မီနူး

” ရာဇဝတ်မှုမြောက်တဲ့ ကိုယ်ဝန်ဖျက်ချခြင်း ( Criminal Abortion ) “

” ရာဇဝတ်မှုမြောက်တဲ့ ကိုယ်ဝန်ဖျက်ချခြင်း ( Criminal Abortion ) “

????ကိုယ်ဝန်ဖျက်ချခြင်း ( Abortion ) ဆိုတာဘာလဲ ?

ကိုယ်ဝန်ဆောင်နေတဲ့အချိန်ကာလအတွင်း (ဒါမှမဟုတ်) ကိုယ်ဝန်နေ့မစေ့လမစေ့ခင်အတွင်းမှာ သန္ဓေသားလေးကို မိခင်ဝမ်းတွင်း (သားအိမ်)ထဲကနေ ရည်ရွယ်ချက်ရှိရှိနဲ့ နည်းမျိုးစုံသုံး ဖယ်ထုတ်ပစ်တာကို ကိုယ်ဝန်ဖျက်ချခြင်း ( Abortion )လို့ခေါ်ပါတယ်။

အိမ်ထောင်မပြုရသေးဘဲ ကာမဆက်ဆံမိလို့မတော်တဆ ကိုယ်ဝန်ရသွားတာ၊ အိမ်ထောင်ရှိပေမယ့် ကလေးကိုပြုစုဖို့ အဆင်သင့်မဖြစ်သေးတာနဲ့ ကိုယ်မချစ်မနှစ်သက်တဲ့သူက အတင်းအဓမ္မပြုကျင့်လို့ ကိုယ်ဝန်ရသွားတာ ….. စသဖြင့် တရားမဝင် ကိုယ်ဝန်ဖျက်ချကြတဲ့ အကြောင်းရင်းကတော့အမျိုးမျိုးရှိပါတယ်။

.

.

????ကိုယ်ဝန်ဖျက်ချခြင်းနဲ့ ပက်သတ်တဲ့ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ များစွာရှိပါတယ်။ ဒီထဲကတစ်ခုကတော့…

” ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၁၂ “

” မည်သူမဆို ကိုယ်ဝန်ဆောင်အမျိုးသမီး၏ အသက်ကို ကယ်ဆယ်လိုသော သဘောရိုးဖြင့် မဟုတ်ဘဲ ကိုယ်ဝန်ပျက်စေရန် ကိုယ်တိုင်ဖျက်ချပေးလျှင် ထိုသူကို ထောင်ဒဏ် သုံးနှစ်အထိဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်ရမည်။

ကိုယ်ဝန်ဆောင်အမျိုးသမီးသည် လှုပ်ရှားသောကိုယ်ဝန် (ကိုယ်ဝန်အရင့်အမာ)နှင့်ဖြစ်လျှင် ကိုယ်ဝန်ပျက်ရန် ကိုယ်ထိလက်ရောက် ကြံစည်သူကို ခုနစ်နှစ်ထိထောင်ဒဏ် ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။

ရှင်းလင်းချက် – မိမိကိုယ်ဝန်ကို မိမိကိုယ်တိုင် ရည်ရွယ်ချက်ရှိရှိဖြင့် ပျက်စေသည့် ကိုယ်ဝန်ဆောင်မိခင်သည် ဤပုဒ်မပါ အဓိပ္ပာယ်တွင် အကျုံးဝင်သည်။ “

.

.

???? ဘယ်လိုအချိန်တွေမှာ ကိုယ်ဝန်ဖျက်ချခွင့်ပြုသလဲ၊ ဘယ်သူတွေက လုပ်ပေးလို့ရလဲ၊ ဘယ်မှာလုပ်မလဲ ဆိုတဲ့ မေးခွန်းတွေအတွက်ကတော့…

ကိုယ်ဝန်ဖျက်ချခွင့်ကို ကိုယ်ဝန်ဆောင်မိခင်ရဲ့ ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးနဲ့ ပတ်သက်ပြီး မိခင်​၏အသက်ကို ကယ်စေလိုတဲ့ ရည်ရွယ်ချက်တစ်ခုတည်း အတွက်သာ စဉ်းစားကြရပါတယ်။ စိတ်ကျန်းမာရေးနဲ့ လူမှုရေးအခြေအနေ စတာတွေကိုထည့်သွင်းစဉ်းစားမှာ မဟုတ်ပါဘူး။

