မီနူး

” အိပ်စက်ခြင်းကို ကူညီပေးမယ့် Melatonin ဟော်မုန်းအကြောင်း “

” အိပ်စက်ခြင်းကို ကူညီပေးမယ့် Melatonin ဟော်မုန်းအကြောင်း “

????မယ်လတိုနင် (Melatonin) ဆိုတာ…

မယ်လတိုနင် (Melatonin) ဆိုတာ ဦးနှောက်ရဲ့အလယ်ပိုင်းမှာရှိတဲ့ ဂလင်းတစ်ခုကနေ ဘဘာဝအတိုင်းထုတ်ပေးနိုင်ပြီး အိပ်ပျော်စေတဲ့ ဟော်မုန်းတစ်မျိုး ဖြစ်ပါတယ်။ မယ်လတိုနင်ဟာ လူတစ်ယောက်ကို အိပ်စက်ချိန်နဲ့ နိုးထချိန်မှန်အောင်လုပ်ပေးတဲ့ ဟော်မုန်းလို့ ပြောရင်လည်း မမှားပါဘူး။ နေဝင်လေလေ လူ့ခန္တာကိုယ်ထဲမှာ မယ်လတိုနင် ဟော်မုန်း ထုတ်လုပ်တာ များလေလေဖြစ်ပြီး ညနက်လာရင် ဟော်မုန်းပမာဏ အများဆုံးကိုရောက်သွားပါတယ်။ ပြီးရင်တော့ တဖြည်းဖြည်း ပြန်ကျသွားပြီး မနက်နေထွက်လာတာ နဲ့ ဟော်မုန်းဓာတ်တွေ ကုန်ခမ်းသွားပါတယ်။ မယ်လတိုနင်ကို ခန္ဓာကိုယ်က အလိုအလျောက်ထုတ်ပေးနိုင်သလို ဖြည့်စွက်ဆေးအနေနဲ့လည်း မှီဝဲနိုင်ပါတယ်။

.

.

????မယ်လတိုနင် (Melatonin) ဖြည့်စွက်ဆေးကို သောက်သုံးလို့ရတဲ့သူတွေက….

* အထူးသဖြင့် ညဘက်အိပ်မပျော်တဲ့သူတွေနဲ့ အိပ်စက်ခြင်းဆိုင်ရာရောဂါရှိတဲ့သူတွေဟာ မယ်လတိုနင် (Melatonin) ဆေးကို မှီဝဲကြရပါတယ်။

* ညဘက်အလုပ်ဆင်းရသူတွေ၊ နိုင်ငံမတူလို့ အချိန်(time zone) မတူတဲ့နေရာဒေသများကို သွားလေ့ရှိသူတွေနဲ့ အိပ်ရာဝင်ချိန်မမှန်သူတွေဟာလည်း Melatonin ဆေးကို သောက်သုံးနိုင်ပါတယ်။

* အိပ်ရင်ဟောက်တတ်သူတွေနဲ့ ညဘက်အိပ်မပျော်တာ အတော်ကြာပြီဖြစ်တဲ့သူတွေကတော့ ဆရာဝန်နဲ့ဆွေးနွေးပြီးမှသာ သောက်သုံးသင့်ပါတယ်။

* မယ်လတိုနင်နဲ့ ဓာတ်မတည့်ဖူးတဲ့ သူတွေ၊ ကျောက်ကပ် ၊ အသည်းရောဂါရှိတဲ့သူတွေနဲ့ ခုခံအားဆိုင်ရာရောဂါ ( Autoimmune condition) တွေရှိတဲ့ သူတွေအနေနဲ့ မယ်လတိုနင် သောက်ရတော့မယ်ဆိုရင် ရောဂါတွေအကြောင်း ဆရာဝန်ကို ကြိုပြောပြဖို့လိုပါတယ်။

.

.

????မယ်လတိုနင် (Melatonin) ရဲ့ ဂုဏ်သတ္တိတွေက….

