မီနူး

Pruritus Ani (စအိုဝယားယံခြင်း) (December, 2022)

စအိုဝယားယံခြင်း (Pruritus ani)

ဒီတစ်ခေါက်အကြောင်းအရာကို ခေါင်းစဉ်ရွေးရတာ အင်မတန်ခေါင်းစားလှပါတယ်…

အရပ်အခေါ် “ဖင်ယားယံခြင်း” ဆိုလည်း ဖတ်ရတစ်မျိုးဖြစ်သလို….“ဖင်ကလေးဖြင့်မယားစေချင်” ဒါမှမဟုတ် “ဖင်ကလေးမယားရလေအောင်” စသည် ပေးဖို့တွေးမိပြန်တော့ ကိုယ်တိုင် တခွိခွိရယ်မိပြန်ရော… ဒါနဲ့ မဖြစ်သေးပါဘူးဆိုပြီး နောက်ဆုံးတော့ “စအိုဝယားယံခြင်း” လို့ပဲ မပေးမဖြစ် ရိုးရိုးကလေးပေးလိုက်ရပါတော့တယ် ????

စအိုဝယားယံခြင်းဆိုတာ❓

– စအိုတစ်ဝိုက်က အရေပြားယားယံခြင်း ဖြစ်ပါတယ်။ အင်မတန် ဖြစ်လေ့ဖြစ်ထရှိတဲ့ အရေပြားအခြေအနေတစ်ခုဖြစ်လို့် လူတိုင်းဘဝမှာ ကြုံကိုကြုံဖူးကြမယ်ထင်တယ်။

ကလေးငယ်ကလေးတွေမှာ စအိုတစ်ဝိုက်ယားယံတဲ့အခါမှာ သံကောင်၊ တုတ်ကောင်တွေကြောင့်ဖြစ်နိုင်ခြေများပါတယ်။ အရွယ်ရောက်ပြီးသူတွေမှာတော့ စိတ်ဖိစီးမှုများချိန်၊ ရာသီဥတုပူပြင်းချွေးထွက်များချိန်တွေမှာ စအိုဝယားယံခြင်းဖြစ်စေတတ်ပါတယ်။

ဘာတွေက စအိုဝယားယံစေ၊ ပိုဆိုးအောင်အားပေးစေ ❓

– အချို့သောအရေပြားရောဂါတွေ ဥပမာ- Eczema (နာတာရှည်ချပ်ပြားအရေပြားရောဂါ)၊ Fungal infection (အရေပြားမှိုစွဲရောဂါတွေ)

– အချို့သောရောဂါတွေ (ဥပမာ- ဆီးချိုရောဂါ)

– ပိုးသတ်ဆေးထိုး၊ ဆေးသောက်ကုသမှုခံယူနေရလို့ (Antibiotic treatment)

– တစ်ကိုယ်ရေသန့်ရှင်းရေးအားနည်းလို့

– ချွေးထွက်များလို့ (ပူပြင်းတဲ့ရာသီဥတုနဲ့ ထူထဲသိပ်သည်းတဲ့အဝတ်အစား၊ အတွင်းဝတ်တွေက ပိုလို့ဆိုးစေပါတယ်)

– အရေပြား/ အသားပွန်းတဲ့အခါ (ကိုယ်နဲ့မတည့်တဲ့ ဆပ်ပြာ၊ ပေါင်ဒါမှုန့်၊ အတွင်းဝတ်တွေကြောင့်)

– ပြဿနာပေးတဲ့ စအိုဝကလေးကြောင့်
ဥပမာ – လိပ်ခေါင်းရောဂါ၊ စအိုကွဲနာ (Anal fissures)၊ ကြွက်နို့ (Anal wart) စသည်

– အဝလွန်ခြင်းနဲ့ စိတ်ဖိစီးမှုများခြင်းကလည်း စအိုဝယားယံ​​ခြင်းနဲ့ ဆက်စပ်နေတတ်ပါသေးတယ်။
..
..

ဘယ်လိုကုသနိုင်သလဲ ❓

ပုံစံတစ်မျိုးနဲ့ကုတ်

ဟုတ်ပါတယ်… အတော်ခံရခက်တဲ့ ယားယံမှုဒဏ်ကို မကုတ်နဲ့လို့ ဘယ်လိုများ ပြောရပါ့မလဲနော်…. ဒီတော့…အထာကလေးနဲ့ကုတ်ကြရမယ်… အကြမ်းအရမ်းမကုတ်နဲ့… ခပ်ရွရွလေးသာကုတ်… ပြီး ကိုယ်မသိနိုင်တဲ့ ညအိပ်ချိန်ဆို အကြမ်းအရမ်းမကုတ်မိအောင်လက်အိတ်ကလေးသာဝတ်ထားလိုက်တာ အကောင်းဆုံး…

