မီနူး

Electrolytes imbalance (ခန္ဓာကိုယ်တွင်း သတ္တုဓာတ်များ မညီမျှခြင်း ) (November, 2022)

ခန္ဓာကိုယ်တွင်း သတ္တုဓာတ်များ မညီမျှခြင်း ( Electrolytes imbalance )

ခန္ဓာကိုယ်ရဲ့အရည်များထဲမှာ သဘာဝအတိုင်းရှိနေတဲ့ ဓာတုအာဟာရဒြပ်စင်များကို Electrolytes လို့ခေါ်ပါတယ်။ အဲ့ထဲကမှ အရေးကြီးဆုံး electrolytes တွေကတော့ Chloride (ကလိုရိုက်)၊ Phosphate (ဖော့စဖိတ်)၊ Potassium (ပိုတက်ဆီယမ်)၊ Sodium (ဆိုဒီယမ်)နဲ့ Calcium (ကယ်လ်ဆီယမ်) တို့ဖြစ်ပါတယ်။Electrolytes တွေဟာ ခန္ဓာကိုယ်ရဲ့ ပုံမှန်လုပ်ငန်းဆောင်တာတွေ လုပ်ဆောင်ဖို့ အရေးပါပြီး မှန်ကန်တဲ့အချိုးအစားပမာဏအတိုင်း ရှိနေသင့်ပါတယ်။ကျောက်ကပ်ဟာ ဆားဓာတ်ကို ခန္ဓာကိုယ်ကနေ လိုသလိုသန့်စင်ဖယ်ရှားပေးပြီး electrolytes တွေကို ထိန်းညှိပေးပါတယ်။ တကယ်လို့ ခန္ဓာကိုယ်ထဲမှာရှိတဲ့ electrolytes တွေက နည်းလွန်းခြင်း (သို့) များလွန်းခြင်းဖြစ်နေရင်တော့ Electrolytes Imbalance လို့ခေါ်ပါတယ်။ Electrolytes တွေကို ညီမျှအောင်ထိန်းသိမ်းမှသာ ခန္ဓာကိုယ်ကလည်း ကောင်းစွာ အလုပ်လုပ်နိုင်မှာဖြစ်ပါတယ်။

❓Electrolytes တွေက ခန္ဓာကိုယ်အတွက် ဘာလို့အရေးကြီးတာလဲ

ဒီသတ္တုဓာတ်တွေဟာ…- ခန္ဓာကိုယ်နဲ့ သွေးရည်ကြည်ထဲမှာရှိတဲ့ အရည်ဓာတ်တွေကို ပုံမှန်ဖြစ်အောင် ထိန်းပေးပါတယ်။- သွေးတွင်း pH level ကိုလည်း ထိန်းပေးပါတယ်။- ကြွက်သားတွေ ကောင်းကောင်းညှစ်နိုင်အောင်လုပ်ပေးပါတယ်။ အထူးသဖြင့် နှလုံးကြွက်သားတွေ ကောင်းမွန်စွာအလုပ်လုပ်နိုင်ဖို့ အရေးကြီးပါတယ်။- ကြွက်သား၊ အာရုံကြော၊ နှလုံးနဲ့ အခြားသောဆဲလ်များကို လုပ်ငန်းလုပ်ဆောင်ရာမှာ ချိတ်ဆက်ပေးပါတယ်။- သွေးခဲခြင်းနဲ့ ခန္ဓာကိုယ်ဆဲလ်သစ်များ ဖွံ့ဖြိုးဖို့လည်း ကူညီပေးပါတယ်။

❓Electrolytes Imbalance က ဘာကြောင့်ဖြစ်ရသလဲ

ခန္ဓာကိုယ်တွင်းအရည်ဓာတ်တွေ အများကြီးဆုံးရှုံးသွားတဲ့အခါ electrolytes မညီမျှတာတွေ ဖြစ်လာပါတယ်။ ဥပမာအနေနဲ့ ချွေးထွက်များလွန်းတာ၊ ဆိုးဆိုးရွားရွားအန်တဲ့အခါ ခန္ဓာကိုယ်ထဲက အချို့သောဓာတ်တွေ ဆုံရှုံးသွားပါတယ်။ ယေဘုယျအားဖြင့် ချွေးထွက်တဲ့အခါ ခန္ဓာကိုယ်အလေးချိန်ရဲ့ 2% ကနေ 6% အထိ အရည်ဓာတ်တွေ ဆုံးရှုံးသွားပါတယ်။ အဲ့လိုဆုံးရှုံးသွားတဲ့ရေဓာတ်ကို ပြန်မဖြည့်ဘူးဆိုရင် electrolytes imbalance ဖြစ်နိုင်ပါတယ်။Electrolytes Imbalance ဖြစ်စေတဲ့ အချို့သောအကြောင်းအရင်းတွေကတော့…* အစာအာဟာရမပြည့်ဝသူတွေ၊ ရေသောက်နည်းသူတွေ* နာတာရှည်အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါရှိသူတွေ* Metabolic alkalosis လို့ခေါ်တဲ့ သွေးတွင်း pH level က ပုံမှန်ထက်များနေသူတွေ* အချို့သောဆေးဝါးများ သောက်သုံးနေရသူတွေ ( ဝမ်းနှုတ်ဆေး၊ စတီးရွိုက်၊ ဆီးဆေးနှင့် ကျောက်ကပ်ဆေးများ )* မီးလောင်ဒဏ်ရာရသူတွေ ဖြစ်ပါတယ်။

