“သက်ကြီးပိုင်းတွေမှာ ဖြစ်လေ့ရှိတဲ့ ချော်လဲကျခြင်း “

“သက်ကြီးပိုင်းတွေမှာ ဖြစ်လေ့ရှိတဲ့ ချော်လဲကျခြင်း “

အသက်ကြီးလာတာနဲ့အမျှ ခန္ဓာကိုယ်ရဲ့တုံ့ပြန်နိုင်စွမ်း တဖြည်းဖြည်း ကျဆင်းလာပြီး အသက် (၆၅) နှစ်အထက်မှာ သက်ကြီးပိုင်းတွေမှာ ချော်လဲတာ အများဆုံးနဲ့ အဆိုးဆုံး ဖြစ်တတ်ပါတယ်။ အထူးသဖြင့် အရိုးပွရောဂါ ရှိတဲ့သူတွေမှာ ပိုဖြစ်တတ်ပြီး ချော်လဲမှုတွေရဲ့ (၅) ရာခိုင်နှုန်း​လောက်မှာ အရိုးကျိုးလေ့ရှိတယ်လို့ သုတေသနတစ်ချို့က ဆိုပါတယ်။

???? ဘယ်လောက်ထိ အဖြစ်များလဲ?

????အသက် (၆၅) နှစ်အထက် လူကြီးတွေရဲ့ (၃၀) ရာခိုင်နှုန်းလောက်ဟာ တစ်နှစ်ကို အနည်းဆုံး တစ်ကြိမ်တော့ ချော်လဲတတ်ပြီး ချော်လဲသူ (၄) ယောက်မှာ (၁) ယောက်က သိသာထင်ရှားတဲ့ ဒဏ်ရာတွေ ရရှိတတ်ပါတယ်။

???? အလင်း​ရောင်နည်းတဲ့ ညနေနဲ့ ညအချိန်​တွေမှာ ချော်လဲတာ ပိုဖြစ်တတ်ပါတယ်။

..

..

???? ချော်လဲရတဲ့ အကြောင်းရင်းများ

???? ယေဘုယျ (ရုပ်ပိုင်းဆိုင်ရာ) အကြောင်းရင်းတွေကတော့….

– အသက်ကြီးလာတာ

– ခန္ဓာကိုယ် အားနည်းလာတာ

– အမြင်အာရုံ မကောင်းတာ

– ခြေထောက် အားနည်းတာ

– ခန္ဓာကိုယ်ဟန်ချက်မညီဘဲ လမ်းလျှောက်တာ

– မသင့်တော်တဲ့ ဖိနပ် (ဒါမှမဟုတ်) အနိမ့်အမြင့်မညီတဲ့ ဖိနပ်တွေ စီးတာ…တို့ဖြစ်ပါတယ်။

.

???? ဆေးပညာဆိုင်ရာ အကြောင်းရင်းတွေကတော့…

– တစ်ချို့ဆေးတွေရဲ့ နောက်ဆက်တွဲအကျိုးဆက်တွေကြောင့်ဖြစ်တာ

(ဥပမာ – အိပ်ဆေးတွေနဲ့ သွေးပေါင်ကျဆေးတွေ)

– နှလုံးရောဂါရှိတာ

– သွေးပေါင်ကျတာ

– လေဖြတ်တာ

– အတွင်းတိမ်လိုမျိုး မျက်စိရောဂါတွေရှိတာ

– ဆီးချို သေချာမထိန်းနိုင်တာ

– အတက်ရောဂါရှိတာ

– အဆစ်အမြစ်ရောင် ရောဂါတွေ ခြေထောက်မှာဖြစ်တာ

– အာရုံ​ကြောများ ချို့ယွင်းမှု​ကြောင့် ​​​ခြေလက်တုန်ခြင်းနှင့် တောင့်တင်းခြင်းများ ဖြစ်သော​ရောဂါ (Parkinson’s disease) (ဒါမှမဟုတ်) ဟန်ချက်ညီ​အောင် မထိန်းနိုင်တဲ့​ရောဂါ (ဥပမာ-Meniere’s Syndrome) လိုမျိုး ရောဂါတွေရှိတာ

– စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းမှုရှိတာနဲ့ စိတ်ကယောင်ကတမ်းဖြစ်တာ… စတာတွေကြောင့် ဖြစ်တတ်ပါတယ်။

.

