See our latest stories

written by our lovely staff members

Achalasia Cardia (အကလေးစီးယား ကာဒီယာ)

“ကျွန်တော် အစာစားရင် အစာမာဆို မျိုရခက်တယ်… ရေနဲ့ မျှောချရတယ်။ ညဘက်လှဲအိပ်ရင်လည်း အစာတွေက ပါးစပ်ထဲ နှာခေါင်းထဲကနေ ပြန်ထွက်တယ်” ဒီလိုဝေဒနာမျိုး ကြားဖူးကြပါလား။ ဒီရောဂါဟာ လူတစ်သိန်းမှာ တစ်ယောက်လောက်သာ ဖြစ်တတ်တာမို့ သိပ်တော့ကြုံဖူးကြမယ်မထင်ပေမယ့် ဗဟုသုတအဖြစ် ဖတ်ကြည့်ပါဦးနော်။…… Achalasia Cardia (အကလေးစီးယား ကာဒီယာ) လို့ခေါ်တဲ့ ဒီရောဂါကို မြန်မာလိုဘာသာပြန်ထားတာ...

ကလေးများ ဝမ်းပျက်ဝမ်းလျှောဖြစ်လျှင် သတိပြုရမည့်အချက်များ

ကလေးတွေ ဝမ်းပျက်ဝမ်းလျှော ဖြစ်လာကြရင်… အခုတလော ကလေးတွေရော လူကြီးတွေပါ ဝမ်းပျက်ဝမ်းလျှောဖြစ်နေကြတာမို့ ဝမ်းလျှောတဲ့ကလေးငယ်တွေအတွက် သတိပြုရမယ့်အချက်‌ကလေးတွေ ပြန်ပြောပြချင်ပါတယ်။ ဝမ်းလျှောတဲ့အခါ ခန္ဓာကိုယ်က ရေဓာတ်လျော့နည်းသွားပါတယ်။ ကလေးငယ်တွေဟာ ရေဓာတ်ခန်းခြောက်မှုကို လူကြီးတွေလို ခံနိုင်ရည်မရှိပါဘူး။ ဒါ့ကြောင့် အရေးအကြီးဆုံးက ရေဓာတ်မခန်းခြောက်စေဖို့ပါ။ အဝင်အထွက်မျှရပါမယ်။ ခန္ဓာကိုယ်ကထွက်သလောက် (ဝမ်းလျှောသလောက်/အန်သလောက်) အရည်ပြန်ဝင်အောင် တိုက်သင့်ပါတယ်။ အရည်များများ...

အရက်ကြောင့်အသည်းရောင်ခြင်း Alcoholic Hepatitis

သစ္စာရှိတဲ့ အရက်….. 🍾 ဟုတ်ပါတယ် အရက်က သစ္စာရှိပါတယ်… ကျန်းမာရေးကို ဒုက္ခပေးဖို့အတွက် ဆိုရင်ပေါ့ 🤔 "အရက်သောက်ခြင်းသည် သင်၏ကျန်းမာရေးကို ဆိုးဝါးစွာ ထိခိုက်စေနိုင်ပါသည်""အရက်သောက်ရင် ဘေးဥပါဒ်ဖြစ်တယ်""အရက်ဆိုတာ မကောင်းဘူး" စတာတွေက လူတိုင်း သိဖူးကြားဖူးနေကျ စကားတွေပါပဲ။ ကျွန်တော်ပြောပြမှာကလည်း အရက်ကြောင့် ကျန်းမာရေးထိခိုက်စေတဲ့ထဲက တစ်ခုဖြစ်တဲ့ အရက်ကြောင့်အသည်းရောင်ခြင်း (Alcoholic Hepatitis)...

ကြိုတင်ကာကွယ် အသည်းရောင်အသားဝါ (ဘီ) ပိုး အန္တရာယ်

အသည်းရောင်အသားဝါ (ဘီ) ပိုးဟာ သွေးနဲ့ ကိုယ်ခန္ဓာအရည်များမှတစ်ဆင့် အဓိကကူးစက်တတ်သောရောဂါဖြစ်ပြီး အသည်းကင်ဆာဖြစ်ပွားမှု အများဆုံးဖြစ်စေတဲ့ ရောဂါပိုးတစ်ခုပါ။ ဒါကြောင့်လည်း အသည်းရောင်အသားဝါ (ဘီ) ပိုး ကာကွယ်ဆေးကို အသည်းကင်ဆာ ကာကွယ်ဆေးရယ်လို့တောင် ဆိုကြပါတယ်။ အသည်းရောင်အသားဝါ (ဘီ) ပိုး ကူးစက်မှုအများစုဟာ မည်သည့်ရောဂါလက္ခဏာမှ မပြတတ်ဘဲ ဖြစ်လေ့ရှိတာမို့ ဆေးစစ်ကြည့်ခြင်းကသာ...

