ဆရာ၀န်ဖြစ်တဲ့အထိကို ခေါင်းပေါ် မိုးရေစက်ထိမှာ ကြောက်တယ်။ ဘာလို့ဆိုရင် သန်းပေါက်မှာ ကြောက်လို့။ ဟုတ်တယ်လေ။ စဥ်းစားကြည့် လူနာကြည့်နေတုန်း ခေါင်းပေါ်က သန်းကြီးသာ မျက်နှာပေါ်ကျလာရင် ဘယ်လောက် အရှက်ကွဲလိုက်မလဲလို့။
ဒီလိုနဲ့ သေချာပြန်စဥ်းစားကြည့်တယ်။ စာထဲမှာလည်း သန်းဆိုတာ မိုးရေကလို့ မသင်ရပါလား။ အမေတို့ပြောတဲ့ “မိုးရေထဲမှာ သန်းဥ တွေပါတယ်” ဆိုတာ ပြန်တွေးကြည့်ရင် မိုးရေက တိမ်စိုင်တိမ်ခဲတွေကနေ ကျလာတာ ဘယ်လိုလုပ်ပြီး သန်းဥတွေပါလာရမှာလဲလို့ ပြန်အားယူရတယ်။
ဒီနေ့ဆောင်းပါးမှာတော့ မိမိလို သန်းပေါက်မှာ ကြောက်တဲ့သူတွေကို အားပေးဖို့ ခေါင်းပေါ်က သန်းအကြောင်း ရေးသားလိုက်ပါတယ်။
…
…
သန်းဆိုတာ ဦးရေပြားမှာနေ၊ ဆံပင်မှာနေပြီး ဦးရေပြားကသွေးစုပ်၊ ဆံပင်ထဲမှာ မျိုးပွား အသိုက်ဆောက်တတ်တဲ့ ကပ်ပါးတစ်မျိုးပါ။ သန်းဟာ မိုးရေထဲမှာ လုံး၀ မပါပါဘူး။ မိုးရေထိလို့လည်း သန်းမဖြစ်ဘူး။ သန်းဥလည်း မပေါက်ပါဘူး။ မိုးရေစိုပြီး နောက်နေ့ ခေါင်းယားရင် ခေါင်းမှာ ဗောက်ထတာ မှိုစွဲတာကြောင့် သာ ဖြစ်နိုင်ပါတယ်။ တကယ်ပဲ သန်းဖြစ်နေမယ်ဆိုရင်တောင် လွန်ခဲ့တဲ့ တစ်လလောက်ထဲကနေ သန်းရှိသူဆီက ကူးစက်ခံခဲ့ရတာမျိုးပါ။
သန်းကူးပုံကတော့ ဒီလိုပါ။ သန်းဟာ သန်းရှိသူရဲ့ ဆံပင်ပေါ်ကနေ လမ်းလျှောက်ဆင်းလာပြီး အခြားတစ်ယောက်ရဲ့ ဆံပင်ပေါ်ကိုတက်တယ်။ နေရာအသစ်ရှာတယ်ပေါ့။ သန်းမကြီး မွေးထုတ်လိုက်တဲ့ သန်းလေးတွေလည်း နေရာကျပ်လာတော့ ရေကြည်ရာ မြက်နုရာ ရှာကြတယ်ထင်ပါတယ်။
သန်းက ညစ်ပတ်တဲ့သူမှာဖြစ်တာလို့ ကျွန်ုပ်တို့ အားလုံး အထင်မှားနေကြတာပါ။ တကယ်က ညစ်ပတ်ရင် သန်းကို တစ်နည်းတောင် ကာကွယ်နိုင်တယ်တဲ့။ ခေါင်းခဏခဏမလျှော်တဲ့သူမှာ ဦးရေပြားက အဆီတွေနဲ့မို့ သန်းတွေ အသက်ရှူရခက်လို့ သိပ်မပျော်ကြလို့ သိပ်မတွေ့ရဘူးတဲ့။ တစ်ခုတော့ရှိတာပေါ့။ ဆံပင်က ရှည်တယ်ဆိုရင် သန်းတွေအတွက် အိမ်ကျယ်တော့ ပျော်တယ်။ အဲဒီမှာမှ ဖိုသီဖတ်သီ ဆံပင်တွေရှုပ်ပွနေတာဆိုရင် မတော်လို့ ဘတ်စ်ကား ကျပ်ကျပ်တိုးစီးတယ်ထားပါတော့၊ သန်းရှိတဲ့ သူရဲ့ဆံပင်ကနေ ဆင်းလာပြီး သန်းမရှိသေးဘူး ဒါပေမယ့် ဖိုသီဖတ်သီ ကေရှည်ဆံပင်ပေါ်ကို တက်ရလွယ်တော့ တက်သွားပြီး အသိုက်သစ်ဆောက်တယ်။ ဒီလိုနဲ့ ဆံပင်ပွနေတဲ့ ဖိုသီဖတ်သီလူမှာ (၁) လ လောက်လည်းနေရော ခေါင်းတွေယားလို့ ကုပ်မနိုင်ဖြစ်လို့ ကြည့်တော့ သန်းတွေဖြစ်နေရော။ ဒီလိုနဲ့ ဆံပင်ကို ဖွထားတော့ အမြင်မှာ ညစ်ပတ်တယ်လို့ ထင်ရတဲ့သူရဲ့ခေါင်းဟာ သန်းတွေရှိလာတော့ ညစ်ပတ်လို့ သန်းဖြစ်တာလို့ ထင်ကြတောပေါ့။ အခြားကူးတဲ့နည်းတွေကတော့ သန်းရှိတဲ့သူနဲ့ ခေါင်းချင်းကပ်တာ၊ တစ်အိပ်ရာထဲ အိပ်တာတို့ဆိုရင်လည်း သန်းကူးနိုင်ပါတယ်။ ဘီးတစ်ခုတည်း သုံးတာတို့ တဘက်အတူတူသုံးတာတို့မျိုးလည်း ပါ၀င်ပါတယ်။
ကျောင်းနေအရွယ်ကလေး တော်တော်များများ သန်းပြဿနာဖြစ်ကြပါတယ်။ အကြောင်းရင်းကတော့ ကလေးတွေက တပူးပူးတတွဲတွဲနဲ့ ဆော့တယ်၊ ကျောင်းတွေမှာ အိပ်ရင်လည်းတူတူ အိပ်ကြ၊ ရှဲပြီးအိပ်ရတာတွေကိုး။ ခေါင်းတွေကပ်ပြီး နေကြတယ်။ ကလေးတွေရဲ့ ဦးရေပြားက နွေးတယ်။ ဆံပင်လေးတွေက ပိုနူးညံ့ပြီး သန်းတွေကပ်တွယ်လို့ကောင်းတာကိုး။
လူကြီးဖြစ်သွားရင် တပူးပူးနေတာမျိုး သိပ်မရှိတော့ဘူးလေ။ သူများနဲ့ ခေါင်းချင်းကပ်မိဖို့ဆိုတာ တစ်အိပ်ရာထဲ အိပ်ကြတဲ့သူလောက်ပဲ ဖြစ်နိုင်တာကိုး။
…
…
ကဲ သန်းဖြစ်လာပြီဆိုရင်တော့ ရှေးထုံးအစဥ်အလာအရ သန်းထိုင်ရှာ၊ သန်းဥတွေပါမကျန် သတ်တာမျိုး က တကယ်တော့ ထိရောက်ပါတယ်။ ဘီးစိပ်တိုက်တာလည်း အလွန်ကိုကောင်းတဲ့ နည်းလမ်းတစ်ခုပါပဲ။
သာမန်ခေါင်းလျှော်ရည်တွေက သန်းမသေစေပါဘူး။ သန်းသေစေတယ်လို့ ကြော်ငြာထားတဲ့ သန်းပျောက်တဲ့ ခေါင်းလျှော်ရည်တွေတော့ သုံးနိုင်ပါတယ်။ ဒါပေမယ့် ဒီသန်းတွေက ကြာတော့ သန်းသေစေတဲ့ ဆေးတွေကို ယဥ်ပါးလာကြပြီး ခံနိုင်ရည်ရှိလာကာ သန်းမသေတော့ပါဘူးတဲ့။
