ပင်မစာမျက်နှာ
ကျန်းမာရေးဆောင်းပါးများ
တယ်လီကျန်းမာအကြောင်း
အကြံပြုချက်ပေးပို့ရန်
Search
An official website of the National Unity Government
မီနူး
တယ်လီကျန်းမာ
An official website of the National Unity Government
Facebook
Mail
Youtube
တယ်လီကျန်းမာ
ပင်မစာမျက်နှာ
ကျန်းမာရေးဆောင်းပါးများ
တယ်လီကျန်းမာအကြောင်း
အကြံပြုချက်ပေးပို့ရန်
Search
See our latest stories
written by our lovely staff members
ရာသီဥတုဖောက်ပြန်ပြောင်းလဲခြင်းကြောင့် ကျန်းမာရေးအပေါ်သက်ရောက်မှုများ Climate Change
မတ် 25, 2024
ရာသီဥတုဖောက်ပြန်ပြောင်းလဲခြင်းဟာ လူတွေရဲ့ကျန်းမာရေးကို နည်းအမျိုးမျိုးနဲ့ သက်ရောက်မှုရှိပါတယ်။ ရာသီဥတုနဲ့ ပတ်ဝန်းကျင်မှာ လွန်ကဲစွာပြောင်းလဲမှုတွေဟာ ရှိရင်းစွဲကျန်းမာရေးပြဿနာတွေကို တိုးလာစေနိုင်တဲ့အပြင် ရောဂါပြဿနာအသစ်တွေကိုလည်း ဖြစ်စေနိုင်ပါတယ်။ ... ... ???? ရာသီဥတုပြောင်းလဲမှုတွေဟာ လူတွေရဲ့ ကျန်းမာရေးအပေါ် ဘယ်လိုသက်ရောက်မှု ရှိနိုင်လဲ.... ရာသီဥတုပြောင်းလဲခြင်းနဲ့ အပူချိန်လွန်ကဲခြင်း၊ လေထုညစ်ညမ်းခြင်း၊ ပတ်ဝန်းကျင်မှာ အဆိပ်အတောက်တွေတိုးလာခြင်းနဲ့ အစားအစာမဖူလုံခြင်း စတာတွေဟာ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ...
အဖြစ်များသော တုပ်ကွေးရောဂါလက္ခဏာများ Flu Symptoms in Ethnic Languages
မတ် 24, 2024
တုပ်ကွေးရောဂါဆိုတာ အဖြစ်များတဲ့ရောဂါတစ်ခု ဖြစ်ပါတယ်။ တုပ်ကွေးရောဂါဖြစ်တဲ့အခါမှာ အများစုက မပြင်းထန်ဘဲ အလွယ်တကူပျောက်ကင်းပေမယ့် တချို့သူတွေမှာဆိုရင်တော့ အသက်ဆုံးရှုံးတဲ့အထိ ပြင်းထန်နိုင်ပါတယ်။ တုပ်ကွေးရောဂါဟာ တုပ်ကွေးဗိုင်းရပ်စ် ကူးစက်ခံရလို့ ဖြစ်ပွားရတာဖြစ်ပြီး တုပ်ကွေးပိုးရှိသူက နှာချေ၊ ချောင်းဆိုးလို့ ထွက်လာတဲ့ အမှုန်အမွှားတွေကို ရှူမိရာကတစ်ဆင့် ဒါမှမဟုတ် အမှုန်အမွှားတွေကို လက်နဲ့ထိတွေ့မိပြီး အဲဒီလက်နဲ့ နှာခေါင်းတို့၊ ပါးစပ်တို့ကို...
ကွန်ဒုံးအသုံးပြုနည်း
မတ် 22, 2024
သားဆက်ခြားနည်း နောက်တစ်နည်းဖြစ်တဲ့ အမျိုးသားလိင်တံအစွပ် Condom အသုံးပြုနည်းအကြောင်း (Barrier Method) ပြောကြရအောင်နော်။ သမိုင်းကို ပြန်လှန်ကြည့်ရမယ်ဆိုရင် condom ဆိုတာ BC 300 လောက်ကတည်းက ပေါ်ခဲ့တာတဲ့။ စပေါ်ခါစက သိုးတွေ၊ ဆိတ်တွေရဲ့ ဆီးအိမ်၊ အူသိမ်စသည်တို့ဖြင့် ပြုလုပ်ခဲ့ကြပါတယ်တဲ့။ အဲဒီအချိန်ကတည်းက လိင်မှတစ်ဆင့်ကူးစက်သော ရောဂါများကို...
အပေါ်လမ်းကြောင်း အောက်လမ်းကြောင်း
မတ် 21, 2024
"ဆရာမရေ ကျွန်မသမီးကို ကြည့်ပေးပါဦး...." ဟူသော စကားသံနှင့်အတူ မျက်စိမျက်နှာပျက်နေသည့် အမေဖြစ်သူက အသက်ဆယ့်ခြောက်နှစ်အရွယ် သနားကမားမိန်းကလေးတစ်ယောက်ကို လက်ဆွဲ၍ ဝင်လာလေသည်။ ကလေးမလေးခမျာ မျက်နှာချောင်ကျနေရုံသာမက လူကလည်း ဖြူပတ်ဖြူရော်ဖြစ်နေ၏။ ဆေးခန်းထဲဝင်လာကတည်းက တဟွတ်ဟွတ်နှင့် ချောင်းဆိုးနေသည်မှာလည်း မြင်မကောင်းလှပေ။ "ဘယ်လိုဖြစ်တာလဲ အဒေါ်ရေ ပြောပါဦး" "ဒါ ကျွန်မသမီးလေးပါ ဆရာမ။ ချောင်းဆိုးတာ သွေးတွေပါလာလို့...
