မီနူး

See our latest stories

written by our lovely staff members

ခန္ဓာကိုယ်အနေအထားပေါ်မူတည်ပြီး ရုတ်တရက်ခဏတာ သွေးပေါင်ကျခြင်း Postural Hypotension

ထိုင်ရာကနေ ဆတ်ခနဲ ထလိုက်တဲ့အခါ မိုက်ခနဲ၊ မူးခနဲ ဖြစ်သွားတာ၊ မျက်စိတွေ ပြာသွားတာတွေကို လူတော်တော်များများ ကြုံဖူးကြမှာပါ။ အဲဒီလိုဖြစ်စဥ်မျိုးကို Orthostatic Hypotension သို့မဟုတ် Postural Hypotension လို့ ခေါ်ပါတယ်။ ခန္ဓာကိုယ်အနေအထားပေါ်မူတည်ပြီး ရုတ်တရက်ခဏတာ သွေးပေါင်ကျသွားတာပေါ့။…… 🔹 ဒီလိုမျိုးဝေဒနာကိုဖြစ်စေတဲ့ အကြောင်းအရင်းများအနေနဲ့ . ....

HIV ပိုးရှိ/မရှိ သွေးစစ်ဆေးလို အဖြေညှိ (ဒီဇင်ဘာလ၊ ၂၀၂၄ ခုနှစ်)

HIV ပိုးရှိ/မရှိ သွေးစစ်ဆေးလို့ အဖြေညှိ (ဒီဇင်ဘာလ၊ ၂၀၂၄ ခုနှစ်) မိမိမှာ HIV ပိုး ရှိ/မရှိ သိရှိခြင်းဟာ ကျန်းမာစွာ နေထိုင်နိုင်ဖို့အတွက် ပထမအဆင့် ဖြစ်ပါတယ်။ ထို့အတွက် HIV ပိုးရှိ/မရှိ သိရှိရန် သွေးစစ်ကြည့်ဖို့ လိုအပ်ပါတယ်။ HIV ဆိုတာ လူတစ်ဦးမှ တစ်ဦး🩸...

ဆောင်းတွင်းဝင်လာတာနဲ့အမျှ ကလေးငယ်လေးတွေမှာဖြစ်တတ်တဲ့ ရိုတာဗိုင်းရပ်စ် Rotavirus

ဆောင်းတွင်းဝင်လာတာနဲ့အမျှ ကလေးငယ်လေးတွေမှာဖြစ်တတ်တဲ့ ရိုတာဗိုင်းရပ်စ် (Rotavirus) လည်း တဖန်ပေါ်လာတတ်ပါတယ်။ ဆောင်းရာသီမှာဖြစ်တတ်တဲ့ ဝမ်းပျက်ဝမ်းလျှောခြင်းရဲ့ ၈၀ ရာခိုင်နှုန်းဟာ ရိုတာဗိုင်းရပ်စ်ကြောင့် ဖြစ်တတ်ပြီး ဒီဗိုင်းရပ်စ်ပိုးဟာ အသက် ၅ နှစ်အောက် ကလေးငယ်တွေမှာ အများဆုံးကူးစက်တတ်တဲ့ ဝမ်းပျက်ဝမ်းလျှောဖြစ်စေတဲ့ ဗိုင်းရပ်စ််တစ်မျိုးပဲ ဖြစ်ပါတယ်။…… 🦠 ကူးစက်ပုံ ကူးစက်တဲ့ပုံကတော့ အဓိကအားဖြင့် လက်ကနေတစ်ဆင့် ကူးစက်တာဖြစ်ပါတယ်။...

Achalasia Cardia (အကလေးစီးယား ကာဒီယာ)

“ကျွန်တော် အစာစားရင် အစာမာဆို မျိုရခက်တယ်… ရေနဲ့ မျှောချရတယ်။ ညဘက်လှဲအိပ်ရင်လည်း အစာတွေက ပါးစပ်ထဲ နှာခေါင်းထဲကနေ ပြန်ထွက်တယ်” ဒီလိုဝေဒနာမျိုး ကြားဖူးကြပါလား။ ဒီရောဂါဟာ လူတစ်သိန်းမှာ တစ်ယောက်လောက်သာ ဖြစ်တတ်တာမို့ သိပ်တော့ကြုံဖူးကြမယ်မထင်ပေမယ့် ဗဟုသုတအဖြစ် ဖတ်ကြည့်ပါဦးနော်။…… Achalasia Cardia (အကလေးစီးယား ကာဒီယာ) လို့ခေါ်တဲ့ ဒီရောဂါကို မြန်မာလိုဘာသာပြန်ထားတာ...

