မီနူး

ခန္ဓာကိုယ်မှာ အဖုအကျိတ်အလုံးတွေ စမ်းမိရင် ( July, 2022 )

ခန္ဓာကိုယ်မှာ အဖုအကျိတ်အလုံးတွေ စမ်းမိရင် ( July, 2022 )

ကိုယ့်ခန္ဓာကိုယ်မှာ အဖုအကျိတ်အလုံး တစ်ခုခုစမ်းမိရင် လူတွေက တခဏတော့ တွေဝေကြောက်စိတ်ဝင်မိမှာပါပဲ။
အလုံးအကျိတ်အားလုံးကလည်းကင်ဆာမဟုတ်ပါဘူး။ ဒါကြောင့် အမြဲစိတ်ပူဖို့ မလိုပါဘူး။

????အလုံးအကျိတ်တစ်လုံးတွေ့ရင် အမြဲစိုးရိမ်ရလား?

????ခန္ဓာကိုယ် အပေါ်ယံ အရေပြားကနေ စမ်းလို့မိတဲ့ အလုံး အကျိတ်အများစုက စိုးရိမ်စရာမလိုပါဘူး။

????ဘယ်အခါ စိတ်မပူရဘူးလဲ?
????
– ကိုင်ကြည့်ရင်ပျော့တယ်
– ကိုင်ကြည့်ရင် လှုပ်လို့ရတယ် / ရွေ့သွားတယ်
– နာတယ် ( မနာတာလည်းဖြစ်နိုင်ပါတယ်။ ဥပမာ- အဆီကျိတ် lipoma / ချွေးပေါက်ပိတ်တဲ့အကျိတ် sebaceous cyst ဒါတွေက မနာတတ်ပါဘူး။)
– တစ်ခါတရံ လှုပ်ရှားမှုလုပ်လိုက်ရင် နာတယ် ၊ ကြီးလာတယ်။ အနားပေးလိုက်ရင် သက်သာသွားတယ် သေးသွားတယ် ( အများအားဖြင့် အားကစားသမားတွေမှာ ထိခိုက်မိ ပြင်းပြင်းထန်ထန် လှုပ်ရှားတဲ့အခါ အလုံးအကျိတ်ပေါ်တာမျိုးပါ-ဒါမျိုးဆိုရင်တော့ နားပါ။ ရေခဲအုံပါ။ ပတ်တီးစီးပါ။ အမြင့်မှာတင်ထားပါ။)

???? ဘယ်အခါ ဆရာဝန်နဲ့ပြသင့်သလဲ?
????
– ကိုင်ကြည့်ရင် မာတယ်
– မရွေ့ဘူး လှုပ်မရဘူး
– တဖြည်းဖြည်းနဲ့ ကြီးလာတယ်
– အထူးသဖြင့် အမျိုးသမီးများရဲ့ ရင်သား၊ အမျိုးသားတွေရဲ့ ငယ်ပါ၊ ချိုင်း၊ လည်ပင်းနေရာတွေဆိုပိုသတိထားသင့်ပါတယ်
– ဘယ်အဖုအကျိတ်အလုံးမဆို ၂လက်မထက်ကြီးလာရင် (သို့) စတင်သတိထားမိတဲ့အချိန်ကနေ တဖြည်းဖြည်းကြီးလာရင် သတိထားသင့်ပါတယ်
– အဖုအကျိတ် အလုံး အသစ်တစ်လုံး ထိမိခိုက်မိမဟုတ်ဘဲပေါ်လာပြီး တစ်ပါတ် နှစ်ပါတ်လောက်အတွင်းပျောက်မသွားရင် ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်
– မြန်မာနိုင်ငံမှာက ကင်ဆာတခုထဲ မဟုတ်ဘဲ တီဘီပါ ခေါင်းထဲထည့်စဥ်းစားရမှာဖြစ်လို့ပါ

????အဖြစ်များတဲ့ အဖုအကျိတ် အကြောင်း အနည်းငယ်ရှင်းပြပါလား

????ဦးစွာပြောကြားချင်တာကတော့ အလုံးအကျိတ်ပေါ်တိုင်း ဆေးတွေလျှောက်မလိမ်းစေချင်၊ မအုံစေချင်ပါ။ ပိုးဝင်သွားတတ်ပါတယ်။

