မီနူး

See our latest stories

written by our lovely staff members

ကိုယ်ဝန်သက်တမ်း ၂၄ ပတ်နောက်ပိုင်း ကလေးမမွေးဖွားမီ မွေးလမ်းကြောင်းမှ သွေးဆင်းခြင်းအကြောင်း Antepartum Haemorrhage

တစ်နေ့က လူနာတစ်ယောက် ရောက်လာလို့ပါ။ အသက် ၂၄ နှစ်၊ ဒုတိယကိုယ်ဝန်၊ ၃၆ ပတ်မှာ သွေးနည်းနည်းဆင်းတယ်တဲ့။ ၁၇ ပတ်မှာရိုက်ထားတဲ့ အာထရာဆောင်း (USG) ကလည်း အချင်းရှေ့ရောက်နေတယ် (Placenta Praevia) လို့ပြောထားတယ်။ ကြားထဲလည်း တစ်ခေါက်မှ လာမပြဘူး။ သွေးဆင်းဆင်းချင်းလည်း မလာဘူး။ ဗိုက်မနာလို့တဲ့။...

ဗိုက်ထဲကသန္ဓေသားမှာ ဒေါင်းရောဂါစု (Down Syndrome) ဖြစ်နိုင်ချေကို စစ်ဆေးခြင်း

အရင် ၃ ပတ်လောက်က… Dating Scan နဲ့ပတ်သက်ပြီး ဆက်လက်ဖော်ပြပါမည်လို့ ဆောင်းပါးတစ်ပုဒ်ကို အဆုံးသတ်ပြီးနောက်ပိုင်း…. ဘာကိုအရင်စရေးရမလဲ စဉ်းစားမရဖြစ်နေတုန်းမှာ FB က friend တစ်ယောက်ဆီကနေ အတွေးတစ်စရခဲ့တယ်။ သူက ကျွန်တော့်ကို မေးခွန်းတစ်ခု လှမ်းမေးတယ်။ သူက မြန်မာနိုင်ငံသူ အခုနိုင်ငံခြားတိုင်းပြည်တစ်ခုမှာ နေထိုင်နေသူပါတဲ့။ အသက်လေးဆယ်နားနီးမှာ...

ကိုယ်ဝန်ဆောင်နှင့် ဖောလစ်အက်စစ် (Folic acid) အရေးကြီးပုံ

သင့်ရင်သွေးလေးမှာ မွေးရာပါချို့ယွင်းချက်တွေ မဖြစ်အောင်ကာကွယ်မယ်ဆိုရင်တော့ အရေးကြီးဆုံးအချက်က လုံလောက်တဲ့ဖောလစ်အက်ဆစ်ပမာဏကို ကိုယ်ဝန်ဆောင်ဖို့ ဆုံးဖြတ်လိုက်ချိန်ကစပြီး ကိုယ်ဝန်ဆောင်ချိန်တစ်လျှောက်လုံး နေ့စဉ်ပုံမှန်သောက်သုံးဖို့ပါပဲ။ ဒါကြောင့် ဖောလစ်အက်ဆစ် (Folic acid) ဆိုတာဘာလဲဆိုတာ လေ့လာကြရအောင်ပါ။ Folic acid ဟာ ဗီတာမင် B အုပ်စုဝင် ဖြစ်ပါတယ်။ အတိအကျပြောရရင်တော့ ဗီတာမင် B9 ပါ။...

ခန့်မှန်းမွေးဖွားရက် (EDD) တွက်ချက်ခြင်း (Dating Scan)

လူ့ဘဝဆိုတာ မသေချာခြင်းတွေကနေစတယ်။ ဘယ်နေ့က ကိုယ်ဝန်ရသွားသလဲ ဘယ်သူမှ မသိပါဘူး။ ဘယ်နေ့မွေးမလဲ ဘယ်သူမှ တပ်အပ်မှန်အောင် မပြောနိုင်ပါဘူး။ ရုပ်ရှင်တွေ ဝတ္ထုတွေထဲကလို "တစ်ခါတည်းပါ" ဆိုရင်တော့ အဲဒီနေ့က ကိုယ်ဝန်ရတဲ့‌နေ့ပေါ့။ ထားပါလေ ဒါကရယ်စရာ ပြောတာပါ။ ကျွန်တော်တို့ သားဖွားပညာမှာ ကိုယ်ဝန်သက်တမ်းကို လနဲ့မပြောပါခင်ဗျ။ ရက်သတ္တပတ်နဲ့ပဲ ပြောပါတယ်။...

