MENU

ခြေလက်နှင့် အရိုးအဆစ်

ဆောင်းတွင်းမှာ အဖြစ်များသော ခြေဆီလက်ဆီထွက်ခြင်း (February, 2024)

0
ဒီနေ့မှာတော့ အခုလို ဆောင်းတွင်းကာလမှာ အဖြစ်များတဲ့ ခြေဆီလက်ဆီ ထွက်တတ်တာနဲ့ ပတ်သက်ပြီး ပြောပြပေးသွားမှာ ဖြစ်ပါတယ်။ ခြေဆီလက်ဆီ ထွက်တတ်တာ (Oily palm) က စိုးရိမ်ရတဲ့ ပြဿနာတစ်ခုမဟုတ်ပေမယ့် လက်ဖဝါးတွေမှာ အဆီတွေထွက်နေတတ်တာကြောင့် အလုပ်လုပ်ရကိုင်ရတာ အဆင်မပြေတာတွေ၊ ကိုင်တွယ်‌လိုက်တဲ့ အရာဝတ္ထုပစ္စည်းတွေမှာ အဆီကွက်ကျန်ခဲ့တာတွေ၊ ပစ္စည်းတွေ ကိုင်တွယ်တဲ့အခါမှာ...

သွေးတိတ်စေတဲ့ သွေးဆဲလ် (Platelets) တွေ ဖျက်စီးခံရတဲ့အခါ “ Immune Thrombocytopenic Purpura (ITP)” ...

0
*** သွေးတိတ်စေတဲ့ သွေးဆဲလ် (Platelets) တွေ ဖျက်စီးခံရတဲ့အခါ *** ???? ရိုးတွင်းချဥ်ဆီကနေ ထုတ်ပေးတဲ့ ကျွန်တော်တို့ရဲ့သွေးထဲမှာ သွေးနီဥ၊ သွေးဖြူဥနဲ့ သွေးဥမွှားလေးတွေ ပါဝင်ပါတယ်။ ခန္ဓာကိုယ်မှာ အကြောင်းတစ်ခုခုကြောင့် သွေးထွက်တဲ့အခါ Platelets လို့ခေါ်တဲ့ သွေးဥမွှားလေးတွေက သွေးတိတ်စေဖို့ လုပ်ဆောင်ပေးပါတယ်။ ဒီနေ့မှာတော့ ကလေးတွေမှာအဖြစ်များတဲ့ ကိုယ်ခံအားစနစ်မမှန်ခြင်းကြာင့် သွေးဥမွှားများ...

ဆီးချိုရောဂါနှင့် ခြေထောက်ကျန်းမာရေး (December,2023)

0
သင့်မှာ ဆီးချိုရောဂါရှိလာပြီဆိုရင် မိမိကိုယ်ကို အရင်ကနဲ့မတူဘဲ ပြုပြင်စီစဉ်ရတာတွေ များစွာရှိပါတယ်။ ဆီးချိုစစ်ကြည့်ရတာ၊ ဆေးတွေ နေ့စဉ်မပြတ်သောက်ရတာ၊ လေ့ကျင့်ခန်းလုပ်ဖို့၊ မတည့်တဲ့ အစားအသောက်တွေ မစားမိဖို့၊ ရက်ချိန်းမှန်မှန်ပြဖို့ စသည်ဖြင့် စီမံရမှာတွေ များနေမှာပါ။ ဒီလို စီမံရတာတွေထဲမှာ လူအတော်များများက ခြေထောက်ကိုဂရုစိုက်ဖို့ မေ့နေတတ်ပါတယ်။ ဒီနေ့မှာတော့ ဆီးချို‌နှီးနွယ် ခြေထောက်ရောဂါအကြောင်း...

“ ဆီးချိုရောဂါကြောင့် အာရုံကြောထိခိုက်ခြင်း (သို့မဟုတ်) ဆီးချိုနှီးနွယ် အာရုံကြောရောဂါ” (December,2023)

0
ဆီးချိုရောဂါဟာ သင့်ရဲ့အာရုံကြောတွေကို ထိခိုက်စေနိုင်ပါတယ်။ ဆီးချိုရောဂါရှိသူတွေရဲ့ ထက်ဝက်ခန့်ဟာ အာရုံကြောထိခိုက်မှု ရှိတတ်ကြပြီး၊ ဒီလိုမျိုး ဆီးချိုကြောင့် အာရုံကြောထိခိုက်ခြင်းဟာ ခြေထောက်နဲ့ လက်တွေမှာသာမက ကိုယ်တွင်းအင်္ဂါတွေနဲ့ ကြွက်သားတွေမှာပါ ထိခိုက်နိုင်ပါတယ်။ ဒီအတွက် သိမှတ်ထားသင့်တဲ့ ဆီးချိုနှီးနွယ် အာရုံကြောရောဂါ အမျိုးအစားတွေကတော့... (၁) ဆီးချိုကြောင့် အစွန်အဖျား သိမှုအာရုံကြောများ ထိခိုက်ခြင်း (Symmetric...

သွေးခဲနှုန်း စစ်ဆေးခြင်း D-dimer Test (November,2023)

0
သွေးခဲနှုန်း စစ်ဆေးခြင်း (D-dimer test) သွေးခဲနှုန်း စစ်ဆေးခြင်း (D-dimer test) ဟာ သွေးခဲခြင်းဆိုင်ရာ ပြဿနာတွေကို ရှာဖွေဖော်ထုတ်ဖို့အတွက် ကူညီပေးပါတယ်။ သွေးခဲခြင်းဆိုတာ သွေးကြောတွေ ထိခိုက်ဒဏ်ရာရတဲ့အခါ သွေးအလွန်အကျွံ မဆုံးရှုံးစေဖို့ ကူညီပေးတဲ့ အရေးကြီးလုပ်ငန်းစဉ်တစ်ခု ဖြစ်ပါတယ်။ ဒဏ်ရာရတဲ့နေရာမှာ ပရိုတင်းတွေ ပေါင်းစည်းလိုက်ပြီး သွေးခဲတွေ ဖြစ်ပေါ်လာပါတယ်။...