❓Electrolytes Imbalance ဖြစ်တဲ့အခါ ဘယ်လိုရောဂါလက္ခဏာတွေ ခံစားရမလဲ?

* ကြွက်သားများတောင့်တင်းခြင်း* ကြွက်တက်ခြင်း* မူးဝေခြင်း* နှလုံးခုန်မမှန်ခြင်း* အာရုံစူးစိုက်မှုအားနည်းခြင်း* စိတ်ရှုပ်ထွေးခြင်း စသည့်လက္ခဏာများ ခံစားရနိုင်ပါတယ်။

❓Electrolytes Imbalance ကို ဘယ်လိုကာကွယ်ကုသမလဲ

* ရေများများသောက်ပါ။ Gym မသွားခင်နဲ့ ကိုယ်လက်လှုပ်ရှားမှုမလုပ်ခင် ၂ နာရီခန့်ကြိုပြီး ရေသောက်ထားပါ။ ကိုယ်လက်လေ့ကျင့်ခန်း လုပ်ပြီးသွားလျှင်လည်း ရေသောက်ပါ။ လုပ်ငန်းဆောင်တာတွေ လုပ်ဆောင်နေချိန်မှာလည်း မိနစ်(၂၀)ခြားတစ်ခါ ရေသောက်ပေးပါ။ ရေသောက်ခြင်းဟာ အလွယ်ကူဆုံးနဲ့ အကောင်းဆုံး ခန္ဓာကိုယ်တွင်းဓာတ်တွေကို ထိန်းညှိပေးတဲ့နည်းပဲဖြစ်ပါတယ်။* အုန်းရည်သောက်ပါ။ အုန်းရည်ဟာ သကြားပါဝင်မှုနည်းတာကြောင့် သွေးတွင်းသကြားဓာတ်လည်း မတက်စေပါဘူး။ အကောင်းဆုံးကတော့ သကြားအချိုဓာတ်မပါတဲ့ အုန်းရည်စစ်စစ်သောက်သုံးပေးပါ။* အားကစားသမားတွေအတွက်ထုတ်ထားတဲ့ အချိုရည်တို့လို electrolyte drinks တွေသောက်သုံးနိုင်ပါတယ်။ အချိန်ကြာရှည် အားကစားလုပ်သူတွေအနေနဲ့ ဒီလိုအချိုရည်မျိုးတွေ သောက်သုံးပေးသင့်ပါတယ်။* အာလူး၊ ထောပတ်သီး၊ လိမ္မော်သီး၊ ငှက်ပျောသီး၊ စတော်ဘယ်ရီနဲ့ ဟင်းနုနွယ်စတဲ့ သတ္တုဓာတ်ကြွယ်ဝတဲ့ အစားအသောက်တွေစားပေးရပါမယ်။* Gas ပါတဲ့ အချိုရည်တွေ၊ အချိုကဲတဲ့ အားဖြည့်အချိုရည်သောက်သုံးခြင်းကို ရှောင်ရပါမယ်။သင်ဟာ ကိုယ့်ကိုယ်ကိုယ် electrolytes imbalance ဖြစ်နေတယ်လို့ ခံစားရရင် (သို့) ရောဂါလက္ခဏာတွေက အချိန်တစ်ခုထိမပျောက်သွားဘူးဆိုရင် ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးပြီး ဆေးသောက်တာနဲ့ drip ချိတ်တာတွေလုပ်ဖို့ လိုကောင်းလိုနိုင်ပါတယ်။ သွေးစစ်တာနဲ့ ကျောက်ကပ်လုပ်ငန်းဆောင်တာစစ်ဆေးတာတွေလည်း လိုအပ်ပါက လုပ်ဆောင်ရပါမယ်။

Reference:????https://www.webmd.com/a-to…/what-is-electrolyte-imbalance

❤️ NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️

တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက်( https://m.me/telehealthmm )ကို နှိပ်ပါ

( နေ့စဉ် မနက် ၈နာရီမှ ည၁၀နာရီအထိ )

#nugmoh #telehealth #telemedicine#teleconsultation #တယ်လီကျန်းမာ#electrolyte #imbalance

Ministry of Health,

National Unity Government.

