ပင်မစာမျက်နှာ
ကျန်းမာရေးဆောင်းပါးများ
တယ်လီကျန်းမာအကြောင်း
အကြံပြုချက်ပေးပို့ရန်
Search
An official website of the National Unity Government
မီနူး
တယ်လီကျန်းမာ
An official website of the National Unity Government
Facebook
Mail
Youtube
တယ်လီကျန်းမာ
ပင်မစာမျက်နှာ
ကျန်းမာရေးဆောင်းပါးများ
တယ်လီကျန်းမာအကြောင်း
အကြံပြုချက်ပေးပို့ရန်
Search
See our latest stories
written by our lovely staff members
အစာအိမ်မှန်ပြောင်းကြည့်တာ ကြောက်စရာမဟုတ်ပါ ( May, 2022 )
မေ 26, 2022
လူနာတွေဟာ အစာအိမ်မှန်ပြောင်းကြည့်ရမယ်ဆိုရင် မကြည့်ခင်ကတည်းက အတော်ကြောက်ကြတယ်။ အားတွေလည်း အတော်ယူကြရရှာတာ တစ်ခါကြည့်ဖို့ကို။ စိတ်ပိုင်းဆိုင်ရာရော၊ ရုပ်ပိုင်းဆိုင်ရာရော... တစ်ခါတလေမှာ အားယူနေရင်းနဲ့ မကြည့်ဖြစ်တဲ့အခါ တချို့အရေးကြီးတဲ့ ရောဂါတွေလွတ်သွားတတ်ပါတယ်။ မှန်ပြောင်းကြည့်ပြီး စောစောသိပြီးကုရမယ့်ရောဂါဟာ ဗိုက်ပေါ်မှာ အလုံးအကျိတ်စမ်းမိမှ ကုသရတာမျိုးတွေ ဖြစ်လာတဲ့အခါ လူနာကိုယ်တိုင်အတွက် အရမ်းနစ်နာပါတယ်။ စောစောကြည့်တာနဲ့ အချိန်နှောင်းမှကြည့်တာ ရလဒ်တွေမတူပါဘူး။...
အသည်းအဆီဖုံးခြင်း Fatty Liver ( May, 2022 )
မေ 5, 2022
အသည်းအဆီဖုံးခြင်း (Fatty Liver) အသည်းအဆီဖုံးခြင်းဆိုသည်မှာ အသည်း၏ ဆဲလ်ကလပ်စီးများထဲတွင် အဆီများ သာမာန်မဟုတ်ဘဲတဖြည်းဖြည်းစုပုံလာခြင်းကို ခေါ်ဆိုခြင်းဖြစ်ပါသည်။ အသည်းအဆီဖုံးခြင်းလို့ခေါ်ဆိုရာမှာ ရိုးရိုး အသည်းအဆီဖုံးခြင်း(အဖြစ်များ) (fatty liver/ NAFLD)နှင့် အသည်းအဆီဖုံးပြီး အသည်းရောင်ခြင်း (NASH) ဆိုပီး ရှိပါသည်။ အသည်းအဆီဖုံးပြီး အသည်းရောင်ခြင်း (NASH)မှ တစ်ဆင့် အသည်းခြောက်ခြင်း(COL)ထိ အခြေအနေဆိုးများသို့ပြောင်းလဲ...
ကလေးအူစွပ်ခြင်း Childhood Intussusception ( April, 2022 )
ဧပြီ 22, 2022
ကလေးအူစွပ်ခြင်း ကလေးအူစွပ်တယ်ဆိုတာ အရမ်းအဖြစ်များတဲ့ ရောဂါတွေထဲ မပါပါဘူး။ ဒါပေမယ့် ဖြစ်ရင်လည်း အသက်အန္တရာယ်ရှိလို့ အရေးကြီးပါတယ်။ အချိန်မှီသိပြီးကုသမှုခံယူရင် လုံးဝပျောက်ကင်းအောင်ကုသလို့ရတဲ့ ရောဂါပါ။ အများအားဖြင့် သုံးလကနေ တစ်နှစ်အတွင်းကလေးတွေမှာ ဖြစ်လေ့ရှိပါတယ်။ ဘယ်လိုဖြစ်တာလဲ ??ပုံမှန်ရွေ့လျားနေတဲ့ အူတစ်စိတ်တပိုင်းက အကြောင်းတစ်ခုခုကြောင့် လှုပ်လျားမှုကမောက်ကမဖြစ်ပြီးနောက် အူတစ်ပိုင်းထဲကို ကျန်အူက တယ်လီစကုပ်လိုမျိုး စွပ်ဝင်သွားတာပါ။ အဲဒီ့စွပ်ဝင်သွားတဲ့...
အူကျခြင်း သို့မဟုတ် အူကျွံခြင်း Herniation ( April, 2022 )
ဧပြီ 11, 2022
အူကျခြင်း သို့မဟုတ် အူကျွံခြင်း ❓အူကျွံတာ အရေးကြီးလို့လားဆရာ။ အဖြစ်များလို့လားမွေးကာစကလေးကနေ ဟိုးသက်ကြီးရွယ်အိုအထိ အူကျွံတာ/အူကျတာက ဖြစ်နိုင်ပါတယ်။ အမျိုးသမီး/ အမျိုးသား နှစ်ဦးလုံးမှာလည်း ဖြစ်နိုင်ပါတယ်။ဒါကြောင့် သိသင့်ပါတယ်။ပြီးတော့ စောစောသိပြီး ခွဲစိတ်မှုခံယူရင် အူပိတ်/အူပုပ်တဲ့အဆင့်အထိ မရောက်တော့တာမို့ ရလဒ် အင်မတန်ကောင်းပါတယ်။ ❓အသက်အရွယ်မရွေး ကျား/မ မရွေး အူကျွံ/အူကျနိုင်တယ်ဆိုတော့ ဘယ်လိုတွေဖြစ်တာလဲ...