သွေးခဲခြင်းနှင့် သွေးထွက်ခြင်းဆိုင်ရာ ပြဿနာ Disseminated Intravascular Coagulation (DIC) (November,2023)

0
သွေးခဲခြင်းနှင့် သွေးထွက်ခြင်းဆိုင်ရာ ပြဿနာ ( DIC ) Disseminated intravascular coagulation (DIC) ဆိုတာ သွေးခဲခြင်းနှင့် သွေးထွက်ခြင်းဆိုင်ရာ ပြဿနာများကို ဖြစ်စေနိုင်တဲ့ ပြင်းထန်တဲ့အခြေအနေတစ်ခုဖြစ်ပါတယ်။ ပိုးဝင်ခြင်းနဲ့ ကင်ဆာ စတဲ့ အရင်းခံကျန်းမာရေးအခြေအနေတွေကြောင့် ဖြစ်တတ်ပါတယ်။ DIC မှာ အဆင့်နှစ်ဆင့် ပါရှိပါတယ်။ ပထမအဆင့်က...

ခြေ/လက်များ သွေးလုံလောက်စွာ မရရှိသဖြင့် နာကျင်မှု ခံစားရခြင်း Claudication (November,2023)

0
ခြေ/လက်များ သွေးလုံလောက်စွာ မရရှိသဖြင့် နာကျင်မှု ခံစားရခြင်း (Claudication) Claudication ဆိုတာကတော့ လေ့ကျင့်ခန်း ပြုလုပ်နေစဥ်အတွင်းမှာ ခြေထောက် (သို့မဟုတ်) လက်မောင်းကြွက်သားတွေမှာ ခံစားရတဲ့နာကျင်မှုကို ဆိုလိုတာ ဖြစ်ပါတယ်။ အကြောင်းအရင်းကတော့ ထိုကြွက်သားတွေကို အထောက်အပံ့ပေးနေတဲ့ သွေးကြောတွေမှာ သွေးလုံလုံလောက်လောက် မစီးဆင်းတဲ့အတွက်ကြောင့်ပါ။ များသောအားဖြင့်တော့ Claudication ကို အချိန်အကြာကြီး...

အရေပြားအောက်မှာ ရွေ့လျားသွားနေသော ယားနာ Cutaneous Larva Migrans (October,2023)

0
အရေပြားအောက်မှာ ရွေ့လျားသွားနေသော ယားနာ (Cutaneous Larva Migrans) အရေပြားအောက်မှာ တီကောင်သေးသေးလေးတစ်ကောင် လျှောက်သွားနေသလို အနီရောင် ကွေ့ကွေ့ကောက်ကောက် ယားနာလမ်းကြောင်းလေးတွေကို မြန်မာအပါအဝင် အရှေ့တောင်အာရှနိုင်ငံက လူနာတချို့မှာ တွေ့နိုင်ပါတယ်။ အထူးသဖြင့် ဖိနပ်မပါဘဲ မြေကြီးပေါ်လျှောက်သွားသူ၊ လယ်လုပ်သူ၊ ဥယျာဉ်လုပ်သူ၊ ရေစပ်နဲ့ မြစ်ကမ်းတွေမှာ ဖိနပ်မပါဘဲ လမ်းလျှောက်သူတွေမှာ အဖြစ်များပါတယ်။ အဲဒီယားနာလေးတွေက...

ပေါင်ခြံယားယံခြင်းကို ဖြစ်စေသော ရောဂါတစ်မျိုး Jock Itch / Tinea Cruris (October,2023)

0
ပေါင်ခြံယားယံခြင်းကို ဖြစ်စေသော ရောဂါတစ်မျိုး (Jock Itch / Tinea Cruris) Jock itch ဆိုတာ ပွေးရောဂါ (ringworm) နဲ့ဆင်တဲ့ မှိုကြောင့်ဖြစ်တဲ့ ရောဂါတစ်ခု ဖြစ်ပါတယ်။ Jock itch မှာ ပေါင်ခြံ၊ ပေါင်ရဲ့အတွင်းပိုင်းနဲ့ တင်ပါး (butt crack) မှာ...

မြွေအန္တရာယ် Beaware of Snakes (September,2023) (Video)

0
ခုလိုရာသီမှာ အဆိပ်ရှိတဲ့မြွေအန္တရာယ်ဟာ ကျေးလက်နေပြည်သူများနဲ့ စစ်ဘေးရှောင်ပြည်သူများကို ခြိမ်းခြောက်လျက်ရှိပါတယ်။ ဒီ Video မှာတော့ မြွေကိုက်မခံရအောင် ဘယ်အချက်တွေလိုက်နာရမလဲ၊ မြွေကိုက်တာနဲ့ပတ်သက်တဲ့ ယုံမှတ်မှားနေတဲ့ အယူအဆမှားတွေ၊ မြွေကိုက်ခံရတဲ့အခါ ရှေးဦးသူနာပြုစုနည်းတွေ၊ မြွေဆိပ်တက်ခြင်းရဲ့ လက္ခဏာတွေစတဲ့ စိတ်၀င်စားဖွယ်ကောင်းပြီး တစ်ချိန်ချိန်မှာ လက်တွေ့အသုံးချနိုင်တဲ့အကြောင်းအရာတွေကို ဒေါက်တာဆုတောင်းပြည့်က မျှဝေပေးထားပါကြောင်း... Ministry of Health, National...

လည်ပင်းကျီးပေါင်း Cervical Spondylosis (September,2023)

0
"လည်ပင်းကျီးပေါင်း (Cervical Spondylosis)" လူတော်တော်များများ ကြားဖူးနားဝရှိကြတဲ့ လည်ပင်းကျီးပေါင်းဆိုတာဟာ တကယ်တော့ အသက်အရွယ်အရ ဖြစ်ပေါ်လာတဲ့ အရိုးနဲ့အရွတ်အချို့ ထိခိုက်ပျက်စီးလာတဲ့ ရောဂါတစ်မျိုး (Degenerative disease) ဖြစ်ပြီး အဓိကအားဖြင့် လည်ပင်းနားတစ်ဝိုက်မှာ နာကျင်တောင့်တင်းမှုကို ခံစားရလေ့ ရှိပါတယ်။ . ???? ရောဂါဖြစ်ပေါ်လာပုံ အသက်အရွယ်ရလာတာနဲ့အမျှ ကျောရိုးဆစ်တွေကြားမှာရှိတဲ့ (intervertebral disc) လို့ခေါ်တဲ့...