မယ်လတိုနင် (Melatonin) ဟာ အိပ်ဆေးမဟုတ်ဘဲ ဖြည့်စွက်ဟော်မုန်းသာဖြစ်ပါတယ်။ အိပ်ချိန်မမှန်တဲ့သူတွေမှာ အိပ်ချိန်မှန်လာစေပြီး အိပ်ရေးပြည့်ဝစေပါတယ်။ ညဘက်အိပ်မပျော်တဲ့သူတွေမှာလည်း ပိုပြီးနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်လာစေပါတယ်။ အယ်လ်ဇိုင်းမားရောဂါ (သို့မဟုတ်) ကင်ဆာရောဂါ ရှိတဲ့သူတွေ ၊ ညဘက်သွေးပေါင်တက်တတ်တဲ့သူတွေနဲ့ အိပ်ချိန်မမှန်တဲ့ ကလေးငယ်တွေမှာလည်း Melatonin ကို စမ်းသပ်သုံးစွဲကြပါတယ်။

.

.

????မယ်လတိုနင် ( Melatonin) ရဲ့ ဘေးထွက်ဆိုးကျိုးတွေက…

Melatonin ဟာ တခြားအိပ်ဆေးတွေနဲ့ယှဉ်ရင် ဘေးထွက်ဆိုးကျိုး အလွန်နည်းပါတယ်။ အဖြစ်များတဲ့ဘေးထွက်ဆိုးကျိုးတွေကတော့

* မနက်ပိုင်းနဲ့ နေ့လည်ပိုင်းတွင် အိပ်ငိုက်ခြင်း

* ခေါင်းကိုက်ခြင်း

* မူးဝေခြင်း

* ဗိုက်အောင့်ခြင်း

* စိတ်ဖိစီးခြင်း

* လေးလံထိုင်းမှိုင်းခြင်း

* စိတ်ကျလွယ်ခြင်း … တို့ ဖြစ်တတ်ပါတယ်။

????Melatonin ဆေးနဲ့ တွဲမသောက်သင့်တဲ့ဆေးတွေက…

* သွေးကျဲဆေး

* ကိုယ်ခံအားကျစေသောဆေး

* ဆီးချိုဆေး

* သန္ဓေတားဆေး စတာတွေနဲ့ တွဲသောက်တဲ့အခါ ဆေးရဲ့အာနိသင်ကို လျော့စေနိုင်တာမို့ ဆရာဝန်နဲ့သေချာတိုင်ပင်သင့်ပါတယ်။

Melatonin ဆေးမသောက်ခင် စွဲသောက်နေရတဲ့ဆေးတွေနဲ့ ရောဂါလက္ခဏာတွေကို ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးပြီး ဆရာဝန်ညွှန်ကြားတဲ့အတိုင်း သင့်တော်တဲ့ပမာဏကို သောက်သုံးခြင်းဟာ အကောင်းဆုံးပါပဲ။

Reference: ????

https://www.nhs.uk/medicines/melatonin/

https://www.webmd.com/sleep-disorders/what-is-melatonin

❤️ NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️

???? တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက်( https://m.me/telehealthmm )ကို နှိပ်ပါ

( နေ့စဥ် မနက် ၈နာရီမှ ည၁၀နာရီအထိ )

#nugmoh#telehealth#telemedicine

#teleconsultation#တယ်လီကျန်းမာ

#melatonin#မယ်လတိုနင်

Ministry of Health,

National Unity Government.

