စိတ်ဆိုးနေတာလား၊ ဗိုက်ဆာနေတာလား 🤔

စကားတွေ ပြောနေရင်း၊ အာရုံစိုက်ပြီး အလုပ်တွေ လုပ်နေရင်းနဲ့ ရုတ်တရက် စိတ်တွေတိုလာတာ၊ စိတ်မကြည်တော့တာ၊ လေသံတွေမာလာတာတွေ ဖြစ်လာပြီး ဘာဖြစ်မှန်းမသိဘူးလို့ ခံစားဖူးကြပါသလား။

အဲဒီအခါကျ ဗိုက်ဆာနေတာများလားလို့ တွေးကြည့်လို့ရပါတယ်။

ဗိုက်ဆာရင် စိတ်တိုတတ်တာကို လူတွေက အလိုလိုက်လို့ ဂျီကျတာ၊ စိတ်ဆတ်တာလို့ ထင်တတ်ကြပေမယ့် တကယ်တော့ ဒါဟာ စိတ်ပညာနဲ့ ဆေးပညာအရ “Hangry” (Hungry + Angry) လို့ခေါ်တဲ့ တကယ့် သိပ္ပံနည်းကျ ခန္ဓာကိုယ်ရဲ့ တုံ့ပြန်မှု ဖြစ်ပါတယ်။

ဗိုက်ဆာတာနဲ့ စိတ်တိုတာ ဘယ်လိုများ ချိတ်ဆက်နေလဲဆိုတာ ကြည့်ရအောင်။

၁။ ဦးနှောက်ရဲ့ စွမ်းအင် (Glucose) ပြတ်လပ်သွားခြင်း

စားလိုက်တဲ့ အစားအသောက်တွေကနေ သွေးတွင်းသကြားဓာတ် (Glucose) အဖြစ် ပြောင်းလဲပြီး ခန္ဓာကိုယ်နဲ့ ဦးနှောက်ကို စွမ်းအင် ပေးပါတယ်။ အထူးသဖြင့် ဦးနှောက်ဟာ ခန္ဓာကိုယ်ထဲက Glucose ရဲ့ ၂၀% ကျော်ကို အဓိက သုံးစွဲတာပါ။ ဗိုက်ဆာလာတဲ့အခါမှာတော့ သွေးထဲက Glucose က ကျသွားပါတယ်။ အဲဒီအခါ ဦးနှောက်ရဲ့ Self-control (စိတ်ခံစားချက်ကို ထိန်းချုပ်တဲ့ ဧရိယာ) က ကောင်းကောင်း အလုပ်မလုပ်တော့ပါဘူး။ ရလဒ်ကတော့ စိတ်ကို မထိန်းနိုင်တော့ဘဲ စိတ်မရှည်တော့တာမျိုး ချက်ချင်း ဖြစ်လာတာပါ။
.

၂။ စိတ်ဖိစီးမှု ဟော်မုန်းများ

သွေးထဲမှာ Glucose တအားကျသွားတဲ့အခါ ဦးနှောက်က ဒါကို အရေးပေါ်အခြေအနေလို့ သတ်မှတ်လိုက်ပြီး ခန္ဓာကိုယ်ထဲက အင်္ဂါအစိတ်အပိုင်းတွေကို သကြားဓာတ် ပြန်တက်လာအောင်လုပ်ဖို့ အမိန့်ပေးပါတယ်။

အဲဒီအချိန်မှာ ခန္ဓာကိုယ်ကနေ ကမန်းကတန်း ထုတ်လွှတ်လိုက်တဲ့ ဟော်မုန်းတွေကတော့ Adrenaline နဲ့ Cortisol လို့ခေါ်တဲ့ စိတ်ဖိစီးမှုဟော်မုန်းတွေပဲ ဖြစ်ပါတယ်။ ဒီဟော်မုန်းတွေဟာ လူတစ်ယောက် ရန်ဖြစ်တော့မယ့်အချိန် ဒါမှမဟုတ် ဘေးအန္တရာယ်နဲ့ ကြုံရတဲ့ အချိန်မှာ ထွက်လေ့ရှိတဲ့ ဟော်မုန်းတွေမို့… ဗိုက်ဆာနေတဲ့သူက အလိုလိုနေရင်း ဒေါသထွက်လွယ်၊ စိတ်ဆတ်ပြီး တိုက်ခိုက်လိုစိတ် (Fight Mode) ဝင်နေရခြင်း ဖြစ်ပါတယ်။

ကဲ ဒါဆို စိတ်ဆိုးနေတာ မဟုတ်ဘူး… ဗိုက်ဆာနေတာပါဆိုတာကို သတိထားမိသွားပြီနော်…။

..

..

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “/start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here