မီနူး

Impetigo “ အနာစက်လေး မကူးရလေအောင်” ( November, 2022)

အနာစက်လေး မကူးရလေအောင် (Impetigo)

တယ်လီကျန်းမာကနေ အရေပြားရောဂါတွေအကြောင်း တင်ဆက်လာတာ ပွေး၊ ဝဲ၊ ညှင်း၊ နှင်းခူ စသည် စသည် အများအပြားပါပဲ… တင်လိုက်တိုင်းလည်း တယ်လီကျန်းမာပရိတ်သတ်က အားပေးကြမ်းလှတယ်။ အောက်မှာ ဘယ်အရေပြားရောဂါအကြောင်းလေး တင်ပေးပါဦးဆိုပြီး ထပ်တောင်းဆိုကြတယ် ❤

ဒီနေ့မှာတော့ အနာစက် အကြောင်းတင်ဆက်လိုက်ပါတယ်

အနာစက်ဆိုတဲ့ အနာကွက်ကလေးတွေ

အနာစက် ခေါ်တဲ့ အနာလေးတွေဟာ ကနဦးမှာ အရေကြည်ဖု ခပ်စုစု အကွက်ငယ်ကလေးတွေအဖြစ်နဲ့ စတင်မယ်။ နောက် အဖုလေးတွေ ပေါက်သွားပြီး ရဲရဲ စိုတိုတို အရေပြားကလေးကျန်နေခဲ့မယ်။ နောက်ဆုံး ဝါဝါအဖက်ဖက် အနာခြောက်တွေ ကပ်နေသလို ပုံစံအဖြစ်နဲ့ အလျင်အမြန် ပျံ့နှံ့ပွားများတယ်။ တခါတရံ ယားယံလေ့ရှိတယ်။ အနာတွေက မနာကျင်ပေမယ့် အလွန်ကူးစက်ပျံနှံ့လွယ်ပါတယ်။

ကလေးတွေကို သူခင်တွယ်

လူကြီး၊ လူငယ်မရွေး ပေါက်နိုင်ပေမယ့် တစ်နှစ်အောက်အရွယ် ကလေး​တွေ၊ ကျောင်းနေစအရွယ်ကလေးငယ်လေးတွေမှာ ပိုအဖြစ်များလှတယ်။

အနာစက်ရဲ့ ပစ်မှတ်နေရာတွေ

မျက်နှာ၊ ပါးစပ်တစ်ဝိုက်၊ နှာခေါင်းတစ်ဝိုက် နေရာတွေဟာ သူ အဓိကပေါက်လေ့ရှိတဲ့နေရာတွေ… နောက် တင်ပါးတစ်ဝိုက်၊ ခြေတွေ လက်တွေ စသည်ဖြင့် ကိုယ်ခန္ဓာ​​နေရာအနှံ့ ပေါက်နိုင်တယ်။

အနာစက်ဖြစ်စေတဲ့ အကြောင်းတရားတွေ

Staphylococcus aureus, Streptococcus ဆိုတဲ့ ဘတ်တီးရီးယားပိုးတွေဟာ အနာစက်ဖြစ်စေတဲ့ တရားခံတွေ…

ထိခိုက်လွယ်/ Sensitive ဖြစ်တဲ့အရေပြားပိုင်ရှင်တွေမှာ ပိုဖြစ်စေတယ်။

တစ်ကိုယ်​ေရသန့်ရှင်းရေးအားနည်းတဲ့အခါ၊ အာဟာရပြည့်ဝစွာမရရှိတဲ့အခါ၊ ကိုယ်ခံအားစနစ်အားနည်းတဲ့အခါ အနာစက်ဖြစ်ဖို့ ပိုလို့ အားပေးတယ်။

ပူနွေးစိုစွတ်တဲ့ရာသီဥတု၊ လူနေသိပ်သည်းထူထပ်မှု စတာတွေကလည်း အနာစက်ပိုဖြစ်အောင် ပံ့ပိုးပေးတဲ့အခြေအနေတွေဖြစ်တယ်။

