Sign in
Home
Health Articles
About Us
Feedback Form
Sign in
Welcome!
Log into your account
your username
your password
Forgot your password?
Password recovery
Recover your password
your email
Search
An official website of the National Unity Government
MENU
Telekyanmar
An official website of the National Unity Government
Facebook
Mail
Youtube
Telekyanmar
Home
Health Articles
About Us
Feedback Form
Search
See our latest stories
written by our lovely staff members
ဒီနေ့ တစ်ရက်ပဲ ရှင်သန်ခွင့်ရတော့မယ်ဆိုရင် ဘာလုပ်မလဲ
October 9, 2025
ဒီမေးခွန်းကို ကိုယ့်ကိုယ်ကိုယ် ပြန်မေးကြည့်တဲ့အခါ ခေါင်းထဲမှာ ပေါ်လာတဲ့ အတွေးတွေ ဆန္ဒတွေကို တစ်ချက်လောက် သတိထားကြည့်ကြရအောင်။ မေးခွန်းက ကြောင်တောင်တောင်နိုင်နေမလား။ဝမ်းနည်းစရာ ကောင်းနေမလား။ဟာသတစ်ခု ဖြစ်နေမလား စတာတွေကို မစဉ်းစားဘဲ ရုတ်တရက်ပေါ်လာတဲ့ အတွေးပေါ်မှာပဲ အာရုံထားကြည့်ပါ။ သေချာပေါက်တော့ ဒီမေးခွန်းကို ကြားလိုက်ရင် လူအများစုရဲ့ ခေါင်းထဲမှာ ပေါ်လာတဲ့ အတွေးတွေက လုံးဝ...
စိတ်ကျန်းမာရေးအကူအညီများရယူဖို့
October 7, 2025
စိတ်ကျန်းမာရေးကုသမှုခံယူတာကို ရှက်စရာတစ်ခုလို့ မြင်နေကြတုန်းလား။ လူတိုင်းမှာ စိတ်ပူပန်မှု၊ စိတ်ဖိစီးမှု၊ ဝမ်းနည်းမှု၊ စိုးရိမ်မှုတွေ ရှိတတ်ပါတယ်။ မရှိမှတော့ လူသားရယ်လို့ ဘယ်ခေါ်နိုင်တော့မလဲနော်။ အနည်းဆုံးတော့ ဖြေရှင်းလို့မတတ်တော့တဲ့ ပြဿနာတွေ၊ ကိုယ့်အတွေးနဲ့ကိုယ် ဒုက္ခရောက်တာတွေ၊ ဒီနေ့ မနက်စာကို ဘာနဲ့စားခဲ့လဲဆိုတာတောင် ရုတ်တရက်စဉ်းစားလို့ မရတော့အောင် အလုပ်ရှုပ်နေသူတွေ၊ မွန်းကျပ်နေသူတွေ ရှိနေကြတာပဲ မဟုတ်လား။ တချို့က...
ပွင့်လင်းကြရအောင်
September 25, 2025
အသက်ရှုဖို့မေ့လောက်အောင် စိတ်ပင်ပန်းနေတဲ့အခါ ဘယ်သူနဲ့မှ စကားမပြောချင်၊ ဘယ်သူ့ကိုမှလည်း မမြင်ချင် မတွေ့ချင် ဖြစ်ဖူးကြလား။ ဒီခံစားချက်တွေကို အောင့်အီးထားရင်း ရင်ထဲမှာ တစ်နေကုန် လေးလံနေဖူးလား။ ဒီနေ့တော့ ရင်ထဲမှာရှိတာကို ပွင့်ပွင့်လင်းလင်း ဖော်ပြတတ်ခြင်းက ကျွန်မတို့ရဲ့ စိတ်ကျန်းမာရေးအတွက် ဘယ်လောက်တောင် အရေးကြီးလဲဆိုတာကို ပြောပြပါရစေ။…… "ပွေ့ဖက်ခြင်း" ချစ်ရတဲ့သူကို ရုတ်တရက် မြင်လိုက်ရတဲ့အခါ ပြေးဖက်ချင်စိတ်မျိုး ဖြစ်ဖူးကြတယ်မလား။...
အတိတ်ကို ထားခဲ့ပါ
September 15, 2025
ကျွန်မတို့အားလုံးနီးပါး "အချိန်ကိုသာ နောက်ပြန်လှည့်လို့ ရခဲ့ရင်" ဆိုတဲ့အတွေးမျိုး တစ်ခါတစ်လေတော့ ဝင်ဖူးကြမှာပါ။ အတိတ်ကို ပြန်လှည့်ပြီး ခဏတာလေးဖြစ်ဖြစ် ပြန်ရောက်သွားချင်တဲ့ အခိုက်အတန့်တွေပေါ့။နောင်တရလို့ဖြစ်စေ၊ တအားပျော်ရွှင်ခဲ့တဲ့ အချိန်တွေကို လွမ်းလို့ဖြစ်စေ၊ ဆုံးရှုံးသွားတဲ့သူတွေနဲ့ ပြန်ဆုံချင်လို့ဖြစ်စေ၊ အမှားတစ်ခုကို ပြန်ပြင်ဆင်ချင်လို့ ဖြစ်စေပေါ့။ လူရယ်လို့ဖြစ်လာရင် စိတ်ခံစားချက်ရှိလာပြီဆိုတာနဲ့ နောင်တဆိုတာနဲ့ ကင်းကြမှာ မဟုတ်ပါဘူး။...
