Sign in
ပင်မစာမျက်နှာ
ကျန်းမာရေးဆောင်းပါးများ
တယ်လီကျန်းမာအကြောင်း
အကြံပြုချက်ပေးပို့ရန်
Sign in
Welcome!
Log into your account
your username
your password
Forgot your password?
Password recovery
Recover your password
your email
Search
An official website of the National Unity Government
မီနူး
တယ်လီကျန်းမာ
An official website of the National Unity Government
Facebook
Mail
Youtube
တယ်လီကျန်းမာ
ပင်မစာမျက်နှာ
ကျန်းမာရေးဆောင်းပါးများ
တယ်လီကျန်းမာအကြောင်း
အကြံပြုချက်ပေးပို့ရန်
Search
See our latest stories
written by our lovely staff members
ဆောင်းရာသီတွင်အဖြစ်များသော နာမကျန်းမှုများ အကြောင်း (Video) (December,2023)
ဒီဇင်ဘာ 5, 2023
မှုန်ပြာရီ ရာသီတွေပြောင်း တဆောင်းသစ်ပြန်ပြီဆိုတဲ့ ကိုသန်းလှိုင်သီချင်းထဲကလိုပါပဲ... ခုဆိုရင် ဆောင်းရာသီ ရောက်လာပြီ ဖြစ်ပါတယ်။ ဆောင်းရက်တွေဟာ အအေးဓာတ်နဲ့အတူ အဖြစ်များတဲ့ရောဂါတချို့ကိုလည်း လက်ဆောင်ပေးလေ့ရှိပါတယ်။ ဒီ video မှာတော့ ဆောင်းရာသီမှာ လူကြီးတွေရော၊ ကလေးသူငယ်တွေမှာပါ အဖြစ်များတဲ့ ရောဂါ (၆) မျိုးအကြောင်းကို ကူးစက်ပုံ၊ သတိထားရမည့်အချက်တွေနဲ့...
ပါးစပ်ဖြင့် လိင်ဆက်ဆံခြင်း Oral Sex (November,2023)
နိုဝင်ဘာ 23, 2023
ပါးစပ်ဖြင့် လိင်ဆက်ဆံခြင်း လိင်ပိုင်းဆိုင်ရာ တက်ကြွမှုရှိတဲ့ လူငယ်အများစုဟာ ပါးစပ်ဖြင့် လိင်ဆက်ဆံခြင်း (Oral Sex) ကို ပြုလုပ်လေ့ရှိကြပါတယ်။ ဒီလိုအကာကွယ်မဲ့ ပါးစပ်ဖြင့် လိင်ဆက်ဆံခြင်းဟာ အချို့သောရောဂါပိုး ကူးစက်ခြင်းတွေ ဖြစ်နိုင်ပါတယ်။ . ????ပါးစပ်ဖြင့် လိင်ဆက်ဆံခြင်းဆိုတာ ဘာလဲ။ ဘယ်လိုအမျိုးအစားတွေ ရှိလဲ။ ပါးစပ်ဖြင့်လိင်ဆက်ဆံခြင်း (Oral Sex) ဆိုတာ ပါးစပ်၊...
ခွေးမွေးခြင်းနှင့် သင့်ရဲ့ကျန်းမာရေး (November,2023)
နိုဝင်ဘာ 1, 2023
စာဖတ်သူတွေထဲမှာရော ခွေးချစ်သူတွေ ရှိကြပါသလား။ အခုဆောင်းပါးကတော့ ခွေးချစ်သူတွေ အတွက် အဓိကပေါ့နော်.. လေ့လာတွေ့ရှိချက်တွေအရတော့ ခွေးမွေးခြင်းဟာ စိတ်ကျန်းမာရေးအပေါ် အပြုသဘောဆောင်တဲ့ သက်ရောက်မှုတွေ ရှိတယ်လို့ ဆိုပါတယ်။ စိတ်ဖိစီးမှု၊ ဝမ်းနည်းမှု၊ အထီးကျန်မှုတွေ ရှိနေရင် ကိုယ့်ရဲ့အဖော် ခွေးလေးကို ပွေ့ဖက်တာ၊ အတူတူ ပြေးဆော့တာတွေဟာ စိတ်ဖိစီးမှုကို ပြေပျောက်စေတဲ့ နည်းလမ်းကောင်းတွေ...
ကြောင်ချစ်သူတို့နဲ့ ကျန်းမာရေး (October,2023)
အောက်တိုဘာ 17, 2023
အိမ်မှာ ပွတ်သီးပွတ်သပ်ချွဲတတ်တဲ့ ကြောင်လေးတွေကိုမွေးထားတာက ပိုင်ရှင်ရဲ့စိတ်ကျန်းမာရေးကို တစ်စိတ်တစ်ဒေသအားဖြင့် အထောက်အကူဖြစ်စေသလို အခြားတစ်ဖက်မှာလည်း ကျန်းမာရေးကိုဒုက္ခပေးနိုင်တဲ့ အန္တရာယ်တွေ ရှိပါတယ်။ အထူးသဖြင့် ကူးစက်ရောဂါတွေ ကြောင်ကနေ လူကိုကူးစက်နိုင်ပါတယ်။ ကိုယ်ခံအားနည်းသူ ကလေးငယ်များနဲ့ သက်ကြီးရွယ်အိုများကို အဲဒီလို ကူးစက်ရောဂါတွေ ကူးစက်ခံရပါက အသက်အန္တရာယ်ကိုပါ ဒုက္ခပေးနိုင်ပါတယ်။ ... ... ကြောင်ကနေ လူကိုကူးစက်နိုင်တဲ့ ရောဂါတွေကတော့... ◾ဘက်တီးရီးယားကြောင့်ဖြစ်တဲ့ ရောဂါများ - Campylobacteriosis...
