မီနူး

အပျင်းကြီးတဲ့ မျက်လုံး Amblyopia (March, 2023)

အပျင်းကြီးတဲ့ မျက်လုံးကလေး (သို့မဟုတ်) amblyopia

“ Amblyopia” လို့ခေါ်တဲ့ ရောဂါမှာ မျက်လုံးလေးတစ်လုံးဟာ အပျင်းထူနေပြီးတော့ သူလုပ်ရမယ့် အလုပ်ကို ကောင်းကောင်း မလုပ်ပါဘူးတဲ့။ တကယ်တမ်းမှာတော့ မျက်လုံးလေး တစ်ဘက်က မြင်နိုင်စွမ်းအား (vision) ကျသွားတဲ့အတွက် အား​ကောင်းတဲ့ မျက်လုံးဘက်က ပိုအလုပ်လုပ်ရတာပါ။

တစ်ဘက်ထဲ ပိုအလုပ်လုပ်လို့ ကျန်တဲ့တစ်ဘက်က အပျင်းထူသွားတာ/ မြင်နိုင်စွမ်းအား (vision) ကျသွားတာမျိုး မဟုတ်ပါဘူးတဲ့။

ဒါဟာ ဘာကြောင့် ဖြစ်ရသလဲဆိုရင် ရောဂါဖြစ်တဲ့ မျက်လုံးဆီကနေ လာတဲ့ပုံရိပ်ကို လက်ခံတဲ့ ဦးနှောက်အစိတ်အပိုင်းလေးက ကောင်းကောင်းအလုပ်မလုပ်တဲ့အတွက်ကြောင့် မျက်လုံးတစ်ဘက်က ကြည်ကြည်လင်လင် မမြင်နိုင်တော့တာ ဖြစ်ပါတယ်။

“ Amblyopia” ရောဂါဟာ မွေးကင်းစအရွယ်ကစလို့ အသက် (၇) နှစ်အရွယ်အထိ ကလေးတွေမှာ ဖြစ်တတ်ပါတယ်။ ကလေးအများစုမှာ အမြင်အာရုံ ချို့ယွင်းမှုဖြစ်ကြတာလည်း ဒီရောဂါကြောင့်ပါပဲ။ ဖြစ်တောင့်ဖြစ်ခဲပေမယ့် တစ်ခါတစ်ရံ မျက်လုံး (၂) ဘက်လုံး ထိခိုက်တာမျိုးလည်း ရှိတတ်ပါတယ်။ တစ်ခါတလေမှာတော့ ကောင်းတဲ့ဘက်က ပိုအလုပ်လုပ်ပေးနေတဲ့ အတွက် မျက်လုံးမြင်အား နှစ်ဘက်မတူတာကို က​လေးက မသိတာ​တောင် ဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် ဖေဖေမေမေတို့အနေနဲ့လည်း ကိုယ့်ရဲ့သားသားမီးမီးတွေမှာ ဒီလိုမကြုံတွေ့ရအောင် အမြဲ ဂရုတစိုက်ရှိဖို့ လိုအပ်ပါတယ်။
..
..

???? Amblyopia မှာ ဘယ်လိုလက္ခဏာတွေ တွေ့နိုင်လဲ?

ကောင်းတဲ့မျက်လုံးကိုသုံးပြီး ပုံမှန်လိုပဲ ကြည့်နေနိုင်တဲ့အတွက် ဘယ်လိုလက္ခဏာမှ မပြတာလည်း ဖြစ်နိုင်ပါတယ်။ တခြား လက္ခဏာတွေ အနေနဲ့ကတော့…