စစ်ရှောင်အမျိုးသမီးတစ်ဦးရဲ့ သုံးမွှာပူးကိုယ်ဝန်

Helloကျွန်တော် Dr Harry ပါ။ ဒီတစ်ခါ စာရေးဖို့အချိန်ရောက်လာတာနဲ့ ရေးစရာ အကြောင်းအရာကလည်း ကွက်တိကျနေတာနဲ့ မှတ်တမ်းလေးလည်းကျန်အောင် ကြိုးစားပြီးရေးလိုက်ပါတယ်။ Case ကတော့ ထုံးစံအတိုင်း ကလေးမွေးတဲ့ကိစ္စပါပဲ။ ဒါပေမယ့် ပုံမှန်မွေးနေကျလိုမဟုတ်ဘဲ သုံးမွှာပူးဖြစ်နေတာပါ။ လူနာက စစ်ရှောင်ပါ။ အသက် ၃၆ နှစ် လေးကြိမ်မြောက်ကိုယ်ဝန်ကို ကျွန်တော့်ဆေးခန်းမှာ ဇွန်လ လောက်က...

စောစောဗိုက်လာအပ်စေချင်

ဒီနေ့ အရေးပေါ်ခွဲစိတ်မှုနဲ့ ကြိုတင်ပြင်ဆင်ထားတဲ့ခွဲစိတ်မှု နှစ်မျိုးလုံးလုပ်ခဲ့ရတယ်။ အရေးပေါ်ကတော့ အားလုံးသိတဲ့အတိုင်း ရုတ်ချည်းဝရုန်းသုန်းကားနဲ့ ဟော့ဟော့ဒိုင်းဒိုင်းပေါ့။ ကြိုတင်ပြင်ဆင်ထားတဲ့ခွဲစိတ်မှု (Elective operation) ကတော့ ရောဂါအကြီးအသေးနဲ့မဆိုင်၊ သူ့ဟာသူ ကြီးချင်ကြီး သေးချင်သေး ကြိုတင်ပြင်ဆင်ဖို့ အချိန်ရှိတာပေါ့။ သိစေချင်တာက ဒီလိုဗျ။ ဥပမာ အေးအေးငြိမ်း၊ အိအိငြိမ်း ရင်ချင်းဆက်အမွှာကို တစ်ယောက်ချင်းစီဖြစ်သွားဖို့ ခွဲစိတ်ပေးရမယ်။ ခွဲစိတ်မှုက...

မနာမကျင် မပူမစပ်ဘဲ ရိုးရိုးမွေးဖွားခြင်း Painless Labour

နေ့စေ့လစေ့ ဗိုက်ကြီးသည်လူနာတစ်ယောက်က လုံးဝ ဗိုက်နာခြင်းမရှိဘဲ ကလေးလေးကို သဘာဝမွေးလမ်းကြောင်းကနေ ရိုးရိုးမွေးဖွားမယ်တဲ့။ ဖြစ်နိုင်ပါ့မလား။ ဖြစ်နိုင်ပါတယ်။ ပထမဆုံးပြောပြချင်တာကတော့ နာကျင်မှုကိုခံစားရပုံချင်းက တစ်ယောက်နဲ့တစ်ယောက် မတူကြဘူးဗျ။ Emotion လို့ခေါ်တဲ့ စိတ်ခံစားမှု၊ စိတ်ဓာတ်လုံခြုံမှု ဘယ်လောက်ရှိသလဲဆိုတဲ့အပေါ်လည်း မူတည်သလို Pain threshold မြင့်တယ်နိမ့်တယ်၊ ဒီနာကျင်မှူကိုပဲ တစ်ယောက်က အေးဆေး၊ တစ်ယောက်က...

မွေးဖွားရန် မှန်ကန်သောဝမ်းနာခြင်း မစတင်မီ စော၍ရေမြွှာပေါက်ခြင်း Pre labor Rupture of Membrane (PROM)

မွေးဖွားရန် မှန်ကန်သောဝမ်းနာခြင်း မစတင်မီ စော၍ရေမြွှာပေါက်ခြင်း (Pre labor Rupture of Membrane) (PROM) နှစ်မျိုးရှိပါတယ်။Term PROM နဲ့ Preterm PROM Term PROM ဆိုတာက နေ့စေ့လစေ့ကိုယ်ဝန်မှာ ဗိုက်မနာမီ ရေမြွှာပေါက်သွားတာပေါ့ဗျာ။ နေ့စေ့လစေ့ဆိုတာ ကိုယ်ဝန်သက်တမ်း ၃၇ ပတ်ကျော်ပြီးချိန်ကို (၈...