မိုးရာသီမှာဆိုရင် လေထုထဲမှာ စိုထိုင်းဆနဲ့ ရေငွေ့တွေ များလာတဲ့အတွက် ဘက်တီးရီးယားနဲ့ မှိုတွေ ပေါက်ပွားဖို့ အကောင်းဆုံးအခြေအနေ ဖြစ်လာပါတယ်။

ဒီလို လေထုထဲမှာ ရေငွေ့များနေတာအပြင် မိုးမိတာ၊ ရေကူးတာတွေကြောင့် နားထဲကို ရေဝင်တဲ့အခါမှာ ‘Swimmer’s Ear’ (နားအပြင်ပိုင်းရောင်ရမ်းခြင်း) လိုမျိုး နားပိုးဝင်တာတွေ ဖြစ်လာနိုင်ပါတယ်။

ဖြစ်စေသောအကြောင်းရင်းများ ❓

✔ စိုထိုင်းဆများပြားခြင်း

မိုးရာသီမှာ စိုထိုင်းဆများတာကြောင့် နားပြွန်ထဲမှာ ရေငွေ့တွေ ပိုများလာစေပြီး ဘက်တီးရီးယားနဲ့ မှိုတွေ ပေါက်ပွားဖို့ ပိုလွယ်ကူစေပါတယ်။
.

✔ ရေဝင်ခြင်း

မိုးရေ ဒါမှမဟုတ် ရေကူးရာကနေ ရေတွေက နားပြွန်ထဲကို ဝင်ပြီး ပိတ်မိနေတတ်ပါတယ်။ အထူးသဖြင့် ရေကို ကောင်းကောင်းမထုတ်နိုင်တဲ့အခါမှာ ပိုးဝင်တာတွေ ဖြစ်လာနိုင်ပါတယ်။
.

✔ နားဖာချေးပိတ်ဆို့ခြင်း

စိုထိုင်းတဲ့ရာသီဥတုက နားဖာချေးတွေကို ပျော့သွားစေပြီး ပွလာစေနိုင်ပါတယ်။ ဒါက နားပြွန်ကို ပိတ်ဆို့စေနိုင်သလို ပိုးဝင်နိုင်ခြေကိုလည်း မြင့်တက်စေပါတယ်။
.

✔ လည်ချောင်းပိုးဝင်ခြင်း

မိုးရာသီမှာ အဖြစ်များတဲ့ လည်ချောင်းပိုးဝင်ခြင်းတွေဟာ Eustachian tube (နားနဲ့လည်ချောင်းဆက်ပြွန်) ကနေတစ်ဆင့် နားအလယ်ပိုင်းကို ကူးစက်သွားနိုင်ပါတယ်။

🔺ရောဂါလက္ခဏာများ

✔ နားကိုက်ခြင်း

✔ နားယားယံခြင်း

✔ နားထဲတွင် ပြည့်တင်းနေသလို သို့မဟုတ် ပိတ်ဆို့နေသလို ခံစားရခြင်း

✔ နားထဲမှ အရည်များထွက်ခြင်း

✔ အကြားအာရုံ လျော့နည်းသွားခြင်း (သို့မဟုတ်) နားလေးခြင်း

🔹ဘယ်လိုကာကွယ်ရမလဲ

✔ နားကို ခြောက်သွေ့အောင်ထားပါ

ရေကူးတဲ့အခါ ဒါမှမဟုတ် ရေချိုးတဲ့အခါတွေမှာ နားရေကာ (earplugs) ကို အသုံးပြုပါ။ ရေနဲ့ထိတွေ့ပြီးတိုင်း နားကို သေသေချာချာ ခြောက်သွေ့အောင် သုတ်ပေးပါ။

✔ ထီး သို့မဟုတ် မိုးကာဦးထုပ်သုံးပါ

အပြင်ထွက်တဲ့အခါ ထီး ဒါမှမဟုတ် မိုးကာဦးထုပ်ဆောင်းပြီး နားကို မိုးမစိုအောင် ကာကွယ်ပါ။
.

✔ နားထဲကို ဘာမှမထည့်ပါနဲ့

ဂွမ်းတံ (cotton swabs) အပါအဝင် ဘယ်အရာဝတ္ထုကိုမှ နားထဲကို မထည့်ပါနဲ့။ အဲဒါတွေက နားဖာချေးကို အတွင်းထဲ ပိုရောက်သွားစေနိုင်သလို နားကိုလည်း ထိခိုက်စေနိုင်လို့ပါ။

✔ တစ်ကိုယ်ရေသန့်ရှင်းရေးကို ဂရုစိုက်ပါ

နားကို ပုံမှန်သန့်ရှင်းရေးလုပ်ပေးပါ။ ဒါပေမယ့် နားပြွန်ကို ယားယံစေနိုင်တာကြောင့် အလွန်အကျွံ သန့်ရှင်းရေးလုပ်ခြင်းကိုတော့ ရှောင်ကြဉ်ပါ။

✔ ကိုယ်ခံစွမ်းအားကို မြှင့်တင်ပါ

ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်နဲ့ နေထိုင်မှုပုံစံက ကိုယ်ခံစွမ်းအားကို ကောင်းစေပြီး ရောဂါပိုးဝင်နိုင်ခြေကို လျော့နည်းစေပါတယ်။
.

✔ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ

နားကိုက်တာ ဒါမှမဟုတ် တခြားလက္ခဏာတွေ ဖြစ်လာခဲ့ရင် မှန်ကန်တဲ့ ကုသမှုခံယူနိုင်ဖို့ ဆရာဝန်နဲ့ ပြသတိုင်ပင်ဖို့ အကြံပြုလိုပါတယ်ရှင့်…။

Reference- 📖
https:// entandheadneckcancerclinic. com / everything-about-ear-infections-during-monsoon/

..

..

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here