သန်းသေ ခေါင်းလျှော်ရည်တွေကို သုံးမယ်ဆို သူတို့အညွှန်းထဲကအတိုင်း သုံးပါ။ မိနစ် (၂၀) နာရီ၀က်လောက် ဆံပင်အခြောက်မှာ လိမ်းကျံပြီးမှ လျှော်ချရတာများပါတယ်။ နောက်တစ်ပတ်နေရင် ထပ်သုံးဖို့လိုပါတယ်။ ပထမတစ်ကြိမ်တုန်းက သန်းအကောင်တွေ သေခဲ့ပေမယ့် မသေခဲ့တဲ့ဥတွေက အခုမှ အကောင်ပေါက်လာတာမို့ပါ။
အရှင်းမပျောက်မချင်း ထပ်သုံးနေရတာမျိုး ဖြစ်နိုင်ပါတယ်။ နောက်ပိုင်းကျတော့ ဆီလီကွန်၊ ဒိုင်မက်သီကုန်းလို ဆေးမျိုးကို အထိရောက်ဆုံးလို့ ပြောကြပါတယ်။ ဒီဓာတုဓာတ်ဟာ သန်းတွေကို အသက်ရှူမရဘဲ လေရှူပေါက်ပိတ်အောင်လုပ်ပြီး သေစေတာပါ။ ဦးရေပြားအနှံ့လိမ်းပြီး အချိန်တစ်ခုထား၊ ပြီးမှ လျှော်ချရတာမျိုးပါ။
ဒါတွေ၀ယ်မရခဲ့ရင်တော့ ရှေးမြန်မာနည်း အုန်းဆီကိုသုံးနိုင်ပါတယ်။ ငယ်ငယ်က အမေတွေ အဘွားတွေ အုန်းဆီ ရွှဲနစ်နေအောင်လိမ်း၊ ဆံပင်ကို အကျအနဖြီးတာ နားမလည်နိုင်ပေမယ့် အခုချိန်မှာတော့ နားလည်မိလာပါပြီ။ အုန်းဆီဟာ ဆီလီကွန်လိုဘဲ စေးကပ်ပျစ်စေးပြီး သန်းတွေကို အသက်ရှုပိတ်စေတာပါ။ ဆံပင်တွေ စေးကပ်လာပြီဆိုမှ ဘီးစိပ်နဲ့ အကျအနတိုက်ချ၊ သန်းဥတွေသတ်၊ သန်းကောင်တွေသတ်၊ ပြီးတော့ တစ်ရှူးစပေါ်မှာတင်၊ သန်းတွေ ဥတွေကို တုပ်ချလို့ရပါတယ်။ ကိုယ့်သွေးတွေပဲလေနော်။ သူများသွေးမှ မဟုတ်တာ။ ပြီးရင် အုန်းဆီစွတ်ချပြီး ထပ်လုပ်။ ဒီလိုနဲ့ သန်းတွေရှင်းရောပေါ့။ ဆရာ၀န်ဖြစ်တဲ့အထိကို ခေါင်းပေါ် မိုးရေစက်ထိမှာ ကြောက်တယ်။ ဘာလို့ဆိုရင် သန်းပေါက်မှာ ကြောက်လို့။ ဟုတ်တယ်လေ။ စဥ်းစားကြည့် လူနာကြည့်နေတုန်း ခေါင်းပေါ်က သန်းကြီးသာ မျက်နှာပေါ်ကျလာရင် ဘယ်လောက် အရှက်ကွဲလိုက်မလဲလို့။
ဒီလိုနဲ့ သေချာပြန်စဥ်းစားကြည့်တယ်။ စာထဲမှာလည်း သန်းဆိုတာ မိုးရေကလို့ မသင်ရပါလား။ အမေတို့ပြောတဲ့ “မိုးရေထဲမှာ သန်းဥ တွေပါတယ်” ဆိုတာ ပြန်တွေးကြည့်ရင် မိုးရေက တိမ်စိုင်တိမ်ခဲတွေကနေ ကျလာတာ ဘယ်လိုလုပ်ပြီး သန်းဥတွေပါလာရမှာလဲလို့ ပြန်အားယူရတယ်။
ဒီနေ့ဆောင်းပါးမှာတော့ မိမိလို သန်းပေါက်မှာ ကြောက်တဲ့သူတွေကို အားပေးဖို့ ခေါင်းပေါ်က သန်းအကြောင်း ရေးသားလိုက်ပါတယ်။
…
…
