” မူးယစ်ဆေးဝါးကို သွေးကြောထဲ ထိုးသွင်းသုံးစွဲခြင်း၏ နောက်ဆက်တွဲ ဆိုးကျိုးများ “

” မူးယစ်ဆေးဝါးကို သွေးကြောထဲ ထိုးသွင်းသုံးစွဲခြင်း၏ နောက်ဆက်တွဲ ဆိုးကျိုးများ “

( Complications of IVDU )

မြန်မာနိုင်ငံမှာ အသုံးများတဲ့ ဆေးအလွဲသုံးမှုတွေအနေနဲ့…

ဟီးရိုးရင်း (Heroin)

– မော်ဖင်း (Morphine)

– ပသဒင်း (Pethidine)

– ကိုဒီရင်း (Codeine)

– အိပ်ဆေးများ ( Diazepam )

– ဆေးခြောက် (Marijuana ( Cannabis ))

– အမ်ဖက်တမင်း ( Amphetamine ( WY tablets, Cocaine, Ecstasy tablets ))

– အရက်နှင့် ဆေးရွက်ကြီး…စတာတွေကို တွေ့ရပါတယ်။

.

???? မူးယစ်ဆေး သွေးကြောထဲ ထိုးသွင်းသုံးစွဲတာများလာတဲ့အခါ….

(၁) ထိုးတဲ့နေရာမှာ…

– သွေးကြောများရောင်ရမ်းခြင်း

– တစ်ရှုးများ ရောင်ရမ်းခြင်း

– ပြန်ရည်ကြောများ ရောင်ရမ်းနိုင်ခြင်း

– တစ်ရှူးများ ပုပ်ခြင်း

– အရိုးနဲ့ကြွက်သားများ ရောင်ရမ်းခြင်းတို့ ဖြစ်နိုင်ပါတယ်။

.

(၂) တခြား ခန္ဓာကိုယ်အစိတ်အပိုင်းတွေမှာတော့…

– သွေးမှတစ်ဆင့် ကူးစက်နိုင်သောရောဂါများ ဖြစ်ခြင်း ( HIV ၊ အသည်းရောင်အသားဝါ စီ ပိုး၊ အသည်းရောင်အသားဝါ ဘီ ပိုး၊ ဆစ်ဖလစ် နဲ့ ငှက်ဖျားရောဂါ )

– သွေးအဆိပ်တက်ခြင်း

– နှလုံးပိုးဝင်ခြင်း

– အသည်း၊ ဦးနှောက်၊ ဘေလုံးတို့တွင် ပြည်တည်နာ ဖြစ်ခြင်း

– ကျောက်ကပ်ရောင်ပြီး အသားဓာတ်ဆုံးရှုံးနိုင်ခြင်း

– အသက်ရှုရခက်ခြင်း (ဒါမှမဟုတ်) အသက်ရှုရပ်ခြင်း

– အဆုတ်ထဲရေဝင်ခြင်းတို့ ဖြစ်နိုင်ပါတယ်။

.

(၃) ဒါ့အပြင် စိတ်ကျန်းမာရေးအနေနဲ့လည်း

– စိုးရိမ်ပူပန်မှုများလာခြင်း

– ဆေးမသုံးရပါက အလိုလိုနေရင်းစိတ်တိုလာခြင်း

– စိတ်ဓာတ်ကျခြင်း

– ညဘက် အိပ်မပျော်ဖြစ်ခြင်း၊ အိပ်ချိန် မမှန်လာခြင်း စတာတွေကို ခံစားလာရနိုင်ပါတယ်။

.

(၄) ဆေးဖြတ်တဲ့အခါမှာတော့…

– အလိုလိုနေရင်း စိတ်တို၊ စိတ်ဆတ်နေခြင်း

– ချွေးအရမ်းထွက်ခြင်း

– ဂဏာမငြိမ်ဖြစ်ခြင်း

– မျက်လုံး အဆံ ကျယ်နေခြင်း

– အမွှေး၊ အမျှင်များထောင်ခြင်း

– ဗိုက်အောင့်ခြင်း

– ဝမ်းသွားခြင်း

– အန်ခြင်း…… စတာတွေဖြစ်နိုင်ပါတယ်။

.

(၅) လူမှုပတ်ဝန်းကျင်မှာလည်း

– မိဘ၊ မိတ်ဆွေ၊ မိသားစုဝင်တွေနဲ့ ရန်ဖြစ်စကားများရတာ

– မိမိကိုယ်ကို ထိန်းချုပ်နိုင်စွမ်းမရှိတော့တာ

– အလုပ်မှာ အာရုံစူးစိုက်မှု အားနည်းလာပြီး အလုပ်ပျက်လာတာ

– ပြစ်မှုကျူးလွန်ဖို့ ရဲတင်းလာတာ

– မိသားစု နဲ့ လူ့ပတ်ဝန်းကျင်အတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်စေလာတာ

– လူ့ပတ်ဝန်းကျင်မှာ ဝင်မဆံ့တော့တာ စတာမျိုးတွေဖြစ်လာနိုင်ပါတယ်။

..

..

