Home Page
Health Articles
About Us
Feedback Form
Search
An official website of the National Unity Government
MENU
Telekyanmar
An official website of the National Unity Government
Facebook
Mail
Youtube
Telekyanmar
Home Page
Health Articles
About Us
Feedback Form
Search
See our latest stories
written by our lovely staff members
စိတ်ခံစားချက်တွေကို နာမည်ပေးကြည့်ရအောင်
January 29, 2025
စိတ်ခံစားချက်တွေကို နာမည်ပေးကြည့်ရအောင်Let’s name our emotions!!! စိတ်ခံစားချက်တွေဆိုတာ ကျွန်တော်တို့ရဲ့ ဘေးပတ်ဝန်းကျင်နဲ့ ကျွန်တော်တို့ကြုံတွေ့နေရတဲ့ အဖြစ်အပျက်တွေအပေါ်မူတည်ပြီး နှလုံးသားနဲ့ ဦးနှောက်ကနေပို့လွှတ်တဲ့ ကိုယ့်ဆီမှာ ဘာတွေဖြစ်နေလဲဆိုတာကို သိစေတဲ့ မက်ဆေ့ဂျ်လေးတွေပါ။ စိတ်ခံစားချက်တွေဆိုတာ လူသားတစ်ယောက်ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး ကိုယ့်ကိုယ်ကိုယ် နားလည်ဖို့နဲ့ လောကကြီးကိုနားလည်စေဖို့ ကူညီပေးပါတယ်။ စိတ်ခံစားချက်တွေကို ရာသီဥတုလို့ သဘောထားလိုက်ရင် ....
ကလေးဘဝ စိတ်ဒဏ်ရာ
January 27, 2025
"စိတ်ဒဏ်ရာရသွားတယ်""ငါတော့ စိတ်ဒဏ်ရာရနေပြီ" ဆိုပြီး စိတ်ဒဏ်ရာဆိုတဲ့ စကားလုံးကို ကျွန်မတို့ လွယ်လွယ်ကူကူပဲ သုံးတတ်ပြောတတ်ကြပါတယ်။ တကယ်တမ်း စိတ်ဒဏ်ရာဆိုတာ ဘာလဲ။ စိတ်ဒဏ်ရာဆိုတာ ရုပ်ပိုင်းဆိုင်ရာသော်လည်းကောင်း စိတ်ပိုင်းဆိုင်ရာသော်လည်းကောင်း ထိခိုက်မှု၊ ခြိမ်းခြောက်မှုတစ်ခုခုကို ကြုံပြီးတဲ့အခါ ဖြစ်ပေါ်တတ်တဲ့ နောက်ဆက်တွဲ အကျိုးသက်ရောက်မှုတွေကို ဆိုလိုတာပါ။ အထူးသဖြင့် ကလေးဘဝမှာ ရခဲ့ဖူးတဲ့ စိတ်ဒဏ်ရာတွေဟာ အရွယ်ရောက်ကြီးပြင်းလာတဲ့အထိ လူမှုဘဝအပြင်...
စိတ်ကျန်းမာရေးဆိုင်ရာ အတွေ့အကြုံ Mental Health Experience
January 20, 2025
ကျွန်မ ဒေါက်တာမီပါ… တယ်လီကျန်းမာရဲ့ပိုစ့်တွေ/စာတွေ ပုံမှန်ဖတ်နေသူတွေဆိုရင် ကျွန်မရဲ့ စိတ်အာဟာရ စာစုလေးတွေကို ဖတ်ဖူးကြမယ်ထင်ပါတယ်။ ဒီတစ်ခေါက်တော့ ကျွန်မက စိတ်ခွန်အားပေးဖို့မဟုတ်ဘဲ စာဖတ်သူတို့ကို ရင်ဖွင့်ချင်တာပါ။ ဒီလိုပါ…၂၀၂၁ မှာ ကျွန်မ CDM လုပ်ပြီးနောက်ပိုင်း ဘဝရဲ့ အချိုးအဆစ်များစွာကို ကြုံခဲ့ရပါတယ်။အထူးသဖြင့် ဆုံးရှုံးမှုတွေ၊ အိပ်မက်တွေပျောက်ဆုံးမှုတွေပေါ့။ အဲဒီထဲမှာ အဆိုးဆုံးက စိတ်ဓာတ်ကျတဲ့ရောဂါ…စိတ်ကျရောဂါ (Depression) ပေါ့။ ၂၀၂၁...