• မျက်လုံးတစ်ဘက်က အမြင်အာရုံကျဆင်းနေမယ်။

• မျက်စိစွေနေမယ် (ဒါမှမဟုတ်) မျက်လုံးတစ်ဘက် ပိတ်ကျနေမယ်။

• အရာဝတ္ထုတွေကို လိုက်ကြည့်တဲ့အခါ ခေါင်းတစ်ခြမ်းစောင်းနေမယ်။

• မျက်စိက ခဏခဏညောင်းနေမယ်။ မျက်စိကို ခဏခဏ ပွတ်နေမယ်။

• ခေါင်းကိုက်မယ်။

• မျက်တောင် ခဏခဏ ခတ်မယ်။

• ခဏခဏ ခလုတ်တိုက်ပြီး ချော်လဲနေမယ်။

• မျက်စိနဲ့ပတ်သက်တဲ့ စစ်ဆေးမှုတွေ လုပ်တဲ့အခါ ရလဒ်မမှန်တာတွေထွက်မယ်….. အစရှိတာတွေ ဖြစ်နိုင်ပါတယ်။
..
..

???? ဘာကြောင့် Amblyopia ဖြစ်ရသလဲ?

• “ Strabismus amblyopia” လို‌ခေါ်တဲ့ မျက်စိစွေစောင်းရောဂါခံစားနေရတဲ့ ကလေးတွေမှာ စွေနေတဲ့မျက်စိကပေးပို့တဲ့ အမြင်ကို ဦးနှောက်က အသိမှတ်မပြုတော့ရင်လည်း စွေနေတဲ့မျက်စိဟာ lazy eye ဖြစ်တတ်ပါတယ်။

• မျက်လုံးတစ်လုံးနဲ့တစ်လုံးကြား မြင်ကွင်းပြတ်သားကြည်လင်မှု ကွာခြားလို့
(အဝေးမှုန်၊ အနီးမှုန်ခြင်းတို့ကြောင့်လည်း ဖြစ်နိုင်သလို တစ်ခါတစ်ရံမှာ မျက်လုံးရဲ့ မျက်နှာပြင်မညီတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။)

• မျက်လုံးထဲမှာ တိမ်စွဲနေတဲ့အခါ

• လမစေ့ဘဲမွေးတဲ့ ကလေးတွေ

• ‌ပေါင်မပြည့်တဲ့ မွေးကင်းစကလေးတွေ

• မိသားစုထဲမှာ amblyopia ရောဂါဖြစ်ဖူးတဲ့သူရှိတဲ့ ကလေးတွေမှာ amblyopia ဖြစ်နိုင်ခြေ ပိုများတာကို တွေ့ရပါတယ်။
..
..

ဒါကို မကုသဘဲထားမယ်ဆိုရင်တော့ မျက်စိလုံးဝမမြင်တော့ဘဲ မျက်စိကွယ်တဲ့အထိ ဖြစ်နိုင်ပါတယ်။

ဒါကြောင့် ကိုယ့်ရဲ့ကလေးတွေမှာ မျက်စိအမြင်မကြည်တာကို သိတာနဲ့တပြိုင်နက် တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်နဲ့ စနစ်တကျ တိုင်ပင်ပြသဖို့ လိုအပ်ပါတယ်။

မျက်လုံး (၂) ခု အမြင်အာရုံမတူတာကို ကလေးက မသိနိုင်တာလည်း ဖြစ်နိုင်တာ​ကြောင့် အသက် (၄) နှစ်အရွယ်​လောက်မှာ မိမိက​လေးကို အမြင်အာရုံစမ်းသပ်သင့်ပါတယ်။ မျက်စိဆရာဝန်က မျက်လုံးတစ်ဘက်နဲ့ တစ်ဘက်ကို နှိုင်းယှဥ်စမ်းပြီး လိုအပ်တဲ့ကုသမှု​တွေ​ပေးပါလိမ့်မယ်။
..
..

???? ဘယ်လို ကုသကြမလဲ?

