မီနူး

See our latest stories

written by our lovely staff members

HIV ဘယ်အချိန် စစ်ရမလဲ (November,2023)

ဒီဇင်ဘာလည်း နီးလာပြီ... ဒီဇင်ဘာနီးလို့ ဆောင်းအေးအေးမှာ ဆွေးဆွေးလေး ကွေးနေချင်ပေမယ့်လည်း တချို့သောဆရာဝန်တွေမှာတော့ ဇောချွေးတွေ ပျံနေဆဲပေါ့။ ဟုတ်ပါတယ်... တယ်လီရဒ် - TeleRed က ဆရာဝန်တွေ အလုပ်များလာပြီလေ။ TeleRed ဆိုတာ ဘာကြီးလဲ... ဘာလို့ အလုပ်တွေများလာလဲ မှန်းကြည့်ကြမလား။ (စဉ်းစားပြီးရင် ဆက်ဖတ်ကြည့်ရအောင်နော်) TeleRed ဆိုတာကတော့ HIV လူနာတွေကို သီးသန့်ကြည့်ရှုပေးနေတဲ့ ဆေးခန်းလေးတွေပေါ့။ ကမ္ဘာပေါ်မှာ ရောဂါအလိုက်...

အရေပြားအောက်မှာ ရွေ့လျားသွားနေသော ယားနာ Cutaneous Larva Migrans (October,2023)

အရေပြားအောက်မှာ ရွေ့လျားသွားနေသော ယားနာ (Cutaneous Larva Migrans) အရေပြားအောက်မှာ တီကောင်သေးသေးလေးတစ်ကောင် လျှောက်သွားနေသလို အနီရောင် ကွေ့ကွေ့ကောက်ကောက် ယားနာလမ်းကြောင်းလေးတွေကို မြန်မာအပါအဝင် အရှေ့တောင်အာရှနိုင်ငံက လူနာတချို့မှာ တွေ့နိုင်ပါတယ်။ အထူးသဖြင့် ဖိနပ်မပါဘဲ မြေကြီးပေါ်လျှောက်သွားသူ၊ လယ်လုပ်သူ၊ ဥယျာဉ်လုပ်သူ၊ ရေစပ်နဲ့ မြစ်ကမ်းတွေမှာ ဖိနပ်မပါဘဲ လမ်းလျှောက်သူတွေမှာ အဖြစ်များပါတယ်။ အဲဒီယားနာလေးတွေက...

သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး (October,2023)

သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးကို ယောက်ျားလေးတွေမှာလည်း ထိုးလို့ရပါတယ်နော်။ ဘာကြောင့်လဲဆို မြန်မာလိုနာမည်အရ "သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး" ဖြစ်နေပေမယ့် တကယ်တမ်းတော့ သူဟာ (Human Papilloma Virus) လို့ခေါ်တဲ့ ဗိုင်းရပ်စ်ပိုးတွေကို ကာကွယ်ပေးတဲ့ ကာကွယ်ဆေးမို့လို့ပါ။ ဒီဗိုင်းရပ်စ်အမျိုးအစားတွေဟာ အဓိကအားဖြင့် သားအိမ်ခေါင်းကင်ဆာကို ဖြစ်စေတတ်တာမို့ မြန်မာမှု ပြုလုပ်တဲ့အခါ "သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး"...

ကလေးတီဘီရောဂါ Childhood TB

ကလေးတီဘီရောဂါ (Childhood TB) လွန်ခဲ့တဲ့ ၂ ပတ်လောက်က တယ်လီကျန်းမာ ကလေးအထူးကုဆေးခန်းကို လာပြတဲ့ ကလေးလေးတစ်ယောက်အကြောင်း ပြောပြချင်ပါတယ်။ ကလေးမိဘများက အိမ်နီးချင်းနိုင်ငံတစ်ခုမှာ အလုပ်လုပ်နေကြသူတွေပါ။ ၅ နှစ်အရွယ် ကလေးလေးက မကြာမကြာ ဖျားတယ်၊ ချောင်းဆိုးတယ်၊ ဆေးခန်းသွားပြရင် ချောင်းဆိုးပျောက်ဆေးတွေ ပိုးသတ်ဆေးတွေ ပေးလိုက်ရင် သက်သာသွားပြန်ရော... နောက်...