ကိုယ်ဝန်ဖျက်ချသင့်၊ မချသင့်ကို ကိုယ်ဝန်ဖျက်ချပေးမယ့် ဆရာဝန်က စဉ်းစားပေးရမယ်ဆိုတာ မဟုတ်ပါဘူး။

တကယ်လို့ ကိုယ်ဝန်ကို မဖြစ်မနေဖျက်ချမှရမယ့် အခြေအနေဆိုပါက ပထမဦးစွာ ကိုယ်ဝန်ဖျက်ချစေရလောက်တဲ့ မိခင်ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးပြဿနာများ ရှိမရှိကို ဆရာဝန်ကစမ်းသပ်မှုများပြုလုပ်ရပါမယ်။ ထို့နောက် သားဖွားဆရာဝန်နဲ့ ထိုပြဿနာများကို ဆွေးနွေးပြီး သက်သေခိုင်လုံအောင် အတည်ပြုချက်ယူရပါမယ်။ သို့မှသာ ကိုယ်ဝန်ဖျက်ချခွင့် ရရှိမှာဖြစ်ပြီး ဖျက်ချသည်ကိုလည်း ပြည်သူ့ဆေးရုံများမှာသာ ပြုလုပ်သင့်ပါတယ်။

.

.

????ကိုယ်ဝန်ဖျက်ချရင် ကြုံတွေ့လာနိုင်တဲ့ပြသနာတွေက ဘာတွေလဲ ?

✳️ (၁) ကိုယ်ဝန်ဖျက်ချနေစဉ် နာရီပိုင်းအတွင်း ကြုံလာနိုင်သောပြဿနာများ…

(က) ကိုယ်ဝန်ဖျက်ချနေစဉ် သွေးကြောကနေတစ်ဆင့် လေများဝင်ရောက်ကာ အဆုတ်တွင်သွားပိတ်၍ သေဆုံးခြင်း

(ခ) သွေးထွက်လွန်ပြီး သေဆုံးခြင်း

(ဂ) ရုတ်တရက် နှလုံးရပ်၍ သေဆုံးနိုင်ခြင်း

.

✳️ (၂) ကိုယ်ဝန်ဖျက်ချပြီး ရက်ပိုင်းအတွင်း ဖြစ်ပေါ်လာနိုင်သော ပြဿနာများ

(က) ပိုးဝင်ခြင်း

(ခ) သွေးဆိပ်တက်ခြင်း

(ဂ) သွေးထွက်လွန်ခြင်း

(ဃ) ကျောက်ကပ်ပျက်စီးခြင်း

.

✳️ (၃) ကိုယ်ဝန်ဖျက်ချပြီး (၁) ပတ် (၂) ပတ်အတွင်း ဖြစ်ပေါ်လာနိုင်သောပြဿနာများ

(က) ပိုးဝင်ပြီး ခန္ဓာကိုယ်တစ်ခုလုံး ပိုးပျံ့သွားပြီး သေဆုံးနိုင်ခြင်း

(ခ) သွေးကြောများရောင်ရမ်းပြီး သွေးခဲလုံးများ ပြုတ်ထွက်ကာ အဆုတ်သွေးကြောတွင် ပိတ်၍ သေဆုံးနိုင်ခြင်း

(ဂ) မေးခိုင်ပိုးဝင်၍ သေဆုံးနိုင်ခြင်းတို့ ဖြစ်ပါတယ်။

.

.

????အချုပ်အားဖြင့် “ prevention is better than cure” ဆိုသကဲ့သို့ ကိုယ်ဝန်ရပြီးမှ မလိုချင်လို့ နည်းမျိုးစုံသုံးဖျက်ချတာမျိုး မလုပ်ဘဲ ကွန်ဒုံးသုံးတာ ၊ ဆရာဝန်နဲ့ တိုင်ပင်ပြီး တားဆေးသုံးတာ၊ အရေးပေါ်တားဆေးသုံးတာ…. စတာတွေနဲ့ ကိုယ်ဝန်မရအောင် ကြိုတင်ကာကွယ်ထားလို့ရပါကြောင်းအသိပေးပါရစေ။

.

❤️ NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️

???? တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက်( https://m.me/telehealthmm )ကို နှိပ်ပါ

( နေ့စဥ် မနက် ၈နာရီမှ ည၁၀နာရီအထိ )

#nugmoh#telehealth#telemedicine

#teleconsultation#တယ်လီကျန်းမာ

#abortion#criminalabortion#ကိုယ်ဝန်ဖျက်ချခြင်း

Ministry of Health,

National Unity Government.