သန်းဆိုတာ ဦးရေပြားမှာနေ၊ ဆံပင်မှာနေပြီး ဦးရေပြားကသွေးစုပ်၊ ဆံပင်ထဲမှာ မျိုးပွား အသိုက်ဆောက်တတ်တဲ့ ကပ်ပါးတစ်မျိုးပါ။ သန်းဟာ မိုးရေထဲမှာ လုံး၀ မပါပါဘူး။ မိုးရေထိလို့လည်း သန်းမဖြစ်ဘူး။ သန်းဥလည်း မပေါက်ပါဘူး။ မိုးရေစိုပြီး နောက်နေ့ ခေါင်းယားရင် ခေါင်းမှာ ဗောက်ထတာ မှိုစွဲတာကြောင့် သာ ဖြစ်နိုင်ပါတယ်။ တကယ်ပဲ သန်းဖြစ်နေမယ်ဆိုရင်တောင် လွန်ခဲ့တဲ့ တစ်လလောက်ထဲကနေ သန်းရှိသူဆီက ကူးစက်ခံခဲ့ရတာမျိုးပါ။
သန်းကူးပုံကတော့ ဒီလိုပါ။ သန်းဟာ သန်းရှိသူရဲ့ ဆံပင်ပေါ်ကနေ လမ်းလျှောက်ဆင်းလာပြီး အခြားတစ်ယောက်ရဲ့ ဆံပင်ပေါ်ကိုတက်တယ်။ နေရာအသစ်ရှာတယ်ပေါ့။ သန်းမကြီး မွေးထုတ်လိုက်တဲ့ သန်းလေးတွေလည်း နေရာကျပ်လာတော့ ရေကြည်ရာ မြက်နုရာ ရှာကြတယ်ထင်ပါတယ်။
သန်းက ညစ်ပတ်တဲ့သူမှာဖြစ်တာလို့ ကျွန်ုပ်တို့ အားလုံး အထင်မှားနေကြတာပါ။ တကယ်က ညစ်ပတ်ရင် သန်းကို တစ်နည်းတောင် ကာကွယ်နိုင်တယ်တဲ့။ ခေါင်းခဏခဏမလျှော်တဲ့သူမှာ ဦးရေပြားက အဆီတွေနဲ့မို့ သန်းတွေ အသက်ရှူရခက်လို့ သိပ်မပျော်ကြလို့ သိပ်မတွေ့ရဘူးတဲ့။ တစ်ခုတော့ရှိတာပေါ့။ ဆံပင်က ရှည်တယ်ဆိုရင် သန်းတွေအတွက် အိမ်ကျယ်တော့ ပျော်တယ်။ အဲဒီမှာမှ ဖိုသီဖတ်သီ ဆံပင်တွေရှုပ်ပွနေတာဆိုရင် မတော်လို့ ဘတ်စ်ကား ကျပ်ကျပ်တိုးစီးတယ်ထားပါတော့၊ သန်းရှိတဲ့ သူရဲ့ဆံပင်ကနေ ဆင်းလာပြီး သန်းမရှိသေးဘူး ဒါပေမယ့် ဖိုသီဖတ်သီ ကေရှည်ဆံပင်ပေါ်ကို တက်ရလွယ်တော့ တက်သွားပြီး အသိုက်သစ်ဆောက်တယ်။ ဒီလိုနဲ့ ဆံပင်ပွနေတဲ့ ဖိုသီဖတ်သီလူမှာ (၁) လ လောက်လည်းနေရော ခေါင်းတွေယားလို့ ကုပ်မနိုင်ဖြစ်လို့ ကြည့်တော့ သန်းတွေဖြစ်နေရော။ ဒီလိုနဲ့ ဆံပင်ကို ဖွထားတော့ အမြင်မှာ ညစ်ပတ်တယ်လို့ ထင်ရတဲ့သူရဲ့ခေါင်းဟာ သန်းတွေရှိလာတော့ ညစ်ပတ်လို့ သန်းဖြစ်တာလို့ ထင်ကြတောပေါ့။ အခြားကူးတဲ့နည်းတွေကတော့ သန်းရှိတဲ့သူနဲ့ ခေါင်းချင်းကပ်တာ၊ တစ်အိပ်ရာထဲ အိပ်တာတို့ဆိုရင်လည်း သန်းကူးနိုင်ပါတယ်။ ဘီးတစ်ခုတည်း သုံးတာတို့ တဘက်အတူတူသုံးတာတို့မျိုးလည်း ပါ၀င်ပါတယ်။