ရာသီတုပ်ကွေးရောဂါ Seasonal Influenza (Video)
အောက်တိုဘာ 16, 2023
ရာသီတုပ်ကွေးရောဂါ ခုလိုရာသီအကူးအပြောင်းကာလတွေမှာ လူတဦးနဲ့တဦးကူးစက်လွယ်တဲ့ ရာသီတုပ်ကွေးရောဂါဖြစ်ပွားလေ့ရှိပြီး အချို့သောလူတွေမှာ ပြင်းထန်တဲ့ရောဂါလက္ခဏာတွေနဲ့ နောက်ဆက်တွဲရောဂါပြဿနာတွေ ခံစားရလေ့ရှိပါတယ်။ ဒီ videoလေးမှာတော့ ရာသီတုပ်ကွေးရောဂါ ဘာကြောင့်ဖြစ်သလဲ၊ ဘယ်လိုကူးစက်သလဲ၊ ရောဂါလက္ခဏာတွေ၊ ဘယ်သူတွေက ရာသီတုပ်ကွေးကိုပိုမိုသတိထားသင့်သလဲ၊ ရောဂါကာကွယ်ရေးနည်းလမ်းများစတဲ့အချက်တွေကို ပြည်သူများသိရှိပြီး လိုက်နာဆောင်ရွက်ကြနိုင်စေဖို့ ဒေါက်တာဆုတောင်းပြည့်က မျှဝေပေးထားပါကြောင်း... Ministry of Health, National Unity Government. https://youtu.be/VQWIXTyPAVs?si=u6mNEaQBc7uqTt7C
ဓာတ်မတည့်မှုကြောင့်ဖြစ်သော ဖောရောင်ခြင်း Angioedema(August,2023)
ဩဂုတ် 21, 2023
"ဓာတ်မတည့်မှုကြောင့်ဖြစ်သော ဖောရောင်ခြင်း (Angioedema)" Angioedema ဆိုတာ အရေပြားအောက် (သို့) အရည်ထုတ်ပေးနိုင်တဲ့ အမြှေးပါးအောက်ရှိ တစ်သျူးအလွှာ ရောင်ရမ်းခြင်းဖြစ်ပြီး အရည်တွေစုလာကာ သွေးကြောများကျယ်လာခြင်း ဖြစ်ပါတယ်။ ဒီလိုရောင်ရမ်းခြင်းဟာ မျက်နှာ၊ လျှာ၊ နှုတ်ခမ်း၊ လည်ချောင်း၊ လက်နဲ့ ခြေထောက်တို့မှာ အများဆုံးဖြစ်ပွားတတ်ပြီး လည်ချောင်း၊ အဆုတ် (သို့) အစာအိမ်နဲ့...
ဆင်တုပ်ကွေး (ချီကန်ဂန်ညာ) Chikungunya (Video)
ဩဂုတ် 7, 2023
ဒီတစ်ခေါက်မှာလည်း မိုးရာသီမှာ အဖြစ်များပြီး ခြင်မှတစ်ဆင့် ကူးစက်တတ်တဲ့ ရောဂါတစ်မျိုးဖြစ်တဲ့ ဆင်တုပ်ကွေး (ချီကန်ဂန်ညာ) ရောဂါအကြောင်းကို ဝေမျှပေးထားပါတယ်။ ရောဂါကူးစက်ပုံ၊ ရောဂါလက္ခဏာတွေ၊ ခြင်ကတစ်ဆင့် ကူးစက်တဲ့အတွက် ခြင်နှိမ်နှင်းရေးအကြောင်းနဲ့ ရောဂါအကြောင်း သတိပြုစရာအချက်တွေကို ဒေါက်တာဇီဗားဂိုးက ဝေမျှပေးထားပါတယ်။ Ministry of Health, National Unity Government. https://youtu.be/f3JR_C73JJ0
မုတ်သုံရာသီတွင် အဖြစ်များသောရောဂါများ Monsoon Diseases
ဩဂုတ် 4, 2023
“မုတ်သုံရာသီတွင် အဖြစ်များသောရောဂါများအကြောင်း (Monsoon Diseases)” ခုလို မုတ်သုံရာသီကာလမှာ စိုစွတ်တဲ့ရာသီဥတု၊ မိုးသည်းထန်စွာရွာခြင်းနဲ့ လေထန်ခြင်းတို့ကြောင့် ကူးစက်ရောဂါအများအပြား ဖြစ်နိုင်ပါတယ်။ မိုးရာသီဟာ ပူပြင်းလှတဲ့အပူဒဏ်ကနေ သက်သာမှုပေးစွမ်းနိုင်သော်လည်း ပူထိုင်းစိုစွတ်မှုဟာ ပိုးမွှားများ ပေါက်ဖွားလာစေရန် ဖန်တီးပေးကာ ကူးစက်ရောဂါအမျိုးမျိုးကို ဖြစ်ပွားနိုင်ခြေ တိုးလာစေပါတယ်။ အဖြစ်များဆုံးရောဂါတွေကတော့ အရေပြားဓာတ်မတည့်ခြင်း၊ သွေးလွန်တုပ်ကွေး၊ ငှက်ဖျားနဲ့ အခြားတုပ်ကွေးရောဂါတို့ ဖြစ်ပါတယ်။ ရိုးရှင်းသောကြိုတင်ကာကွယ်မှုများနဲ့...
1
2
Page 1 of 2