မီနူး

လိင်မှတစ်ဆင့် ကူးစက်တတ်တဲ့ ဂနိုရောဂါ “ Gonorrhoea” (April 2023)

” ဂနိုရောဂါ (Gonorrhoea) “

လိင်မှတစ်ဆင့် ကူးစက်တတ်တဲ့ရောဂါတွေထဲမှာ ဂနိုရောဂါဟာလည်း တစ်ခု အပါအဝင်ဖြစ်ပါတယ်။

ဒီရောဂါက ???????????????????????????????????? ???????????????????????????????????????????? လို့ခေါ်တဲ့ ဘက်တီးရီးယားပိုးကြောင့်ဖြစ်ပြီး အထူးသဖြင့် အမျိုးသားတွေမှာ ကူးစက်ခံရတာ များပါတယ်။

ဆီးလမ်းကြောင်း၊ လိင်အင်္ဂါနဲ့ တစ်ခါတလေ လိင်ဆက်ဆံမှုအပေါ် မူတည်ပြီး စအိုဝမှာလည်း ဖြစ်တတ်ပါသေးတယ်။ ဒါ့အပြင် လေပြွန်နဲ့ မျက်လုံးတို့မှာလည်း ရောဂါကူးစက်ခံရနိုင်ပါတယ်။

.

.

???? ရောဂါလက္ခဏာတွေက ဘာတွေလဲ ?

လိင်ဆက်ဆံပြီးနောက်ပိုင်း (၂) ရက်ကနေ (၁၀) ရက်၊ တစ်ခါတလေ (၃) ပတ်လောက်အထိ ကြာပြီးနောက်ပိုင်းမှာ လိင်ဆက်ဆံခဲ့တဲ့ လိင်အင်္ဂါ၊ စအိုပေါက်၊ ပါးစပ် စတဲ့နေရာတွေမှာ ရောဂါလက္ခဏာတွေ စပြီးပေါ်လာလေ့ရှိပါတယ်။

အဓိကလက္ခဏာကတော့ ဆီးပြွန်ရောင်ရမ်းတဲ့ လက္ခဏာပဲ ဖြစ်ပါတယ်။ အဲ့ဒီလို ရောင်ရမ်းတဲ့အတွက် ဆီးသွားတဲ့အခါ ပူလောင်နေသလို ခံစားရတာ၊ ပြည်လိုမျိုး အဖြူရောင်၊ အဝါရောင်ရှိတဲ့ အရည်တွေထွက်နေတာ… စတာတွေကို စတင်သတိပြုမိကြတာပါ။

ဂနိုရောဂါရဲ့ ပထမဆုံး လက္ခဏာအနေနဲ့ ဆီးပေါက်တဲ့အခါမှာ မသက်မသာ၊ အဆင်မပြေတာ ခံစားရပြီး၊ နောက်ပိုင်းမှာတော့ ဆီးသွားတိုင်း နာကျင်လာမယ်၊ ပြီးရင်တော့ လိင်တံကနေ ပြည်တွေလိုမျိုး အရည်တွေ ကျဆင်းလာတာမျိုး ဖြစ်လေ့ရှိပါတယ်။

ဒါပေမယ့် တစ်ခါတလေမှာတော့ ဘာလက္ခဏာမှာ မပြတာမျိုးလည်း ဖြစ်တတ်ပါတယ်။

အမျိုးသမီးတွေမှာတော့ ရောဂါရှိသူရဲ့ ၈၀% လောက်က လက္ခဏာမပြတာကို တွေ့ရပါတယ်။ အမျိုးသမီးတွေမှာ ဖြစ်တတ်တဲ့ လက္ခဏာတွေကတော့…

