❌ အယူအဆလွဲ >>>> အတက်ရောဂါ (ဥပမာ – ဝက်ရူးပြန်ရောဂါ) ကြောင့် တက်နေတဲ့သူကို လျှာကိုက်မိပြီး သွေးထွက်မှာစိုးလို့ ပါးစပ်ထဲကို ဇွန်း၊ တုတ် ဒါမှမဟုတ် လက်ချောင်းတွေ ထည့်ပြီး ကိုက်ထားခိုင်းလေ့ ရှိကြတာ။

☑️ အမှန် >>>> တက်နေတဲ့အချိန်မှာ မေးရိုးကြွက်သားတွေက အလွန်အားပြင်းပါတယ်။ ပါးစပ်ထဲကို အရာဝတ္ထုတွေ ထည့်လိုက်တဲ့အခါ သွားတွေ ကျိုးသွားတာ၊ သွားဖုံးတွေ ဒဏ်ရာရတာမျိုး ဖြစ်နိုင်ပါတယ်။ ပိုဆိုးတာက ထည့်လိုက်တဲ့ ပစ္စည်း (သို့) ကျိုးသွားတဲ့ သွားဟာ လေပြွန်ထဲ ဝင်သွားရင် အသက်ရှူလမ်းကြောင်း ပိတ်ဆို့ပြီး အသက်အန္တရာယ်ပါ စိုးရိမ်ရပါတယ်။ လက်ထည့်မိရင်လည်း လက်ကို ပြင်းပြင်းထန်ထန် အကိုက်ခံရနိုင်ပါတယ်။

အမှန်တကယ် လုပ်ဆောင်ရမယ့် ရှေးဦးသူနာပြုနည်းကတော့ . . .

  • လူနာကို ဘေးကင်းတဲ့ နေရာမှာ ထားပါ။
  • ခေါင်းအောက်မှာ နူးညံ့တဲ့ အရာတစ်ခုခု (ဥပမာ – ခေါင်းအုံး၊ အင်္ကျီ) ခုပေးပါ။
  • လူနာ သီးတာမျိုး မဖြစ်စေဖို့နဲ့ အသက်ရှူလမ်းကြောင်း ပွင့်စေဖို့ ကိုယ်လုံးကို ဘေးဖက်သို့ စောင်းပေးထားရပါမယ်။
  • တက်နေတဲ့အချိန် လူနာကို အတင်းချုပ်ထားတာမျိုး မလုပ်ဘဲ အတက်ရပ်သွားတဲ့အထိ စောင့်ကြည့်ပေးပြီးမှ နီးစပ်ရာ ဆေးရုံ/ဆေးခန်းကို ပို့ဆောင်ပေးရပါမယ်။

..

..

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “/start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here