မီနူး

Heel Spur (ခြေဖနောင့်အတက်ထွက်ခြင်း) (December, 2022)

ခြေဖနောင့်အတက်ထွက်ခြင်း(Heel Spur)

ခြေဖနောင့်အတက်ထွက်တယ်ဆိုတာခြေဖဝါးအရိုးအောက်မှာ ကယ်လ်ဆီယမ်လေးတွေစုပြီး အရိုးအတက်လေးထွက်လာတာပါ။ အရိုးအတက်ကလက်မဝက်လောက်အထိရှည်ထွက်နိုင်ပါတယ်။

လက္ခဏာများတွေအနေနဲ့ ​ခြေဖနောင့်အောက်နဲ့အနောက်မှာ…

– နာခြင်း

– ရောင်ခြင်း

– ခြေဖမိုးဖောင်းလာခြင်း

– နာ၊ရောင်နေသောနေရာပူနေခြင်း

– ခြေဖဝါးတစ်ခုလုံးနာနေခြင်း

– ဖနောင့်အနောက်(သို့)အောက်တွင်အတက်ကလေးစမ်းမိခြင်းတို့ ဖြစ်နိုင်ပါတယ်။

ခြေဖနောင့်အတက်က တစ်ခါတစ်ရံမှာ လက္ခဏာမပြဘဲလည်းရှိနေတတ်ပါတယ်။ ခြေဖနောင့်ခဏခဏနာနေရင် မပေါ့ဆသင့်ပါဘူး။ ဆရာဝန်နဲ့တိုင်ပင်ပြီးX ray ရိုက်ရင်တော့ မြင်ရနိုင်ပါတယ်။

“ ခြေဖနောင့်အတက်ထွက်စေသောအချက်များ”

ခြေဖနောင့်အတက်ထွက်တာက ခဏနဲ့ချက်ချင်းထဖြစ်တဲ့အခြေအနေမဟုတ်ပါဘူး။ ရေရှည်ကြွက်သားနဲ့အရွတ်တွေ ဒဏ်ပိခြင်း၊ ဒဏ်ရာရခြင်း၊ ခြေဖနောင့်ရိုး (Calcaneus)ကိုပါဒဏ်ပိလာခြင်း၊ ထိခိုက်မိခြင်းတို့ကြောင့်ဖြစ်လာတာပါ။

– မျက်နှာကြမ်းကြမ်းပေါ်မှာလမ်းလျှောက်ခြင်း၊ပြေးခြင်း၊ခုန်ခြင်း(အဖြစ်များဆုံးအကြောင်းရင်း)

– အဆစ်အမြစ်ရောင်ရောဂါရှိခြင်း

– ခြေဖနောင့်ပွန်းခြင်း

– ကိုယ်အလေးချိန်များခြင်း

– ကိုယ်နဲ့မတော်တဲ့ရှူးဖိနပ်တွေ၊သက်တောင့်သက်သာမဖြစ်တဲ့ဖိနပ်တွေ အမြဲဝတ်ဆင်မိခြင်း

– လမ်းလျောက်ပုံ မမှန်ခြင်း(တစ်ချို့ လေဖြတ်လူနာများ လမ်းလျှောက်ရာတွင် ခြေဖနောင့်ကိုအားစိုက်၍ လျောက်ရခြင်း)

– ဖိနပ်အရမ်းပါးတာတို့ကြောင့်လည်း ဖြစ်နိုင်ပါတယ်။

*ခြေဖဝါးအရွတ်မြှေးရောင်ရမ်းခြင်း (Plantar fasciitis)ဖြစ်တဲ့သူတော်တော်များများက ဖနောင့်အတက်ထွက်တတ်ပါတယ်။ အရင်ဆုံးနာပြီးလက္ခဏာပြတတ်ပါတယ်။ *

ခြေဖဝါးအရွတ်မြှေးရောင်ပြီးဖနောင့်အတက်ထွက်တတ်သူတွေကတော့…

– အသက်ကြီးသူများ

– ဆီးချိုရောဂါရှိသူများ

– ခြေဖဝါးပုံမမှန်ခြင်း(ပြားနေခြင်း၊အရမ်းခုံးနေခြင်း)တို့ပဲ ဖြစ်ပါတယ်။

ဘယ်လိုကုသနိုင်မလဲ?