စိတ်၏တွင်းနက်များ
January 13, 2025
Black hole အကြောင်းကို စာဖတ်သူတို့ ကြားဖူးဖတ်ဖူးကြမယ် ထင်ပါတယ်။ မြန်မာလိုဆို တွင်းနက်/ကျင်းနက်လို့ ခေါ်ကြမလားမသိပါ။ သိပ်သည်းဆ အလွန်များပြီး၊ gravity ဆွဲအား အလွန်အားကောင်းတဲ့အတွက် အလင်းလိုအရာကိုတောင် ဆွဲငင်နိုင်စွမ်းရှိတယ်လို့ ဆိုကြပါတယ်။ သူ့အနီးအနား ပတ်ဝန်းကျင်က အရာတွေကို ဆွဲယူဖမ်းစားရင်း အရွယ်အစားလည်း ကြီးလာတတ်ကြတာတဲ့လေ။ ထားပါ..။ အဓိကပြောချင်တာက ကျွန်မတို့မှာလည်း စိတ်ရဲ့...
နှစ်ဟောင်းနဲ့အတူ လွှတ်ချသင့်တာတွေကို လွှတ်ချပြီး ရှေ့ဆက်ကြဖို့
December 30, 2024
အကြောင်းအမျိုးမျိုးကြောင့် တစ်နင့်တစ်ပိုး ထမ်းပိုးလာခဲ့ရတဲ့ ဝန်ထုပ်ဝန်ပိုးတွေ… ဆုံးရှုံးမှာကြောက်လို့ အလန့်တကြားဆုပ်ကိုင်ထားမှုတွေ… မိသားစုဆွေမျိုး၊ အလုပ်အကိုင် စတဲ့ဆက်နွယ်မှုတွေကြောင့် ပေါ်ပေါက်လာတဲ့ နှောင်ကြိုးတွေ… အထူးသဖြင့် လေးနှစ်တာနီးပါး ခံစားနေခဲ့ရတဲ့ ကျွန်မတို့ရဲ့ဝမ်းနည်းမှုသောကတွေ၊ ခံပြင်းမှုတွေ၊ ဒေါသတွေ၊ စိတ်ပျက်မှုတွေ၊ ဆုံးရှုံးမှုတွေ၊ ပျက်လုဆဲဆဲ မျှော်လင့်ချက်တွေ၊ မရေရာတဲ့အနာဂတ်တွေ…. စတဲ့အချက်တွေကြောင့် ရှေ့ဆက်မတိုးနိုင်ခြင်း၊ ရှေ့ဆက်တိုးဖို့ ခွန်အားမရှိခြင်း၊ ရှေ့ဆက်ဖို့ကြောက်ရွံနေခြင်းတွေကို ကျွန်မတို့တွေအများစု...
