မီနူး

လုပ်ငန်းခွင် ထိခိုက်မှု အန္တရာယ် Occupational Hazard (February, 2023)

လူတိုင်းဖတ်သင့်သော
Occupational Hazard လုပ်ငန်းခွင် ထိခိုက်မှု အန္တရာယ်အကြောင်းလေးပါ…

မြန်မာပြည် လို နေရာမှာ Occupational Hazards (OH) ကို တာဝန်ခံမှု နည်းပါးတာကြောင့် ကိုယ်တိုင် ကိုယ့်ဘာသာ သတိထားပြီး အန္တရာယ်နည်းအောင်နေသင့်ပါတယ်…

OH ဆိုတာ မိမိ လုပ်ငန်းခွင်အတွင်း ပုံမှန်မဟုတ်သော …. လုပ်ငန်းခွင်ကြောင့် ထိခိုက်မှု မှန်သမျှ သတ်မှတ်ပါတယ်

ကျွန်မက အရေးပေါ် ခန်း ဆရာဝန်အနေနဲ့ တာဝန် ၁နှစ်နီးပါး ထမ်းဆောင်ချိန် … လုပ်ငန်း အန္တရာယ်နဲ့ ပတ်သက်ပြီး နေ့တိုင်းလိုလာကြရပါတယ်

မီးကြိုးပြင်ရင် ဓာတ်လိုက်ပြီး အမြင့်ပေါ်က ပြုတ်ကျပြီး ဒဏ်ရာရတာမျိုး….

ရေခဲစက်မှာ အလုပ်သမား ခြေချော်ပြီးရေခဲစက်ထဲဝင်ပြီး သေဆုံးတာမျိုးဆို တွေ့ခဲ့ရတာ …
ကိုယ်တိုင်လည်း အလောင်း စစ်ဆေး ခွဲစိတ်ခဲ့ရတာမို့…. OH က အရမ်းကြောက်ဖို့ကောင်းပါတယ်

????OH လုပ်ငန်းခွင် ထိခိုက်မှု အန္တရယ် ကို ပုံမှန် (၆) မျိုး သတ်မှတ်ပါတယ်

1. Safety – အန္တရာယ်ရှိသော လုပ်ခန်းခွင်ပါ
အမြင့်နေရာမျိုး … ထက်သော ဓားသွားရှိသော စက်မျိုး … ရှိသောနေရာပါ

2. Chemical -ဓာတုပစ္စည်းတွေနဲ့ အလုပ်လုပ်ရသောနေရာပါ …
ဥပမာ – ပိုးသတ်ဆေး ၊ အက်စစ်၊ မီးခိုးငွေ့ မျိုးနဲ့အလုပ်လုပ်ရတဲ့စက်ရုံမျိုးပါ

3. Biological – သက်ရှိ တိရစ္တာန် ၊ ဆေးရုံလူနာနဲ့ အလုပ်လုပ်ရတဲ့နေရာမျိုးပါ …
ဥပမာ- နွားခြံ၊ကြက်ခြံ၊ ဆေးရုံ၊ တိရစ္ဆာန်ဆေးကုခန်း

4. Physical – သူက safety လို အလုပ်သမားအပေါ် တိုက်ရိုက်သက်ရောက်တာမျိုး မဟုတ်ဘဲ တဆင့် အန္တရာယ်ပေးတာမျိုးပါ …
ဥပမာ- ဓာတ်ရောင်ခြည်သင့်စေသော နေရာမျိုး ၊ နေပူထဲ အကြာကြီးနေရတာမျိုး ၊ ကျယ်လွန်းသောအသံရှိသောနေရာမျိုးပါ

5. Ergonomic- ဖိအားတစ်ခုဟာ အချိန်တစ်ခုထိ ဖိစီးစေတာမျိုး
ပြောရရင် တနေကုန် ထိုင်နေတာ မတ်တပ်ရပ်ရတာ ပြီးတော့ Position တခုထဲ ကြိမ်ဖန်များစွာလုပ်ရတာ သက်တောင့်သက်သာမဖြစ်စေတာမျိုးက ရေရှည် ထိခိုက်ဒဏ်ရာရတာ နာတာရှည်ဖြစ်တက်ပါတယ်

6. Work organization hazard – လုပ်ငန်းခွင် အနိုင်ကျင့် စော်ကားတာ…
လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်တာ… မိမိကို မလေးမစားဆက်ဆံတာ… ဒီလိုမျိုး အချိန် အတိုင်းအတာတစ်ခုအထိ ခံစားလာရရင် စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေး ထိခိုက်လာပါတယ်

????အပေါ်မှာပြောခဲ့တဲ့ OH ကာကွယ်ဖို့ဆို ….

