သိုင်းရွိုက်ကင်ဆာ (Thyroid Cancer)
 သိုင်းရွိုက်ကင်ဆာဆိုတာ …..
 သိုင်းရွိုက်ကင်ဆာဆိုတာ …..
 လည်ပင်းမှာရှိတဲ့ သိုင်းရွိုက်ဂလင်းဆဲလ်တွေဟာ ကင်ဆာဆဲလ်အဖြစ် ကြီးထွားလာတာ ဖြစ်ပါတယ်။

 သိုင်းရွိုက်ကင်ဆာဟာ အဖြစ်နည်းပြီး သိုင်းရွိုက်ဂလင်းကြီးသူ အယောက် (၂၀) မှာ (၁) ယောက်သာ ကင်ဆာဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

 သိုင်းရွိုက်ကင်ဆာဟာ အသက် (၃၅) နှစ်နဲ့ (၃၉) နှစ်ကြား သက်လတ်ပိုင်းတွေနဲ့ အသက် (၇၀) ကျော်လူကြီးတွေမှာ ပိုတွေ့ရများပါတယ်။

 သိုင်းရွိုက်ကင်ဆာဟာ ဟော်မုန်းအပြောင်းအလဲပိုများတဲ့ အမျိုးသမီးတွေမှာ ပိုအဖြစ်များပြီး အမျိုးသားတွေထက် (၂) ဆ ကနေ (၃) ဆအထိ ပိုဖြစ်ကြတာတွေ့ရပါတယ်။

 ဒါပေမယ့် လည်ပင်းမှာ အလုံးအကျိတ်တွေ့တိုင်း သိုင်းရွိုက်ကင်ဆာလို့ ပြောလို့မရပါဘူး။

.
*********************************
 သိုင်းရွိုက်ကင်ဆာ အမျိုးအစားတွေကတော့….
 သိုင်းရွိုက်ကင်ဆာ အမျိုးအစားတွေကတော့….
အဓိက (၄) မျိုးရှိပါတယ်။
 အဖြစ်အများဆုံးဖြစ်တဲ့ Papillary carcinoma

သိုင်းရွိုက်ကင်ဆာတွေထဲ အဖြစ်အများဆုံး အမျိုးအစားဖြစ်ပြီး အသက်ငယ်တဲ့အမျိုးသမီးတွေမှာ တွေ့ရများပါတယ်။ အသက် (၅) နှစ်အောက် ကလေးတွေမှာဆိုရင်လည်း ဓါတ်ရောင်ခြည်သင့်တာရဲ့နောက်ဆက်တွဲအနေနဲ့ ဖြစ်တတ်တာကို တွေ့ရပါတယ်။ သာဓကအနေနဲ့ပြောရရင် ယူကရိန်းနိုင်ငံမှာ ချာနိုဘွိုင်း နျူကလီးယားစက်ရုံ (Chernobyl Nuclear Plant) မတော်တဆဖြစ်ပြီးနောက်ပိုင်း Papillary carcinoma thyroid အမျိုးအစား ဖြစ်ပွားနှုန်းတိုးလာတာကို တွေ့ရှိခဲ့ရပါတယ်။
.
 အသက်ကြီးပိုင်းတွေမှာ အဖြစ်များတဲ့ Follicular carcinoma

သိုင်းရွိုက်ကင်ဆာတွေထဲ ဒုတိယတွေ့ရအများဆုံးအမျိုးအစားဖြစ်ပြီး အသက်ကြီးပိုင်းတွေမှာ ပိုအဖြစ်များပါတယ်။ အဓိကအကြောင်းရင်းကတော့ လည်ပင်းကြီးရောဂါကနေ အချိန်ကြာလာတဲ့အခါ Follicular carcinoma အဖြစ်ပြောင်းသွားတာကိုတွေ့ရတတ်ပါတယ်။
.
 မျိုးရိုးလိုက်တတ်တဲ့ Medullary thyroid carcinoma

သိုင်းရွိုက်ကင်ဆာတွေရဲ့ (၅-၈) ရာခိုင်နှုန်းလောက်မှာပဲ တွေ့ရတတ်ပြီး တခြားအမျိုးအစားတွေနဲ့မတူဘဲ မျိုးရိုးလိုက်တတ်တဲ့အပြင် ခန္ဓာကိုယ်အခြားနေရာတွေမှာပါ အလုံးအကျိတ်ရှိနေတာတွေနဲ့ တွဲတွေ့ရတတ်ပါတယ်။ (MEN $ – multiple endocrine neoplasia syndrome)
.
 တွေ့ရအရှားဆုံး Anaplastic thyroid carcinoma

တွေ့ရအရှားဆုံးဖြစ်ပေမယ့် ရောဂါလက္ခဏာကတော့ အလွန်ပြင်းထန်တတ်ပါတယ်။ များသောအားဖြင့် အသက် (၆၀) နှစ်နဲ့အထက် လူကြီးတွေမှာ တွေ့ရတတ်ပါတယ်။
.
*******************************
 Thyroid cancer ဖြစ်ရတဲ့အကြောင်းရင်းတွေက …..