အိမ်မှာဆိုရင် အနားယူပေးတာဟာ အနာသက်သာစေတဲ့​အပြင်အ​ခြေအနေပါပိုမဆိုးစေနိုင်ပါဘူး

ရေခဲကပ်ပေးပါ။ တစ်ခါကပ်ရင် (၁၅)မိနစ်စီ အရောင်ကျ၊ အနာကျအောင်ကပ်နိုင်ပါတယ်။

အနာသက်သာ၊ အရောင်လျော့စေတဲ့လိမ်းဆေး(ဥပမာ Diclofenac gel) လိမ်းပေးလို့ရပါတယ်။

အရမ်းနာနေရင်ဆရာဝန်ညွှန်ကြားသလိုအကိုက်အခဲပျောက်ဆေးသောက်နိုင်ပါတယ်။

အကြောလျှော့လေ့ကျင့်ခန်းတွေလုပ်ပေးပါ။

ကိုယ်အလေးချိန်လျော့ချခြင်းကလည်း အရိုးပေါ်ဝန်နည်းစေလို့ နာတာပါသက်သာစေနိုင်ပါတယ်။

ဖိနပ်ကိုကူရှင်ခံစီးပါ။

မသက်သာပဲပြင်းထန်တဲ့လူနာတွေမှာဆိုရင်တော့ အရောင်ကျဆေးထိုးခြင်းနဲ့ ခွဲစိတ်တာအထိ လုပ်ကြရပါတယ်။

ဘယ်လိုကာကွယ်ကြမလဲ?

လမ်းလျောက်ခြင်း၊ ပြေးခြင်းလိုလှုပ်ရှားများတွေ ကြာကြာလုပ်ပြီးရင် အနားယူပေးပါ။ ဖြေဖဝါးကိုဒဏ်မပိပါစေနဲ့။ နာလာပြီးဆိုလျှင်ရေခဲကပ်၊အနားယူခြင်းပြုလုပ်ပြီး ကောင်းသွားမှပြန်လှုပ်ရှားပေးပါ။

ကိုယ်အလေးချိန်ထိန်းပေးပါ
( ခြေဖဝါးတင်မက ဒူးအရိုးအဆစ်များ အတွက်လည်းဝန်လျော့စေပါတယ် )

သက်တောင့်သက်သာဖြစ်စေသော ဖိနပ်စီးပေးခြင်းဖြင့် ခြေဖနောင့်အတက်မထွက်အောင် ကာကွယ်နိုင်ပါတယ်။

Reference
https://www.webmd.com
https://www.healthline.com

❤️ NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️

???? တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်
*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက်( https://m.me/telehealthmm )ကို နှိပ်ပါ
( နေ့စဉ် မနက် ၈နာရီမှ ည၁၀နာရီအထိ )

#nugmoh#telehealth#telemedicine
#teleconsultation#တယ်လီကျန်းမာ
#heel#spur#ခြေဖနောင့်အတက်ထွက်ခြင်း

Ministry of Health,

National Unity Government.