ဓာတ်မတည့်မှုကြောင့်ဖြစ်သော ဖောရောင်ခြင်း Angioedema(August,2023)

0
"ဓာတ်မတည့်မှုကြောင့်ဖြစ်သော ဖောရောင်ခြင်း (Angioedema)" Angioedema ဆိုတာ အရေပြားအောက် (သို့) အရည်ထုတ်ပေးနိုင်တဲ့ အမြှေးပါးအောက်ရှိ တစ်သျူးအလွှာ ရောင်ရမ်းခြင်းဖြစ်ပြီး အရည်တွေစုလာကာ သွေးကြောများကျယ်လာခြင်း ဖြစ်ပါတယ်။ ဒီလိုရောင်ရမ်းခြင်းဟာ မျက်နှာ၊ လျှာ၊ နှုတ်ခမ်း၊ လည်ချောင်း၊ လက်နဲ့ ခြေထောက်တို့မှာ အများဆုံးဖြစ်ပွားတတ်ပြီး လည်ချောင်း၊ အဆုတ် (သို့) အစာအိမ်နဲ့...

ခြေထောက်ကို ပေးတဲ့ သွေးလွှတ်ကြောတွေမှာ ပြဿနာပေးတဲ့ ကြီးမားတဲ့ရောဂါတစ်ခု Critical Limb Ischemia (CLI)

0
ဆေးခန်းကို လာပြတဲ့ လူနာတစ်ယောက်... ၆၇ နှစ် အမျိုးသမီး...ဘယ်ဖက်ခြေသန်းမှာ အနာဖြစ်တာ ၈ ပတ်ကျော်။ အဲဒီမတိုင်ခင်က အရည်ကြည်ဖုလေးဖြစ်နေတာ။ လမ်းလျှောက်ရင် နာလိုက် ပျောက်လိုက် ဖြစ်နေတာတော့ ကြာ​ပါပြီတဲ့။ ဆီးချိုရှိတာက နှစ် ၂၀... Insulin ထိုးနေတာ ၇ နှစ်... သွေးတိုးနဲ့ သွေးတွင်းအဆီဓာတ်မကောင်းတာတွေအတွက်လည်း ဆေးသောက်နေပါတယ်တဲ့။ . ကဲ ....

ခြေထောက်စိုနာ Trench Foot or Immersion Foot (Video)

0
ခုလိုမိုးများပြီး စိုစွတ်တဲ့ ရာသီဥတုမှာ စိုစွတ်တဲ့ခြေအိတ်တွေနဲ့ ဖိနပ်တွေကြောင့် ခြေထောက်စိုနာ (Trench foot or Immersion foot) ဖြစ်ပွားလေ့ရှိပါတယ်။ ဒီရောဂါဟာ မခံမရပ်နိုင်အောင်နာကျင်ပြီး နောက်ဆက်တွဲရောဂါပိုးတွေ၀င်ရောက်နိုင်တဲ့ အန္တရာယ်ရှိပေမဲ့ ကြိုတင်ကာကွယ်လို့ရနိုင်ပါတယ်။ ခြေထောက်စိုနာဘာကြောင့်ဖြစ်တယ်၊ ဘယ်လိုကာကွယ်နိုင်တယ်၊ ဘယ်လိုကုသနိုင်တယ်ဆိုတဲ့ အရေးကြီးတဲ့ အချက်တွေကို ဒေါက်တာဆုတောင်းပြည့်က မျှဝေပေးထားပါတယ်။ Ministry...

လက်ဆစ်များ ညိုမည်းနေခြင်း Dark Knuckles

0
“လက်ဆစ်များ ညိုမည်းနေခြင်း (Dark knuckles)” လက်ဆစ်တွေ ညိုမည်းရခြင်းဟာ အဓိကအားဖြင့် မယ်လနင်ထုတ်လုပ်မှု လွန်ကဲခြင်းကြောင့် ဖြစ်ရပါတယ်။ Melanin ဆိုတာ အရေပြားကို အရောင်ပေးစွမ်းနိုင်တဲ့ ရောင်ခြယ်ပစ္စည်းဖြစ်ပြီး အရေပြားတစ်ဝိုက်မှာ အမည်းကွက်များ ဖြစ်စေတတ်ပါတယ်။ အဲဒီလိုဖြစ်ရတဲ့ ရောဂါလက္ခဏာတွေဟာ မစိုးရိမ်ရဘဲ အခြားရောဂါအခံရှိဖို့ အခွင့်အလမ်းကလည်း နည်းပါးပါတယ်။ လူအများစုမှာ ဒီလိုလက်ဆစ်တွေ...

Gout (ဂေါက်)ရောဂါ

0
Gout ရောဂါနဲ့ uric acid တက်တယ် ဆိုတာကို လူတိုင်းနီးပါး ကြားဖူးကြမှာပါ။ ဒီနေ့မှာတော့ Gout ရောဂါက ဘာကြောင့် ဖြစ်တာလဲဆိုတာနဲ့ ဆောင်ရန် ရှောင်ရန်တွေကို ပြောပြသွားမှာ ဖြစ်ပါတယ်။ ???? ကဲ ဒါဆို Gout ရောဂါဆိုတာ ဘာလဲ Gout ရောဂါဆိုတာဟာ အရိုးအဆစ်ရောင်တဲ့...

Snake Bite

0
ဒီရက်ပိုင်း မြွေကိုက်ခံရတဲ့လူနာတွေ ခပ်စိပ်စိပ်တွေ့နေရလို့…..မြွေအကြောင်း အခြေခံဗဟုသုတတွေနဲ့ မြွေကိုက်ခံရခြင်းနဲ့ ပတ်သတ်တဲ့အကြောင်းတွေကို မျှဝေပါရစေ….... မြန်မာနိုင်ငံမှာရှိတဲ့ အဆိပ်ရှိ (အဆိပ်ပြင်း) မြွေတွေကို Elapidae နဲ့ Viperidae ဆိုပြီး အဓိကအုပ်စု (၂) ခု ခွဲခြားထားပြီး၊ အတန်အသင့် အဆိပ်ရှိတဲ့မြွေတွေကတော့ Colubridae ဆိုတဲ့ တတိယအုပ်စုထဲမှာ ပါဝင်ပါတယ်။ ဒီလို...