ဗိုက်ထဲက မြည်သံများ

ဗိုက်ဆာတာ မဟုတ်ဘဲနဲ့ ဗိုက်ထဲက တဂွီဂွီ မြည်သံတွေ အများကြီးထွက်နေတာ ကြုံဖူးကြမယ် ထင်ပါတယ်။ တချို့ကလည်း ဗိုက်ထဲက အသံတွေမြည်တာ တစ်ခုခုဖြစ်မှာစိတ်ပူပြီး ဆရာဝန်ကို လာပြတတ်ကြပါတယ်။ အဲဒီအကြောင်း ပြောပြမယ်နော်……… ပုံမှန်အားဖြင့်တော့ ဆာလောင်လာတယ်ဆိုရင် ဗိုက်ထဲကနေ အချက်ပြသံတွေ ထွက်လာတတ်ပါတယ်။ ဒါပေမယ့် မဆာတဲ့ချိန်တွေ၊ အစားစားပြီးတဲ့ အချိန်တွေမှာလည်း ဗိုက်က...

ဝမ်းလျှောတဲ့အခါ လုပ်ဆောင်သင့်တာ

----|| ဝမ်းလျှောတဲ့အခါ ဘာတွေလုပ်ရမလဲ ||---- ဝမ်းလျှောလူနာနဲ့ ကြုံရတဲ့အခါ ဘာတွေလုပ်ပေးသင့်လဲလို့ မနေ့ကမေးကြည့်ခဲ့ရာမှာ စိတ်ဝင်တစားနဲ့ ပါဝင်ဖြေဆိုပေးကြသူအားလုံးကို ကျေးဇူးတင်ပါတယ်နော် ???? အဖြေလေးတွေထဲကမှ ပြန်ပြီး ရှင်းပြစရာလေးတွေလည်း တွေ့နေရလို့ပါ။ တကယ်တော့ ဝမ်းလျှောတဲ့အခါ ရေနဲ့ဓာတ်ဆား လုံလောက်အောင် ပြန်လည်ဖြည့်တင်းမယ်။ လူနာနဲ့ လူနာကို ကိုင်တွယ်ပြုစုသူတွေအနေနဲ့ သန့်သန့်ရှင်းရှင်းနေမယ်။ အထူးသဖြင့် လက်ကို...

ကိုယ်တွင်းအင်္ဂါ အစားထိုးခြင်း Transplantation (Living Donor) (January, 2024)

အားလုံးပဲ မင်္ဂလာပါ... ဒီနေ့မှာတော့ အသက်ရှင်စဉ်လှူဒါန်းတဲ့ အသည်းနဲ့ကျောက်ကပ်အလှူရှင်တွေ (living donor) နဲ့ပတ်သက်လို့ တစေ့‌တစောင်းပြောပြပေးမှာ ဖြစ်ပါတယ်။ မိမိတို့ရဲ့ မိဘဆွေမျိုးသားချင်းတစ်ဦးဦးမှာ ကိုယ်တွင်းအင်္ဂါအစားထိုးရုံမှတစ်ပါး အခြားသင့်တော်တဲ့ ကုထုံး မရှိတော့တဲ့အခါ... မိဘဆွေမျိုးတွေကို ကူညီလိုစိတ်အပြင် အသက်ရှည်စေလိုတဲ့စေတနာနဲ့ မိမိတို့ရဲ့ ကိုယ်တွင်းအင်္ဂါ တစ်စိတ်တစ်ပိုင်းကို လှူဒါန်းဖို့ဆုံးဖြတ်ကြလေ့ရှိပါတယ်။ ဘယ်အချိန် အစားထိုးဖို့လိုလဲ ဆိုတာကတော့ သက်ဆိုင်ရာ...

အရက်မသောက်တဲ့ လ Dry January (January,2024)

????တစ်လလုံး အရက်ဘီယာ မသောက်ဘဲ နေနိုင်ပါ့မလား။ နေနိုင်သူတွေကတော့ Dry January မှာပါဝင်ရင်း အရက်ဘီယာတွေနဲ့ ဝေးရာမှာ နေကုန်ကြပါပြီ။ ???? ❓Dry January ဆိုတာ ဘာပွဲညာပွဲရှိလို့ သောက်လိုက်၊ နယူးရီးယားမှာ သောက်လိုက်နဲ့ တစ်နှစ်ပတ်လုံး အရက်ဘီယာတွေကို အကြောင်းအမျိုးမျိုးနဲ့ တောက်လျှောက်သောက်လာအပြီးမှာ နှစ်သစ်အစ ဇန်နဝါရီတစ်လမှာတော့ လုံးဝမသောက်ဘဲနေမယ်ဆိုပြီး ကိုယ့်ကိုယ်ကိုယ်...