– မိန်းမကိုယ်ကနေ အရည်တွေဆင်းနေတာ (ဒါမှမဟုတ်) ဆီးသွားတဲ့အခါမှာ နာကျင်တာ

– တင်ပါးဆုံနာတာ

– ‌ဗိုက်အောက်ပိုင်း၊ ခါးစပ်နာတာ

– ဖျားတာ၊ နေထိုင်မကောင်းတာ

– လိင်ဆက်ဆံတဲ့အချိန် နာကျင်တာတွေ

– အချိန်မဟုတ်ဘဲ ရာသီသွေးဆင်းတာ…. စတာတွေ ခံစားရနိုင်ပါတယ်။

လေပြွန်ကိုကူးစက်ရင်တော့ ရောဂါလက္ခဏာ သိပ်ပြလေ့မရှိပါဘူး။

မျက်လုံးမှာ ဖြစ်ခဲ့ရင်တော့ မျက်လုံးအမြှေးပါးရောင်တဲ့ လက္ခဏာတွေ ဖြစ်တတ်ပါတယ်။ မျက်လုံးကနေ ပြည်တွေထွက်နေမယ်၊ မျက်လုံး ရောင်ကိုင်း ဖောင်းမို့လာမယ်၊ နာလာမယ်၊ အလင်းကိုမခံနိုင်တာတွေ ဖြစ်လာပါမယ်။

.

.

???? ဂနိုရောဂါကို ဘယ်လို စစ်ဆေးနိုင်လဲ ?

ရောဂါကူးခံရတဲ့နေရာကနေ အရည်ကို swab ယူပြီးဖြစ်စေ၊ မနက်အစော ပထမဆုံးသွားတဲ့ ဆီးကိုယူပြီး ဖြစ်စေ စစ်ဆေးနိုင်ပါတယ်။

.

.

???? ဂနိုရောဂါက ဘယ်လို ကူးစက်နိုင်လဲ ?

တစ်ဘက်လူမှာ ရောဂါပိုးရှိနေပြီဆိုရင်တော့ လိင်တူဖြစ်စေ၊ လိင်ကွဲဖြစ်စေ… မိန်းမကိုယ်၊ စအိုပေါက်နဲ့ ပါးစပ်ကတစ်ဆင့် လိင်ဆက်ဆံရာကနေ ကူးစက်နိုင်ပါတယ်။

.

.

???? ဂနိုရောဂါကို ဘယ်လို ကုသရမလဲ ?

ပိုးသတ်ဆေးသောက်ဖို့၊ ထိုးဖို့ လိုအပ်တဲ့အတွက် ဆရာဝန်နဲ့ စနစ်တကျ တိုင်ပင်ပြသဖို့ အရေးကြီးပါတယ်။

ရောဂါဖြစ်သူရဲ့ လိင်ဆက်ဆံဖော် ပါတနာကိုလည်း ပိုးစစ်ကြည့်ဖို့ လိုအပ်ပါတယ်။

ရောဂါကုသပျောက်ကင်းတဲ့အထိ လိင်ဆက်ဆံတာကို ‌ရှောင်ဖို့တော့ လိုအပ်ပါတယ်။

ကုသမှုကို နောက်ကျမှ ခံယူမယ်ဆိုရင်

– ဆီးအိမ်ရောင်တာ

– အမျိုးသား လိင်အင်္ဂါ၊ ပြွန်ရောင်ရမ်းတာ

– ဆီးပြွန်ကျဥ်းတာ

– အမျိုးသမီးတွေမှာတော့ သားအိမ်၊ မျိုးဥပြွန်ရောင်ရမ်းတဲ့ရောဂါကြောင့် သားသမီးမရနိုင်တာမျိုးတွေအထိ ဖြစ်နိုင်ပါတယ်။

.

.

???? ဂနို‌ရောဂါကို ကာကွယ်နိုင်လား?

ကာကွယ်လို့ ရပါတယ်….

လိင်ဆက်ဆံတဲ့အခါ အကာအကွယ် (condom) သုံးဖို့ မမေ့ပါနဲ့။

လိင်ဆက်ဆံဖော် ပါတနာများတဲ့သူတွေအနေနဲ့ နှစ်စဥ် ဂနိုရောဂါကို စစ်ကြည့်ဖို့ တိုက်တွန်းလိုပါတယ်။

.