လက်ချောင်းတွေနဲ့ (တစ်ခါတစ်ရံ) ခြေချောင်းတွေမှာ သွေးလည်ပတ်မှု မကောင်းလို့ဖြစ်တဲ့ အခြေအနေ “Raynaud’s Phenomenon” (April, 2023)

0
“Raynaud's Phenomenon” (ရေးနော့ဒ် ဖြစ်စဉ်) Raynaud's phenomenon ဆိုတာ လက်ချောင်းတွေနဲ့ (တစ်ခါတစ်ရံ) ခြေချောင်းတွေမှာ သွေးလည်ပတ်မှု မကောင်းလို့ဖြစ်တဲ့ အခြေအနေ ဖြစ်ပါတယ်။ လက်ချောင်းခြေချောင်းတွေမှာရှိတဲ့ သွေးလွှတ်ကြောလေးတွေဟာ အပူချိန်လျော့နည်းလာတဲ့အခါ ရုတ်တရက်ကျုံ့သွားပြီး သွေးလည်ပတ်မှု နည်းသွားတာပါ။ ပထမပိုင်းမှာ ခေတ္တခဏသာ ကျုံ့တာဖြစ်ပြီး အနွေးဓာတ်ရရင် သက်သာပေမယ့် နောက်ဆုံးမှာတော့...

“ ဒူးခေါက်ကွေး ကြွက်သား/ပေါင်နောက် ကြွက်သား ဒဏ်ရာရခြင်း (Hamstring Muscle Injury)” (April 2023)

0
"ဒူးခေါက်ကွေး ကြွက်သား/ပေါင်နောက် ကြွက်သား ဒဏ်ရာရခြင်း (Hamstring Muscle Injury)"Hamstrings ဆိုတာ ပေါင် အနောက်ဘက်မှာရှိတဲ့ ကြီးမားပြီး အားကောင်းတဲ့ ကြွက်သားအုပ်စုတစ်ခု ဖြစ်ပါတယ်။ အထူးသဖြင့် အားကစားသမားတွေမှာ ကောင်းစွာ ကြီးထွားဖွံဖြိုးလေ့ရှိပါတယ်။Hamstrings ကြွက်သားတွေဟာ တင်ပါးဆုံရိုးနဲ့ ဒူးကြားမှာရှိပြီး လမ်းလျှောက်တာ (ဒါမှမဟုတ်) ပြေးတဲ့အခါ...

“ Common Infectious Diseases in Summer” (Video) (April 2023)

0
"နွေရာသီတွင် အဖြစ်များသော ကူးစက်ရောဂါများ" ခုလို ပူလောင်ပြင်းထန်တဲ့ နွေရာသီမှာ တဖြည်းဖြည်း မြင့်တက်လာတဲ့ အပူဒဏ်အပြင် လူထုကို ဒုက္ခပေးနိုင်တဲ့ ကူးစက်ရောဂါတွေလည်း ကူးစက်ပျံ့နှံ့လေ့ ရှိပါတယ်။ ဂရုတစိုက် ကာကွယ်ခြင်းမရှိရင် လူအများအပြားကို ကူးစက်စေတတ်တဲ့ နွေရာသီမှာ အဖြစ်များတဲ့ ကူးစက်ရောဂါတွေအကြောင်းနဲ့ ကာကွယ်ရေးနည်းလမ်းတွေကို ဒေါက်တာဆုတောင်းပြည့်က စိတ်ဝင်စားဖွယ်...

“ သက်ကြီးပိုင်းတွေမှာ ဖြစ်လေ့ရှိတဲ့ ချော်လဲကျခြင်း “

0
"သက်ကြီးပိုင်းတွေမှာ ဖြစ်လေ့ရှိတဲ့ ချော်လဲကျခြင်း " အသက်ကြီးလာတာနဲ့အမျှ ခန္ဓာကိုယ်ရဲ့တုံ့ပြန်နိုင်စွမ်း တဖြည်းဖြည်း ကျဆင်းလာပြီး အသက် (၆၅) နှစ်အထက်မှာ သက်ကြီးပိုင်းတွေမှာ ချော်လဲတာ အများဆုံးနဲ့ အဆိုးဆုံး ဖြစ်တတ်ပါတယ်။ အထူးသဖြင့် အရိုးပွရောဂါ ရှိတဲ့သူတွေမှာ ပိုဖြစ်တတ်ပြီး ချော်လဲမှုတွေရဲ့ (၅) ရာခိုင်နှုန်း​လောက်မှာ အရိုးကျိုးလေ့ရှိတယ်လို့ သုတေသနတစ်ချို့က...

Ganglion (ခပ်မာမာ အလုံးလေး)(September, 2022)

0
Ganglion ဆိုတာ ခြေတွေလက်တွေမှာ အတွေ့ရများတဲ့ အရေပြားအောက်ကနေ ငေါထွက်နေတတ်တဲ့ ခပ်မာမာ အလုံးတစ်လုံးပါပဲ။ အလုံးထဲမှာတော့ ဂျယ်လီလို အရည်ကြည်တွေနဲ့ ပြည့်နေတတ်ပါတယ်။ ◼️ အတွေ့ရများတတ်တဲ့ နေရာတွေက ? လက်ကောက်ဝတ်မှာ အဖြစ်များပြီး လက်ဖမိုးဘက်မှာ ပိုတွေ့ရတတ်ပါတယ်။ လက်ချောင်းတွေရဲ့ အခြေနားနဲ့ ခြေဖမိုးပေါ်မှာလည်း တွေ့ရတတ်ပါတယ်။ ◼️ ရောဂါလက္ခဏာတွေက ? Ganglion လုံးဟာ...

ခါးရိုးစောင်းခြင်း Scoliosis ( August, 2022 )

0
ခါးရိုးစောင်းခြင်း (Scoliosis) မိမိကိုယ်ကိုယ် ယုံကြည်မှုမရှိအောင်ဖြစ်စေတဲ့ရောဂါတွေထဲမှာ ခန္ဓာကိုယ်အနေအထား မမှန်တဲ့ရောဂါကလည်း တစ်ခုအပါအဝင် ဖြစ်ပါတယ်။ လူကြားထဲထွက်ရင် အနေအထားမမှန်တဲ့ ခန္ဓာကိုယ်ပုံစံကြောင့် ခဏခဏရှက်ရတယ်။ စိတ်အဆင်မပြေ ခံစားရတယ်။ ဒီလိုရောဂါတွေထဲကမှ scoliosis လို့ခေါ်တဲ့ ခါးရိုးစောင်းခြင်းနဲ့ပတ်သက်တဲ့ သိသင့်သိထိုက်တဲ့ ဗဟုသုတတွေ ဘာတွေလုပ်‌ဆောင်ရမယ်ဆိုတာတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ Scoliosis ဆိုတာကတော့ မိမိရဲ့ခါးရိုဟာ...

