မီနူး

See our latest stories

written by our lovely staff members

စိုးရိမ်မှုလွန်ကဲခြင်း

ဖြစ်မလာသေးတဲ့အရာတွေကို မကြာခဏ တွေးပူမိနေလား 🥺 လူရယ်လို့ဖြစ်လာရင် စိတ်ပူတာ၊ စိုးရိမ်တာ၊ မဖြစ်သေးတဲ့အရာတွေကို တွေးပူနေတတ်တာ သဘာဝပါ။ စိတ်ခံစားချက်ရှိကြတဲ့ လူသားတွေဖြစ်တဲ့အတွက် ဒီလိုတွေးပူတတ်တာဟာ အပြစ်တစ်ခုတော့ မဟုတ်ပါဘူး။ ဒါပေမယ့် အလွန်အမင်းတွေးပူတာ၊ လိုအပ်တာထက်စိုးရိမ်မှုများလွန်းတာဆိုရင်တော့ stress ဆိုတဲ့ စိတ်ဖိစီးမှုတွေများလာပြီး လက်ရှိဘဝကို မခံစားနိုင်တော့ဘဲ စိတ်ပိုင်းဆိုင်ရာထိခိုက်မှုကနေမှတစ်ဆင့် ရုပ်ပိုင်းဆိုင်ရာထိခိုက်မှုတွေပါ ဖြစ်လာနိုင်ပါတယ်။ ဥပမာ၊...

အမေးများသော ခွေးရူးပြန်ရောဂါနှင့် ကာကွယ်ဆေးအကြောင်း (အပိုင်း ၂)

ခွေးရူးပြန်ရောဂါဟာ ရောဂါလက္ခဏာပေါ်လာပြီဆိုရင် ကုသလို့မရဘဲ ၁၀၀% သေဆုံးနိုင်တဲ့ရောဂါတစ်ခု ဖြစ်ပါတယ်။ ဒီအကြောင်းကို အရင်ပထမပို့စ်ထဲမှာ ရောဂါနဲ့ပတ်သက်တဲ့ အခြေခံအချက်တွေ၊ တစ်ဦးချင်းရောဂါကူးစက်ခြင်းလမ်းကြောင်းတွေနဲ့အတူ ကာကွယ်ဆေးရဲ့အရေးပါမှုတွေပါ အသေးစိတ်ရှင်းပြထားခဲ့ပြီးလည်း ဖြစ်ပါတယ်။(မဖတ်ရှုရသေးသူတွေအတွက် 👉👉 click here ) အခုကတော့ အဲဒီပို့စ်တင်ပြီးတဲ့နောက် တယ်လီကျန်းမာ messenger ကို နောက်ဆက်တွဲမေးခွန်းတွေ အများအပြား လာရောက်မေးမြန်းကြတာကြောင့်…. ခွေးရူးပြန်ရောဂါနဲ့...

မူးယစ်ဆေး (ဘိန်း) လွန်ခြင်း (Opioid Overdose) ဖြစ်စေနိုင်သော အချက်များ (February 2025)

မူးယစ်ဆေး (ဘိန်း) လွန်ခြင်း (Opioid Overdose) ဖြစ်စေနိုင်သော အချက်များ ၁။ ကျန်းမာရေးဆိုင်ရာ စောင့်ကြပ်ကြည့်ရှုခြင်းမပါဘဲ မူးယစ်ဆေး (ဘိန်း) သုံးစွဲခြင်း၂။ မူးယစ်ဆေး (ဘိန်း) ပမာဏ အမြောက်အမြား သုံးစွဲခြင်း၃။ ကာလကြာရှည် ဆေးဖြတ်ပြီးမှ မူးယစ်ဆေး (ဘိန်း) ပြန်လည်သုံးစွဲခြင်း၄။ သွေးကြောတွင်းသို့...

ကိုယ်ဝန်ဆောင်ချိန်တွင် ဖြစ်တတ်သော ဝေနေယျဒုက္ခများ (အပိုင်း ၁)

ရှိတော့ရှိတယ် ရှားတယ်ဆိုတဲ့ ကိုယ်ဝန်နဲ့ပတ်သက်တဲ့ ပြဿနာအကြီးကြီးတွေအကြောင်းပဲ ပြောပြနေမိတော့ ကြောက်သွားကြလားဗျ။ ကြောက်ဖို့ပြောပြတာ မဟုတ်ပါဘူးနော်။ ကြုံလာခဲ့ရင် နည်းမှန်လမ်းမှန် ဖြေရှင်းနိုင်ဖို့ သိထားရအောင်လို့ ပြောပြတာပါ။ ဒီတစ်ခါတော့ ကိုယ်ဝန်တိုင်းနီးပါး ကြုံတွေ့ရမယ့် အပရိက ဒုက္ခသေးသေးလေးတွေအကြောင်း ပြောပြပါမယ်။ ဗမာစကားပုံတောင် ရှိတယ်မလား။ ကိုယ်ဝန်ရှိတာကို မပေါ့မပါးဖြစ်နေပြီ၊ ကိုယ်လေးလက်ဝန်ဖြစ်နေပြီလို့ ပြောကြတယ်လေ။...