၁။ အဆီကျိတ် (lipoma)ကတော့လက်တွေ၊ ခြေထောက်တွေ၊ ဗိုက်၊ ခါး၊ ရင်ဘတ်၊ ကျော စတဲ့ နေရာစုံမှာ ဖြစ်နိုင်ပါတယ်။ တစ်နေရာမက တစ်လုံးမက ဖြစ်နိုင်ပါတယ်။ ကျောဘက်ဆိုရင်တော့ သတိထားတာ ကောင်းပါတယ်။ အများစုကတော့ ကင်ဆာ မဟုတ်ပါ။ မမာဘူး။ လှုပ်လို့ရတယ်။ အကျိတ်လေး စမ်းလို့မိနေတတ်ပါတယ်။ ပျောက်ချင်ရင်တော့ခွဲမှပျောက်မှာပါ။ ပြဿနာသိပ်မပေးရင်တော့ မခွဲလို့ရပါတယ်။ ဆေးတွေလျှောက်မလိမ်းစေချင်၊ မအုံစေချင်ပါ။

၂။ ချွေးပေါက်ပိတ်တဲ့အကျိတ် (sebaceous cyst) ကတော့ အမွှေးအမျှင်ရှိတဲ့နေရာတွေမှာ ဖြစ်တတ်ပါတယ်။ အလုံးမျက်နှာပြင်မှာ အပြာရောင်အစက်ကလေး တွေ့ရတတ်ပါတယ်။ ပိုးမဝင်သ၍ ပြဿနာမပေးတတ်ပါဘူး။ ကိုင်ကြည့်ရင် နည်းနည်းပျော့ပါတယ်။ မခွဲချင်ရင် ပိုးမဝင်အောင်နေပါ။ ပျောက်ချင်ရင်တော့ ခွဲမှ ပျောက်မှာပါ။ ဆေးတွေလျှောက်မလိမ်းစေချင်၊ မအုံစေချင်ပါ။

၃။ ချိုင်းကျိတ် လည်ပင်းကျိတ် ပေါင်ခြံအကျိတ် (lymphadenitis) ကတော့ တစ်နေရာရာမှာ ပိုးဝင်ရင် အနာဖြစ်ရင် သူနဲ့ သက်ဆိုင်တဲ့နေရာ lymphatic drainage areaမှာ အကျိတ်ပေါ်တတ်ပါတယ်။ ပေါ်လာရင် နာတာလည်းရှိသလို၊ မနာတာလည်းရှိပါတယ်။ ရိုးရိုးပိုးဝင်တာ ဖြစ်နိုင်သလို၊ တီဘီအကျိတ်တွေလည်းဖြစ်နိုင်ပါတယ်။ ၁-၂ပါတ်နဲ့မှ မပျောက်ရင်တော့ ဆရာဝန်နဲ့တိုင်ပင်သင့်ပါတယ်။ ဘာမှ လျှောက်မလိမ်းပါနဲ့ မအုံပါနဲ့။

ဒါတွေက အဖြစ်များပါတယ်။ ကျန်တာတွေလည်းရှိပါသေးတယ်။ ထပ်မှာချင်တာကတော့ ဘာမှ မလိမ်းပါနဲ့၊ မအုံပါနဲ့။ ၁-၂ပါတ်စောင့်ကြည့်လို့ မပျောက်ရင် ဆရာဝန်ပြပါ။ ဖြစ်ဖြစ်ချင်းပြလည်းရပါတယ်။ အပေါ်က ဆရာဝန်နဲ့ ပြရမယ့် အခြေအနေတွေကိုလည်း သတိထားစေချင်ပါတယ်။

နိဂုံချုပ်ပြောလိုတာကတော့ အဖုအကျိတ် အလုံး စမ်းမိတိုင်း အမြဲလည်းကြောက်နေစရာမလိုသလို မလိုအပ်တွေလည်းလျှောက်မလုပ်စေချင်ပါ။ တချိန်တည်းမှာပဲ မပေါ့ရမယ့် အနေအထားကိုလည်း မပေါ့ဆမှသာ အရေးကြီးတာ မလွတ်မှာဖြစ်ပါကြောင်း အသိပေးပြောကြားလိုက်ရပါတယ်။

ခွဲစိတ်ဆရာဝန်ကြီးတစ်ဦး

Reference ????
https://health.clevelandclinic.org/lumps-bumps-body-worry/

❤️ NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️

???? တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်
*** ပိတ်ရက်မရှိပါ ***
( နေ့စဉ် မနက် ၈နာရီမှ ညနေ၆နာရီအထိ )

ကြိုတင်ဘိုကင်ယူရန်အတွက်( https://m.me/telehealthmm )ကို နှိပ်ပါ

ချက်ချင်း တန်းစီ၍ ဆေးခန်းပြရန်အတွက် ( https://t.me/TelehealthMM )ကို နှိပ်ပါ

Ministry of Health,

National Unity Government.