အကြောတက်ရောဂါ Fibromyalgia ( August, 2022 )

0
အကြောတက်ရောဂါ ( Fibromyalgia ) “ကြွက်သားတွေက ဟိုနေရာကနာ ဒီနေရာကနာနဲ့ … တခါတလေ နာလွန်းလို့ အိပ်မရဘူး … အလုပ်လည်းကောင်းကောင်း မလုပ်ရဘူး … ဝေ‌ဒနာက ပေါ်လိုက်ပျောက်လိုက်နဲ့ ဖြစ်လာတာ တစ်နှစ်ဝန်းကျင်လောက် ရှိပြီ … ဆေးခန်းပြ စမ်းသပ်ကြည့်တော့လည်း ဘာမှ...

အသားထူအရေပြားရောဂါ Psoriasis ( August, 2022 )

0
အသားထူအရေပြားရောဂါ ( Psoriasis ) ခန္ဓာကိုယ်မှာ ရောဂါတစ်ခုရယ်လို့ ဖြစ်လာပြီဆိုရင် လူအနည်းနဲ့အများ stress ဖြစ်ကြတာ ဓမ္မတာပါပဲ။ ရောဂါတွေထဲကမှ အရေပြားရောဂါဖြစ်ရင်တော့ confidence မရှိ ၊ စိတ်က ပိုပြီးထိလွယ်ရှလွယ် ဖြစ်တတ်ကြပါတယ်။ အဓိကကတော့ ကိုယ့်ရဲ့အရေပြားအသားအရေဟာ လူတွေမြင်နေနိုင်တဲ့အစိတ်အပိုင်း ဖြစ်တဲ့အတွက်ကြောင့်ပါပဲ။ ဒါကြောင့် ဒီနေ့မှာတော့ အရေပြားရောဂါတွေထဲကတွေထဲက...

သတိထားစရာ သွေးလေးဖက်နာ Rheumatoid Arthritis ( August, 2022 )

0
" သတိထားစရာ သွေးလေးဘက်နာ " အဆစ်အမြစ်ရောင်ရောဂါအမျိုးမျိုးရှိတဲ့အထဲမှာ အရွယ်ရောက်ပြီးသူတွေကို ဒုက္ခအပေးဆုံး လေးဘက်နာရောဂါတစ်မျိုးကတော့ သွေးလေးဘက်နာ ( Rheumatoid Arthritis ) ဖြစ်ပါတယ်။ ✳️ သွေးလေးဘက်နာ ဆိုတာ ဘာလဲ ? - လူသားတွေရဲ့ခန္ဓာကိုယ်မှာ ပြင်ပရောဂါပိုးမွှားတွေကို ကာကွယ်ပေးတဲ့ခုခံအားစနစ်ရှိပါတယ်။- အဲဒီ့ခုခံအားဟာ တစ်ခါတစ်လေ မျက်စိလည်ပြီး ရောဂါပိုးကိုမတိုက်ပဲ...

ခြေဖနောင့်အရွတ်ရောင်ခြင်း Plantar Fasciitis (August, 2022)

0
ခြေဖနောင့်အရွတ်ရောင်ခြင်း (Plantar Fasciitis) ခြေဖနောင့်အရွတ်ရောင်တာဟာ ခြေ‌ဖနောင့်နာရတဲ့အဖြစ်အများဆုံး အကြောင်းရင်းပါ။ ခြေဖနောင့်နဲ့ ခြေချောင်းအရိုးလေးတွေကြား ဆက်သွယ်ထားတဲ့ အရွတ်ရောင်တာပါ။ ဘယ်လိုခံစားရပါလဲ? အများအားဖြင့် စူးစူးပြီးနာပါတယ်။ ဖနောင့်နား ခြေဖဝါးကပါ။ မနက်နိုးနိုးချင်း စလှမ်းတဲ့ ပထမဆုံးခြေလှမ်းမှာ နာလေ့ရှိပါတယ်။ နောက်ပိုင်း ထပြီး လှုပ်ရှားသွားလာရင်တော့ တဖြည်းဖြည်းသက်သာလာလေ့ရှိပါတယ်။ ဒါပေမယ့်လည်း အကြာကြီး မတ်တပ်ရပ်ရင်၊ ထိုင်ရာကနေ...

အရေပြားလေးဘက်နာ Systemic Lupus Erythematosus (SLE)( July, 2022 )

0
SLE (သို့) အရေပြားလေးဘက်နာ အရေပြားလေးဘက်နာရောဂါ ကို ဆေးပညာလို ( Systemic Lupus Erythematosus) လို့ ခေါ်ပြီး အတိုကောက်အနေနဲ့ SLE / Lupus လို့ မှတ်ထားနိုင်ပါတယ် ။ မိမိရဲ့ ခုခံကာကွယ်စနစ်က မိမိရဲ့ကိုယ်တွင်းဆဲလ်‌တွေကိုပြန်တိုက်နေလို့ ခုခံအားကမောက်ကမ ဖြစ်တဲ့ (Autoimmune...

“ဆီးချိုခြေထောက်နာရောဂါ” Diabetes Foot ( July, 2022 )

0
သင့်မှာ ဆီးချိုရောဂါရှိတယ်ဆို “ဆီးချိုခြေထောက်နာရောဂါ” မဖြစ်စေရန် ယနေ့မှစ၍ ကာကွယ်ပါ ဆီးချိုရောဂါဟာ ခြေထောက်အာရုံကြောများကို ထိခိုက်ပျက်စီးစေပြီး အပူ၊ အအေး၊ အထိအတွေ့၊နာကျင်မှု ခံစားနိုင်စွမ်းကို လျော့နည်းစေပါတယ်။ ရောဂါပိုးဝင်၍ဖြစ်စေ၊ အခြားအကြောင်းရင်းကြောင့်ဖြစ်စေ ဒဏ်ရာအနာတရဖြစ်လွယ်စေပါတယ်။ ဒါ့ကြောင့် နောက်ဆက်တွဲအနေနဲ့ • ခြေဖဝါးမှာ အသားမာတက်ခြင်း/အသားမာအစိုင်အခဲဖြစ်လာခြင်း• ခြေသည်း ပိုးဝင်ပြီး ရောင်ရမ်းပြည်တည်နာဖြစ်ခြင်း• ခြေသည်း...