နိဂုံးချုပ်အနေနဲ့ကတော့…

*** မူးယစ်ဆေးဆိုတာ အန္တရာယ်ပါ။ တစ်ဘဝလုံးကို အဆိုးဆုံးဖြစ်အောင် လုပ်နိုင်တဲ့ မူးယစ်ဆေးရဲ့သားကောင်တွေအဖြစ် မရောက်ကြပါစေနဲ့။ မူးယစ်နွံ နစ်နေသူတွေလည်း အမြန်ဆုံး ပြန်လည်လွတ်မြောက်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ် ***

Reference : ????

– Therapeutic Manual of Internal Medicine, 1st Edition 2016 ( Page 399 )

– Davidson’s Principles and Practice of Medicine 24th Edition ( Page 1240, 1250 )

❤️ NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️

???? တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက်( https://m.me/telehealthmm )ကို နှိပ်ပါ

( နေ့စဥ် မနက် ၈နာရီမှ ည၁၀နာရီအထိ )

#nugmoh#telehealth#telemedicine

#teleconsultation#တယ်လီကျန်းမာ

#IVDU#မူးယစ်ဆေးသွေးကြောထဲထိုးသွင်းခြင်း

Ministry of Health,

National Unity Government.

Published on: 29 January 2023
Last Updated: 29 January 2023

ဆက်စပ်ရာ ကျန်းမာရေးဆောင်းပါးများ

ဖောက်ပြန်ခံရတဲ့အခါ ….

ပတ်ဝန်းကျင်မှာ ဒါမှမဟုတ် ဆိုရှယ်မီဒီယာမှာ ခဏခဏ မြင်ဖူး၊ ကြားဖူးကြပါလိမ့်မယ်။ အိမ်ထောင်ဖက် ဒါမှမဟုတ် ချစ်သူက ဖောက်ပြန်သွားတဲ့အခါ.... ဖောက်ပြန်ခံရတဲ့သူကပဲ "ငါ ဘာတွေ လိုအပ်သွားလို့လဲ"၊ "ငါ့မှာ ဘာအားနည်းချက်ရှိလို့လဲ"၊ "ငါ့အပြစ်တွေပဲ" ဆိုပြီး ကိုယ့်ကိုယ်ကိုယ် အပြစ်ရှာ၊ လက်ညှိုးထိုးတတ်ကြပါတယ်။ တကယ်တော့ အမှားလုပ်တာက တစ်ဖက်လူဖြစ်ပြီး နာကျင်ရတာက...

ဒိုပါမင်း အလွန်အကျွံလှုံ့ဆော်မှုကို ခဏတာဖြတ်တောက်ခြင်း Dopamine Fasting

ဖုန်းသုံးနေရင်း social media ပေါ်က short videos တွေကို တစ်ခုပြီးတစ်ခု ပွတ်နေရင်း အချိန်တွေကုန်မှန်းမသိ ကုန်သွားတာမျိုး ကြုံဖူးပါသလား။ ဒီလိုဖြစ်ရတဲ့ အဓိကတရားခံကတော့ ဦးနှောက်ထဲက ဒိုပါမင်း (Dopamine) ဓာတ်တွေ အလွန်အကျွံ လှုံ့ဆော်ခံနေရလို့ပဲ ဖြစ်ပါတယ်။ ဒိုပါမင်း (Dopamine) ဆိုတာ အလွယ်ပြောရရင် ကျွန်မတို့...

သွေးစစ်ဖို့ နောက်မကျပါစေနဲ့

ဆေးခန်းရှေ့ရောက်မှ ရင်တွေတအားခုန်လာပြီး နောက်ပြန်လှည့်ပြေးချင်စိတ် ပေါက်ဖူးလား။ "အဖြေတစ်ခုခု ထွက်လာရင် ငါဘယ်လို ရှေ့ဆက်ရမလဲ" ဆိုတဲ့ အတွေးက လူကို အတော်လေး မွန်းကျပ်စေတာ အမှန်ပဲ။ HIV လို၊ ကာလသားရောဂါလို ကိစ္စတွေမှာ သွေးသွားစစ်ဖို့ ကြောက်နေတာ သင်တစ်ယောက်တည်း မဟုတ်ပါဘူး။ လူတိုင်းလိုလို ဒီခံစားချက်ကို ဖြတ်သန်းဖူးကြတာချည်းပဲ။ ဒါပေမယ့်...

အယူအဆလွဲများ (၃၇)

❌ အယူအဆလွဲ >>> နှာခေါင်းသွေးယိုတဲ့အခါ သွေးတွေ အပြင်ကို ထပ်မထွက်လာစေဖို့ ခေါင်းကို အနောက်ဘက်ကို မော့ပစ်လိုက်တာ ဒါမှမဟုတ် ပက်လက်လှန်အိပ်ခိုင်းလိုက်တာ။ ☑️ အမှန် >>> ခေါင်းကို အနောက်ကို မော့လိုက်တဲ့အခါ နှာခေါင်းထဲက သွေးတွေဟာ အပြင်ကို မစီးတော့တာ မှန်ပေမယ့် အဲဒီသွေးတွေဟာ လည်ချောင်းထဲမှတစ်ဆင့်...