စအိုကွဲနာဆိုတာ စအိုဝအရေပြားလေးကွဲပြီး ဝမ်းသွားရင် အရမ်းနာတဲ့ ပြဿနာပါ။ အသက်အရွယ်မရွေး ဖြစ်တတ်ပြီး
အထူးသဖြင့် အမျိုးသမီးနဲ့ ကလေးငယ်တွေမှာ ပိုဖြစ်တတ်ပါတယ်။
???? ရောဂါလက္ခဏာများ
- ဝမ်းသွားတဲ့အချိန် အရေပြားကို ဆွဲဖြဲလိုက်သလို နာပါတယ်၊ သွေးနည်းနည်းထွက်နိုင်ပါတယ် (အတွင်းခံဘောင်းဘီမှာ သွေးနည်းနည်းပေနေတာမျိုး၊ အိမ်သာသုံးစက္ကူမှာ သွေးပေလာတာမျိုး မြင်ရနိုင်ပါတယ်)
 - ကြမ်းမာမာပေါ်မှာထိုင်ရင် စအိုနေရာမှာ သရိုးသရီနဲ့ ထိုင်ရအဆင်မပြေဖြစ်နိုင်ပါတယ်
 - မိနစ်ပိုင်းကနေ နာရီပိုင်းလောက်အထိ နာတဲ့အချိန် ကြာနိုင်ပါတယ်
 
❓ ဘာကြောင့်ဖြစ်တာလဲ
- ဝမ်းမာမာသွားတဲ့အခါ စအိုဝအရေပြားပါးပါးလေးကို ခွဲလိုက်သလိုဖြစ်ပြီး ကွဲကြောင်းလေး စပေါ်လာပါတယ်။
 - ဝမ်းသွားတိုင်း စမြင်းတုံးတွေက ပထမကွဲထားတဲ့နေရာကို ပွတ်ဆွဲသွားသလိုဖြစ်ရာကနေ နာတာဖြစ်ပါတယ်။
 
❓ ဘယ်သူတွေမှာ ဖြစ်တတ်လဲ
- ဝမ်းချုပ်တတ်သူတွေ
 - ပုံမှန်မွေးလမ်းကြောင်းကနေ ကလေးများများမွေးထားတဲ့သူတွေ
 - Crohn’s disease လို့ခေါ်တဲ့ အူလမ်းကြောင်းမှာ ပြဿနာရှိသူတွေ
 
???? ကုသနည်းများ
အရမ်းမဆိုးရင် (၁) လလောက်နဲ့ သက်သာသွားတတ်ပါတယ်။
- ဝမ်းမသွားခင် စအိုဝကို Vaseline / zinc oxide ခရင် (မ်) အရင်လိမ်းပါ။
 - အရမ်းဆိုးရင် ဆရာဝန်က ထုံဆေးနည်းနည်းပါတဲ့ လိမ်းဆေး ပေးပါလိမ့်မယ်။
 - ပါရာစီတမောလို အကိုက်အခဲပျောက်ဆေး သောက်ပါ။
 - ဝမ်းသွားပြီးရင် ဂွမ်းလုံးလေးကို ရေနွေးနွေးစွတ်ပြီး စအိုဝကို သန့်ရှင်းရေးလုပ်ပါ။
 - ဖန်ရည်ဆေးပါ (ရေခပ်နွေးနွေးထဲမှာ ဆားနည်းနည်းထည့်ပြီး တစ်ခါထိုင်ရင် မိနစ် ၂၀ နဲ့ တစ်နေ့ ၂ ကြိမ် ထိုင်ပါ)
 
???? ခွဲစိတ်ကုသခြင်း
- အထက်ကနည်းတွေနဲ့ မသက်သာရင် ခွဲစိတ်ဆရာဝန်နဲ့ တိုင်ပင်ပါ။
 - ခွဲစိတ်မှု အကြီးစားမဟုတ်ပါဘူး။
 - ဖြစ်တဲ့ နေရာနားတဝိုက်ကို ထုံဆေးထိုးပြီး စအိုဝကြွက်သားကို အနည်းငယ်ခွဲစိတ်လိုက်တာပါ။
 
???? ဘယ်လိုကာကွယ်ရမလဲ ?
- ဝမ်းမချုပ်ပါစေနဲ့။ အမြဲတမ်း ဝမ်းပျော့ပျော့သွားပါစေ။
 - ရေများများသောက်ပါ။
 - ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်း ပုံမှန်လုပ်ပါ။
 - အသီးအနှံ၊ ဟင်းသီးဟင်းရွက် များများစားပါ။
 - လိုအပ်လျှင် ဝမ်းပျော့ဆေးသုံးပါ (ဝမ်းနုတ်ဆေးမဟုတ်ပါဘူး)
 
Reference:
John Murtagh’s Patient Education, six edition: Anal fissure
❤️ NUG, MOH တယ်လီကျန်းမာ … လူတိုင်းအတွက်ပါ ❤️
???? တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက်( https://m.me/telehealthmm )ကို နှိပ်ပါ
( နေ့စဥ် မနက် ၈နာရီမှ ည၁၀နာရီအထိ )
Ministry of Health,
National Unity Government.


        
