မီနူး

See our latest stories

written by our lovely staff members

လဲကျတိုင်း ပြန်ထနိုင်ဖို့

It's OK not to be OK ✌🏻 "ကျရှုံးသွားလည်းရတယ်" ဆိုတဲ့စကားနောက်မှာ"ပြန်ထနိုင်ဖို့သာ အရေးကြီးတာ" ဆိုပြီး ကျွန်မတို့ အများအားဖြင့် ပြောတတ်ကြတယ်မို့လား။ မှန်ပါတယ်။ တကယ်တမ်းလဲကျသွားသူတွေမှာ ပြန်ထဖို့အတွေးက ရှိပြီးသားပါ။ ဒါပေမယ့် ပြန်ထဖို့၊ ထူထောင်ဖို့၊ အားယူဖို့၊ ပြန်စတင်ဖို့ အချိန်ကြာခြင်း၊ နှေးခြင်း/မြန်ခြင်းတွေကတော့ တစ်ဦးချင်းစီရဲ့ စိတ်ဓာတ်ကြံ့ခိုင်မှုအပေါ်လိုက်ပြီး...

လက်ဆေးပါ (ဖေဖော်ဝါရီလ၊ ၂၀၂၅ ခုနှစ်)

လက်ဆေးပါ 🧼 ဆပ်ပြာနဲ့ ရေကို အသုံးပြုပြီး မကြာခဏ လက်ဆေးပါ။🧼 ဆပ်ပြာနဲ့ ရေ အသုံးပြုဖိုမလွယ်ရင် အယ်လ်ကိုဟော ပါဝင်တဲ့ လက်သန့်ဆေးရည်ကို အသုံးပြုပါ။🧼 တစ်ခါသုံးလက်အိတ်ကို အသုံးပြုရင်လည်း လက်ဆေးပြီးမှ အသုံးပြုပါ။🧼 ကူးစက်ရောဂါတွေရဲ့ ၈၀% က လက်နဲ့ ထိတွေ့ခြင်းကတစ်ဆင့် ကူးစက်ပြန့်ပွားနိုင်ပါတယ်။ တယ်လီကျန်းမာ...

ကိုယ်ဝန်သည်နှင့် သွေးချို၊ ဆီးချိုရောဂါ အပိုင်း(၁)

"ကိုယ်ဝန်သည်နှင့် သွေးချို၊ ဆီးချိုရောဂါ"Pregnancy with Diabetes Mellitus (D.M) သွေးချို၊ ဆီးချိုရောဂါအကြောင်းကတော့ လူအတော်များများ သိဖူးကြားဖူးကြမှာပါ။ ကိုယ်ဝန်သည်မှာလည်း သွေးချို၊ ဆီးချိုရောဂါနဲ့ တွဲတတ်လို့… တွဲရင် ဘာတွေဖြစ်တတ်တယ် ပြောပြချင်လို့ပါ။ နိဒါန်းအနေနဲ့ သွေးချို၊ ဆီးချိုရောဂါ ဘာကြောင့်ဖြစ်ရသလဲဆိုတာ ကျွန်တော်နားလည်သလောက်လေး၊ နားလည်သလိုလေး ကြိုးစားရေးကြည့်ပါမယ်နော်။ မှားနေရင်လည်း...

ခံစားချက်တွေဟာ ဘယ်အချိန်မှာ ပေါက်ကွဲတတ်ပါသလဲ

"ဘာဖြစ်ဖြစ် နားလည်သည်းခံ" တဲ့…လူမှန်းသိတတ်စတည်းက နားရည်ဝနေတဲ့စကား။ "နားလည်ပေးရမယ် "ဆိုတဲ့စကားက အတန်အသင့် ကျိုးကြောင်းဆီလျော်ပေမယ့် အရာရာကို ကိုယ်ကပဲ သည်းခံရမယ်ဆိုတာကတော့ ခံရတဲ့သူအတွက်က မတရားပါဘူး။ မှားမှားမှန်မှန်… အထက်လူကြီးနဲ့ အဆင်ပြေအောင် သည်းခံ လုပ်ဖော်ကိုင်ဖက်တွေနဲ့ အဆင်ပြေအောင် သည်းခံ အိမ်ထောင်တစ်ခုကွဲမှာစိုးလို့ သည်းခံ ကိုယ့်ထက်လူကြီးမိဘမို့ သည်းခံ မိန်းကလေးမို့ သည်းခံ ယောက်ျားလေးမို့ သည်းခံ အရာရာကို ကိုယ့်ဘက်ကချည်းသည်းခံဖို့ သင်ပြခြင်းခံရပြီး လက်ဆင့်ကမ်းလာတဲ့ ဒီ...