Published on: 26 November 2022
Last Updated: 26 November 2022

ဆက်စပ်ရာ ကျန်းမာရေးဆောင်းပါးများ

အယူအဆအလွဲများ (၉)

အလွဲ ❌ သွေးတိုး ဒါမှမဟုတ် ဆီးချိုအတွက် ဆေးသောက်နေရင်း သွေးပေါင်ချိန်/ သွေးတွင်းသကြားဓာတ်က ပုံမှန်ဖြစ်လာပြီဆိုရင် ရောဂါပျောက်သွားပြီမို့ ဆေးကို ရပ်ပစ်လို့ရတယ်။ အမှန် ✅ သွေးတိုးနဲ့ ဆီးချိုလို နာတာရှည်ရောဂါတွေဟာ များသောအားဖြင့် လုံးဝပျောက်ကင်းသွားတာမျိုး မဟုတ်ဘဲ ဆေးမှန်မှန်သောက်ခြင်းဖြင့် ရောဂါကို ပိုပြီး မဆိုးလာအောင် ထိန်းညှိထားခြင်းသာ...

အယူအဆအလွဲများ (၈)

အလွဲ ❌ ဆီးချိုရောဂါသည် သကြားအလွန်အကျွံစားမိခြင်းကြောင့်သာ ဖြစ်သည်။ အမှန် ✅ ဆီးချိုရောဂါသည် သကြားတစ်ခုတည်းကြောင့် ဖြစ်သည်မဟုတ်ပါ။ ဆီးချိုသွေးချိုဖြစ်စေရန် အကြောင်းအရင်းများစွာ ရှိပါသည်။ အဓိကအကြောင်းအရင်းများမှာ မျိုးရိုးဗီဇ (Gene)မျိုးရိုးလိုက်ခြင်းကြောင့် ဖြစ်တတ်သည်။ ခန္ဓာကိုယ်အလေးချိန်အဝလွန်ခြင်း သို့မဟုတ် ဗိုက်ပတ်လည်မှာ အဆီစုနေခြင်းသည် ရောဂါဖြစ်စေဖို့ တွန်းအားပေးသည်။ လူနေမှုပုံစံကိုယ်လက်လှုပ်ရှားမှု နည်းပါးခြင်းသည် အင်ဆူလင် ခုခံအားကို မြင့်တက်စေသည်။. သကြားဓာတ်များသော အစားအစာများ (အချိုရည်၊...

အမြည်းလေးတော့ စားပါ

ဟိုတစ်နေ့က ကိုရင်မောင်နှင့် အငယ်ကောင် အရက်သောက်သည့်အကြောင်းတွေ ရေးတာတွေ့တော့ အရင်က အဖြစ်အပျက်လေးတစ်ခု သတိရသွားသည်။ ကြုံလို့ ပြောပြချင်ပါသည်။ “ဆရာရေ… ဆရာ… ကျွန်မနဲ့ ခဏလောက်ဖြစ်ဖြစ် လိုက်ခဲ့ပေးပါဦး။ ခဏလေးပါ။” “ဘာဖြစ်လို့လဲ မအေးရယ်။" ကျွန်တော် ဆေးခန်းမှာ လူနာတွေကြည့်နေတုန်း ထန်းသီးရောင်းသည့် မအေး အူယားဖားယား ပြေးလာခေါ်၍ မေးလိုက်ရသည်။ “ကျွန်မ အစ်ကို…...

နတ်စားခြင်း

"ဆရာရယ် …ကျွန်မသမီးလေးအတွက် နတ်ပြန်စားမှ ဖြစ်မှာပါ။ ကျွန်မတို့ကို ဆေးရုံဆင်းခွင့်ပေးပါနော်။" "ဟင်..ဘာဖြစ်လို့လဲ ..ကလေးမလေးက ဆေးထိုးနေတာ ဆေးပတ်လည်တော့မယ့်ဟာ" အသက် ၁၆ နှစ် ကလေးမလေး အသက်ရှူလမ်းကြောင်းပိုးဝင်၍ ပိုးသတ်ဆေးများ ထိုးထားသည်မှာ နက်ဖြန်ဆို ၃ ရက်ပြည့်တော့မည်။ ရင်ကျပ်အခံရှိ၍ လေပြွန်ကျယ်ဆေးများလည်း ရှူခိုင်းထားရသည်။ အိမ်တွင် ဆေးမြီးတိုများနှင့် ကုနေသည်မှာ...