အနာစက် မဖြစ်ရအောင် ဒါတွေဆောင်/ ဒါတွေရှောင်

မြန်မြန်ကု

မြန်မြန်ပျံ့လွယ်လို့ မြန်မြန်ကုသမှုခံယူရမယ်။ ကျောင်းနေအရွယ်ကလေးတွေမှာဖြစ်ရင် အလုံးစုံပျောက်ကင်းပါမှ ကျောင်းပြန်ပို့ပါ။

သီးသန့်သုံး

အတူနေမိသားစု၊ ထိတွေ့နေရတဲ့ ချစ်ရသူတွေဆီ မကူးရအောင် ဆပ်ပြာ၊ ပဝါတဘတ်၊ မျက်နှာသုတ်တွေကို မျှဝေသုံးတာမျိုး ရှောင်ပါ။

မဆွနဲ့

လက်သည်းခြေသည်းညှပ်… အနာကိုဆိတ်တာ/ ဆွတာရှောင်..

လိုအပ်ရင် အနာကို တိပ်ကလေးနဲ့ ကပ်ထားပေး။

လက်ဆေးတဲ့ အကျင့်ကောင်းလေး ပျိုးထောင်

အနာကိုင်တွယ်ပြီးဖြစ်စေ၊ ဆေးလိမ်းပြီးဖြစ်စေ၊ လိုအပ်တဲ့အချိန်တိုင်း လက်ကို ဆပ်ပြာနဲ့ သေချာစွာဆေးကြောပါ။ ကိုယ်တိုင်ရော ၊ အတူနေတစ်မိသားစုလုံးပါ ဆပ်ပြာအသုံးပြု လက်ဆေးကျင့်ကလေး ပျိုးထောင်ပါ။

ဂရုပြုစရာကလေးတစ်ခု

အနာစက်ဟာ ပြဿနာကြီးကြီးမားမားပေးလေ့မရှိပေမယ့် ​မွေးကင်းစ ကလေးငယ်လေးတွေမှာ ဖြစ်ရင်တော့ ဆိုး​စေတတ်လို့ သတိထားရမယ် မေမေတို့ရေ…

Streptococcuss ဆိုတဲ့ ဘတ်တီးရီးယား​​ကြောင့်ဖြစ်ရင်တာ့

ကျောက်ကပ်ထိကောင်းထိနိုင်​သေးတယ်။

မပေါ့နဲ့နော်။

အနာစက်ကလေး ပျောက်ကင်းအောင်

ဆရာဝန်နဲ့ပြ၊ ညွှန်ကြားတဲ့ဆေးလိမ်း

သန့်သန့်လေးနေ၊ သန့်သန့်လေးထား

တစ်ကိုယ်ရေသန့်ရှင်းရေးအလေးထား… တစ်နေ့သုံးကြိမ် ဆပ်ပြာသုံး အနာတွေကို သန့်ရှင်းပေး… ဆားရည်နွေးနွေးလေးသုံးပြီး အနာဖေးခြောက်တွေကို အသာအယာခွာပေးနိုင်တယ်။

အနာစက်ကလေးဟာ သိပ်ကူးလွယ်တယ်

တယ်လီကျန်းမာ ပရိတ်သတ်ဂရုစိုက်ကွယ်

????Reference:
????John Murtagh’s Patient Education, Sixth Edition: Impetigo pg-41

❤️ NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️

???? တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်
*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက်( https://m.me/telehealthmm )ကို နှိပ်ပါ
( နေ့စဉ် မနက် ၈နာရီမှ ည၁၀နာရီအထိ )

#nugmoh#telehealth#telemedicine
#teleconsultation#တယ်လီကျန်းမာ
#impetigo#အနာစက်

Ministry of Health,

National Unity Government.

