မမြင်ရတဲ့ စိတ်ဒဏ်ရာတွေကို အတူတကွ သက်သာစေဖို့ စိတ်ကျန်းမာရေးကို စနစ်တကျ ဂရုစိုက်ကြစို့ 💚
ယခုနှစ် ကမ္ဘာ့စိတ်ကျန်းမာရေးနေ့ရဲ့ အဓိက ရည်ရွယ်ချက်ဖြစ်တဲ့ “လူတိုင်းအတွက် ညီမျှသော စိတ်ကျန်းမာရေး စောင့်ရှောက်မှုနှင့် စိတ်ဖိစီးမှုများကြားမှ ကိုယ့်ကိုယ်ကိုယ် ပြန်လည်ကုစားနိုင်ရေး” ဆိုသည့်အတိုင်း လူတိုင်း မိမိရဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို အမှန်တကယ် ဦးစားပေးဖို့ လိုအပ်နေပါပြီ။
နေ့စဉ် လူမှုဘဝ ဖိအားတွေ၊ စိုးရိမ်ပူပန်မှုတွေနဲ့ အလုပ်အကိုင်ဆိုင်ရာ ပင်ပန်းနွမ်းနယ်မှုတွေကြောင့် စိတ်ဓာတ်ကျဆင်းနေရတာဟာ သင့်ရဲ့ အားနည်းချက် မဟုတ်ပါဘူး။ စိတ်ကျန်းမာရေး ဝေဒနာ ခံစားရတာဟာ ရှက်စရာ မဟုတ်သလို၊ အကူအညီ တောင်းခံတာဟာလည်း သတ္တိရှိတဲ့ ပထမခြေလှမ်း ဖြစ်ပါတယ်။
စိတ်ပူပန်မှုများလာချိန်မှာ ခေတ္တအေးချမ်းစေမည့် ၅-၄-၃-၂-၁ နည်းလမ်းလေးနဲ့ စိတ်သက်သာရာရစေဖို့ ကြိုးစားကြည့်ကြပါစို့။
🍀 ၅ ခု သင့်ပတ်ဝန်းကျင်မှာ မြင်တွေ့နေရတဲ့ ပစ္စည်း ၅ ခုကို အာရုံစိုက်ကြည့်ပါ။
🍀 ၄ ခု လက်နဲ့ ထိတွေ့လို့ရတဲ့ အရာ ၄ ခုကို စမ်းသပ်ကြည့်ပါ။
🍀 ၃ ခု ကြားနေရတဲ့ အသံ ၃ ခုကို နားစိုက်ထောင်ပါ။
🍀 ၂ ခု ရရှိနေတဲ့ အနံ့ ၂ ခုကို သတိပြုကြည့်ပါ။
🍀 ၁ ခု ခံစားရတဲ့ အရသာ ၁ ခုကို သတိထားပါ။
.
မိမိကိုယ်ကိုယ် အပြစ်တင်ခြင်းမှ ရပ်တန့်ပြီး၊ ခေတ္တ အနားယူခွင့်ပေးခြင်းဟာ နေ့စဉ်ဘဝမှာ မရှိမဖြစ် လိုအပ်တဲ့ စိတ်ဓာတ်ခွန်အား ပြန်လည်ဖြည့်တင်းခြင်း ဖြစ်ပါတယ်။
သင်အနားမှာ ဘယ်သူမှမရှိဘူးလို့ မခံစားရပါစေနဲ့။ တယ်လီကျန်းမာမှာ ဆရာဆရာမများနဲ့ စိတ်ကျန်းမာရေးဆိုင်ရာ တိုင်ပင်ဆွေးနွေးမှုများကို တစ်ဦးချင်း (1-on-1) အခမဲ့ ဆွေးနွေးပေးလျက် ရှိပါတယ်။
မမြင်ရတဲ့ စိတ်ဒဏ်ရာတွေကို သက်သာစေဖို့ တယ်လီကျန်းမာက အတူရှိပါရစေ။
..
..
❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️
👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။
(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)
…
…
👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….
မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ
Zero Suicide Hotline သို့ ဆက်သွယ်ရန်
(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ
ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)
*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “/start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***
Ministry of Health,
National Unity Government.

