစားများ

၁။ အပူလောင်ခြင်း (Thermal burn)

(က) မီးလောင်ခြင်း(flame)၊ မီးပူကပ်ခြင်း၊ မီးလောင်ထားသော သတ္တုများ (ဥပမာ-သံ)တို့ (hot metal) နှင့်ထိမိ၍ အရေပြားလောင်ကျွမ်းဒဏ်ရာရခြင်း

(ခ) ရေနွေးပူ၊ဆီပူစသဖြင့် အရည်ပူလောင်ခြင်း (Scald)

(ဂ) ရေနွေးငွေ့ (steam)ဖြင့် အပူဟပ်လောင်ခြင်း

(ဃ) အအေးဓာတ်လွန်ကဲခြင်း(နှင်းကိုက်ခြင်း)

၂။ ဓာတုပစ္စည်းများကြောင့်အပူလောင်ခြင်း (Chemical burn)

– အက်စစ်နှင့်အားပြင်းသောအဲလ်ကာလီများ၊အခြားလောင်ကျွမ်းစေသောဓာတုအရည်များ

၃။ လျှပ်စစ်ဓာတ် (ဥပမာ-ဓာတ်လိုက်ခြင်း) (Electrical burn)

၄။ နေလောင်ခြင်း ( Radiation burn)

အပူလောင်ခြင်းတွင်ပထမဆုံးထိခိုက်သည်မှာအရေပြားဖြစ်သည်။ လူတို့၏အရေပြားတွင်အပေါ်ယံလွှာ(epidermis)နှင့်အတွင်းလွှာ(dermis)ဆို၍ရှိသည်။

အရေပြားလွှာနှင့် အခြားထိခိုက်သောအစိတ်အပိုင်းများပေါ်မူတည်၍ အပူလောင်ခြင်းကိုအဆင့်(၄)ဆင့်သတ်မှတ်နိုင်သည်။

” ပထမအဆင့်(First degree burn) “

အရေပြား၏အပေါ်ယံလွှာ(epidermis)ထိခိုက်ဒဏ်ရာရသည်။

လက္ခဏာများ- နီခြင်း၊ နာခြင်း၊ အနည်းငယ်ရောင်ခြင်း

” ဒုတိယအဆင့်(Second degree burn) “

အရေပြား၏အပေါ်ယံလွှာ(epidermis)နှင့်အတွင်းလွှာ(dermis)၏ တစ်စိတ်တစ်ပိုင်းထိခိုက်ဒဏ်ရာရခြင်း

လက္ခဏာများ- နီခြင်း၊ နာခြင်း၊ အရည်ကြည်ဖုထခြင်း၊ အရည်ကြည်ဖုပေါက်သွားပြီးအနာပေါ်အဖြူဖက်ကပ်နေသကဲ့သို့တွေ့ရခြင်း

” တတိယအဆင့် “

အရေပြားအပေါ်ယံလွှာ(epidermis)၊အတွင်းလွှာ(dermis)နှင့်အရေပြားအောက်အဆီလွှာလောင်ကျွမ်းထိခိုက်ခြင်း

လက္ခဏာများ- မနာခြင်း၊ အရည်ကြည်ဖုမထွက်ခြင်း၊ ဖယောင်းကဲ့သို့ဖြူဖြူအရောင်ရှိခြင်း၊ အရေပြားခြောက်၍ မဲနေခြင်း

” စတုတ္ထအဆင့် “

အရေပြားတစ်ခုလုံးသာမက ကြွက်သား၊ အရိုး၊ အရွတ်တို့လောင်ကျွမ်းခြင်း

လက္ခဏာများ- အရေပြားလောင်ကျွမ်းပျက်စီးပြီးအရိုးထိပါမြင်ရခြင်း

….

အပူလောင်ခဲ့လျှင်ဘာတွေပြုလုပ်ရမလဲ? ဘာတွေရှောင်ကြဉ်ရမလဲ?