.

???? ဂနိုရောဂါနဲ့ပတ်သက်ပြီး အရေးကြီး မှတ်သားဖွယ်တွေကတော့…

• ဆီးပူညောင်းကျလို့ပြောရင် အမျိုးသားတွေမှာပဲ ဖြစ်တတ်တာလို့ ပေါ့ဆတတ်ကြပါတယ်။

• ဂနိုဟာ အမျိုးသမီးတွေမှာလည်း ဖြစ်တတ်ပြီးတော့ တော်တော်များများက လက္ခဏာ မပြတတ်ကြပါဘူး။

• အထူးသဖြင့် အမျိုးသမီးတွေမှာ ကလေးမရနိုင်တာအထိ ဖြစ်တတ်ပါတယ်။

• ဆီးစစ်ကြည့်ပြီး ရောဂါပိုးရှိ/မရှိ သိနိုင်တာမို့ လွယ်ကူစွာ စစ်ဆေးလို့ရပါတယ်။

• ကိုယ့်ရဲ့ လိင်ဆက်ဆံဖော် ပါတနာကိုလည်း မိမိမှာ ရောဂါရှိတဲ့အကြောင်းကို ပွင့်ပွင့်လင်းလင်း ပြောပြပြီး ရောဂါပိုးစစ်ကြည့်ဖို့ လိုအပ်ပါတယ်။

• ရောဂါကုသပျောက်ကင်းတဲ့အထိ လိင်မှုကိစ္စ ‌ရှောင်ရှားဖို့ လိုအပ်ပါတယ်။

• လိင်ဆက်ဆံတဲ့အခါ အကာအကွယ်သုံးခြင်းဟာ အကောင်းဆုံးဖြစ်ပါတယ်။

.

???? အထက်ပါ ပြောပြပြီးခဲ့တဲ့အတိုင်း ဂနိုရောဂါဟာ ကာကွယ်လို့ရတဲ့ရောဂါ ဖြစ်တဲ့အတွက် “အကာအကွယ်သုံးဖို့” မမေ့ပါနဲ့။ မိမိမှာ ရောဂါရှိပြီလို့ စစ်ဆေးတွေ့ရှိတာနဲ့ အချိန်မနှောင့်နှေးစေဘဲ စောစီးစွာ ကုသဖို့ လိုအပ်ပါတယ်။

Reference ????

Murtagh,J , 2016. Murtagh’s patient education. 6th Ed. Australia:Mcgraw-Hill Australia,pp. 133

❤️ NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️

???? တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်

* ပိတ်ရက်မရှိပါ *

( နေ့စဥ် မနက် ၈နာရီမှ ညနေ၆နာရီအထိ )

ကြိုတင်ဘိုကင်ယူရန်အတွက်( https://m.me/telehealthmm )ကို နှိပ်ပါ

#nugmoh#telehealth#telemedicine

#teleconsultation#တယ်လီကျန်းမာ#Telekyanmar

#gonorrhoea#ဆီးပူညောင်းကျ#ဂနို

Ministry of Health,

National Unity Government.

Published on: 12 April 2023

Last updated: 12 April 2023

ဆက်စပ်ရာ ကျန်းမာရေးဆောင်းပါးများ

မိမိကိုယ်မိမိ ကြင်နာပါ။ (စက်တင်ဘာ၊ ၂၀၂၅)

▪️ မိမိကိုယ်မိမိ အခြားသူနှင့် နှိင်းယှဉ်ခြင်းကို ရပ်တန့်ပါ။▪️ အကောင်းမြင်ပါ။ ဖုန်း လျှော့သုံးပါ။▪️ မိမိကိုယ်မိမိ သတ်သတ်မှတ်မှတ် အချိန်ပေးပါ။▪️ မိမိ နှစ်သက်သည်များကို လုပ်ဆောင်ပါ။▪️ အရသာရှိပြီး အာဟာရပြည့်ဝသော အစာများကို နှစ်ခြိုက်စွာ စားသုံးပါ။ တယ်လီကျန်းမာ အခမဲ့အွန်လိုင်းဆေးခန်းကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုး Ref: World Health Organization