???? အိမ်တွင်းက ဘေးအန္တရာယ်တွေကြောင့်လည်း သက်ကြီးပိုင်းတွေမှာ ချော်လဲကျတာတွေဖြစ်တတ်ပါတယ်။

ဥပမာ- စိုစွတ်ချောမွတ်နေတဲ့ ကြမ်းပြင်တွေ၊ လက်ရမ်းမရှိတဲ့လှေကားတွေ၊ အလင်းရောင် ကောင်းကောင်းမရတာတွေနဲ့ လျှောက်လမ်း မညီညာတာတွေက အသက်ကြီးတဲ့လူကြီးတွေအတွက် ချော်လဲကျနိုင်စေတဲ့ အရာတွေဖြစ်ပါတယ်။

..

..

???? ချော်လဲကျပြီးနောက် ဘယ်လို အန္တရာယ်တွေ ဖြစ်နိုင်လဲ ?

• အရိုးကျိုးနိုင်ပါတယ်။ အထူးသဖြင့် ပေါင်ရိုး၊ ကျောရိုးတွေ ကျိုးနိုင်ခြေများပါတယ်။

• မာ​ကျောတဲ့ အရာဝတ္တုတွေနဲ့ ရိုက်မိပြီး ဦးခေါင်းဒဏ်ရာ ရနိုင်ပါတယ်။

• ဒါ့အပြင် အပူပေးကိရိယာတွေ၊ ရေနွေး စတာတွေနဲ့ထိမိခဲ့ရင် အပူလောင်နိုင်ပါသေးတယ်။

*** လူကြီးတစ်​ယောက် ချော်လဲပြီဆိုတာ ပေါ့​သေး​သေး ပြဿနာမဟုတ်ပါဘူး။ သူ့မှာ ချော်လဲ​ကျစေတဲ့ ရောဂါအခံ​တွေ ရှိ​နေနိုင်တယ်ဆိုတာကို သတိပြုစေချင်ပါတယ် ***

..

..

???? ချော်မလဲအောင် ဘယ်လို ကာကွယ်လို့ရမလဲ ?

???? သောက်​ဆေးတွေ​ကြောင့် ဖြစ်​တဲ့ ချော်လဲတာမျိုးကို ကာကွယ်ဖို့ဆိုရင်….

(၁) ချော်လဲပြီဆိုရင် မိမိသောက်​နေတဲ့​ ဆေးပမာဏ​တွေ မှန်/မမှန် ပြန်စစ်ရပါမယ်။

(၂) မိမိသောက်နေတဲ့ဆေးတွေထဲမှာ ခေါင်းမူးစေတဲ့ဆေး ပါ/မပါ သတိထားသင့်ပါတယ်။

(၃) ကိုယ်သောက်နေတဲ့ဆေးရဲ့ အကျိုးအာနိသင်နဲ့ ဘေးထွက်သက်ရောက်မှုတွေကို ဆရာဝန်နဲ့ ဆွေးနွေးထားသင့်ပါတယ်။

(၄) အရက်​သောက်တာဟာ ခေါင်းမူးတာကို ပိုဆိုးစေတဲ့အတွက် အရက်ကို ရှောင်ကြဉ်သင့်ပါတယ်။

.