Published on: 22 November 2022
Last Updated: 22 November 2022

ဆက်စပ်ရာ ကျန်းမာရေးဆောင်းပါးများ

ြင်းထန်စိတ်ဖိစီးမှုဒဏ်သင့်ဝေဒနာ (Post-Traumatic Stress Disorder) ခံစားနေရပါက … (ဇွန်လ၊ ၂၀၂၅ ခုနှစ်)

ပြင်းထန်စိတ်ဖိစီးမှုဒဏ်သင့်ဝေဒနာ (Post-Traumatic Stress Disorder) ခံစားနေရပါက စိတ်ကျန်းမာရေးအထူးကုဆရာဝန်နဲ့ ပြသ၍ ဆွေးနွေးကုသမှုခံယူသင့်ပြီး ▪️မိသားစု▪️သူငယ်ချင်းနှင့်▪️ပတ်ဝန်းကျင်အသိုင်းအဝိုင်း၏ဖေးမကူညီမှုများ (Social support) ကိုလည်း လိုအပ်ပါတယ်။ တယ်လီကျန်းမာ အခမဲ့အွန်လိုင်းဆေးခန်းကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ

Dexa (ဒက်ခ်ဆာ)ကို ခဏခဏ သောက်သင့်သလား

မေး။ Dexa (ဒက်ခ်ဆာ) ကို စားဝင်အိပ်ပျော်ဖို့ ခဏခဏ သောက်ဖြစ်နေတယ်။ ဈေးလည်းသက်သာ၊ ဝယ်ရလည်းလွယ်တာမို့ အမြဲလိုသောက်ဖို့ သင့်တော်ပါသလား။ ဖြေ။ Dexamethasone (ဒက်ခ်ဆာမီသာဇုမ်း) ဟာ Steroid (စတီးရွိုက်) အုပ်စုဝင် ဆေးဝါးဖြစ်ပါတယ်။ ဒီအုပ်စုထဲမှာ အခြားအသုံးများတဲ့ ဆေးတစ်မျိုးကတော့ Prednisolone (ပရက်ဒနီဆိုလုမ်း) လို့လည်း ခေါ်ပါတယ်။...

အအေးမိခြင်း

ဆရာဝန်။ မင်္ဂလာပါ… ကျွန်တော် တာဝန်ကျဆရာဝန်ပါ ခင်ဗျ။ ဆေးခန်းပြလိုတဲ့ အကြောင်းရင်းလေး ပြောပါဦးဗျ။ မေမေ။ ဆရာရေ ကျွန်မသားလေးကိုစိတ်ပူလို့ လာပြတာပါ။ ညနေက မိုးရေထဲကစားပြီးတဲ့နောက် နှာခဏခဏချေနေတယ် ဆရာ။ ညဆိုရင်တော့ နေမကောင်းဖြစ်တော့မယ် ထင်တယ်။ ဆရာဝန်။ ဟုတ်ကဲ့ပါဗျ။ အမေ စိုးရိမ်နေတာကိုနားလည်ပါတယ်။ မိဘအတော်များများလည်း ဒီလိုပဲစိတ်ပူတတ်ကြပါတယ်။ ဒါပေမယ့်...

“ ချီးကျူးဖိုကို မတွန့်ဆုတ်ပါနဲ့…”

ကျွန်မတို့ရဲ့ လူ့ဘောင်အဖွဲ့အစည်းမှာ တစ်နည်းအားဖြင့် ကျွန်မတို့ယဉ်ကျေးမှု Culture မှာ တစ်ယောက်ကိုတစ်ယောက် ချီးကျူးဂုဏ်ပြုဖို့၊ ချီးမွမ်းစကားပြောဖို့၊ အသိအမှတ်ပြုပေးဖို့ကို တော်တော်လေး အားနည်းကြတာကို တွေ့ရပါတယ်။ မိမိကလည်း Affirmation (ချီးကျူးဂုဏ်ပြုခြင်း/အသိအမှတ်ပြုခြင်း၊ ရိုးရိုးရှင်းရှင်းပြောရရင် အားပေးစကားပြောခြင်း) ဆိုတာမျိုးကို လုပ်လေ့မရှိသလို၊ သူများက ကိုယ့်ကို ချီးကျူးလာရင်လည်း ဘယ်လိုတုံ့ပြန်ရမှန်းမသိ၊ အနေခက်ပြီး...