ဖြစ်ရတဲ့အကြောင်းရင်းကို သေချာအတိအကျ မပြောနိုင်ပေမယ့် သိုင်းရွိုက်ကင်ဆာဖြစ်စေနိုင်တဲ့ တစ်ချို့အကြောင်းအရာတွေကတော့…
 မူလ သိုင်းရွိုက်အကျိတ်ကနေ အချိန်ကြာလာတဲ့အခါ ကင်ဆာအဖြစ်ပြောင်းလာတာ

 မိသားစုမျိုးရိုးထဲမှာ သိုင်းရွိုက်ကင်ဆာဖြစ်ဖူးတာ

 ဓာတ်ရောင်ခြည်တွေနဲ့ထိတွေ့မှုများတာ
 ဓာတ်ရောင်ခြည်တွေနဲ့ထိတွေ့မှုများတာ
(ဥပမာ – လည်ပင်းအနီးနားတစ်ဝိုက်ကို ကင်ဆာဓာတ်ရောင်ခြည်ကုထုံးနဲ့ ကုသမှုခံယူဖူးတာ)
 ခန္ဓာကိုယ်အခြားနေရာတွေမှာ ဟော်မုန်းထုတ်တဲ့အကျိတ်တွေရှိနေတာ

(ဥပမာ – ခန္ဓာကိုယ်ကြီးထွားစေတဲ့ဟော်မုန်း အထုတ်များတာ – Acromegaly, MEN’s Syndrome)
 အူလမ်းကြောင်းထဲ အသားပိုလေးတွေ ရာကျော်ရှိတဲ့ ရောဂါရှိနေတာ ( Familial Adenopolyposis- FAP)…. စတာတွေက သိုင်းရွိုက်ကင်ဆာပိုဖြစ်စေနိုင်တယ်လို့ သုတေသနစာတမ်းတွေအရ သိရှိရပါတယ်။

**********************************
 ရောဂါလက္ခဏာတွေကတော့…..
 ရောဂါလက္ခဏာတွေကတော့…..
သိုင်းရွိုက်ကင်ဆာရောဂါဟာ အစပိုင်းမှာ ထွေထွေထူးထူးရောဂါလက္ခဏာတွေ မခံစားရတတ်ပါဘူး။ အဓိကရောဂါလက္ခဏာကတော့ လည်ပင်းမှာအကျိတ်အလုံးဖြစ်လာတာပဲရှိတတ်ပြီး အများအားဖြင့် နာကျင်တာမျိုးတောင် မရှိကြပါဘူး။ တစ်ချို့လူနာတွေမှာတော့ လည်ပင်းက ပြန်ရည်ကျိတ်တွေကြီးလာတဲ့အခါမှ သိုင်းရွိုက်ကင်ဆာကို စတင်သတိထားမိကြတာမျိုးရှိပါတယ်။ ကင်ဆာအဆင့်မြင့်လာတဲ့အခါ အသံပြောင်းလာ/ဩလာတာ၊ မျိုချရခက်လာတာနဲ့ အသက်ရှုရခက်တာ…. စတဲ့လက္ခဏာတွေ ခံစားလာရနိုင်ပါတယ်။
.
**************************************
 သိုင်းရွိုက်ကင်ဆာ ဟုတ်/မဟုတ် ဘယ်လိုစစ်ဆေးမှုတွေ ပြုလုပ်ရမလဲ ?

 လည်ပင်းမှာ အလုံးအကျိတ်တွေပေါ်လာတာရှိရင် (ဒါမှမဟုတ်) သိုင်းရွိုက်ကင်ဆာရဲ့ရောဂါလက္ခဏာတွေ ခံစားလာရတယ်ဆိုရင် ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးပြီး ကုသမှုခံယူပါ။

 ဆရာဝန်က သိုင်းရွိုက်ကင်ဆာလို့ သံသယရှိရင် သိုင်းရွိုက်လုပ်ငန်းဆောင်တာတွေသိနိုင်တဲ့ သွေးစစ်ချက်တွေနဲ့ တစ်ခြားလိုအပ်တဲ့ စစ်ဆေးမှုတွေကိုပြုလုပ်ပြီး စစ်ဆေးပါလိမ့်မယ်။