နှလုံးသားကလေးကျန်းမာစေဖို့
မတ် 21, 2024
ကျွန်တော်တို့ကို အသက်ဆက်နေနိုင်အောင် အမြဲမပြတ် ခုန်လှုပ်ပေးနေရတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းကလေးတစ်ခု ရှိပါတယ်။ အဲဒါက ကျွန်တော်တို့ရဲ့ "နှလုံးသားကလေး" ပါပဲ။ နှလုံးသားလေးဟာ အသက်အရွယ် ကြီးရင့်လာလို့ဖြစ်စေ၊ ကျွန်တော်တို့ရဲ့ ကျန်းမာရေးမလိုက်စားမှု၊ မဆင်ခြင်မှုတွေကြောင့်ဖြစ်စေ တစ်နည်းနည်းနဲ့ နာမကျန်းဖြစ်တတ်ပါတယ်။ ဒီတော့ နှလုံးသားကလေး ကျန်းမာနေစေဖို့အတွက် ဆောင်ရန်၊ ရှောင်ရန်အချက်တွေကို ဖတ်ရှုလိုက်ကြရအောင်နော်။ ... ... ????နှလုံးရောဂါဟာ...
ဟန်ချက်ကို အာရုံခံသူများ
မတ် 20, 2024
ခန္ဓာကိုယ်ရဲ့ဟန်ချက်ကို အဓိကအာရုံခံပြီး ထိန်းညှိဖို့လုပ်ဆောင်ပေးနေတာက မျက်စိ၊ နားနဲ့ ကြွက်သား/အဆစ်တွေမှာ ရှိနေတဲ့ အာရုံကြောတွေ ဖြစ်ပါတယ်နော်။ မျက်စိကတော့ ရှင်းပါတယ်။ သူမြင်နေသမျှအားလုံးကို ဦးနှောက်ဆီ သတင်းပို့တာမို့ ကိုယ့်ခန္ဓာကိုယ်ဟာ အတည့်လား/ဇောက်ထိုးထား၊ ရပ်နေတာလား/ရွေ့နေတာလား အစရှိသဖြင့် သိနေရတာပေါ့။ ကြွက်သားနဲ့ အဆစ်အမြစ်တွေမှာရှိတဲ့ အာရုံကြောတွေကတော့ သူတို့ရဲ့ပုံစံအနေအထားကို အာရုံခံပြီး ဦးနှောက်ဆီ အမြဲသတင်းပို့ပေးနေပါတယ်။...
သိကောင်းစရာ အရိုးကင်ဆာ Osteosarcoma
မတ် 19, 2024
???? အရိုးကင်ဆာဟာ ဘယ်အသက်အရွယ်တွေမှာ ဖြစ်လေ့ရှိသလဲ.... အရိုးကင်ဆာဟာ ဆယ်ကျော်သက်အရွယ်တွေနဲ့ သက်လတ်ပိုင်းတွေမှာ အဓိက ပိုပြီးအဖြစ်များလေ့ရှိပြီး ကလေးငယ်တွေနဲ့ သက်ကြီးပိုင်းတွေမှာလည်း ဖြစ်လေ့တော့ရှိပါတယ်။ ... ... ???? အရိုးကင်ဆာဟာ ဘယ်အရိုးတွေမှာ အဖြစ်များသလဲ၊ ဘာကြောင့် ဖြစ်ရပါသလဲ.... အရိုးကင်ဆာဟာ ခြေထောက်မှာရှိတဲ့ ပေါင်ရိုးလို အရိုးရှည်အမျိုးအစားတွေမှာ အဓိကဖြစ်ပွားပါတယ်။ လက်မှာရှိတဲ့ အရိုးတွေအပါအဝင် တခြားအရိုးတွေမှာလည်း အရိုးကင်ဆာဟာ...
ခံတွင်းကျန်းမာရေး အလေးပေး Oral Health
မတ် 17, 2024
???? ခံတွင်းကျန်းမာရေးဟာ တကယ်တော့ ခန္ဓာကိုယ်တစ်ခုလုံးရဲ့ ကျန်းမာရေးပါပဲ။ ခံတွင်းလို့ဆိုရာမှာ ကျွန်တော်တို့ စားဖို့သောက်ဖို့၊ အသက်ရှူဖို့၊ စကားပြောဆိုဖို့ကစလို့ နောက်ဆုံး မိမိကိုယ်ကိုယ် ယုံကြည်မှုရှိရှိ ပြုံးဖို့အဆုံး အသုံးပြုရတဲ့ သွား၊ ပါးစပ်၊ အာခေါင်၊ အာသီး အကုန်ပါဝင်ပါတယ်။ ခံတွင်းဟာ နိစ္စဓူဝ စားသောက်ဖို့အတွက် အသုံးပြုရသလို...
1
...
36
37
38
...
141
Page 37 of 141