  Published on: 25 July 2022
Last Updated: 25 July 2022

ဆက်စပ်ရာ ကျန်းမာရေးဆောင်းပါးများ

အရက်အဆိပ်သင့်ပြီး သေဆုံးစေနိုင်သော လက္ခဏာများ (နိုဝင်ဘာလ၊ ၂၀၂၅)

အရက်ပမာဏအများကြီးကို အချိန်တိုအတွင်း သိုမဟုတ် အလွန်လျင်မြန်စွာ သောက်သုံးပါက အရက်အဆိပ်သင့်၍ သေဆုံးနိုင်ပါသည်။ နှိး၍ မရခြင်း/ မနိုးထနိုင်တော့ခြင်း အန်ခြင်း အသက်ရှူနှုန်း နှေးခြင်း (တစ်မိနစ်လျှင် ၈ ကြိမ်အောက် နည်းခြင်း) အသက်ရှူ မမှန်ခြင်း (အသက်ရှူကြိမ် ၂ ခုကြား ဆယ်စက္ကန့် သိုမဟုတ် ပို၍ ကြာခြင်း) တက်ခြင်း ခန္ဓာကိုယ် အေးခြင်း (ကိုယ်အပူချိန်...

အယူအဆအလွဲ (၁၅)

အလွဲ ❌ အသက်ကြီးသူများသည် လဲကျ/ချော်လဲနိုင်ခြေရှိသောကြောင့် ကိုယ်လက်လှုပ်ရှားမှုနှင့် လေ့ကျင့်ခန်းများ မလုပ်သင့်တော့ပါ။ ငြိမ်ငြိမ်နေခြင်းသည်သာ ဘေးအကင်းဆုံး ဖြစ်သည်။ အမှန် ✅ မှန်ကန်သော ကိုယ်လက်လှုပ်ရှားမှုနှင့် လေ့ကျင့်ခန်းပုံစံအမျိုးအစားသည် အသက်ကြီးသူများ၏ ကျန်းမာရေးအတွက် အလွန်လိုအပ်ပါသည်။ ကိုယ်လက်လှုပ်ရှားမှု ပုံမှန်ပြုလုပ်ခြင်းသည် နှလုံးသွေးကြောများကို ကျန်းမာစေခြင်း၊ ဆီးချိုနှင့် သွေးတိုးကို ထိန်းချုပ်နိုင်ခြင်းအပြင် စိတ်ဓာတ်ကျမှုကို...

အယူအဆအလွဲ (၁၄)

အလွဲ ❌ အဆစ်အမြစ်နာကျင်ခြင်း (အထူးသဖြင့် ဒူးနာခြင်း) သည် အသက်ကြီးသဖြင့် ဖြစ်လာခြင်းဖြစ်ပြီး ဆေးနှင့်ကုသ၍ မရနိုင်သည့်အတွက် နာကျင်မှုကို ကြိတ်မှိတ်ခံစားနေရုံသာ ရှိသည်။ အမှန် ✅ အဆစ်အမြစ်ရောင်ရမ်းနာ (Arthritis) သည် အသက်ကြီးသူများတွင် အဖြစ်များသော်လည်း ထိရောက်သော ကာကွယ်ထိန်းသိမ်းမှုများနှင့် ကုသမှုများ ရှိပါသည်။ အရိုးအဆစ်ရောင်ရမ်းနာ (Osteoarthritis)...

လူမှုဆက်ဆံရေးမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ပွတ်တိုက်မှုတွေကို ဘယ်လိုလျှော့ချမလဲ

လူမှုဆက်ဆံရေးမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ပွတ်တိုက်မှုတွေကို ဘယ်လိုလျှော့ချမလဲ။ လူဆိုတာ ခံစားချက်ရှိတဲ့ သတ္တဝါပဲဖြစ်တာမို့ တစ်ဦးနဲ့တစ်ဦး ဆက်ဆံ‌ပြောဆို နေထိုင်ရတဲ့အခါ မိသားစု၊ အလုပ်ခွင်၊ မိတ်ဆွေ စတဲ့ ဘယ်နေရာမှာပဲဖြစ်ဖြစ် ပွတ်တိုက်မှု (Conflict) ဆိုတာမျိုးက အနည်းနဲ့အများတော့ ရှိစမြဲပါ။ စိတ်ခံစားချက်တွေ ရှိနေသရွေ့ အဖုအထစ်တွေ ဖြစ်ပေါ်နိုင်တာ သဘာဝပါပဲ။ ဒီပွတ်တိုက်မှုတွေကို လျော့နည်းအောင်လုပ်ဖို့၊...