Published on: 6 December 2022
Last Updated: 6 December 2022

ဆက်စပ်ရာ ကျန်းမာရေးဆောင်းပါးများ

စိတ်အမှိုက်ခြင်းတောင်း

ကိုယ့်ရဲ့ အခန်း‌ထောင့်တစ်နေရာမှာ အဝတ်ဗီဒိုတစ်ခုရှိတယ်ဆိုပါစို့။ ဒီဗီဒိုထဲကို အင်္ကျီ‌တွေ၊ ဘောင်းဘီတွေ၊ ခြေအိတ်တွေ၊ ပဝါတွေ အားလုံးကို မခေါက်မသိမ်းဘဲ စုထည့်ပစ်မယ်။ ပြီးရင် တံခါးကို ပြန်စေ့ထားမယ်။ အဲလိုပဲ နောက်ရက်တွေလည်း လိုတာရှိရင် ထုတ်မယ်။ ဒီလိုပဲ ပြန်ထိုးထည့်ပြီး သိမ်းမယ်။ တံခါးကို ပြန်ပိတ်ထားမယ်။ ဒီလိုနဲ့ အချိန်ကြာလာတဲ့အခါ တစ်ရက် ဗီဒိုကိုဖွင့်လိုက်တော့ အထဲမှာရှိသမျှ...

သူနာပြုကျောင်းသူဘဝ မွေးခန်းထဲကအမှတ်တရ

"သူနာပြုကျောင်းသူဘဝရဲ့ အမှတ်တရဇာတ်လမ်း" ကျောင်းသူဘဝရဲ့ထုံးစံအတိုင်း Ward ထဲ စဆင်းရမယ့်အချိန်ပေါ့။ စာဆိုရင် စာကလေးခွေတောင် မကြိုက်တဲ့ကျွန်မ၊ ကျောင်းစာတွေမှာလည်း အပျင်းကြောထူတဲ့ကျွန်မ၊ လူနာ အယောက် ၄၀ ရအောင် case ယူရမယ်ဆိုတော့ မဗေဒါမြေလူးတဲ့အဖြစ်ထက် ကျွန်မအဖြစ်က ပိုဆိုးပါတယ်။ အဲဒီမှာ စပါပြီ။ ပထမဆုံး OG ward ထဲ...

အရေပြား ကူးစက်ရောဂါများ ကူးစက်ပြန့်ပွားမှုမှ ကာကွယ်ရန် (May, 2025)

အရေပြား ကူးစက်ရောဂါများ ကူးစက်ပြန့်ပွားမှုမှ ကာကွယ်ရန် အလွယ်ကူဆုံးနှင့် အထိရောက်ဆုံးနည်းလမ်းမှာ ရေ ပုံမှန်ချိုးခြင်း၊ အဝတ်အစားနှင့် အိပ်ရာ/အိပ်ရာခင်းများကို ပုံမှန်လျှော်ဖွပ်ခြင်း အစရှိသည့် တစ်ကိုယ်ရေသန့်ရှင်းရေး အလေ့အကျင့်ကောင်းများကို လေ့ကျင့်ဆောင်ရွက်ရန်ဖြစ်ပါသည်။ တယ်လီကျန်းမာ အခမဲ့အွန်လိုင်းဆေးခန်းကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ Ref: Wisconsin Department of Health Services

မုဒိတာပွားဖို ခက်လာတဲ့အခါ….

ဒီအကြောင်းကို မဖတ်ခင် အခုဆောင်ပါးဟာ တော်လှန်ရေးမှာ တစ်နည်းမဟုတ် တစ်နည်းနဲ့ ပါဝင်ပတ်သက်ဆက်နွယ်နေကြတဲ့ ရင်ဘတ်ချင်း နီးသူတွေအတွက်သာ ရည်စူးရေးသားထားခြင်း ဖြစ်ကြောင်း ကြိုတင်အသိပေးပါရစေ။ _ _ _ တော်လှန်ရေးကာလ ကြာမြင့်လာတာနဲ့အမျှ လူတွေရဲ့စိတ်တွေဟာလည်း ပြောင်းလဲလာတတ်ကြပါတယ်။ အဲဒီအထဲမှာမှ အဖြစ်အများဆုံးက ကိုယ့်ထက် အဆင်ပြေနေတဲ့သူ‌တွေ၊ ပျော်နေတဲ့သူတွေ၊ ချမ်းသာနေတဲ့သူတွေကိုမြင်ရင် မုဒိတာ ပွားမပေးနိုင်တော့တာပါ။ ဒီကာလကြီးက...