မီနူး

” အမျိုးသားများတွင် ကိုယ်ဝန်ဆောင်လက္ခဏာများခံစားရခြင်း ( Couvade Syndrome) “

* ခြေထောက်ကြွက်တက်ခြင်း

* ခါးနာခြင်း

* စိတ်ဖိစီးမှုများခြင်း

* စိတ်အားငယ်ခြင်း၊ စိတ်ဓာတ်ကျခြင်းစတဲ့ လက္ခဏာတွေကို ဇနီးသည်ကိုယ်ဝန်ဆောင်ကာလ ပထမသုံးလပတ်အတွင်း အမျိုးသားတွေမှာပါ အလားတူ ခံစားရတတ်ပါတယ်။
.

???? ဘာကြောင့်ဖြစ်ရသလဲ ?

လက်တွဲဖော်ဇနီးသည် ကိုယ်ဝန်ဆောင်ကာလမှာ အမျိုးသားတွေပါ စိုးရိမ်ပူပန်စိတ်တွေများလာပြီး ကိုယ်ဝန်ဆောင်တွေရဲ့ ရောဂါလက္ခဏာတွေ ကူးစက်ခံစားလာရတတ်ပါတယ်။

သီအိုရအရလက်တွေ့ကျကျပြောရမယ်ဆိုရင်တော့ …..

* ဟော်မုန်းအပြောင်းအလဲဖြစ်ခြင်း

ဒီလိုလက္ခဏာတွေကို စတင်ခံစားရတဲ့အခါမှာ “ ကျား” ဟော်မုန်း (testosterone နဲ့ cortisol level) ဟာ နည်းသွားပြီး ကိုယ်ဝန်ဆောင်ကာလ ပထမသုံးလပတ်နဲ့ တတိယသုံးလပတ်မှာ “ မ” ဟော်မုန်း (prolactin နဲ့ oestrogen) တွေ များလာတာကြောင့် ဖြစ်ပါတယ်။
.

* သံယောဇဉ်အနှောင်အဖွဲ့များကြောင့် ခံစားရခြင်း

အဖေ ဖြစ်လာတော့မယ်ဆိုတာကို ကြိုတွေးရင်း ဇနီးသည်ကိုယ်ဝန်ဆောင်ကာလမှာလည်း အနီးကပ်ဂရုစိုက်စောင့်ရှောက်ပေးတတ်သူတွေမှာ ပိုအဖြစ်များတတ်ပါတယ်။
.

* ဇီဝကမ္မဆိုင်ရာအကြောင်းအရင်းများ

စာနာနားလည်တတ်ပြီး သနားကြင်နာတတ်တဲ့စိတ်ရှိသူတွေမှာ ဒီလိုလက္ခဏာတွေကို ပို၍ခံစားရနိုင်ခြေများပါတယ်။ တစ်နည်းအားဖြင့် မိမိလက်တွဲဖော်ရဲ့ ကိုယ်ဝန်ဆောင်ချိန်ခံစားရတဲ့ရောဂါလက္ခဏာ၊ နာကျင်တာတွေကို တူတူလိုက်ခံစားပေးတတ်၊ စာနာတတ်တဲ့အမျိုးသားတွေမှာ ပိုဖြစ်တတ်ပါတယ်။
.
.

???? ဒီလို အမျိုးသားတွေမှာ ကိုယ်ဝန်ဆောင်လက္ခဏာတွေ ခံစားရတာဟာ အဖြစ်များသလား ?

အမျိုးသားအများစုဟာ မိမိလက်တွဲဖော် ကိုယ်ဝန်ဆောင်ချိန်မှာ ဒီလိုလက္ခဏာတွေခံစားရတာကို ထုတ်ပြောလေ့မရှိကြပေမယ့် Couvade syndrome ဟာ အဖြစ်များပြီး ကမ္ဘာတစ်ဝန်းလုံးကအမျိုးသားအားလုံးနီးပါး ဒီ syndrome ကို ခံစားရနိုင်ပါတယ်။ အမေရိကန်နိုင်ငံမှာစစ်တမ်းကောက်ချက်အရ ကိုယ်ဝန်ဆောင်လက်တွဲဖော်ရှိသူအမျိုးသား ၂၅ – ၅၂% ခန့်ဟာ Couvade syndrome ခံစားရတယ်လို့ ဆိုပါတယ်။
.

???? Couvade syndrome လက္ခဏာတွေကို ဘယ်လိုသက်သာအောင်လုပ်မလဲ ?

ဒီလိုလက္ခဏာတွေခံစားရတာက ယာယီ၊ ခဏတာဖြစ်တာကြောင့် ထူးထူးခြားခြားကုသဖို့မလိုပါဘူး။ စိတ်ငြိမ်အောင်နဲ့ စိတ်ဖိစီးမှုလျော့နည်းအောင် တရားထိုင်တာ၊ ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးတာတွေလုပ်ဆောင်ခြင်းဟာ ခံစားနေရတဲ့လက္ခဏာတွေကို သက်သာစေနိုင်ပါတယ်။

???? ကဲ…. ဖေဖေတို့ရေ…. ဇနီးသည် ကိုယ်ဝန်ဆောင်နေသလို ကိုယ်ဝန်ဆောင်ကာလမှာဖြစ်တတ်တဲ့ လက္ခဏာတွေ တူတူ လိုက်ခံစားရတယ်ဆိုရင်…. ဒါဟာ ရောဂါ မဟုတ်ပဲ ချစ်လို့ဆိုတာ ဖေဖေတို့ မေမေတို့သိပါစေနော် ????