စကားပြောဖို့ မတွန့်ဆုတ်ပါနဲ့
September 9, 2025
"စကားပြောဖို့ မတွန့်ဆုတ်ပါနဲ့အသက်တွေကို ကယ်တင်နိုင်ပါတယ်" တဲ့။ မနက်ဖြန် စက်တင်ဘာ ၁၀ ရက်နေ့ဟာ အပြည်ပြည်ဆိုင်ရာ မိမိကိုယ်ကိုယ် အဆုံးစီရင်မှု ကာကွယ်တားဆီးရေးနေ့ (World Suicide Prevention Day ) ဖြစ်ပါတယ်။ ဒီနေ့က ကျွန်မတို့အားလုံး လစ်လျူရှုထားလို့မရတဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးပြဿနာတစ်ခုအကြောင်း သတိတရ ဆွေးနွေးသတိပေးကြဖို့ အကောင်းဆုံးရက်...
ကျွန်မနှင့် ကြုံရဆုံရ ဆရာဝန်ဘဝ ✍️
September 5, 2025
ဆရာဝန် စဖြစ်ကတည်းက “ရောဂါရာဇဝင် မေးမြန်းခြင်း (History taking)” ဆိုတဲ့ အနုပညာကို တတ်မြောက်အောင် သင်ကြားခဲ့ရပါတယ်။ သူက တကယ်လည်း အနုပညာဆန်ပါတယ်။ မေးတတ်မှပါ။ မမေးတတ်ရင် လိုရာမရောက်ဘဲ လမ်းချော်သွားရော။ ဒီအထဲကမှ ကျွန်မ ဆရာဝန်ပေါက်စဘဝ စကားပြော မကျွမ်းကျင်လို့ လွဲခဲ့ရတဲ့အဖြစ်အပျက်တချို့ကို ပြန်လည်မျှဝေပေးချင်တာပါ။ အခုကတော့ လူနာတွေကလည်း...
မကောင်းတဲ့အတွေးအမြင် ခံစားချက် Negative Thought Patterns
September 4, 2025
ကျွန်မတို့ ပုထုဇဥ်လူသားတွေဟာ အခြားလူတစ်ယောက်နဲ့ ပတ်သက်လို့ မကောင်းမြင်ဖူးတာဖြစ်ဖြစ်၊ ကတောက်ကဆဖြစ်ဖူးရင်ပဲဖြစ်ဖြစ်၊ တစ်ဆင့်စကားနဲ့ မကောင်းသတင်းကို ကြားဖူးရင်ဖြစ်ဖြစ် အဲ့လူအပေါ်မှာ negative အမြင်တွေ စွဲသွားတတ်ပါတယ်။ အခြားအကြောင်းအရာတွေပေါ်မှာလည်း ထိုနည်း၎င်းပါပဲ။ ကျွန်မဆိုလည်း ငြိမ်ငြိမ်လေး နေနေရင်းက ကြောင်ကုတ်တာ ခံရဖူးတယ်။ အဲဒါပြီးနောက်ပိုင်း အဲ့ကြောင်ကိုမြင်တိုင်း ကျွန်မကို ကုတ်တော့မယ်လို့ပဲ ထင်နေတာ။ သူအနားက...
စိတ်လွတ်ကိုယ်လွတ် အော်ကြမယ်
August 28, 2025
ရုပ်ရှင်တွေနဲ့ ဇာတ်လမ်းတွေထဲမှာ မကြာခဏဆိုသလို မြင်ဖူးကြမှာပါ။ လူသူကင်းတဲ့ ကမ်းခြေ၊ တောင်ထိပ် ဒါမှမဟုတ် လယ်ကွင်းကျယ်ကြီးထဲမှာ ဇာတ်ကောင်တစ်ယောက်က မျက်နှာကိုမော့ပြီး အသံကုန် အော်ဟစ်ပစ်လိုက်တာမျိုး၊ ပြီးရင် ငိုချင်လည်း ငိုချပစ်လိုက်တာမျိုးပေါ့။ ဒီလိုဇာတ်ဝင်ခန်းကို ကြည့်ပြီး "အင်း… ငါသာ ဒီလိုအော်ပစ်လိုက်ရရင် စိတ်ထဲမှာ တော်တော်ပေါ့သွားမှာပဲ" ဆိုတဲ့ ခံစားချက်မျိုး...
1
2
3
4
...
19
Page 3 of 19