 သိုင်းရွိုက်အကျိတ်ဆဲလ်ကို အပ်လေးနဲ့စုပ်ပြီး စစ်ဆေးတာ (fine-needle aspiration cytology – FNAC) နဲ့ ဆေးရည်သောက်ပြီး ဓာတ်မှန်ရိုက်တာ စတာတွေလည်း ပြုလုပ်နိုင်ပါတယ်။

***********************************
 သိုင်းရွိုက်ကင်ဆာကို ဘယ်လိုကုသကြမလဲ ?
 သိုင်းရွိုက်ကင်ဆာကို ဘယ်လိုကုသကြမလဲ ?
 အများအားဖြင့် သိုင်းရွိုက်ဂလင်းကို ခွဲထုတ်တာ (thyroidectomy) နဲ့ ကင်ဆာဆဲလ်တွေသေအောင် ဓာတ်ရောင်ခြည်ကုထုံးနဲ့ ကုသတာတွေ လုပ်ဆောင်နိုင်ပါတယ်။ Papillary thyroid carcinoma နဲ့ Medullary thyroid carcinoma မှာဆိုရင်တော့ ကင်ဆာဆဲလ်ပျံ့နှုန်းများတာကြောင့် အကျိတ်တစ်ဝိုက်က ပြန်ရည်ကျိတ် (Lymph node) တွေကိုပါ ခွဲထုတ်ရတာမျိုးရှိပါတယ်။

 သိုင်းရွိုက်ကင်ဆာ ဖြစ်ဖူးသူတွေထဲမှာ (၅%) ကနေ (၂၀%) လောက်က ပြန်ဖြစ်တတ်တာတွေ့ရပါတယ်။ အကြမ်းဖျဥ်းအားဖြင့် သိုင်းရွိုက်ကင်ဆာဖြစ်ဖူးသူ (၁၀%) ကနေ (၁၅%) လောက်မှာ တခြားကိုယ်အင်္ဂါအစိတ်အပိုင်းတွေမှာ ကင်ဆာပြန်ဖြစ်တတ်ပါတယ်။

 ဓာတ်ရောင်ခြည်ကုသမှု ပြီးဆုံးသွားတဲ့အခါမှာလည်း ကင်ဆာဆဲလ်တွေ ပြန်ပွားလာတတ်တာမို့ ပုံမှန်စစ်ဆေးမှုခံယူပြီး ကုသဖို့လိုအပ်ပါတယ်။

 မျိုးရိုးလိုက်တတ်တဲ့ Medullary thyroid carcinoma အမျိုးအစားမှာဆိုရင်တော့ မိသားစုဝင်တွေကိုပါ ရောဂါရှာဖွေဖို့နဲ့ စောင့်ကြည့်စစ်ဆေးဖို့ လိုအပ်နိုင်ပါတယ်။
 မျိုးရိုးလိုက်တတ်တဲ့ Medullary thyroid carcinoma အမျိုးအစားမှာဆိုရင်တော့ မိသားစုဝင်တွေကိုပါ ရောဂါရှာဖွေဖို့နဲ့ စောင့်ကြည့်စစ်ဆေးဖို့ လိုအပ်နိုင်ပါတယ်။
.
*********************************
*** လည်ပင်းကြီးရောဂါရှိတိုင်း သိုင်းရွိုက်ကင်ဆာမဟုတ်နိုင်ပေမယ့့် သိုင်းရွိုက်ဂလင်းကြီးသူတွေမှာ
(၁) အသက်ကြီးရင်
(၂) အမျိုးသားဆိုရင်
(၃) လည်ပင်းမှာ ပြန်ရည်ကြောအကျိတ်စမ်းမိရင်
(၄) သိုင်းရွိုက်ကင်ဆာ မိသားစုမျိုးရိုးရှိရင်
(၅) ဓာတ်ရောင်ခြည်သင့်ဖူးရင်… တတ်ကျွမ်းတဲ့ဆရာဝန်နဲ့ပြသပြီး စစ်ဆေးမှုခံယူဖို့ အကြံပြုလိုပါတယ် ***
Reference: 
https:// http://www.nhsinform.scot/…/cancer-types…/thyroid-cancer
 NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ
 NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ 
 တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်

*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက်( https://m.me/telehealthmm )ကို နှိပ်ပါ
( နေ့စဉ် မနက် ၈နာရီမှ ည၁၀နာရီအထိ )
#nugmoh#telehealth#telemedicine
#teleconsultation#တယ်လီကျန်းမာ
Ministry of Health,
National Unity Government.

Published on:  21 February 2023
Last Updated: 21 February 2023