ရေချိုးတဲ့အခါ

ရေပူကိုရှောင်ပြီး ပုံမှန် ရေအေးနဲ့သာချိုးပါ။ ရေမကြာခဏချိုးတာ၊ နောက် အလွန်အမင်း ကြေး(ဂျီး)တွန်းပွတ်တိုက်ရေချိုးတာမျိုးက ဒီအခြေအနေကို ပိုလို့ဆိုးစေနိုင်လို့ ရှောင်ရပါမယ်။

ဆပ်ပြာအတုံးနဲ့ ပွတ်တိုက်သန့်စင်တာထက် နူးညံ့တဲ့ ရေချိုးဆပ်ပြာရည်မျိုးက ပိုသင့်တော်တယ်။

ဒုက္ခပေးတဲ့ ဒီနေရာကလေးကို ခြောက်သွေ့နေပါစေ

ယားယံတတ်တဲ့ စအိုတစ်ဝိုက်နေရာကလေးကို ပိုလို့မဆိုးစေဖို့ ရေချိုး/ ရေအသုံးပြုပြီးတိုင်း ခြောက်သွေ့အောင် တစ်ရှုးခပ်နုနုကလေး ဒါမှမဟုတ် ပဝါခပ်နုနုကလေးနဲ့ ခပ်ဖွဖွသာ တို့ထိသွေ့ခြောက်အောင် ပြုလုပ်ပါ။ မပွတ်တိုက်ပါနဲ့။ ဆံပင်အခြောက်ခံစက် (Hair dryer) က လေခပ်နွေးနွေးကလေးဆို ပိုလို့တောင် သင့်တော်ပါသေးတယ်တဲ့။

ဝမ်းကလေးမှန်ပါစေ

အမျှင်ဓာတ်ကြွယ်ဝတဲ့ အစားအစာတွေ (ဥပမာ- ဟင်းသီးဟင်းရွက်တွေ၊ သစ်သီးဝလံတွေ) များများစားပေးပါ။ ဒါဆို ဝမ်းပျော့ဝမ်းမှန်ပြီး ဝမ်းသွားပြီးတိုင်း အထူးတလည် အားသုံးပွတ်တိုက် သန့်ရှင်းရေးလုပ်စရာမလိုတော့ဘူးလို့ ဆိုပါတယ်။

နောက်… ရေအိမ်သုံးပြီး သန့်ရှင်းရေးလုပ်တဲ့အခါ အသာအယာပြုလုပ်ပါ။ ဆပ်​ပြာ ၊တစ်ရှူးလိပ်တွေကိုလည်း နူးညံ့တဲ့အမျိုးအစားရွေးချယ်ပါ။ ဒီမှာ… ကတ်သီးကတ်သတ်နိုင်ပေမယ့် ရေနွေးနွေးကလေးနဲ့ ဝါဂွမ်းနုနုကလေးသုံး သန့်ရှင်းပေးနိုင်ရင် အကောင်းဆုံးပါပဲတဲ့…

ပေါင်ဒါ၊ ဆပ်ပြာ မှန်မှန်ရွေးချယ်

Chemical တွေ၊ အ‌မွှေးနံ့သာတွေပါတဲ့ ပေါင်ဒါ၊ ဆပ်ပြာတွေ (ဒီမှာ ကလေးသုံး Baby power လေးတွေပါ အကျုံးဝင်တယ်) ရှောင်ပါ။ ရိုးရိုး ဆပ်ပြာကိုသာ အသုံးပြုပါ။

ပေါ့ပေါ့ပါးပါးဝတ်

ဒုက္ခပေးတဲ့ ဒီနေရာကလေးကို လေဝင်လေထွက်ကောင်းအောင်ထားပါ။ ပေါ့ပါးချောင်ချိ ရာသီဥတုနဲ့ လိုက်လျောညီထွေဖြစ်မယ့် အတွင်းဝတ်၊ အဝတ်အစားတွေ ရွေးချယ်ဝတ်ဆင်ပါ။

အကူအညီယူ

အထက်ပါ နည်းလမ်းတွေနဲ့မှ မသက်သာရင်တော့ ဆရာဝန်ရဲ့ အကြံဥာဏ်ရယူပါ။ ရောင်ရမ်းယားယံမှုအတွက် သောက်ဆေး၊ လိမ်းဆေး လိုအပ်သလိုပေးပါလိမ့်မယ်။

Reference ????
Murtagh,J , 2016. Murtagh’s patient education. 6th Ed. Australia:Mcgraw-Hill Australia,pp.319

❤️ NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️

???? တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်
*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက်( https://m.me/telehealthmm )ကို နှိပ်ပါ
( နေ့စဉ် မနက် ၈နာရီမှ ည၁၀နာရီအထိ )

#nugmoh#telehealth#telemedicine
#teleconsultation#တယ်လီကျန်းမာ
#စအိုဝယားယံခြင်း#pruritusani#analitching

Ministry of Health,

National Unity Government.