Appendicitis ( အူအတက်ရောင်ခြင်း )
မတ် 27, 2022
အူအတက်ရောင်ခြင်း အူအတက်ဆိုတာ ညာဘက်ဝမ်းဗိုက်အောက်ဖက်နား အူသိမ်နဲ့ အူမကြီးဆက်တဲ့နေရာမှာ ထွက်နေတဲ့ အတက်ကလေးဖြစ်ပါတယ်။ အသက် ၁၀ နှစ်ကျော်ရင် ကိုယ်ခန္ဓာအတွက်ဘာမှလုပ်မပေးဘဲ ၊ သူနေမကောင်းဖြစ်နေတာ ပေါ့ပေါ့ဆဆလုပ်မိရင်တော့ အသက်အန္တရာယ်အထိပေးတတ်တဲ့ အစိတ်အပိုင်းတစ်ခုပါ။ လွယ်လွယ်ပြောရရင် ကောင်းကျိုးမပေး ဆိုးကျိုးပဲပေးတဲ့ အမှိုက်ပိုတစ်ခုဖြစ်လို့ ခန္ဓာကိုယ်ကနေ သူ့ကို ဖယ်ထုတ်လိုက်ရင်လဲ ဘာပြဿနာမှ...
Anal Fissure (စအိုကွဲနာ)(March, 2022)
မတ် 22, 2022
စအိုကွဲနာဆိုတာ စအိုဝအရေပြားလေးကွဲပြီး ဝမ်းသွားရင် အရမ်းနာတဲ့ ပြဿနာပါ။ အသက်အရွယ်မရွေး ဖြစ်တတ်ပြီး အထူးသဖြင့် အမျိုးသမီးနဲ့ ကလေးငယ်တွေမှာ ပိုဖြစ်တတ်ပါတယ်။ ???? ရောဂါလက္ခဏာများ ဝမ်းသွားတဲ့အချိန် အရေပြားကို ဆွဲဖြဲလိုက်သလို နာပါတယ်၊ သွေးနည်းနည်းထွက်နိုင်ပါတယ် (အတွင်းခံဘောင်းဘီမှာ သွေးနည်းနည်းပေနေတာမျိုး၊ အိမ်သာသုံးစက္ကူမှာ သွေးပေလာတာမျိုး မြင်ရနိုင်ပါတယ်) ကြမ်းမာမာပေါ်မှာထိုင်ရင် စအိုနေရာမှာ သရိုးသရီနဲ့ ထိုင်ရအဆင်မပြေဖြစ်နိုင်ပါတယ် မိနစ်ပိုင်းကနေ...
အစာအိမ်ရောင်ခြင်း Gastritis ( February 2022 )
ဖေဖော်ဝါရီ 25, 2022
အစာအိမ်ရောင်ခြင်း စားလိုက်တဲ့အစာတွေကို ခြေဖျက်ဖို့အတွက် အစာအိမ်နံရံကနေ အက်ဆစ်တစ်မျိုးထုတ်ပေးပါတယ်။ အက်ဆစ်က အစာအိမ်နံရံကို ပြန်ပြီးမစားသွားအောင် အစာအိမ်အတွင်းနံရံကို အလွှာပါးလေးနဲ့ သဘာ၀တရားကြီးကဖုံးအုပ်ပေးထားပါတယ်။ အစာအိမ်ရောင်တယ်ဆိုတာ အဲဒီ့ အတွင်းနံရံ အလွှာပါးလေး ရောင်တာကိုခေါ်ပါတယ်။ တချို့မှာ ရုတ်တရက်ဖြစ်တတ်ပြီး၊ တချို့မှာတော့ နာတာရှည်ရောဂါပုံစံမျိုးဖြစ်တတ်ပါတယ်။ ရောဂါအခြေအနေဆိုးရွားပြင်းထန်ရင်တော့ အစာအိမ်အနာ၊ အစာအိမ်သွေးကြောပေါက်တာ၊ အဆိုးဆုံးအနေနဲ့ကတော့ အစာအိမ်နံရံပေါက်တာမျိုးအထိဖြစ်နိုင်ပြီး...
အသည်းရောင်အသားဝါ ဘီပိုးနှင့် စီပိုးအကြောင်း Hepatitis B Virus & Hepatitis C Virus ( February 2022 )
ဖေဖော်ဝါရီ 8, 2022
အသည်းရောင်အသားဝါ ဘီပိုးနှင့် စီပိုးအကြောင်း ပြီးခဲ့တဲ့တစ်ခေါက် အသည်းရောဂါအကြောင်း သိကောင်းစရာ အပိုင်း(၁)မှာ ပေါများလာနေတဲ့ အန္တရာယ်အများဆုံးဖြစ်တဲ့ အသည်းကင်ဆာ အကြောင်း တစေ့တစောင်း ဆွေးနွေးခဲ့ပြီး ဖြစ်ပါတယ်။ ဒီတစ်ခါကတော့ အသည်းရောင် အသားဝါ ဘီပိုး စီပိုး အကြောင်း အနည်းငယ်ဆွေးနွေးလိုပါတယ်။ မြန်မာနိုင်ငံမှာ အသည်းကင်ဆာနဲ့ အသည်းခြောက်ရောဂါဖြစ်စေတဲ့အကြောင်းရင်း ၆၀~၇၀%က ဘီပိုး...
1
...
8
9
10
Page 9 of 10