စိတ်ခံစားချက်တွေကို နာမည်ပေးကြည့်ရအောင်

စိတ်ခံစားချက်တွေကို နာမည်ပေးကြည့်ရအောင်Let’s name our emotions!!! စိတ်ခံစားချက်တွေဆိုတာ ကျွန်တော်တို့ရဲ့ ဘေးပတ်ဝန်းကျင်နဲ့ ကျွန်တော်တို့ကြုံတွေ့နေရတဲ့ အဖြစ်အပျက်တွေအပေါ်မူတည်ပြီး နှလုံးသားနဲ့ ဦးနှောက်ကနေပို့လွှတ်တဲ့ ကိုယ့်ဆီမှာ ဘာတွေဖြစ်နေလဲဆိုတာကို သိစေတဲ့ မက်ဆေ့ဂျ်လေးတွေပါ။ စိတ်ခံစားချက်တွေဆိုတာ လူသားတစ်ယောက်ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး ကိုယ့်ကိုယ်ကိုယ် နားလည်ဖို့နဲ့ လောကကြီးကိုနားလည်စေဖို့ ကူညီပေးပါတယ်။ စိတ်ခံစားချက်တွေကို ရာသီဥတုလို့ သဘောထားလိုက်ရင် ....

ကလေးဘဝ စိတ်ဒဏ်ရာ

"စိတ်ဒဏ်ရာရသွားတယ်""ငါတော့ စိတ်ဒဏ်ရာရနေပြီ" ဆိုပြီး စိတ်ဒဏ်ရာဆိုတဲ့ စကားလုံးကို ကျွန်မတို့ လွယ်လွယ်ကူကူပဲ သုံးတတ်ပြောတတ်ကြပါတယ်။ တကယ်တမ်း စိတ်ဒဏ်ရာဆိုတာ ဘာလဲ။ စိတ်ဒဏ်ရာဆိုတာ ရုပ်ပိုင်းဆိုင်ရာသော်လည်းကောင်း စိတ်ပိုင်းဆိုင်ရာသော်လည်းကောင်း ထိခိုက်မှု၊ ခြိမ်းခြောက်မှုတစ်ခုခုကို ကြုံပြီးတဲ့အခါ ဖြစ်ပေါ်တတ်တဲ့ နောက်ဆက်တွဲ အကျိုးသက်ရောက်မှုတွေကို ဆိုလိုတာပါ။ အထူးသဖြင့် ကလေးဘဝမှာ ရခဲ့ဖူးတဲ့ စိတ်ဒဏ်ရာတွေဟာ အရွယ်‌ရောက်ကြီးပြင်းလာတဲ့အထိ လူမှုဘဝအပြင်...

သိုင်းရွိုက်ဟော်မုန်းများခြင်းအကြောင်း (Hyperthyroidism)

သိုင်းရွိုက်ဟော်မုန်းများတဲ့ရောဂါဆိုတာ သိုင်းရွိုက်ဂလင်း (Thyroid gland) အလွန်အလုပ်လုပ်ခြင်းကြောင့်ဖြစ်လာတဲ့ ရောဂါတစ်မျိုး ဖြစ်ပါတယ်။ သိုင်းရွိုက်ဂလင်းဆိုတာ လည်ပင်းရှေ့တည့်တည့် အောက်ခြေနားလောက်မှာရှိတဲ့ လိပ်ပြာပုံစံဂလင်း (gland) ပါ။ သိုင်းရွိုက်ဂလင်းဟာ ခန္ဓာကိုယ်ရဲ့အင်္ဂါအစိတ်အပိုင်းအားလုံး ဇီဝကမ္မဖြစ်စဉ်တွေ နေ့စဉ်ပုံမှန်လုပ်ဆောင်ဖို့အတွက် အလွန်အရေးကြီးတဲ့ သိုင်းရွိုက်ဟော်မုန်းတွေကို ထုတ်လုပ်ပေးနေပါတယ်။ အဓိကသိုင်းရွိုက်ဟော်မုန်းတွေကတော့ triiodothyronine (T3), thyroxine (T4) နဲ့ thyroid...

ရုတ်တရက်နှလုံးထိခိုက်ခြင်းတွင် အဖြစ်များသော လက္ခဏာများ (ဇန်နဝါရီ၊ ၂၀၂၅)

ရုတ်တရက်နှလုံးထိခိုက်ခြင်းတွင် အဖြစ်များသော လက္ခဏာများ ရင်ဘတ်တဝိုက်တွင် အောင့်ခြင်း သိုမဟုတ် မအီမသာဖြစ်ခြင်း။ လက်မောင်း၊ ဘယ်ပခုံး၊ တံတောင်ဆစ်၊ မေးရိုးနှင့် နောက်ကျော နာကျင်ခြင်း။ ရင်ပူခြင်း အသက်ရှူရခက်ခဲ၍ မောကျပ်ခြင်း ရင်တုန်ခြင်း/ နှလုံးခုန်မြန်ခြင်း ဖြူဖတ်ဖြူလျော် ဖြစ်လာခြင်း ချွေးစေးပြန်ခြင်း အန်ခြင်း၊ ပျိုခြင်းတိုနှင့်တွဲ၍ အားနည်းခြင်း သိုမဟုတ် မူးဝေခြင်းတို ခံစားရခြင်း (အမျိုးသမီးများတွင် နောက်ကျော သိုမဟုတ် မေးရိုးနာကျင်ခြင်း၊ ပျိုခြင်း၊ အန်ခြင်းနှင့်...