Published on: 11 January 2023
Last Updated: 11 January 2023

ဆက်စပ်ရာ ကျန်းမာရေးဆောင်းပါးများ

ကျန်းမာတဲ့ခန္ဓာကိုယ်မှာ ကျန်းမာတဲ့စိတ်ရှိဖို့‎

‎အသက် ၄၀ ဆိုတာ ဘဝရဲ့ တစ်ဆစ်ချိုးအချိန်လို့ ပြောကြတယ်မလား။ အတွေ့အကြုံတွေလည်း ပြည့်စုံနေသလို တာဝန်ဝတ္တရားတွေကလည်း အမြင့်ဆုံး၊ အကောင်းဆုံးဆိုတဲ့ အချိန်ပေါ့။ ကိုယ့်ရဲ့ အတွေ့အကြုံတွေ၊ ဘဝအတတ်ပညာတွေ ရင့်ကျက်လာချိန်ဖြစ်သလို ခန္ဓာကိုယ်မှာလည်း အပြောင်းအလဲတွေက စတင်လာတတ်တဲ့အရွယ်လည်း ဖြစ်ပါတယ်။‎ဒီအရွယ်မှာ လူအများစု ကြုံတွေ့ရတတ်တဲ့ စိန်ခေါ်မှုတစ်ခုကတော့ ကျန်းမာရေးစိုးရိမ်စိတ်...

‎ကော်ဖီနဲ့ ကျန်းမာရေး‎

မနက်မိုးလင်းတာနဲ့ မျက်စိနှစ်လုံးပွင့်ဖို့ ကော်ဖီခွက်လေးကို အားကိုးနေရတဲ့သူတွေဟာ ကျွန်တော်တို့ပတ်ဝန်းကျင်မှာ ဒုနဲ့ဒေးပါပဲ။ ကျွန်တော်လည်း အပါအဝင်ပေါ့။ တစ်ခုခု လိုနေသလို ဖြစ်နေရာကနေ ကော်ဖီနံ့လေး ရလိုက်မှပဲ "အာ… ငါ အသက်ရှင်နေရတာ အဓိပ္ပါယ်ရှိလိုက်တာပါလား" ဆိုပြီး စိတ်ချမ်းသာမှုအပေါင်း ခညောင်းလာကြတာမျိုးလေ။ ကော်ဖီဆိုတာ တချို့အတွက်တော့ မရှိမဖြစ် အဖော်မွန်လေး...

ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်း (UV index) (မတ်လ၊ ၂၀၂၆ ခုနှစ်)

ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်း (UV index) ဆိုသည်မှာ မည်သည့်အချိန်တွင် နေက အန္တရာယ်အရှိဆုံးဖြစ်သည်ကို ညွှန်ပြသည့် ညွှန်ကိန်းတစ်ခုဖြစ်သည်။ ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်း (၃) နှင့် အထက်ရှိပါက မိမိကိုယ်ကိုယ် နေမှ ကာကွယ်ပါ။ တယ်လီကျန်းမာ အခမဲ့အွန်လိုင်းဆေးခန်းကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ (မတ်လ၊ ၂၀၂၆ ခုနှစ်)Ref: WHO....အထက်ပါစာသား ကျန်းမာရေးဗဟုသုတလေးတွေကို လူမျိုးပေါင်းစုံဘာသာစကား (၁၁) မျိုးနဲ့လည်း...

သွေးတိုးရောဂါကို အိမ်မှာတင် ဘယ်လိုစနစ်တကျ စောင့်ကြည့်မလဲ

🩸သွေးတိုးရောဂါကို အိမ်မှာတင် ဘယ်လိုစနစ်တကျ စောင့်ကြည့်မလဲ။ "ကားတစ်စီးမှာ ဆီဒိုင်ခွက် လိုသလိုပဲ၊ သင့်ခန္ဓာကိုယ်အတွက် သွေးပေါင်ချိန်စက်ဆိုတာ အရေးကြီးတဲ့ အချက်ပြဒိုင်ခွက်ပါ" အမေရိကန် နှလုံးအသင်း (American Heart Association) ကတော့ သွေးတိုးရှိသူတိုင်း ဆေးကုသမှုတွေ ထိရောက်မှု ရှိ/မရှိ ဆရာဝန်တွေ သိနိုင်အောင် အိမ်မှာ သွေးပေါင်ချိန်တိုင်းဖို့ အကြံပြုထားပါတယ်။...