ပထမအိပ်မက်

ရယ်ရမလို၊ ငိုရမလို ကြုံခဲ့ရတဲ့ ဟာသလိုလို ဘာလိုလို ဘယ်လိုခံစားမှူမျိုးလည်း ပြောမပြတတ်တဲ့ လူနာတစ်ယောက်အကြောင်း ပြောပြချင်ပါတယ်။ တိုင်းပြည်ကြီး မကျန်းမာနေမှန်း၊ ပျော်စရာကောင်းမနေမှန်းလည်း သိပါတယ်။ ခဏစိတ်ထွက်ပေါက်ရပြီး တစ်ချက်ပြုံးလိုက်မိကြရင် တစ်ရက်အသက်ရှည်ပါစေဆိုတဲ့ ကျွန်တော့်လို guilty of survivors များအတွက်ပါ။. တစ်နေ့သ၌ပေါ့လေ။ ပြင်ပလူနာဌာန အရေးပေါ်တာဝန်ကျ လက်ထောက်ဆရာဝန်က ဖုန်းနဲ့...

ပွင့်လင်းကြရအောင်

အသက်ရှုဖို့မေ့‌လောက်အောင် စိတ်ပင်ပန်းနေတဲ့အခါ ဘယ်သူနဲ့မှ စကားမပြောချင်၊ ဘယ်သူ့ကိုမှလည်း မမြင်ချင် မ‌တွေ့ချင် ဖြစ်ဖူးကြလား။ ဒီခံစားချက်တွေကို အောင့်အီးထားရင်း ရင်ထဲမှာ တစ်နေကုန် လေးလံနေဖူးလား။ ဒီနေ့တော့ ရင်ထဲမှာရှိတာကို ပွင့်ပွင့်လင်းလင်း ဖော်ပြတတ်ခြင်းက ကျွန်မတို့ရဲ့ စိတ်ကျန်းမာရေးအတွက် ဘယ်လောက်တောင် အရေးကြီးလဲဆိုတာကို ပြောပြပါရစေ။…… "ပွေ့ဖက်ခြင်း" ချစ်ရတဲ့သူကို ရုတ်တရက် မြင်လိုက်ရတဲ့အခါ ပြေးဖက်ချင်စိတ်မျိုး ဖြစ်ဖူးကြတယ်မလား။...

PrEP (Pre-Exposure Prophylaxis) HIV ကြိုတင်ကာကွယ်ဆေးအကြောင်း

"PrEP (Pre-Exposure Prophylaxis) HIV ကြိုတင်ကာကွယ်ဆေးအကြောင်း" တုပ်ကွေးကာကွယ်ဆေး၊ သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးတွေလို PrEP ဆိုတာလည်း ကာကွယ်ဆေးတစ်မျိုးပါပဲ။ သူ့ကိုတော့ HIV ဗိုင်းရပ်စ်ပိုး ကူးစက်ခံရခြင်းမှ ကြိုတင်ကာကွယ်ဖို့အတွက် ထုတ်လုပ်ထားတာပါ။ ဒါပေမယ့် PrEP ဆေးတွေဟာ ဆေးဝါးအသစ်တွေဖြစ်တာကြောင့် ဘယ်လိုလူတွေ သောက်သင့်လဲ၊ ဘယ်လိုကာကွယ်ပေးနိုင်လဲ၊ ခန္ဓာကိုယ်အပေါ် ဘယ်လိုသက်ရောက်မှုရှိလဲဆိုတဲ့ မေးခွန်းပေါင်းများစွာတော့...