❌ အယူအဆလွဲ
နှာစေး၊ ချောင်းဆိုး ဖြစ်တာနဲ့ ဗီတာမင်စီ (Vitamin C) ဆေးပြားတွေကို တစ်ခါတည်း အများကြီး အလုံးအရင်းလိုက် သောက်လိုက်ရင် ရောဂါချက်ချင်း ပျောက်ကင်းသွားမယ်။

☑️ အမှန်
ဗီတာမင် C က ကိုယ်ခံအားစနစ်အတွက် အထောက်အကူပြုတာ မှန်ပေမယ့် “ကုသဆေး” မဟုတ်ပါဘူး။ ကျွန်တော်တို့ ခန္ဓာကိုယ်ဟာ တစ်နေ့တာအတွက် လိုအပ်တဲ့ ဗီတာမင် C ပမာဏထက် ပိုလာရင် ပိုလျှံတဲ့ဓာတ်တွေကို ဆီးကနေတစ်ဆင့် ပြန်စွန့်ထုတ်လိုက်တာကြောင့် ဆေးတွေအများကြီး တစ်ပြိုင်နက်သောက်လည်း ခန္ဓာကိုယ်က အလွန်အကျွံ လက်ခံမှာမဟုတ်ပါဘူး။

ဗီတာမင် C ဟာ ရေမှာပျော်ဝင်တဲ့ ဗီတာမင်အမျိုးအစား ဖြစ်တာကြောင့် ခန္ဓာကိုယ်ထဲမှာ အကြာကြီး သိုလှောင်ထားလို့ မရပါဘူး။ ဒါကြောင့် ရောဂါဖြစ်မှ အများကြီးသောက်တာထက် တစ်နေ့တာ လိုအပ်ချက် (Daily Requirement) အတိုင်း ပုံမှန်လေး စားသုံးပေးတာကမှ ဆဲလ်တွေကို ပြုပြင်ပေးပြီး ကိုယ်ခံအားကို အမြဲအသင့် ဖြစ်နေစေတာပါ။

ဗီတာမင် C ကို သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက်တွေကနေ နေ့စဥ်ပုံမှန် ကြိုတင်မှီဝဲထားခြင်းကသာ ကိုယ်ခံအားတံတိုင်းကို တည်ဆောက်ထားတာဖြစ်လို့ ရောဂါပိုးဝင်လာတဲ့အခါ ဝေဒနာ ပြင်းထန်မှုကို လျှော့ချပေးပြီး ရောဂါဖြစ်ချိန်ကို အနည်းငယ် တိုတောင်းစေရုံသာ တတ်နိုင်ပါတယ်။

..

..

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “/start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here