“ ခွေးရူးပြန်ခြင်း” ???????????????????????? ???????????????????? ( June, 2022 )

0
"ခွေးရူးပြန်ခြင်း" ???????????????????????? ???????????????????? ခွေးရူးပြန်ရောဂါဟာ Rabid (ခွေးရူးရောဂါ စွဲကပ်နေသော) တိရစ္ဆာန်တို့မှ တစ်ဆင့် ကူးစက်တတ်သော ရောဂါဖြစ်ပါတယ်။ မြန်မာပြည်သူများနှင့်လည်း မစိမ်းဘူးထင်ပါတယ်နော်။ ဘယ်တိရစ္ဆာန်တွေကနေ အများဆုံးကူးတတ်လဲ❓ ခွေးရူးပြန်ဆိုတိုင်း ခွေးကနေပဲ ကူးစက်တတ်တယ်လို့ အထင်မှားတတ်ကြပါတယ်။ လင်းဆွဲ၊ကြွက်၊ ကြောင်၊ ယုန်၊ မြင်း၊ မျောက် နဲ့ အခြားတိရစ္ဆာန်တွေမှလည်း...

ခြေကျင်း၀တ်လည်ခြင်း/ခေါက်ခြင်း Sprained ankle( June, 2022 )

0
"Sprained ankle" ခြေကျင်း၀တ်လည်ခြင်း/ခေါက်ခြင်း ❓ဘာကို ခြေကျင်း၀တ်ခေါက်ခြင်း (Sprained ankle) လို့ခေါ်ပါသလဲ? ????ခြေကျင်း၀တ်နားမှာ တွယ်ဆက်ထားတဲ့ အရွတ်ပြားတွေဒဏ်ဖြစ်ခြင်းကို​ sprained ankle လို့ခေါ်ခြင်းဖြစ်ပါတယ်။ အရွတ်ပြားရဲ့ အမျှင်တွေကို စွဲဖြဲသကဲ့သို့ တင်းလာပြီး ပြတ်ထွက်ခြင်းနဲ့ အတွင်းထဲ သွေးစီးယိုထွက်ခြင်းတို့ကို ထပ်ဆင့် ဖြစ်နိုင်ပါတယ်။ ရရှိလာတဲ့ဒဏ်ပေါ်မူတည်ပြီး အနည်းငယ်စုတ်ပြဲခြင်းနဲ့ အရွတ်ပြားတစ်ခုလုံးနီးပါးစုတ်ပြဲခြင်း...

ကြွက်နို့အကြောင်း သိကောင်းစရာ Warts ( June, 2022 )

0
ကြွက်နို့အကြောင်း သိကောင်းစရာ (Warts) ကြွက်နို့ဆိုတာ Human Papillomavirus ​(HPV ဗိုင်းရပ်စ်) ကြောင့်ဖြစ်ရတဲ့ ​ခန္ဓာကိုယ်ခြေလက်အနှံ့နဲ့ လိင်အင်္ဂါတစ်ဝိုက်ပါမကျန်ဖြစ်ပွားတဲ့ အရေပြားရောဂါတစ်ခုပါ။ ❓ကြွက်နို့ဘာလို့ဖြစ် ကြွက်နို့ဟာ Human Papillomavirus (HPV ဗိုင်းရပ်စ်)ကြောင့်ဖြစ်ရတယ်။ HPV ဗိုင်းရပ်စ်မျိုးကွဲပေါင်း ရာနဲ့ချီရှိတဲ့အနက် ဖြစ်ပွားတဲ့ခန္ဓာကိုယ်နေရာနဲ့ ကြွက်နို့အမျိုးအစားပေါ်မူတည်ပြီး HPV ဗိုင်းရပ်စ် အမျိုးအစားကွဲတွေလည်း မတူတတ်ကြပါဘူး။...

နာတာရှည် လေပြွန်ကျဉ်းခြင်း Chronic Obstructive Pulmonary Disease ( COPD ) ( June,...

0
နာတာရှည် လေပြွန်ကျဉ်းခြင်း (COPD) ????ဆေးလိပ်ကို တစ်နေ့တစ်နေ့အလိပ်ပေါင်းများစွာ၊ နှစ်ရှည်သောက်ခဲ့ပြီး ချောင်းတဟွတ်ဟွတ်ဆိုးနေပြီဆိုရင်တော့ နာတာရှည်လေပြွန်ကျဉ်းနေပြီလား ဆိုပြီးစဉ်းစားရပါတယ် ????ဆေးလိပ်က အသက်ရှူလမ်းကြောင်းကို ဘယ်လိုထိခိုက်စေလဲဆိုရင်... - လေပြွန်ကိုထိခိုက်စေကာ ရောင်ရမ်းစေခြင်း- လေပြွန်အတွင်းအချွဲ(mucous)များစွာထွက်စေခြင်း- နောက်ပိုင်းတွင် လေပြွန်ကျဥ်းသွားခြင်း- အဆုတ်အတွင်းရှိ လေအိတ်များ ပျက်စီးစေခြင်းတို့ဖြစ်စေပါတယ်။ ????ဆေးလိပ်အပြင်- ခြင်ဆေး၊ အမွှေးတိုင်က အငွေ့တွေ- သစ်ရွက်/ အမှိုက်မီးရှို့တဲ့အခါထွက်လာတဲ့ မီးခိုးငွေ့တွေ-...

ခြေထောက်သွေးပြန်​ကြော သွေးခဲခြင်း Deep Vein Thrombosis ( May, 2022 )

0
ခြေထောက်သွေးပြန်​ကြော သွေးခဲခြင်း (Deep Vein Thrombosis) DVTဆိုတာမပြောခင် အရင်ဆုံးတော့ သွေးပြန်ကြော(Vein)ရဲ့ပုံမှန်အလုပ်လုပ်ပုံလေး သိထားသင့်ပါတယ်။ သွေးပြန်ကြောဟာ သူ့နာမည်အတိုင်း ခန္ဓာကိုယ်အနှံ့ကသွေးတွေကို နှလုံးထဲပြန်ရောက်အောင် သယ်ပေးတာပါ။ သွေးပုံမှန်စီးဆင်းနေပြီး သွေးမခဲသွားအောင် သွေးပြန်ကြောဘေးတလျောက်မှာရှိတဲ့ ကြွက်သားတွေရဲ့ညှစ်အားနဲ့ ပြန်ကြောအတွင်းရှိအဆို့ရှင်(Valves)လေးတွေက ကူညီပေးကြပါတယ်။ ❓ဘယ်လိုအချိန်မှာသွေးခဲမှာလဲ အကြောင်းအမျိုးမျိုးကြောင့် သွေးလည်ပတ်မှုပျက်သွားရင်တော့ သွေးခဲခြင်း(thrombosis)ဖြစ်ပါတယ်။ခြေသလုံးအတွင်းရှိသွေးပြန်ကြောအတွင်း သွေးခဲခဲ့ရင်တော့ Deep vein thrombosis လို့ခေါ်ပါတယ်။ ❓ဘယ်လိုလူတွေမှာဖြစ်တတ်လဲ -...

