မနက်နိုးနိုးချင်း ကော်ဖီ အပြေးအလွှား သောက်နေပြီလား ☕️☕️

မနက်ခင်း အိပ်ရာကနိုးတာနဲ့ လူက လန်းလန်းဆန်းဆန်း ဖြစ်လာအောင်ဆိုပြီး ကော်ဖီတစ်ခွက်ကို အမြန်ဆုံး ဖျော်သောက်ပြီးမှ အလုပ်စတတ်ကြတယ်မို့လား။

ဒါပေမယ့် တကယ်တော့… မနက်နိုးနိုးချင်း ကော်ဖီချက်ချင်းသောက်တာဟာ ကော်ဖီရဲ့အာနိသင်ကို အပြည့်အဝ မရရှိစေတဲ့အပြင် ခန္ဓာကိုယ်ရဲ့ သဘာဝစနစ်ကိုပါ ကမောက်ကမ ဖြစ်စေတယ်ဆိုတာ အာရုံကြောသိပ္ပံနည်းအရ သက်သေပြထားတာ ရှိပါတယ်။

• မနက်ခင်းက ကော်ဖီထက်ပြင်းတဲ့ သဘာဝဟော်မုန်း အချိန်

ကျွန်မတို့ ခန္ဓာကိုယ်မှာ အိပ်ရာနိုးနိုးချင်း (မနက် ၈ နာရီကနေ ၉ နာရီဝန်းကျင်) ဆိုရင် လူကို သဘာဝအတိုင်း နိုးကြားတက်ကြွပြီး စွမ်းအင်တွေ ပြည့်ဝလာစေမယ့် Cortisol ဆိုတဲ့ ဟော်မုန်းတွေ အမြင့်ဆုံးအဆင့်ကို ရောက်နေတာ ဖြစ်ပါတယ်။ ခန္ဓာကိုယ်က သူ့အလိုလို အားအင်အပြည့် လှုပ်ရှားဖို့ ပြင်ဆင်နေတဲ့ အချိန်ပေါ့။

အဲဒီလို သဘာဝအတိုင်း နိုးကြားနေတဲ့အချိန်မှာ Caffeine (ကော်ဖီ) ထပ်ပြီး ထည့်လိုက်တဲ့အခါ . . .

• Caffeine Tolerance
ခန္ဓာကိုယ်က ကော်ဖီရဲ့ကဖင်းဓာတ်ကို မတုံ့ပြန်တော့ဘဲ ရေရှည်မှာ ကော်ဖီသောက်မှပဲ နိုးတော့မယ့် အခြေအနေမျိုး (ကော်ဖီစွဲတာ) ဖြစ်လာတတ်ပါတယ်။

• သဘာဝစနစ် ပျက်စီးခြင်း
ခန္ဓာကိုယ်ရဲ့ ကိုယ်ပိုင်ဟော်မုန်း ထုတ်လုပ်မှုစနစ်ကို သွားပြီး နှောင့်ယှက်သလို ဖြစ်စေပါတယ်။

• ဒါဆို ကော်ဖီကို ဘယ်အချိန်မှာ သောက်ရင် အကောင်းဆုံးလဲ။

သိပ္ပံပညာရှင်တွေနဲ့ ဆေးသုတေသနတွေရဲ့ အကြံပြုချက်အရ ကော်ဖီသောက်ဖို့ အကောင်းဆုံးအချိန်ကတော့ “အိပ်ရာနိုးပြီး မိနစ် ၉၀ ကနေ ၁၂၀ (၁ နာရီခွဲကနေ ၂ နာရီ) အကြာ” မှာ ဖြစ်ပါတယ်။

မနက်ခင်း နိုးပြီး (၂) နာရီလောက် ကြာတဲ့အခါ ခန္ဓာကိုယ်ရဲ့ Cortisol ဟော်မုန်း Level က တဖြည်းဖြည်း ပြန်ကျသွားပြီး လူက နည်းနည်းပြန်နွမ်းချင်သလို ဖြစ်လာတတ်ပါတယ်။ အဲဒီအချိန်ကျမှ ကော်ဖီလေး သောက်ပေးလိုက်တာက ကော်ဖီရဲ့ နိုးကြားစေတဲ့ အာနိသင်ကို အမြင့်မားဆုံးနဲ့ အထိရောက်ဆုံး ရရှိစေတဲ့အပြင် ခန္ဓာကိုယ်ရဲ့ သဘာဝဇီဝနာရီ စည်းချက်ကိုလည်း မထိခိုက်စေတော့ပါဘူး။

မနက်နိုးချင်းမှာ ရေတစ်ခွက် ပြည့်ပြည့်ဝဝ သောက်တာ ဒါမှမဟုတ် နေရောင်ခြည် နုနုလေး ခံယူတာမျိုးနဲ့ သဘာဝအတိုင်း အရင်ဆုံး နိုးကြားအောင် လုပ်ပါ။ ပြီးမှ အလုပ်စားပွဲမှာ အိုင်ဒီယာတွေ ထုတ်ခါနီးအချိန်ကျမှ ကော်ဖီမွှေးမွှေးလေးတစ်ခွက်နဲ့ အားဖြည့်လိုက်ရင် တစ်နေ့တာလုံး စွမ်းအင်တွေ အပြည့်နဲ့ ဖြတ်သန်းနိုင်မှာ သေချာပါတယ်…..။

Ref: https:// pmc. ncbi. nlm. nih. gov / articles/ PMC4657156/

Ref: https:// www. healthline. com / nutrition/ best-time-to-drink-coffee

..

..

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “/start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here