ပေါင်ခြံယားယံခြင်းကို ဖြစ်စေသော ရောဂါတစ်မျိုး Jock Itch / Tinea Cruris (October,2023)

ပေါင်ခြံယားယံခြင်းကို ဖြစ်စေသော ရောဂါတစ်မျိုး (Jock Itch / Tinea Cruris) Jock itch ဆိုတာ ပွေးရောဂါ (ringworm) နဲ့ဆင်တဲ့ မှိုကြောင့်ဖြစ်တဲ့ ရောဂါတစ်ခု ဖြစ်ပါတယ်။ Jock itch မှာ ပေါင်ခြံ၊ ပေါင်ရဲ့အတွင်းပိုင်းနဲ့ တင်ပါး (butt crack) မှာ...

သွေးဆိပ်တက်ခြင်းအကြောင်း Septicemia (October,2023)

သွေးဆိပ်တက်ခြင်းအကြောင်း သွေးဆိပ်တက်ခြင်း (Septicemia) ဆိုတာဟာ သွေးထဲမှာ ဘက်တီးရီးယားပိုးမွှားတွေ အလွန်ပျံ့နှံ့နေတဲ့ အခြေအနေကို ခေါ်တာပါ။ ခန္ဓာကိုယ်ရဲ့ ဘယ်အင်္ဂါအစိတ်အပိုင်းကနေမဆို ပျံ့နှံ့လာတဲ့ ပိုးတွေဟာ သွေးထဲကိုရောက်လာရင် သွေးဆိပ်တက်ခြင်းကို ဖြစ်ပေါ်စေပါတယ်။ များသောအားဖြင့် အဆုတ်၊ ဆီးလမ်းကြောင်း၊ အစာအိမ်နှင့် အူလမ်းကြောင်း၊ ကျောက်ကပ် စတဲ့နေရာတွေမှာ ပိုးဝင်တဲ့အခါ အကျိုးဆက်အနေနဲ့ သွေးဆိပ်တက်ခြင်းကို...

သွေးဝမ်းသွားခြင်း Dysentery (October,2023)

Bloody diarrhea, Dysentery (သွေးဝမ်းသွားခြင်း) Dysentery (သွေးဝမ်းသွားခြင်း) ဘာကြောင့်ဖြစ်လဲဆိုရင် ခန္ဓာကိုယ်ထဲကို ပြင်ပကနေ ပိုးတွေဝင်ခြင်းကြောင့်ဖြစ်ပါတယ်။ အထူးသဖြင့် မသန့်ရှင်းတဲ့၊ ရောဂါပိုးပါနေတဲ့ အစားအစာနဲ့ ရေတို့ကို ‌စားသုံးမိခြင်းကြောင့်ဖြစ်နိုင်ပါတယ်။ အကျိုးဆက်အနေနဲ့ အူလမ်းကြောင်းတစ်လျှောက် ပိုးဝင်ပြီး သွေးဝမ်းသွားခြင်းကို ဖြစ်စေတာပါ။ .. .. Types (အမျိုးအစား) အဓိကအားဖြင့် နှစ်မျိုးခွဲလို့ ရပါတယ်။ ၁။ Bacillary...

ကျီးကန်းပါးစပ်နာ Angular Stomatitis (October,2023)

နှုတ်ခမ်းထောင့်မှာ ဖြစ်လေ့ရှိတဲ့ ကျီးကန်းပါးစပ်ဆိုတာ… အရပ်ထဲမှာ “ကျီးကန်းပါးစပ်နာ” လို့ ခေါ်လေ့ရှိတဲ့အနာကို ဆေးပညာအရ “angular stomatitis” (သို့မဟုတ်) “angular cheilitis” လို့ ခေါ်ပါတယ်။ . ???? ကျီးကန်းပါးစပ် ဆိုတာ အပေါ်နှုတ်ခမ်းနဲ့ အောက်နှုတ်ခမ်းဆုံရာ ပါးစပ်ထောင့်မှာ ကွဲအက်ပြီး နီရဲရောင်ရမ်းတာမျိုး ဖြစ်ပါတယ်။ တစ်ဖက်တည်းမှာဖြစ်နိုင်သလို တစ်ချိန်တည်းမှာ နှုတ်ခမ်းထောင့်...