❌ အယူအဆလွဲ >>> သကြားဟာ ကျန်းမာရေးရဲ့ ရန်သူဖြစ်တယ်။ အချိုဓာတ်ပါသမျှ အကုန်ဖြတ်တောက်လိုက်တာ အကောင်းဆုံးပဲ။
☑️ အမှန် >>> ကျွန်တော်တို့ရဲ့ ဦးနှောက်ဟာ အလုပ်လုပ်ဖို့အတွက် ဂလူးကို့စ် (သကြားဓာတ်) ကို အဓိက အခြေခံလောင်စာအဖြစ် အသုံးပြုပါတယ်။ ဒါကြောင့် သစ်သီးဝလံတွေနဲ့ ကစီဓာတ် (Carbohydrate) ထဲမှာ ပါဝင်တဲ့ သဘာဝအချိုဓာတ်ကိုပါ ဖြတ်တောက်လိုက်ရင် မှတ်ဉာဏ်အားနည်းတာ၊ စိတ်တိုလွယ်တာနဲ့ မူးဝေနုံးခွေတာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။
တကယ်ရှောင်ရမှာက အသင့်စား အစားအစာတွေထဲမှာပါတဲ့ ထပ်ဖြည့်သကြား (Added Sugar) နဲ့ ပြုပြင်ထားတဲ့ သကြားဖြူတွေသာ ဖြစ်ပါတယ်။ သဘာဝအတိုင်းပါဝင်တဲ့ အချိုဓာတ်ကတော့ ခန္ဓာကိုယ်ရဲ့ စွမ်းအင်အတွက် သင့်တင့်မျှတစွာ စားသုံးပေးဖို့ လိုအပ်ပါတယ်။
ခန္ဓာကိုယ်ဟာ သဘာဝအတိုင်းပါဝင်တဲ့ သကြားဓာတ်တွေကို ဖြည်းဖြည်းချင်း အစာခြေဖျက်ပြီး စွမ်းအင်အဖြစ် ပြောင်းလဲပေးတာကြောင့် သွေးထဲက သကြားဓာတ်ကို တည်ငြိမ်စေပါတယ်။ ဒါကို လုံးဝဖြတ်တောက်လိုက်ရင် ခန္ဓာကိုယ်က ပရိုတင်းနဲ့ အဆီတွေကို စွမ်းအင်အဖြစ် အစားထိုးသုံးစွဲဖို့ ကြိုးစားရတဲ့အတွက် ရေရှည်မှာ ကြွက်သားတွေ အားနည်းလာတာနဲ့ ဇီဝကမ္မဖြစ်စဉ် ကမောက်ကမဖြစ်တာမျိုးတွေ ကြုံတွေ့ရနိုင်ပါတယ်။ ဒါကြောင့် သကြားကို လုံးဝဖြတ်တာထက် ရွေးချယ်စားသုံးခြင်းကသာ ပိုအရေးကြီးပါတယ်။
..
..
❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️
👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။
(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)
…
…
👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….
မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ
Zero Suicide Hotline သို့ ဆက်သွယ်ရန်
(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ
ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)
*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “/start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***
Ministry of Health,
National Unity Government.