???? ချော်လဲတာကို ကာကွယ်လို့ရတဲ့ တခြားနည်းတွေကတော့…

(၁) လမ်းလျှောက်တာကို အထောက်အပံ့ပေးနိုင်တဲ့ ကိရိယာတွေ (Walking Aids) ကို အသုံးပြုခိုင်းပါ။

တည်တည်ငြိမ်ငြိမ် မတ်တတ်ရပ်နိုင်ဖို့ single-point stick (ဒါမှမဟုတ်) walking frame စတဲ့ လမ်း​လျှောက်တုတ်​ကောက်လို အ​ထောက်အပံ့တွေကိုအသုံးပြုလို့ရပါတယ်။

.

(၂) သင့်တော်တဲ့ ဖိနပ် (Footwear) တွေကို ရွေးချယ်ပေးပါ။

သက်တောင့်သက်သာဖြစ်စေမယ့် ရှူးဖိနပ် (ဒါမှမဟုတ်) ညှပ်ဖိနပ်မျိုးတွေ ရွေးချယ်ပေးပါ။ ရှူးဖိနပ်ကြိုး မချည်နှောင်ဘဲ မစီးမိပါစေနဲ့။ ဖိနပ်ခွာက ချောနေတာမျိုးနဲ့ ကြိုးရှည်တွေပါတဲ့ ရှူးဖိနပ်မျိုးကိုရှောင်ပါ။

.

(၃) Eyesight

လိုအပ်ရင် မျက်မှန်တပ်ဖို့ အားပေးပါ။ ဒါပေမယ့် စာကြည့်မျက်မှန်တပ်ပြီး သွားလာတာမျိုး (အထူးသဖြင့် လှေကားတက်တာမျိုး) ကိုတော့ မလုပ်မိပါစေနဲ့။

.

(၄) အသက်ကြီးသူတွေရှိတဲ့ အိမ်ရဲ့အတွင်းပိုင်းနဲ့ အိမ်ပတ်ဝန်းကျင်မှာ အလင်းရောင်ကောင်းကောင်းရဖို့ လိုအပ်ပါတယ် (Good lighting indoors and Outdoors)

အိပ်ခန်းထဲ nightlight ထွန်းပြီး အိပ်တာ (သို့) အိပ်ရာဘေးမှာ မီးအိမ်ထားပြီး အိပ်တာ (သို့) လက်နှိပ်ဓာတ်မီး အသုံးပြုတာတွေ လုပ်လို့ရပါတယ်။

အမှောင်ထဲမှာ အသွားအလာ မလုပ်မိပါစေနဲ့။

လှေကားထစ်တွေ၊ လှေကားတွေကို လင်းလင်းထိန်ထိန် ရှိပါစေ။ လှေကားထစ်တွေရဲ့ ထောင့်မှာ ဆေးအဖြူသုတ်တာ (ဒါမှမဟုတ်) သတ္တုပြားကပ်တာမျိုးတွေက အသုံးဝင်ပါတယ်။

.

(၅) ချော်လဲတာအများစုက ရေချိုးခန်း၊ အိမ်သာလိုနေရာမျိုးမှာ အဖြစ်များတာမို့ …

အိမ်သာ၊ ရေချိုးခန်းရဲ့ လက်လှမ်းမီတဲ့နေရာတွေမှာ လက်ကိုင်တန်း/ လက်ရမ်းတွေ (handrails) တပ်ထားပါ။

ရေချိုးခန်းထဲ မချော်နိုင်တဲ့ ကြမ်းခင်းတွေ သုံးပါ။

ဆပ်ပြာခဲပြုတ်ကျနေတာကို တက်နင်းပြီး ချော်လဲနိုင်တဲ့အတွက် ဆပ်ပြာခဲအစား ဆပ်ပြာအရည်သုံးပါ။

.

(၆) အမြင့်တက်တာတွေကို ရှောင်ပါ (Climbing)

ကုလားထိုင်၊ ခွေးခြေခုံနဲ့ လှေကားရှင်ပေါ် တက်ပြီး ပစ္စည်းလှမ်းယူတာမျိုးတွေကို ဖြစ်နိုင်ရင် မလုပ်မိပါစေနဲ့။

.