ဖြစ်ဖြစ်ချင်းတွင်
(၁) ပထမဆုံးအနေနဲ့ကတော့ မီးလောင်မှု၊ အပူလောင်မှုဖြစ်နေတဲ့နေရာကနေ အဝေးကို အရင်ပို့ပါ/ခေါ်သွားပါ။
(၂) မီးလောင်နေသော၊ အပူလောင်နေသော အ၀တ်အစားများရှိပါက ချွတ်ပစ်ပါ။ (***ငြိမ်းသွားချိန်တွင်တော့ မဖယ်ရ၊ မချွတ်ရပါ***)
(၃) ဒဏ်ရာကို ရေဖြင့် ၁၀-၁၅ မိနစ်ခန့် လောင်းပေးပါ။

ထို့နောက်တွင်တော့ အပူလောင်မှု ပြင်းထန်အဆင့်ပေါ်မူတည်၍ အောက်ပါအတိုင်း ပြုလုပ်နိုင်ပါသည်။

????ပထမအဆင့်လောင်ကျွမ်းခြင်းအတွက်…

နေပူလောင်ခြင်းသက်သာစေရန် နေရောင်ခြည်နဲ့ထိတွေ့မှုနည်းနိုင်သမျှနည်းအောင်နေပါ။ နေလောင်ကာခရင်မ်လိမ်းပါ။

အရည်ပူလောင်ခြင်းကြောင့်နီခြင်း၊ နာခြင်း သက်သာရန် ရေအေးအေးလေးထဲစိမ်ပေးခြင်း၊ ရေအေးအေးကပ်ပေးခြင်းပြုလုပ်၍ရပါသည်။(ရေခဲမကပ်ရပါ)

ရှားစောင်းလက်ပက်၊ လိုးရှင်း၊ ပိုးသတ်ဆေးပါဝင်သောခရင်မ် (သို့) ရနိုင်ပါက silver sulfadiazine ပါသော ခရင်မ် လိမ်းပေးပါ။

ဆီနဲ့အခြားမသင့်တော်သောမီးဖိုးချောင်သုံးပစ္စည်းများမလိမ်းရပါ။

????ဒုတိယအဆင့်လောင်ကျွမ်းခြင်းအတွက်…

ရေအေးအေးထဲမှာ ၁၅ မိနစ်ခန့်စိမ်ထားပါ။

နာကျဥ်မှုသက်သာစေရန်ပါရာစီတမောလ် (သို့) ibuprofen သောက်၍ရပါသည်။

အရည်ကြည်ဖုပေါ်တွင် ပိုးသတ်ဆေးပါဝင်သောခရင်မ် (သို့) ရနိုင်ပါက silver sulfadiazine ပါသော ခရင်မ် လိမ်းပေးပါ။

ဒုတိယအဆင့်ဖြစ်သော်လည်း မျက်နှာ၊ လည်ပင်း၊ ခြေဖဝါး၊ လက်၊ လိင်အင်္ဂါတစ်ဝိုက်အရေပြား၊ တင်ပါးစသည့်နေရာများအပါအဝင် အရေပြားပျက်ဆီးမှုများပါက ဆရာဝန်ကိုပြသင့်ပါသည်။

????တတိယအဆင့်နှင့်စတုတ္ထအဆင့်လောင်ကျွမ်းခြင်းအတွက် ဆရာဝန်နှင့်ဆေးရုံတွင်ကုသမှုခံယူပါ။

ချွင်းချက်အနေဖြင့် တတိယနှင့် စတုတ္ထအဆင့်မဟုတ်သော်လည်း ဆေးရုံဆေးခန်း ပြသင့်သော လူနာများမှာ
– သက်ကြီးရွယ်အိုနှင့် ကလေးများ
– နှလုံး၊ သွေးတိုး၊ ဆီးချို စသည့်ရောဂါအခံရှိသူများ
– ပထမနှင့် ဒုတ်ယအဆင့်အပူလောင်ခြင်းဖြစ်သော်လည်း အရေးကြီးသည့် အစိတ်အပိုင်းများဖြစ်သော မျက်နှာ၊ လည်ပင်း၊ ခြေဖဝါး၊ လက်၊ လိင်အင်္ဂါတစ်ဝိုက်အရေပြား၊ တင်ပါးစသည့်နေရာများလောင်ကျွမ်းသူများ
– အလုံပိတ်ခန်းတွင် ပိတ်မိသူများ
– Chemical burn ဓါတုပစ္စည်းကြောင့် အပူလောင်သူများဖြစ်ပါသည်။