ကျောင်းနေအရွယ်ကလေး တော်တော်များများ သန်းပြဿနာဖြစ်ကြပါတယ်။ အကြောင်းရင်းကတော့ ကလေးတွေက တပူးပူးတတွဲတွဲနဲ့ ဆော့တယ်၊ ကျောင်းတွေမှာ အိပ်ရင်လည်းတူတူ အိပ်ကြ၊ ရှဲပြီးအိပ်ရတာတွေကိုး။ ခေါင်းတွေကပ်ပြီး နေကြတယ်။ ကလေးတွေရဲ့ ဦးရေပြားက နွေးတယ်။ ဆံပင်လေးတွေက ပိုနူးညံ့ပြီး သန်းတွေကပ်တွယ်လို့ကောင်းတာကိုး။
လူကြီးဖြစ်သွားရင် တပူးပူးနေတာမျိုး သိပ်မရှိတော့ဘူးလေ။ သူများနဲ့ ခေါင်းချင်းကပ်မိဖို့ဆိုတာ တစ်အိပ်ရာထဲ အိပ်ကြတဲ့သူလောက်ပဲ ဖြစ်နိုင်တာကိုး။
…
…
ကဲ သန်းဖြစ်လာပြီဆိုရင်တော့ ရှေးထုံးအစဥ်အလာအရ သန်းထိုင်ရှာ၊ သန်းဥတွေပါမကျန် သတ်တာမျိုး က တကယ်တော့ ထိရောက်ပါတယ်။ ဘီးစိပ်တိုက်တာလည်း အလွန်ကိုကောင်းတဲ့ နည်းလမ်းတစ်ခုပါပဲ။
သာမန်ခေါင်းလျှော်ရည်တွေက သန်းမသေစေပါဘူး။ သန်းသေစေတယ်လို့ ကြော်ငြာထားတဲ့ သန်းပျောက်တဲ့ ခေါင်းလျှော်ရည်တွေတော့ သုံးနိုင်ပါတယ်။ ဒါပေမယ့် ဒီသန်းတွေက ကြာတော့ သန်းသေစေတဲ့ ဆေးတွေကို ယဥ်ပါးလာကြပြီး ခံနိုင်ရည်ရှိလာကာ သန်းမသေတော့ပါဘူးတဲ့။
သန်းသေ ခေါင်းလျှော်ရည်တွေကို သုံးမယ်ဆို သူတို့အညွှန်းထဲကအတိုင်း သုံးပါ။ မိနစ် (၂၀) နာရီ၀က်လောက် ဆံပင်အခြောက်မှာ လိမ်းကျံပြီးမှ လျှော်ချရတာများပါတယ်။ နောက်တစ်ပတ်နေရင် ထပ်သုံးဖို့လိုပါတယ်။ ပထမတစ်ကြိမ်တုန်းက သန်းအကောင်တွေ သေခဲ့ပေမယ့် မသေခဲ့တဲ့ဥတွေက အခုမှ အကောင်ပေါက်လာတာမို့ပါ။
အရှင်းမပျောက်မချင်း ထပ်သုံးနေရတာမျိုး ဖြစ်နိုင်ပါတယ်။ နောက်ပိုင်းကျတော့ ဆီလီကွန်၊ ဒိုင်မက်သီကုန်းလို ဆေးမျိုးကို အထိရောက်ဆုံးလို့ ပြောကြပါတယ်။ ဒီဓာတုဓာတ်ဟာ သန်းတွေကို အသက်ရှူမရဘဲ လေရှူပေါက်ပိတ်အောင်လုပ်ပြီး သေစေတာပါ။ ဦးရေပြားအနှံ့လိမ်းပြီး အချိန်တစ်ခုထား၊ ပြီးမှ လျှော်ချရတာမျိုးပါ။