(၇) လျော့ရဲနေတဲ့ ကြမ်းခင်းတွေ/ ဖျာတွေ (Loose Mats) ကြောင့်လည်း ချော်လဲတတ်တာမို့

ပေါ်လစ်တိုက်ထားတဲ့ ကြမ်းပြင်ပေါ်မှာ လျော့ရဲရဲဖြစ်တဲ့ ဖျာတွေ မခင်းပါနဲ့။

ကော်ဇောတွေနဲ့ တခြားကြမ်းခင်းတွေရဲ့ အစွန်းတွေကို စနစ်တကျ လုံလုံခြုံခြုံထားပါ။

.

(၈) ဝါယာကြိုးတွေ၊ လျှပ်စစ်ကိရိယာအမျိုးမျိုးက တခြားကြိုးတွေ ကြမ်းပြင်ပေါ် တွဲလောင်းကျနေတာ/ ရှုပ်ထွေးနေတာမျိုးတွေ မဖြစ်အောင်ဂရုစိုက်ပါ။

.

(၉) အသက်အရွယ်ကြီးတဲ့သူတွေ အိမ်မှာရှိတယ်ဆိုရင် အိမ်ကို ရှင်းလင်းအောင် ထားပါ။

(ဥပမာ- ကလေးအရုပ်တွေ ကြမ်းပြင်ပေါ် ပွစာကျဲနေတာမျိုးက ခလုတ်တိုက်မိပြီး ချော်လဲကျနိုင်ပါတယ်)

..

..

Parkinson’s disease လိုရောဂါမျိုး ခန္ဓာကိုယ်ဟန်ချက် မထိန်းနိုင်တဲ့သူတွေကို အရိုးအကြောပညာရှင်တွေ/ ဆရာဝန်တွေနဲ့ တိုင်ပင်ပြသပြီး ခန္ဓာကိုယ်ဟန်ချက်၊ ကွေးညွတ်နိုင်စွမ်းနဲ့ လှုပ်ရှားသွားလာမှုကို စမ်းစစ်လို့ရပါတယ်။

ရောဂါလက္ခဏာသက်သာအောင် လမ်းညွှန်ထားတဲ့ လေ့ကျင့်ခန်း​တွေကို ပုံမှန်လုပ်ပေးရမှာဖြစ်သလို၊ အခြားလိုအပ်တဲ့ ကုသမှုတွေကိုလည်း သက်ဆိုင်ရာ ဆရာဝန်တွေ၊ ပညာရှင်တွေနဲ့ တိုင်ပင်​ဆွေး​နွေးဖို့ လိုအပ်ပါတယ်။

..

..

???? အသက်ကြီးလာတဲ့သူတွေမှာ ချော်လဲတာမျိုး မဖြစ်ရလေအောင် အကြံပြုပေးထားတဲ့ လမ်းညွှန်ချက်တွေကို လိုက်နာရင်း၊ အသက်အရွယ်ကြီးရင့်လာ​ပေမယ့် ကျန်းမာကြံ့ခိုင်တဲ့ လူ​နေမှုဘဝ (healthy aging) ကို ရရှိနိုင်ကြပါစေ … ????

Reference: ????

Murtagh,J ,2016. Murtagh’s patient education. 6th Ed. Australia:Mcgraw-Hill Australia,pp.111

❤️ NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️

???? တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက်( https://m.me/telehealthmm )ကို နှိပ်ပါ

( နေ့စဥ် မနက် ၈နာရီမှ ည၁၀နာရီအထိ )

#nugmoh#telehealth#telemedicine

#teleconsultation#တယ်လီကျန်းမာ

#fall_in_elderly#ချော်လဲခြင်း

Ministry of Health,

National Unity Government.