ထို့​ပြင် ဆေးရုံဆေးခန်း သွားသင့်သူများကို ပြုစုရာတွင် သတိပြုရမည်မှာဆေးရုံမပို့မီလမ်းတွင်(သို့)အိမ်တွင် အပူလောင်အနာကို သန့်ရှင်းသောအဝတ်ဖြင့်သာဖုံးရမည်။

အနာနဲ့ကပ်နေ​သောအဝတ် (သို့) အသုံးအဆောင်များကို အတင်းမဖယ်ရ၊ ဆွဲမခွာရ။

ရေခဲမကပ်ရ၊ အခြားခရင်မ်များမလိမ်းရ။

လောင်ကျွမ်းမှုစတုတ္ထအဆင့်အထိပြင်းပြင်းထန်ထန်ဖြစ်ခဲ့လျှင် ထိခိုက်ဒဏ်ရာရသောအပိုင်းကိုနှလုံးထက်မြင့်သောနေရာသို့​မြှောက်ပေးထားပါ။(ဥပမာ-လက်တွင်အပူလောင်ရာ ရခဲ့ပါက နှလုံးနှင့်တပြေးညီမထားဘဲ မြှောက်ထားပေးပါ)

ဓာတုအရည်များကြောင့်ဖြစ်သောလောင်ကျွမ်းမှုဆိုလျှင် ဒဏ်ရာကို ရေနဲ့လောင်းချဆေးပေးပါ။(လက်ဖြင့်သွားမကိုင်ရ)

သတိလစ်နေပါကအသက်ရှူရ မရ၊ သွေးလန့်ခြင်းဖြစ်ပေါ်ခြင်းရှိမရှိစစ်ပေးပါ။(အသက်ရှူမရပါကအသက်ရှူလမ်းကြောင်းဖွင့်ပေးရန်လိုအပ်သည်။ (သို့) လူနာကို ဘေးတစောင်းထားပေးပါ။)

လူနာသည်သွေးလန့်ခြင်း (ဖြူဆုတ်ဆုတ်ဖြစ်ခြင်း၊အသားအရေအေးလာခြင်းတို့) ဖြစ်နေပါက နွေးနွေး
ထွေးထွေးဖြစ်အောင်ပြုလုပ်ပေးထားပါ။

အပူလောင်ခြင်းသည်ဖြစ်နေစဥ်‌သာမက၊ ဖြစ်အပြီးတွင်ပါ နာကျင်သောဝေဒနာခံစားရခြင်း၊ အနာသက်သာသွားချိန်တွင်လည်း အမာရွတ်ကျန်ခြင်း၊ ပြင်းထန်သောလောင်ကျွမ်းခြင်းများတွင် ကိုယ်လက်အင်္ဂါချို့တဲ့ခြင်း၊ စိတ်ပိုင်းဆိုင်ရာထိခိုက်ခြင်းနှင့် ငွေကုန်ကြေးကျများခြင်းတို့ကြောင့် “ မီးဘေးရှောင် မလောင်ခင်တား” ဆိုသကဲ့သို့ မဖြစ်ခင်ကပင်ဂရုစိုက်သင့်ပေသည်။

Reference ????
Guidelines on management of burn
https://www.healthline.com

❤️ NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️

???? တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်
*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက်( https://m.me/telehealthmm )ကို နှိပ်ပါ
( နေ့စဉ် မနက် ၈နာရီမှ ည၁၀နာရီအထိ )

#nugmoh#telehealth#telemedicine
#teleconsultation#တယ်လီကျန်းမာ
#burn#အပူလောင်ခြင်

Ministry of Health,

National Unity Government.

Published on: 18 November 2022
Last Updated: 18 November 2022

ဆက်စပ်ရာ ကျန်းမာရေးဆောင်းပါးများ

စကားပြောဖို့ မတွန့်ဆုတ်ပါနဲ့

"စကားပြောဖို့ မတွန့်ဆုတ်ပါနဲ့အသက်တွေကို ကယ်တင်နိုင်ပါတယ်" တဲ့။ မနက်ဖြန် စက်တင်ဘာ ၁၀ ရက်နေ့ဟာ အပြည်ပြည်ဆိုင်ရာ မိမိကိုယ်ကိုယ် အဆုံးစီရင်မှု ကာကွယ်တားဆီးရေးနေ့ (World Suicide Prevention Day ) ဖြစ်ပါတယ်။ ဒီနေ့က ကျွန်မတို့အားလုံး လစ်လျူရှုထားလို့မရတဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးပြဿနာတစ်ခုအကြောင်း သတိတရ ဆွေးနွေးသတိပေးကြဖို့ အကောင်းဆုံးရက်...