ကိုယ်လက်လှုပ်ရှား အားကစား (ဖေဖော်ဝါရီလ၊ ၂၀၂၅ ခုနှစ်)

ကိုယ်လက်လှုပ်ရှားမှုတိုင်းသည် ရောဂါကာကွယ်ခြင်းမှ စိတ်ကျန်းမာရေး မြှင့်တင်ခြင်းအထိ အကျိုးသက်ရောက်မှု ရှိစေသည်။ အရွယ်ရောက်ပြီးသူများသည် သီတင်း (၁) ပတ်အတွင်းတွင် ▪️ အလယ်အလတ် အေရိုးဗစ် ကိုယ်လက်လှုပ်ရှားမှုများကို မိနစ် ၁၅၀ မှ ၃၀၀ မိနစ်အထိ အနည်းဆုံး(သိုမဟုတ်)▪️ ပြင်းထန်သော အေရိုးဗစ် ကိုယ်လက်လှုပ်ရှားမှုများကို ၇၅ မိနစ်မှ ၁၅၀...

အစားအသောက်ဒိုင်ယာရီ

မင်္ဂလာပါ 🥰 ဇန်နဝါရီတစ်လတော့ ကုန်သွားပါပြီ။ ဒီနှစ်မှာ… ငါကျန်းမာမှဖြစ်မယ်၊ ငါပိန်မှရမယ်၊ ငါသွေးတိုးထိန်းနိုင်မှရမယ်၊ ငါဆီးချိုထိန်းနိုင်မှရမယ် စသဖြင့် မိမိကိုယ်မိမိ ရည်စူးထားကြသူတွေ ရှိကြမှာပါ။ ဒီလိုသတ်မှတ်ချက်တွေရော အောင်မြင်ရဲ့လားဆိုတာ ပြန်သုံးသပ်ကြပါစို့နော်။ အရင်ဆုံး မိမိကိုယ်မိမိ သတိထားမိဖို့လိုပါတယ်။ တစ်ခါတလေကျ သိလျက်နဲ့လည်း ရှောင်ပြေးနေမိတာမျိုး ဖြစ်တတ်ပါတယ်။ ဥပမာ၊ သွေးတိုးရှိတယ်ဆိိုပါစို့။ အငန်တွေလျှော့စားရမယ်ဆိုတာလည်း သိတယ်၊ ငါးပိိရည်ရှောင်ရမယ်ဆိုလို့...

မိမိကိုယ်ကိုယ် အဆုံးစီရင်ခြင်းသည် လွတ်မြောက်မှုတစ်ခုမဟုတ်ပါ Suicide is not an Escape

"Suicide is not an Escape …" ကျွန်မ ဒီရက်အနည်းငယ်အတွင်းမှာတင် ကိုယ်နဲ့ သိကျွမ်းသူလူငယ်နှစ်ဦး အဆုံးစီရင်သွားတယ်ဆိုတဲ့ သတင်းတွေကို ရှေ့ဆင့်နောက်ဆင့်ကြားသိရတယ်။ အရင်းစစ်ရင်တော့ အမြစ်မြေက အာဏာရူးတစ်သိုက်ကြောင့်ဖြစ်မှာ မလွဲမသွေပါ။ ခံပြင်းရတာတွေ၊ ဝမ်းနည်းရတာတွေကိုတော့ စာရှည်မှာစိုးလို့ ထည့်မရေးတော့ပါဘူး။ အဲဒီမှာ ကျွန်မ ဘာကိုသွားပြီး သတိထားမိသလဲဆိုတော့ အပြင်မှာရော social media...

Hepatitis B (အသည်းရောင် အသားဝါ B ပိုး) ရောဂါအကြောင်း အမေးအဖြေ

အသည်းရောင်အသားဝါ B ပိုးရောဂါသည် Hepatitis B virus ပိုးကြောင့်ဖြစ်သော ရောဂါဖြစ်ပြီး အသည်းကို အဓိကထိခိုက်စေပါသည်။ ဤရောဂါသည် ကာလတိုရောဂါ (acute illness) ဖြစ်နိုင်သလို ကာလရှည်ရောဂါ (chronic illness) လည်းဖြစ်နိုင်ပြီး အသည်းပျက်စီးခြင်း၊ အသည်းခြောက်ခြင်းနှင့် အသည်းကင်ဆာတို့ကို ဖြစ်စေနိုင်ပါသည်။. ၁။ အသည်းရောင်အသားဝါ...