– မိမိ လုပ်ငန်းခွင်မှာ လိုအပ်သော ကာကွယ်ပစ္စည်းကို လုပ်ငန်းရှင်ဆီကတောင်းပါ စနစ်တကျသုံးပါ

– မိမိ လုပ်ငန်းခွင် အန္တရာယ်ကို မိမိကိုယ်တိုင်သေချာ နားလည်ပြီး စနစ်တကျကာကွယ်ပါ
ဥပမာ – အမြင့်တက်မယ်ဆို ခါး ကြိုးချိတ်တာ ဦးခေါင်းကာကွယ် ဦးထုပ် (Helmet) ဆောင်းတာ….

– ပိုးသတ်ဆေး ပေါင်းသတ်ဆေး ကိုင်မယ်ဆို လက်အိတ် ဖိနပ်ရှည် သေချာဝတ်တာ သင့်တော်သော မျက်နှာ နှာခေါင်း ပါးစပ် အကာ (mask/ face shield) တက်တာမျိုးလုပ်ပေးရပါမယ်….

– တိရစ္ဆာန်ကိုင်ရမယ်ဆို သင့်တော်သော ကာကွယ်မှု ဝတ်ဆင်ရုံမက မေးခိုင်ကာကွယ်ဆေး ခွေးရူးပြန်ကာကွယ်ဆေး စနစ်တကျထိုးထားရပါမယ်…

– မိမိအလုပ်က အထိုင်များတဲ့ အလုပ်ဆို ၁-၂ နာရီလောက်နေရင် လမ်းထလျှောက်ပေးတာ အိမ်သာသွားပေးမျိုးလုပ်ပေးပါ

– Computer တစ်လျှောက်လုံးကြည့်ရရင် မျက်လုံးကို ခဏအနားပေးတာ၊ မျက်စိလေ့ကျင့်ခန်းလုပ်တာ၊ လိုအပ်ရင် မျက်စဉ်းခပ်တာမျိုးလုပ်ပေးရပါမယ်။

????လုပ်ငန်းခွင် အနိုင်ကျင့်တာမျိုးရှိရင် သက်ဆိုင်ရာ HR ဌာနကို တင်ပြပြီးတိုင်လို့ရသလို သက်ဆိုင်ရာ ဝန်ကြီးဌာနထိ တိုင်ပါ ( Bullying in workplace ဆိုပြီး တယ်လီကျန်းမာမှာ အသေးစိတ် ရေးသားဖော်ပြ Post တင်ပေးထားပါတယ်)

OH က နောက်ပိုင်းမှာ အဖြစ်များသော Case တွေ စာရင်းကောက်ပြီး သက်ဆိုင်ရာဝန်ကြီးဌာနထိ ထိရောက်စွာ စည်းကမ်းချမှတ်တာ အရေးယူတာ တာဝန်ယူတာမျိုးထိ လုပ်ပေးသင့်ပါတယ်

ကျွန်မတို့ရဲ့ လက်ရှိ မြန်မာပြည်အခြေအနေအရတော့ ကိုယ့်လုပ်ငန်းခွင်မှာ ဘာအန္တရာယ်ရှိလည်း ကိုယ့်ဘာသာ လေ့လာပါ၊ သုံးသပ်ပါ၊ လိုအပ်တဲ့ပြင်ဆင်မှုတွေကို အထက်လူကြီး သို့ အလုပ်ရှင်ကို တင်ပြပြီး သေချာကာကွယ်ဖို့ပဲ ပြင်ဆင်ကြရပါမယ်နော်။

Dr.Cool
တယ်လီကျန်းမာ

Ref: https: //www. webmd. com/a-to-z-guides/occupational-hazards

❤️ NUG, MOH…တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️

????ကုသမှုအားလုံး အခမဲ့ (အခမဲ့) ဖြစ်ပါသည်????

တယ်လီကျန်းမာ အခမဲ့အွန်လိုင်းဆေးခန်းများ ပြသရန် ( နေ့စဉ် မနက် ၈ နာရီမှ ညနေ ၈ နာရီအထိ )

ကြိုတင်ဘိုကင်ယူရန်အတွက် ( https://m.me/telehealthmm )ကိုနှိပ်ပါ

#nugmoh#telehealth#telemedicine
#teleconsultation#တယ်လီကျန်းမာ
#Occupational_Hazard

Ministry of Health,

National Unity Government.