အကြားအာရုံဆုံးရှုးခြင်း၏ သတိပေးချက်လက္ခဏာများ (စက်တင်ဘာလ၊ ၂၀၂၅ ခုနှစ်)

အကြားအာရုံဆုံးရှုးခြင်း၏ သတိပေးချက်လက္ခဏာများ နားထဲတွင် အဆက်မပြတ် အသံမြည်နေခြင်း အပြန်အလှန် စကားပြောနိုင်ရန် အလျင်မီအောင် ရုန်းကန်နေရခြင်း အမြင့်သံများကို ကြားရန် ခက်ခဲခြင်း ထပ်ခါထပ်ခါ ပြောပေးရန် အခြားသူများကို တောင်းဆိုနေရခြင်း အနိမ့်သံ (သာမန်အားဖြင့် တိုးလွန်းသော အသံ) များကို ကြားနေခြင်း မီဒီယာစက်များကို ပုံမှန်ထက် အသံကျယ်ကျယ် မြှင့်ပြီး အမြဲနားထောင်နေရခြင်း တယ်လီကျန်းမာ အခမဲ့အွန်လိုင်းဆေးခန်းကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ Ref: World...

𝑯𝑷𝑽 ဗိုင်းရပ်စ်ပိုး (𝑯𝒖𝒎𝒂𝒏 𝑷𝒂𝒑𝒊𝒍𝒍𝒐𝒎𝒂𝒗𝒊𝒓𝒖𝒔) နှင့် ကျန်းမာရေး

𝑯𝑷𝑽 ဗိုင်းရပ်စ်ပိုးက ကူးစက်ခံရပြီးရင် ရောဂါပိုးအမြဲရှိနေနိုင်လား။ ဗိုင်းရပ်ပိုးက (၂) နှစ်လောက်အတွင်းမှာ အလိုအလျောက် ပျောက်ကင်းသွားတတ်ပေမယ့် တစ်ခါတစ်ရံမှာတော့ တဝဲလည်လည်နဲ့ ရှိနေတတ်ပြီး နောက်ဆက်တွဲ ဆိုးကျိုးတွေ ရှိနိုင်ပါတယ်။ 𝑯𝑷𝑽 ဗိုင်းရပ်စ်ပိုးဟာ လိင်မှတစ်ဆင့် ကူးစက်မှုအများဆုံး ရောဂါပိုးဖြစ်ပြီး ရောဂါစတင်သိရှိပြီဆိုရင် ဘာတွေဆက်လုပ်သင့်လဲ၊ ကျန်းမာရေးထိခိုက်နိုင်လား၊ ပျောက်ကင်းနိုင်လား အစရှိတဲ့ မေးခွန်းပေါင်းများစွာ...

ကျွန်မနှင့် ကြုံရဆုံရ ဆရာဝန်ဘဝ ✍️

ဆရာဝန် စဖြစ်ကတည်းက “ရောဂါရာဇဝင် မေးမြန်းခြင်း (History taking)” ဆိုတဲ့ အနုပညာကို တတ်မြောက်အောင် သင်ကြားခဲ့ရပါတယ်။ သူက တကယ်လည်း အနုပညာဆန်ပါတယ်။ မေးတတ်မှပါ။ မမေးတတ်ရင် လိုရာမရောက်ဘဲ လမ်းချော်သွားရော။ ဒီအထဲကမှ ကျွန်မ ဆရာဝန်ပေါက်စဘဝ စကားပြော မကျွမ်းကျင်လို့ လွဲခဲ့ရတဲ့အဖြစ်အပျက်တချို့ကို ပြန်လည်မျှဝေပေးချင်တာပါ။ အခုကတော့ လူနာတွေကလည်း...