အဆင်မပြေဘူး…
December 9, 2024
"အဆင်မပြေဘူး" ဒီစကားကို ကျွန်မတို့ ပြောဖူးကြလား၊ ပြောခဲ့ကြလား၊ ပြောဖြစ်ခဲ့လား…ဟုတ်တယ် အဆင်ပြေမနေဘူး။အကြောင်းအမျိုးမျိုးကြောင့် အဆင်မပြေဘူး။အကြောင်းအရင်းမယ်မယ်ရရမရှိဘဲ အဆင်ပြေမနေဘူး။ ကျွန်မတို့ အဆင်မပြေကြောင်း ကျွန်မတို့ယုံကြည်ရတဲ့သူတွေကို ပြောပြဖူးလား၊ ပြောပြခဲ့လား၊ ပြောပြဖြစ်လား။ဟုတ်တယ် အဆင်ပြေမနေဘူး။ အသက်ရှူရတာကိုက အဆင်မပြေဘူး။နောက်ကိုပြန်ကြည့်ရင်လည်း အဆင်မပြေခဲ့ဘူး။ရှေ့ကိုမျှော်ပြန်တော့လည်း အဆင်ပြေမနေသေးဘူး။ တစ်ခါတလေ အဆင်မပြေချိန်မှာ အဆင်မပြေကြောင်းပြောဖို့ တစ်စုံတစ်ယောက်ကို လိုအပ်ပါတယ်။တကယ်ကို လိုအပ်ပါတယ်။နားထောင်ပေးမယ့် တစ်စုံတစ်ယောက်ရှိရုံနဲ့ လုံလောက်တယ်။ အဲဒီအချိန်...
ကလေးသူငယ်များအတွက် စိတ်ပိုင်းဆိုင်ရာရှေးဦးသူနာပြုစုခြင်း Psychological First Aid for Children and Adolescents
December 2, 2024
ကလေးသူငယ်များအတွက် စိတ်ပိုင်းဆိုင်ရာရှေးဦးသူနာပြုစုခြင်း (Psychological first aid for children and adolescents) ဘေးအန္တရာယ်ကျရောက်စဉ်ကာလအတွင်း ကလေးငယ်တွေနဲ့ ဆယ်ကျော်သက်လူငယ်လူရွယ်တွေလည်း လူကြီးတွေလိုပဲ စိတ်ဆင်းရဲ ပူပန်သောကရောက်တတ်ကြပါတယ်။ အခက်အခဲနဲ့ရင်ဆိုင်နေရတဲ့ ကလေးသူငယ်တွေကို ၎င်းတို့နဲ့ အနီးကပ်ပြုစုစောင့်ရှောက်ပေးနေတဲ့ မိသားစုဝင်၊ ဆရာ/ဆရာမတွေက စိတ်ပိုင်းဆိုင်ရာကူညီပံ့ပိုးပေးနိုင်ဖို့အတွက် အခုပိုစ့်လေးကို တင်ပြလိုက်တာ ဖြစ်ပါတယ်။…… "စိတ်ပိုင်းဆိုင်ရာ ရှေးဦးသူနာပြုစုခြင်း" စိတ်ပိုင်းဆိုင်ရာ...
စိတ်ရောကိုယ်ပါ လေးလံပြီး ပင်ပန်းနွမ်းနယ်ခြင်း Burn Out
November 25, 2024
ဘဝမှာ ရှင်သန်နေထိုင်လာရင်း အရမ်းကိုမှ ခြေကုန်လက်ပန်းကျတဲ့ အချိန်ဆိုတာ ရှိတတ်ကြတယ်မို့လား။ ဘာဆို ဘာကိုမှ မလုပ်ချင်လောက်အောင် ခြေပစ်လက်ပစ် နုံးခွေသွားတာမျိုးပေါ့။ မျက်လုံးဖွင့်ပြီး အသက်ရှုနေတာကလွဲရင် စိတ်ရောကိုယ်ပါလေးလံပြီး မလှုပ်ချင်လောက်အောင် နွမ်းနယ်နေသလို၊ ယုတ်စွဆုံး အိပ်နေရင်တောင်မှ ပင်ပန်းမှုက ပျောက်မသွားတတ်တာမျိုး ခံစားရတတ်ကြတယ်မို့လား။ ဒါပေမယ့်လည်း စားဝတ်နေရေး၊ အိမ်မှုကိစ္စ၊ အလုပ်ကိစ္စ၊ လူမှုကိစ္စ...
1
...
6
7
8
...
17
Page 7 of 17