Published on: 2 April 2023
Last Updated: 2 April 2023

ဆက်စပ်ရာ ကျန်းမာရေးဆောင်းပါးများ

ဖောက်ပြန်ခံရတဲ့အခါ ….

ပတ်ဝန်းကျင်မှာ ဒါမှမဟုတ် ဆိုရှယ်မီဒီယာမှာ ခဏခဏ မြင်ဖူး၊ ကြားဖူးကြပါလိမ့်မယ်။ အိမ်ထောင်ဖက် ဒါမှမဟုတ် ချစ်သူက ဖောက်ပြန်သွားတဲ့အခါ.... ဖောက်ပြန်ခံရတဲ့သူကပဲ "ငါ ဘာတွေ လိုအပ်သွားလို့လဲ"၊ "ငါ့မှာ ဘာအားနည်းချက်ရှိလို့လဲ"၊ "ငါ့အပြစ်တွေပဲ" ဆိုပြီး ကိုယ့်ကိုယ်ကိုယ် အပြစ်ရှာ၊ လက်ညှိုးထိုးတတ်ကြပါတယ်။ တကယ်တော့ အမှားလုပ်တာက တစ်ဖက်လူဖြစ်ပြီး နာကျင်ရတာက...

ဒိုပါမင်း အလွန်အကျွံလှုံ့ဆော်မှုကို ခဏတာဖြတ်တောက်ခြင်း Dopamine Fasting

ဖုန်းသုံးနေရင်း social media ပေါ်က short videos တွေကို တစ်ခုပြီးတစ်ခု ပွတ်နေရင်း အချိန်တွေကုန်မှန်းမသိ ကုန်သွားတာမျိုး ကြုံဖူးပါသလား။ ဒီလိုဖြစ်ရတဲ့ အဓိကတရားခံကတော့ ဦးနှောက်ထဲက ဒိုပါမင်း (Dopamine) ဓာတ်တွေ အလွန်အကျွံ လှုံ့ဆော်ခံနေရလို့ပဲ ဖြစ်ပါတယ်။ ဒိုပါမင်း (Dopamine) ဆိုတာ အလွယ်ပြောရရင် ကျွန်မတို့...

သွေးစစ်ဖို့ နောက်မကျပါစေနဲ့

ဆေးခန်းရှေ့ရောက်မှ ရင်တွေတအားခုန်လာပြီး နောက်ပြန်လှည့်ပြေးချင်စိတ် ပေါက်ဖူးလား။ "အဖြေတစ်ခုခု ထွက်လာရင် ငါဘယ်လို ရှေ့ဆက်ရမလဲ" ဆိုတဲ့ အတွေးက လူကို အတော်လေး မွန်းကျပ်စေတာ အမှန်ပဲ။ HIV လို၊ ကာလသားရောဂါလို ကိစ္စတွေမှာ သွေးသွားစစ်ဖို့ ကြောက်နေတာ သင်တစ်ယောက်တည်း မဟုတ်ပါဘူး။ လူတိုင်းလိုလို ဒီခံစားချက်ကို ဖြတ်သန်းဖူးကြတာချည်းပဲ။ ဒါပေမယ့်...

အယူအဆလွဲများ (၃၇)

❌ အယူအဆလွဲ >>> နှာခေါင်းသွေးယိုတဲ့အခါ သွေးတွေ အပြင်ကို ထပ်မထွက်လာစေဖို့ ခေါင်းကို အနောက်ဘက်ကို မော့ပစ်လိုက်တာ ဒါမှမဟုတ် ပက်လက်လှန်အိပ်ခိုင်းလိုက်တာ။ ☑️ အမှန် >>> ခေါင်းကို အနောက်ကို မော့လိုက်တဲ့အခါ နှာခေါင်းထဲက သွေးတွေဟာ အပြင်ကို မစီးတော့တာ မှန်ပေမယ့် အဲဒီသွေးတွေဟာ လည်ချောင်းထဲမှတစ်ဆင့်...