ကလေးဘဝမှာတည်းက Amblyopia ကို ကုသနိုင်ရင်တော့ အကောင်းဆုံး ဖြစ်ပါတယ်။

• အနီးမှုန်၊ အဝေးမှုန်ပေါ် မူတည်ပြီး မျက်မှန် (ဒါမှမဟုတ်) မျက်ကပ်မှန်တပ်တာ

• အားနည်းနေတဲ့ မျက်လုံးကို အမြင်အာရုံပြန်ကောင်းအောင် လှုံ့ဆော်ဖို့အတွက် တစ်နေ့ကို (၆) နာရီလောက် ပုံမှန်မြင်ရတဲ့မျက်လုံးကို အဝတ်စ/ patch လေးတွေနဲ့ အုပ်ထားတာ

• မျက်စဥ်းဆေးခပ်တာ… ဒါပေမယ့် မျက်လုံးက အလင်းစူးတဲ့ဒဏ်မခံနိုင်တာ၊ ဓာတ်မတည့်တာ အစရှိတဲ့ နောက်ဆက်တွဲဆိုးကျိုးတွေ ဖြစ်နိုင်တဲ့အတွက် တတ်သိနားလည်တဲ့ ဆရာဝန်နဲ့ တိုင်ပင်ပြသဖို့ အကြံပေးလိုပါတယ်။

• ဒီထက်ပြင်းထန်ခဲ့မယ်ဆိုရင်တော့ ခွဲစိတ်ကုသမှုအထိ ပြုလုပ်ဖို့ လိုအပ်နိုင်ပါတယ်။

Amblyopia ကို ကုသရာမှာ အသက် ၈ နှစ်ကျော်သွားရင်တော့ အမြင်အာရုံ ပြန်လည်သန်စွမ်းဖို့ရာ ခက်ခဲသွားပါပြီ။

စောစောစီးစီး ဆရာဝန်နဲ့ စနစ်တကျတိုင်ပင်ကုသပြီး ဆေးကုသမှုခံယူမယ်ဆိုရင်တော့ လပိုင်းအတွင်းမှာ မျက်လုံးလေးရဲ့ အခြေအနေပြန်ကောင်းလာနိုင်ပါတယ်။
..
..

ဒီလောက်ဆိုရင်တော့ Amblyopia နဲ့ပတ်သက်လို့ သိသင့်သိထိုက်တဲ့ ဗဟုသုတတွေ သိရှိပြီးဖြစ်တယ်လို့ ထင်ပါတယ်။ ဖေဖေမေမေတို့လည်း ကိုယ့်ရဲ့ကလေးတွေမှာ အမြင်အာရုံမကြည်လင်တာ ချို့ယွင်းတာကို သတိထားမိတာနဲ့ မပေါ့ဆဘဲ ဆရာဝန်နဲ့ ချက်ချင်း တိုင်ပင်ပြသဖို့ ထပ်လောင်း အကြံပြုပါရစေ။

Reference – https://www.mayoclinic.org/…/symptoms-causes/syc-20352391

https://www.mayoclinic.org/…/diagnosis…/drc-20352396

❤️ NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️

???? တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်

* ပိတ်ရက်မရှိပါ *

ကြိုတင်ဘိုကင်ယူရန်အတွက်( https://m.me/telehealthmm )ကို နှိပ်ပါ
( နေ့စဉ် မနက် ၈နာရီမှ ည၁၀နာရီအထိ )

#nugmoh#telehealth#telemedicine
#teleconsultation#တယ်လီကျန်းမာ
#amblyopia

Ministry of Health,

National Unity Government.

Published on: 22 March 2023
Last Updated: 22 March 2023

ဆက်စပ်ရာ ကျန်းမာရေးဆောင်းပါးများ

အရက်အဆိပ်သင့်ပြီး သေဆုံးစေနိုင်သော လက္ခဏာများ (နိုဝင်ဘာလ၊ ၂၀၂၅)

အရက်ပမာဏအများကြီးကို အချိန်တိုအတွင်း သိုမဟုတ် အလွန်လျင်မြန်စွာ သောက်သုံးပါက အရက်အဆိပ်သင့်၍ သေဆုံးနိုင်ပါသည်။ နှိး၍ မရခြင်း/ မနိုးထနိုင်တော့ခြင်း အန်ခြင်း အသက်ရှူနှုန်း နှေးခြင်း (တစ်မိနစ်လျှင် ၈ ကြိမ်အောက် နည်းခြင်း) အသက်ရှူ မမှန်ခြင်း (အသက်ရှူကြိမ် ၂ ခုကြား ဆယ်စက္ကန့် သိုမဟုတ် ပို၍ ကြာခြင်း) တက်ခြင်း ခန္ဓာကိုယ် အေးခြင်း (ကိုယ်အပူချိန်...