အဆင်မပြေဘူး…

"အဆင်မပြေဘူး" ဒီစကားကို ကျွန်မတို့ ပြောဖူးကြလား၊ ပြောခဲ့ကြလား၊ ပြောဖြစ်ခဲ့လား…ဟုတ်တယ် အဆင်ပြေမနေဘူး။အကြောင်းအမျိုးမျိုးကြောင့် အဆင်မပြေဘူး။အကြောင်းအရင်းမယ်မယ်ရရမရှိဘဲ အဆင်ပြေမနေဘူး။ ကျွန်မတို့ အဆင်မပြေကြောင်း ကျွန်မတို့ယုံကြည်ရတဲ့သူတွေကို ပြောပြဖူးလား၊ ပြောပြခဲ့လား၊ ပြောပြဖြစ်လား။ဟုတ်တယ် အဆင်ပြေမနေဘူး။ အသက်ရှူရတာကိုက အဆင်မပြေဘူး။နောက်ကိုပြန်ကြည့်ရင်လည်း အဆင်မပြေခဲ့ဘူး။ရှေ့ကိုမျှော်ပြန်တော့လည်း အဆင်ပြေမနေသေးဘူး။ တစ်ခါတလေ အဆင်မပြေချိန်မှာ အဆင်မပြေကြောင်းပြောဖို့ တစ်စုံတစ်ယောက်ကို လိုအပ်ပါတယ်။တကယ်ကို လိုအပ်ပါတယ်။နားထောင်ပေးမယ့် တစ်စုံတစ်ယောက်ရှိရုံနဲ့ လုံလောက်တယ်။ အဲဒီအချိန်...

ခဲဓာတ်သည် အဆိပ်ဖြစ်သည် (ဒီဇင်ဘာလ၊ ၂၀၂၄ ခုနှစ်)

ခဲဓာတ်သည် အဆိပ်ဖြစ်သည် လူတိုင်းအတွက် အန္တရာယ်ရှိပြီး အောက်ပါ ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းများကို ပျက်စီးစေသည်။ ▪️ မျိုးပွားမှုစနစ်▪️ ကျောက်ကပ်▪️ အသည်း▪️ သွေး▪️ ဦးနှောက် တယ်လီကျန်းမာ အခမဲ့အွန်လိုင်းဆေးခန်းကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ....အထက်ပါစာသား ကျန်းမာရေးဗဟုသုတလေးတွေကို လူမျိုးပေါင်းစုံဘာသာစကား (၁၁) မျိုးနဲ့လည်း ပုံလေးတွေနဲ့တကွ ဖော်ပြပေးထားပါတယ်နော်။ ကိုယ့်မိတ်ဆွေတွေ တစ်ယောက်ဖြစ်ဖြစ် နှစ်ယောက်ဖြစ်ဖြစ် မြင်ရသိရအောင်လည်း ပြန်လည်မျှဝေပေးကြပါဦးလို့ မေတ္တာရပ်ခံပါရစေ…🙏 (ဗမာ၊...

လူနာနဲ့ဆရာဝန်ကြားက ဆက်ဆံရေးတစ်ခု

"လာ ငိုပြမနေနဲ့နော်… ဒီမှာ ရှင့်ကို ငိုလို့သနားမယ့်သူ မရှိဘူး" ဆိုပြီး အသံနက်နက်ကြီးကို ကင်ဆာပြင်ပလူနာဆောင်ကနေ ကျွန်မစကြားလိုက်တော့ နည်းနည်းတော့လန့်သွားတယ်။ အဲဒီအချိန်က ကျွန်မက အလုပ်သင်ဆရာဝန် ကင်ဆာဌာနမှာ တာဝန်ကျနေတာပါ။ ကျွန်မလည်း ဘယ်အကြီးက အော်နေလည်းကြည့်လိုက်မှ အထူးကုမဟုတ်၊ သာမန် လက်ထောက်ဆရာဝန်အစ်မ Dr A ပါ။ ကျွန်မစိတ်ထဲ...

ကိုယ်ဝန်ဆောင်နှင့် ဖောလစ်အက်စစ် (Folic acid) အရေးကြီးပုံ

သင့်ရင်သွေးလေးမှာ မွေးရာပါချို့ယွင်းချက်တွေ မဖြစ်အောင်ကာကွယ်မယ်ဆိုရင်တော့ အရေးကြီးဆုံးအချက်က လုံလောက်တဲ့ဖောလစ်အက်ဆစ်ပမာဏကို ကိုယ်ဝန်ဆောင်ဖို့ ဆုံးဖြတ်လိုက်ချိန်ကစပြီး ကိုယ်ဝန်ဆောင်ချိန်တစ်လျှောက်လုံး နေ့စဉ်ပုံမှန်သောက်သုံးဖို့ပါပဲ။ ဒါကြောင့် ဖောလစ်အက်ဆစ် (Folic acid) ဆိုတာဘာလဲဆိုတာ လေ့လာကြရအောင်ပါ။ Folic acid ဟာ ဗီတာမင် B အုပ်စုဝင် ဖြစ်ပါတယ်။ အတိအကျပြောရရင်တော့ ဗီတာမင် B9 ပါ။...