Published on: 20 February 2023
Last Updated: 20 February 2023

ဆက်စပ်ရာ ကျန်းမာရေးဆောင်းပါးများ

လူတစ်ယောက်ကို အကဲဖြတ်မိတဲ့အခါ ကျွန်မတို့ ဘာတွေ မှားတတ်ကြသလဲ (Fundamental Attribution Error)

လူတစ်ယောက်ကို အကဲဖြတ်မိတဲ့အခါ ကျွန်မတို့ ဘာတွေ မှားတတ်ကြသလဲ (Fundamental Attribution Error) ကျွန်မတို့ လူမှုပတ်ဝန်းကျင်မှာ နေ့စဉ် ကြုံတွေ့နေရတဲ့ နားလည်မှုလွဲတာတွေ၊ စိတ်ဝမ်းကွဲရတာတွေရဲ့ အဓိက တရားခံဟာ Fundamental Attribution Error (FAE) လို့ခေါ်တဲ့ အခြေခံကျတဲ့ အတွေးအမှားတစ်ခု ဖြစ်နေတတ်ပါတယ်။ ဒါကို...

အေသုံးလုံးနှင့် စူပါဆန်းဒေး

"အေသုံးလုံးနှင့် စူပါဆန်းဒေး" တစ်နေ့သော တနင်္ဂနွေနေ့တစ်ရက် ရုံးပိတ်ရက်ပေါ့လေ။ နှလုံးခွဲစိတ်ဆရာဝန်တစ်ယောက် မနက်စောစော ဆေးရုံမှာ Ward Round ဖို့ ထွက်လာခဲ့တယ်။ ဆေးရုံရောက်တော့ ပြီးခဲ့တဲ့ရက်တွေက ခွဲထားတဲ့ လူနာလေးတွေ၊ ခွဲဖို့စောင့်နေတဲ့ လူနာတွေ ကြည့်နေစဥ် အရေးပေါ်မှ ဖုန်းလာပါလေရော။ "အေသုံးလုံးပါ ဆရာ. . . လူနာ အရေးပေါ်ခန်းထဲမှာပါ။...

ခန္ဓာကိုယ်ထဲသို မေးခိုင်ပိုး ဝင်ရောက်နိုင်သည့် အဖြစ်များသော နည်းလမ်းများ (ဇန်နဝါရီ၊ ၂၀၂၆)

ခန္ဓာကိုယ်ထဲသို့ မေးခိုင်ပိုး ဝင်ရောက်နိုင်သည့် အဖြစ်များသော နည်းလမ်းများ (ဇန်နဝါရီ၊ ၂၀၂၆) ▪️ထိုးသွင်းဒဏ်ရာများ (လက်သည်း သို့မဟုတ် အပ်ကဲ့သို့သော အရာဝတ္ထု တစ်ခုခုကြောင့် ဖြစ်သော ဒဏ်ရာများ သို့မဟုတ် တိရစ္ဆာန်ကိုက်ခြင်း)▪️အညစ်အကြေး၊ ဝမ်း သို့မဟုတ် တံတွေးတို့ဖြင့် ပေကျံနေသော ဒဏ်ရာများ▪️တစ်ရှူးသေများပါရှိသော ဒဏ်ရာများ (ဥပမာ- မီးလောင်ဒဏ်ရာ၊...

သေဆုံးနှုန်း ၄၀% ကျော်ရှိပြီး လတ်တလော အိန္ဒိယမှာ ဖြစ်ပွားနေတဲ့ နီပါ (Nipah) ဗိုင်းရပ်စ်အကြောင်း

❗️သေဆုံးနှုန်း ၄၀% ကျော်ရှိပြီး လတ်တလော အိန္ဒိယမှာ ဖြစ်ပွားနေတဲ့ နီပါ (Nipah) ဗိုင်းရပ်စ်အကြောင်း Nipah ဗိုင်းရပ်စ်ဆိုတာ တိရိစ္ဆာန်များမှ လူသို့ ကူးစက်နိုင်သော (zoonotic) ဗိုင်းရပ်စ်တစ်မျိုး ဖြစ်ပါတယ်။ သစ်သီးစားလင်းနို့ အမျိုးအစားတွေဖြစ်တဲ့ (fruit bats/ flying foxes) တွေဟာ ဒီဗိုင်းရပ်စ်ရဲ့...