အယူအဆအလွဲ (၁၅)

အလွဲ ❌ အသက်ကြီးသူများသည် လဲကျ/ချော်လဲနိုင်ခြေရှိသောကြောင့် ကိုယ်လက်လှုပ်ရှားမှုနှင့် လေ့ကျင့်ခန်းများ မလုပ်သင့်တော့ပါ။ ငြိမ်ငြိမ်နေခြင်းသည်သာ ဘေးအကင်းဆုံး ဖြစ်သည်။ အမှန် ✅ မှန်ကန်သော ကိုယ်လက်လှုပ်ရှားမှုနှင့် လေ့ကျင့်ခန်းပုံစံအမျိုးအစားသည် အသက်ကြီးသူများ၏ ကျန်းမာရေးအတွက် အလွန်လိုအပ်ပါသည်။ ကိုယ်လက်လှုပ်ရှားမှု ပုံမှန်ပြုလုပ်ခြင်းသည် နှလုံးသွေးကြောများကို ကျန်းမာစေခြင်း၊ ဆီးချိုနှင့် သွေးတိုးကို ထိန်းချုပ်နိုင်ခြင်းအပြင် စိတ်ဓာတ်ကျမှုကို...

အယူအဆအလွဲ (၁၄)

အလွဲ ❌ အဆစ်အမြစ်နာကျင်ခြင်း (အထူးသဖြင့် ဒူးနာခြင်း) သည် အသက်ကြီးသဖြင့် ဖြစ်လာခြင်းဖြစ်ပြီး ဆေးနှင့်ကုသ၍ မရနိုင်သည့်အတွက် နာကျင်မှုကို ကြိတ်မှိတ်ခံစားနေရုံသာ ရှိသည်။ အမှန် ✅ အဆစ်အမြစ်ရောင်ရမ်းနာ (Arthritis) သည် အသက်ကြီးသူများတွင် အဖြစ်များသော်လည်း ထိရောက်သော ကာကွယ်ထိန်းသိမ်းမှုများနှင့် ကုသမှုများ ရှိပါသည်။ အရိုးအဆစ်ရောင်ရမ်းနာ (Osteoarthritis)...

လူမှုဆက်ဆံရေးမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ပွတ်တိုက်မှုတွေကို ဘယ်လိုလျှော့ချမလဲ

လူမှုဆက်ဆံရေးမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ပွတ်တိုက်မှုတွေကို ဘယ်လိုလျှော့ချမလဲ။ လူဆိုတာ ခံစားချက်ရှိတဲ့ သတ္တဝါပဲဖြစ်တာမို့ တစ်ဦးနဲ့တစ်ဦး ဆက်ဆံ‌ပြောဆို နေထိုင်ရတဲ့အခါ မိသားစု၊ အလုပ်ခွင်၊ မိတ်ဆွေ စတဲ့ ဘယ်နေရာမှာပဲဖြစ်ဖြစ် ပွတ်တိုက်မှု (Conflict) ဆိုတာမျိုးက အနည်းနဲ့အများတော့ ရှိစမြဲပါ။ စိတ်ခံစားချက်တွေ ရှိနေသရွေ့ အဖုအထစ်တွေ ဖြစ်ပေါ်နိုင်တာ သဘာဝပါပဲ။ ဒီပွတ်တိုက်မှုတွေကို လျော့နည်းအောင်လုပ်ဖို့၊...