သွေးလွန်တုပ်ကွေး Dengue Hemorrhagic Fever ( May, 2022 )

0
သွေးလွန်တုပ်ကွေး သွေးလွန်တုပ်ကွေးရောဂါဆိုတာ သွေးလွန်တုပ်ကွေး ဗိုင်းရပ်စ်ကိုသယ်ဆောင်ထားတဲ့ အေးဒီးစ် (Aedes)လို့ခေါ်တဲ့ ခြင်ကိုက်လို့ ဖြစ်တာပါ။ ❓ဘယ်သူတွေမှာဖြစ်လေ့ရှိလဲ အသက်သုံးနှစ်ကနေ ဆယ့်ငါးနှစ်အတွင်းကလေးတွေမှာအဖြစ်များပါတယ်။ ဒါပေမယ့် အသက်အရွယ်မရွေး ဖြစ်နိုင်ပြီး ရောဂါလက္ခဏာတွေကလဲ အသက်အရွယ်ပေါ်မူတည်ပြီး နည်းနည်းကွာပါတယ်။ ❓ရောဂါလက္ခဏာဘာတွေလဲ။ အများအားဖြင့် ပြင်းထန်တဲ့တုပ်ကွေးရဲ့ရောဂါလက္ခဏာတွေဖြစ်လေ့ရှိပါတယ်။ အရိုးကွဲအဖျားလို့တောင်ခေါ်ရလောက်အောင် တစ်ခါတရံ အရိုးအဆစ်တွေ ကိုက်ခဲနာကျင်တတ်ပါတယ်။ ရောဂါဖြစ်စေတဲ့ခြင်ကိုက်ခံရပြီး သုံးရက်ကနေဆယ့်လေးရက်လောက်အတွင်းမှာ... - ချမ်းတုန်ပြီး အဖျားကြီးခြင်း- မျက်လုံးအောင့်ပြီး ခေါင်းအရမ်းကိုက်ခြင်း-...

Trench Foot or Immersion Foot

0
ခြေထောက်စိုနာရောဂါ (Trench Foot or Immersion Foot) ဆိုသည်မှာ ခြေထောက်များ အချိန်ကြာမြင့်စွာ စိုထိုင်းခြင်းကြောင့် ဖြစ်ပွားသော ရောဂါတစ်ခုပါသည်။ ရောဂါဖြစ်ပွားပါက ခြေထောက်များ အလွန်အမင်း နာကျင်စွာခံစားရစေတတ်သော်လည်း ကြိုတင်ကာကွယ်၊ ကုသ၍ ရနိုင်ပါသည်။ ခြေထောက်စိုနာရောဂါသည် အအေးဓာတ် (အေးခဲသည်အထိ မဟုတ်)၊ စိုထိုင်းမှုနှင့် တစ်ခါတစ်ရံ...

အသက်ကြီးသူများတွင် ဖြစ်တတ်သော အဆစ်အမြစ်ရောင်ရောဂါတစ်မျိုး Osteoarthritis ( May, 2022 )

0
အသက်ကြီးသူများတွင် ဖြစ်တတ်သော ဒူးနာခြင်း ( Osteoarthritis ) အဆစ်အမြစ်ရောင်ရောဂါတစ်မျိုး (osteoarthritis)ကို အသက်အရွယ်မရွေးခံစားရပေမယ့် ၊ အသက်အရွယ်ကြီးရင့်သူတွေမှာတော့ တော်ရုံမပျောက်ကင်းဘဲ စွဲစွဲမြဲမြဲ ဒုက္ခပေးနေတတ်တဲ့အိမ်မက်ဆိုး တစ်ခုဖြစ်နေတတ်ပါတယ်။ အဓိကကတော့ အသက်ကြီးလာတာနဲ့အမျှ အဆစ်တွေအပေါ် ဒဏ်တွေသက်ရောက်ပြီး ဖြစ်ပေါ်လာခြင်းပါ။ ဒီလိုအဆစ်ရောင်ခြင်း (Degenerative joint disorder )ကို ပျက်စီးယိုယွင်းလာသော...

ဆီးချိုကို စနစ်တကျဘယ်လိုတိုင်းကြမလဲနှင့် ဆီးချို ဘယ်လိုထိန်းကြမလဲ ( May, 2022 )

0
ဆီးချိုကို စနစ်တကျဘယ်လိုတိုင်းကြမလဲနှင့် ဆီးချို ဘယ်လိုထိန်းကြမလဲ ဆီးချိုဆိုတာ အရှင်းပျောက်ကင်းသွားမှာမဟုတ်တဲ့အတွက်• ဆီးချိုရှိပြီဆိုလိုက်တာနဲ့ ဆီးချိုတိုင်းတဲ့စက်လေးဆောင်ထားသင့်ပါတယ်။• ဆီးချိုကို ပုံမှန်တိုင်းရမယ့်အပြင် အရမ်းတက်သွားတာ ကျသွားတာမျိုးကို အမြန်သိလိုက်မှသာ အသက်အန္တရာယ်ကိုကာကွယ်နိုင်မှာပါ။ ❓ဒါဆိုဆီးချိုကို ဘယ်လိုတိုင်းကြမလဲ ✔️အိမ်မှာပဲ ဆီးချိုကို အစာ သို့မဟုတ် သောက်ဆေးနဲ့ ပုံမှန်ထိန်းထားနိုင်ရင်တော့တစ်ပတ် ကို (၃) ရက်ဖောက်ပေးပါ။- တစ်ရက်ကို...