Reference : ????
https:// optionsnow. org/couvade-syndrome-in-your-partner/

❤️ NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️

???? တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်
*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက်( https://m.me/telehealthmm )ကို နှိပ်ပါ
( နေ့စဥ် မနက် ၈နာရီမှ ည၁၀နာရီအထိ )

#nugmoh#telehealth#telemedicine
#teleconsultation#တယ်လီကျန်းမာ
#couvade

Ministry of Health,

National Unity Government.

Published on: 29 January 2023
Last Updated: 29 January 2023

ဆက်စပ်ရာ ကျန်းမာရေးဆောင်းပါးများ

‎တစ်ယောက်တည်း စကားပြောတတ်တဲ့အကျင့်

‎တစ်ယောက်တည်း စကားပြောတတ်တဲ့အကျင့်က စိတ်ရောဂါလား…။‎‎"ဟင်… ဒီဟာက ဘယ်မှာထားမိလိုက်တာလဲ"‎"ကဲ… အခု ဒီဖိုင်ကို အရင်ပို့မယ်၊ ပြီးရင် ဟိုဘက်ကို ဖုန်းဆက်မယ်"‎"အေး… ငါလုပ်နိုင်တယ်၊ စိတ်မပူနဲ့"‎‎တစ်ယောက်တည်းရှိနေချိန် ဒါမှမဟုတ် အလုပ်လုပ်နေချိန်မှာ အပေါ်မှာ ရေးပြထားသလိုမျိုး ကိုယ့်ဘာသာကိုယ် တစ်ယောက်တည်း ရေရွတ်နေမိတယ်။ အဲဒီအခါမှာ "ငါ့စိတ်က ပုံမှန်များ မဟုတ်တော့တာလား"...

လေ့ကျင့်ခန်း အညွှန်း Exercise Prescription

‎ဆေးစာရွက်ပေါ်မှာ ဆေးနာမည် မဟုတ်ဘဲ "တစ်ပတ် ၅ ရက်၊ တစ်ရက်ကို ၃၀ မိနစ် လမ်းလျှောက်ပါ" လို့ ရေးထားတာကို မြင်ဖူးကြပါရဲ့လား။‎‎တကယ်ရှိပါတယ်။ အဲဒါကို “ဆေးညွှန်း” မဟုတ်ဘဲ Exercise Prescription (လေ့ကျင့်ခန်း အညွှန်း) လို့ ခေါ်ပါတယ်။‎‎အရာရာ မလုံခြုံတဲ့၊ ခုလို...

‎အမူအယာ တုပမိခြင်း (သို့မဟုတ်) Echopraxia

‎လူသားတစ်ဦး၏ လှုပ်ရှားမှုများနှင့် အမူအရာများသည် ပုံမှန်အားဖြင့် မိမိ၏ စိတ်ဆန္ဒနှင့် ဦးနှောက်၏ အမိန့်ပေးမှုပေါ်တွင် အခြေခံပါသည်။ သို့သော် တစ်ခါတစ်ရံတွင် ကျွန်ုပ်တို့၏ ခန္ဓာကိုယ်သည် မိမိ၏ အလိုကို မလိုက်ဘဲ ရှေ့တွင် မြင်တွေ့နေရသောသူ၏ လှုပ်ရှားမှုများကို အလိုအလျောက် လိုက်လံတုပမိပြီး ချက်ချင်းလုပ်ဆောင်တတ်ပါသည်။ ဤကဲ့သို့ ထိန်းချုပ်မရသော...

စိတ်စွဲလမ်းလွန်ခြင်းနှင့် မလုပ်ရမနေနိုင်သောဝေဒနာ OCD

‎"ငါက OCD (စိတ်စွဲလမ်းလွန်ခြင်းနှင့် မလုပ်ရမနေနိုင်သောဝေဒနာ) ဖြစ်နေပြီလား"‎‎အိပ်ရာဝင်ခါနီးမှ "မီးပိတ်ခဲ့ရဲ့လား"၊ "တံခါးသော့ခတ်ခဲ့ရဲ့လား" ဆိုပြီး ပြန်စစ်မိတာမျိုး၊ လှေကားတက်တဲ့အခါ တစ်ထစ်ချင်း ရေတွက်နေမိတာမျိုး၊ အခန်းထဲက ပစ္စည်းတစ်ခုခု နေရာမကျနေရင် သည်းမခံနိုင်ဘဲ ပြန်စီမိနေတာမျိုးတွေ ဖြစ်ဖူးကြတယ်မလား။ ဒါတွေဟာ လူတိုင်းနီးပါး ကြုံဖူးတဲ့ သာမန်အလေ့အထပါပဲ။‎ဒါပေမယ့် ဒီလိုအလေ့အကျင့်ဖြစ်ဖူးရုံနဲ့ "ငါတော့...