ဒါတွေ၀ယ်မရခဲ့ရင်တော့ ရှေးမြန်မာနည်း အုန်းဆီကိုသုံးနိုင်ပါတယ်။ ငယ်ငယ်က အမေတွေ အဘွားတွေ အုန်းဆီ ရွှဲနစ်နေအောင်လိမ်း၊ ဆံပင်ကို အကျအနဖြီးတာ နားမလည်နိုင်ပေမယ့် အခုချိန်မှာတော့ နားလည်မိလာပါပြီ။ အုန်းဆီဟာ ဆီလီကွန်လိုဘဲ စေးကပ်ပျစ်စေးပြီး သန်းတွေကို အသက်ရှုပိတ်စေတာပါ။ ဆံပင်တွေ စေးကပ်လာပြီဆိုမှ ဘီးစိပ်နဲ့ အကျအနတိုက်ချ၊ သန်းဥတွေသတ်၊ သန်းကောင်တွေသတ်၊ ပြီးတော့ တစ်ရှူးစပေါ်မှာတင်၊ သန်းတွေ ဥတွေကို တုပ်ချလို့ရပါတယ်။ ကိုယ့်သွေးတွေပဲလေနော်။ သူများသွေးမှ မဟုတ်တာ။ ပြီးရင် အုန်းဆီစွတ်ချပြီး ထပ်လုပ်။ ဒီလိုနဲ့ သန်းတွေရှင်းရောပေါ့။
အုန်းဆီထားမယ်ဆို တစ်ညလုံးထားတာ၊ အနည်းဆုံး (၈) နာရီလောက် ထားပြီးမှ ခေါင်းပြန်လျှော်ချတာမျိုး လုပ်ရပါတယ်။ ဆံသားအတွက်လည်း အဆီဓာတ်နဲ့ ပေါင်းတင်ပြီးသားဖြစ်၊ ဘယ်လောက်အမျှော်မြင်ရှိတဲ့ လူကြီးတွေလဲနော်။ မိုးရေထဲ မထွက်အောင် သန်းဖြစ်မယ်လို့ ခြောက်ခဲ့တဲ့ ယုံတမ်းလေးတစ်ခုကလွဲလို့ပေါ့။
စာရေးသူ စဥ်းစားတဲ့ တကယ်အထိရောက်ဆုံး နည်းလမ်းကတော့ ဆံပင်ရှိလို့ သန်းရှိတာ၊ ကတုံးသာတုံးလိုက် ဆံပင်မရှိရင် သန်းလည်းမရှိတော့ဘူးလေနော်။ ဟဲဟဲ စတာပါ။ သန်းပဲဖြစ်ဖြစ်၊ ဗောက်ပဲဖြစ်ဖြစ်၊ ဘာပြဿနာပဲဖြစ်ဖြစ် ရှက်ကြောက်တာ၊ သူများမပြရဲတာတွေ မဖြစ်ပါနဲ့။ တယ်လီကျန်းမာမှာ လာပြပြီး ဆွေးနွေးတိုင်ပင်နိုင်ပါတယ်လို့ သတင်းကောင်းလေးနဲ့ အဆုံးသတ်ပါရစေ…..။
..
..
❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️
👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။
(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)
…
…
👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….
မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ
Zero Suicide Hotline သို့ ဆက်သွယ်ရန်
(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ
ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)
*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “/start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***
Ministry of Health,
National Unity Government.