ခြေထောက်သွေးကြောထုံးရောဂါ အကြောင်း Varicose Vein ( May, 2022 )

0
ခြေထောက်သွေးကြောထုံးရောဂါ အကြောင်း ( Varicose Vein ) ???? ခြေထောက်မှာ ဘာလို့ သွေးကြောထုံးတာလဲ ? ခန္ဓာကိုယ်အောက်ပိုင်း ခြေထောက်ကသွေးတွေဟာ ‌နှလုံးဆီပြန်သွားဖို့ ပုံမှန်အားဖြင့် ခြေသလုံးကြွက်သားတွေက ညှစ်ပို့ပေးသလို၊ သွေးတွေ အောက်ပြန်မကျစေဖို့/မအိုင်စေဖို့ကိုလည်း သွေးပြန်ကြောအတွင်းမှာ အဆို့ရှင် (one way valve)လေးတွေခံပြီးလည်း တားပေးထားပါတယ်။ အဲဒီ့အဆို့ရှင်လေးတွေ မသန်မာတော့ရင် (သို့)...

Gout (အဆစ်ရောင်ဂေါက်ရောဂါ) ( May, 2022 )

0
လူတွေပြောပြောနေကြတဲ့ ဂေါက်ရောဂါ (Gout) ရောဂါဆိုတာဘာလဲ? Gout ရောဂါဆိုတာကတော့ ခန္ဓာကိုယ်ရဲ့ ခြေဆစ်၊ လက်ဆစ်တွေနဲ့ တခြားအရိုးအဆစ်ကြီးကြီးမားမားတွေ (ဥပမာအားဖြင့် တံတောင်ဆစ်နဲ့ ဒူးဆစ်တွေ)မှာ Uric Acid Crystals လို့ခေါ်တဲ့ ပုံဆောင်ခဲလေးတွေကတစ်စထက်တစ်စ စုပုံလာပြီးတဲ့နောက်မှာ အဲ့ဒီအရိုးအဆစ်လေးတွေကရောင်ရမ်းလာပြီးတော့အရိုးအဆစ်လေးတွေနာကျင်လာတဲ့ရောဂါတစ်မျိုးပဲဖြစ်ပါတယ်။ပုံမှန်မှာတော့ ခန္ဓာကိုယ်ထဲကနေ Purine လို့ခေါ်တဲ့ Protein ဓာတ်တစ်မျိုးကို...

ခြေစွယ်ငုပ်ခြင်း Ingrown Toenail ( April, 2022 )

0
ခြေစွယ်ငုပ်ခြင်း ခြေစွယ်ငုပ်ခြင်းဟာ ခုနောက်ပိုင်း ရှူးဖိနပ်တွေ စီးတဲ့ ‌ခေတ်ပိုင်းတွေမှာ ပိုအဖြစ်များလာပါတယ်။ အဓိကကတော့ ခြေသည်းညှပ်တဲ့ပုံစံမှားယွင်းလို့ ခြေသည်းက အသားထဲစိုက်၀င်ရာကနေ ခဏခဏနာ၊ ရောင် ၊ ပိုး၀င်ပြီး ပြည်တည်တဲ့အထိဖြစ်လာတတ်ပါတယ်။ အဲလိုပိုး၀င်တဲ့အခါ အနာဆုံးပါ။ ✅ခြေသည်းညှပ်နည်း ခြေသည်းညှပ်ရာမှာ ခြေသည်းထောင့်တွေကို ပုံပါအတိုင်း ထောင့်ကျကျညှပ်ရမယ်၊ ဘေးထောင့်က ခြေထောက်အသားကိုကျော်အောင် အရှည်ထားပြီးညှပ်ရမှာ...

ဖုန်းနဲ့ ကွန်ပြူတာ အသုံးများသူများအတွက် ကျန်းမာရေး Spondylosis and Screen Time ( April, 2022...

0
"ယနေ့ခေတ်ရဲ့ ဖုန်းနဲ့ ကွန်ပြူတာ အသုံးများသူများအတွက် ကျန်းမာရေး" ဒီခေတ်မှာ ဖုန်းတွေ၊ ကွန်ပြူတာတွေ ပိုအသုံးများလာတာဟာ ခေတ်ရေစီးကြောင်းဖြစ်သလို work from home, clicker, gamer တွေကလည်း လက်ရှိ အနေအထားအရ ဖုန်းတွေ၊ ကွန်ပြူတာတွေကို အရင်ကထက် ပိုပြီး သုံးလာဖြစ်ပါတယ်။ အဲလို...

အိပ်တော့မယ်ဆိုမှ ခြေထောက်ကြီးဆာတာတာ ဖြစ်တာဘာကြောင့်လဲ Restless Legs Syndrome (RLS) ( February 2022)

0
အိပ်တော့မယ်ဆိုမှ ခြေထောက်ကြီးဆာတာတာ ဖြစ်တာဘာကြောင့်လဲ ? တချို့လူတွေ ခံစားဖူးကြပါမယ်။ အိပ်တော့မယ်ဆိုမှ ခြေထောက်ကြီးဆာတာတာဖြစ်၊ ခြေထောက်ကို မလှုပ်ရရင်မနေနိုင်၊ နာတာလည်းမဟုတ်၊ ကိုက်တာလည်း မဟုတ်၊ ရောင်ရမ်းတာလည်းမရှိ၊ တခြားလူကို ဘယ်လိုရှင်းပြရမယ်မှန်းလည်းမသိ။ အဲဒါမျိုးဖြစ်တာကို Restless legs syndrome (RLS)လို့ခေါ်ပါတယ်။ ဘာကြောင့်ဖြစ်တာလဲ ? ဖြစ်ရတဲ့ အကြောင်းအရင်းကို ခုချိန်ထိ တိတိကျကျ...

Hand, Foot, and Mouth Disease (HFMD) (January 2022)

0
Hand, Foot, and Mouth Disease (HFMD) ဆိုတာ တကယ်တော့ ကလေးတွေမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ရောဂါပါ။ တစ်ခါတလေတော့ လူကြီးပိုင်းတွေမှာလည်း ဖြစ်တတ်ပါတယ်။ အများအားဖြင့် ပါးစပ်တစ်ဝိုက်၊ နှုတ်ခမ်းအတွင်းနံရံတွေနဲ့ လက်ဖဝါးခြေဖဝါးတွေမှာ အနီစက်တွေ၊ အရည်ဖုလေးတွေ ဖြစ်တာပါ။ ခန္ဓာကိုယ်မှာ ဖြစ်တာရှားပါတယ်။ တချို့မှာတော့...