Published on: 13 December 2022
Last Updated: 13 December 2022

ဆက်စပ်ရာ ကျန်းမာရေးဆောင်းပါးများ

လူတစ်ယောက်ကို အကဲဖြတ်မိတဲ့အခါ ကျွန်မတို့ ဘာတွေ မှားတတ်ကြသလဲ (Fundamental Attribution Error)

လူတစ်ယောက်ကို အကဲဖြတ်မိတဲ့အခါ ကျွန်မတို့ ဘာတွေ မှားတတ်ကြသလဲ (Fundamental Attribution Error) ကျွန်မတို့ လူမှုပတ်ဝန်းကျင်မှာ နေ့စဉ် ကြုံတွေ့နေရတဲ့ နားလည်မှုလွဲတာတွေ၊ စိတ်ဝမ်းကွဲရတာတွေရဲ့ အဓိက တရားခံဟာ Fundamental Attribution Error (FAE) လို့ခေါ်တဲ့ အခြေခံကျတဲ့ အတွေးအမှားတစ်ခု ဖြစ်နေတတ်ပါတယ်။ ဒါကို...

အေသုံးလုံးနှင့် စူပါဆန်းဒေး

"အေသုံးလုံးနှင့် စူပါဆန်းဒေး" တစ်နေ့သော တနင်္ဂနွေနေ့တစ်ရက် ရုံးပိတ်ရက်ပေါ့လေ။ နှလုံးခွဲစိတ်ဆရာဝန်တစ်ယောက် မနက်စောစော ဆေးရုံမှာ Ward Round ဖို့ ထွက်လာခဲ့တယ်။ ဆေးရုံရောက်တော့ ပြီးခဲ့တဲ့ရက်တွေက ခွဲထားတဲ့ လူနာလေးတွေ၊ ခွဲဖို့စောင့်နေတဲ့ လူနာတွေ ကြည့်နေစဥ် အရေးပေါ်မှ ဖုန်းလာပါလေရော။ "အေသုံးလုံးပါ ဆရာ. . . လူနာ အရေးပေါ်ခန်းထဲမှာပါ။...

ခန္ဓာကိုယ်ထဲသို မေးခိုင်ပိုး ဝင်ရောက်နိုင်သည့် အဖြစ်များသော နည်းလမ်းများ (ဇန်နဝါရီ၊ ၂၀၂၆)

ခန္ဓာကိုယ်ထဲသို့ မေးခိုင်ပိုး ဝင်ရောက်နိုင်သည့် အဖြစ်များသော နည်းလမ်းများ (ဇန်နဝါရီ၊ ၂၀၂၆) ▪️ထိုးသွင်းဒဏ်ရာများ (လက်သည်း သို့မဟုတ် အပ်ကဲ့သို့သော အရာဝတ္ထု တစ်ခုခုကြောင့် ဖြစ်သော ဒဏ်ရာများ သို့မဟုတ် တိရစ္ဆာန်ကိုက်ခြင်း)▪️အညစ်အကြေး၊ ဝမ်း သို့မဟုတ် တံတွေးတို့ဖြင့် ပေကျံနေသော ဒဏ်ရာများ▪️တစ်ရှူးသေများပါရှိသော ဒဏ်ရာများ (ဥပမာ- မီးလောင်ဒဏ်ရာ၊...

သေဆုံးနှုန်း ၄၀% ကျော်ရှိပြီး လတ်တလော အိန္ဒိယမှာ ဖြစ်ပွားနေတဲ့ နီပါ (Nipah) ဗိုင်းရပ်စ်အကြောင်း

❗️သေဆုံးနှုန်း ၄၀% ကျော်ရှိပြီး လတ်တလော အိန္ဒိယမှာ ဖြစ်ပွားနေတဲ့ နီပါ (Nipah) ဗိုင်းရပ်စ်အကြောင်း Nipah ဗိုင်းရပ်စ်ဆိုတာ တိရိစ္ဆာန်များမှ လူသို့ ကူးစက်နိုင်သော (zoonotic) ဗိုင်းရပ်စ်တစ်မျိုး ဖြစ်ပါတယ်။ သစ်သီးစားလင်းနို့ အမျိုးအစားတွေဖြစ်တဲ့ (fruit bats/ flying foxes) တွေဟာ ဒီဗိုင်းရပ်စ်ရဲ့...