Published on: 3 January 2023
Last Updated: 3 January 2023

ဆက်စပ်ရာ ကျန်းမာရေးဆောင်းပါးများ

အယူအဆအလွဲများ (၉)

အလွဲ ❌ သွေးတိုး ဒါမှမဟုတ် ဆီးချိုအတွက် ဆေးသောက်နေရင်း သွေးပေါင်ချိန်/ သွေးတွင်းသကြားဓာတ်က ပုံမှန်ဖြစ်လာပြီဆိုရင် ရောဂါပျောက်သွားပြီမို့ ဆေးကို ရပ်ပစ်လို့ရတယ်။ အမှန် ✅ သွေးတိုးနဲ့ ဆီးချိုလို နာတာရှည်ရောဂါတွေဟာ များသောအားဖြင့် လုံးဝပျောက်ကင်းသွားတာမျိုး မဟုတ်ဘဲ ဆေးမှန်မှန်သောက်ခြင်းဖြင့် ရောဂါကို ပိုပြီး မဆိုးလာအောင် ထိန်းညှိထားခြင်းသာ...

အယူအဆအလွဲများ (၈)

အလွဲ ❌ ဆီးချိုရောဂါသည် သကြားအလွန်အကျွံစားမိခြင်းကြောင့်သာ ဖြစ်သည်။ အမှန် ✅ ဆီးချိုရောဂါသည် သကြားတစ်ခုတည်းကြောင့် ဖြစ်သည်မဟုတ်ပါ။ ဆီးချိုသွေးချိုဖြစ်စေရန် အကြောင်းအရင်းများစွာ ရှိပါသည်။ အဓိကအကြောင်းအရင်းများမှာ မျိုးရိုးဗီဇ (Gene)မျိုးရိုးလိုက်ခြင်းကြောင့် ဖြစ်တတ်သည်။ ခန္ဓာကိုယ်အလေးချိန်အဝလွန်ခြင်း သို့မဟုတ် ဗိုက်ပတ်လည်မှာ အဆီစုနေခြင်းသည် ရောဂါဖြစ်စေဖို့ တွန်းအားပေးသည်။ လူနေမှုပုံစံကိုယ်လက်လှုပ်ရှားမှု နည်းပါးခြင်းသည် အင်ဆူလင် ခုခံအားကို မြင့်တက်စေသည်။. သကြားဓာတ်များသော အစားအစာများ (အချိုရည်၊...

အမြည်းလေးတော့ စားပါ

ဟိုတစ်နေ့က ကိုရင်မောင်နှင့် အငယ်ကောင် အရက်သောက်သည့်အကြောင်းတွေ ရေးတာတွေ့တော့ အရင်က အဖြစ်အပျက်လေးတစ်ခု သတိရသွားသည်။ ကြုံလို့ ပြောပြချင်ပါသည်။ “ဆရာရေ… ဆရာ… ကျွန်မနဲ့ ခဏလောက်ဖြစ်ဖြစ် လိုက်ခဲ့ပေးပါဦး။ ခဏလေးပါ။” “ဘာဖြစ်လို့လဲ မအေးရယ်။" ကျွန်တော် ဆေးခန်းမှာ လူနာတွေကြည့်နေတုန်း ထန်းသီးရောင်းသည့် မအေး အူယားဖားယား ပြေးလာခေါ်၍ မေးလိုက်ရသည်။ “ကျွန်မ အစ်ကို…...

နတ်စားခြင်း

"ဆရာရယ် …ကျွန်မသမီးလေးအတွက် နတ်ပြန်စားမှ ဖြစ်မှာပါ။ ကျွန်မတို့ကို ဆေးရုံဆင်းခွင့်ပေးပါနော်။" "ဟင်..ဘာဖြစ်လို့လဲ ..ကလေးမလေးက ဆေးထိုးနေတာ ဆေးပတ်လည်တော့မယ့်ဟာ" အသက် ၁၆ နှစ် ကလေးမလေး အသက်ရှူလမ်းကြောင်းပိုးဝင်၍ ပိုးသတ်ဆေးများ ထိုးထားသည်မှာ နက်ဖြန်ဆို ၃ ရက်ပြည့်တော့မည်။ ရင်ကျပ်အခံရှိ၍ လေပြွန်ကျယ်ဆေးများလည်း ရှူခိုင်းထားရသည်။ အိမ်တွင် ဆေးမြီးတိုများနှင့် ကုနေသည်မှာ...