တယ်လီကျန်းမာ ဆိုတာ ဘာလဲ?
တယ်လီကျန်းမာ (Telekyanmar) သည် မြန်မာနိုင်ငံ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကျန်းမာရေးဝန်ကြီးဌာနမှ ပံ့ပိုးပေးထားသော အခမဲ့ အွန်လိုင်းဆေးကုသမှု ဝန်ဆောင်မှုတစ်ခု ဖြစ်ပါသည်။ ၎င်းသည် မြန်မာပြည်သူများ၏ ကျန်းမာရေးလိုအပ်ချက်များကို ဖြည့်ဆည်းပေးရန်နှင့် အရည်အသွေးမြင့် ကျန်းမာရေးစနစ်တစ်ခုကို ဖော်ဆောင်ပေးရန် ရည်ရွယ်ပါသည်။
တယ်လီကျန်းမာတွင် ဆရာဝန်ပြသရန် အခကြေးငွေ ပေးဆောင်ရပါသလား?
မပေးဆောင်ရပါ။ တယ်လီကျန်းမာဆေးခန်းသည် လူတိုင်းအတွက် ကျန်းမာရေးဝန်ဆောင်မှုများကို အခမဲ့ ပေးအပ်လျက်ရှိပါသည်။
ဆရာဝန်ပြသရန် ရက်ချိန်း (Appointment) မည်သို့ ယူရမည်နည်း?
Facebook စာမျက်နှာမှတစ်ဆင့် ရက်ချိန်းယူနိုင်ပါသည်။
ဆေးကုသမှု ခံယူဆွေးနွေးရန်အတွက် မည်သည့် Application ကို အသုံးပြုရမည်နည်း?
မိတ်ဆွေ၏ဖုန်းတွင် Telegram ရှိထားရပါမည်။ ရက်ချိန်းယူခြင်းကို Facebook Messenger မှတစ်ဆင့် ပြုလုပ်ရသော်လည်း ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးခြင်းကိုမူ Telegram တွင် ပြုလုပ်ရမည် ဖြစ်သည်။ ရက်ချိန်းအတွက် သီးသန့် Telegram Link တစ်ခုကို ပေးပို့ပေးပါလိမ့်မည်။
တယ်လီကျန်းမာ ဆေးခန်းဖွင့်ချိန် ကိုပြောပြပေးပါ?
ဆေးခန်းကို နေ့စဉ် မနက် ၀၈:၀၀ နာရီမှ ည ၁၀:၀၀ နာရီအထိ ဖွင့်လှစ်ထားပါသည်။
Patient Code ရှိပြီးသူက နောက်ထပ်ရက်ချိန်း မည်သို့ ထပ်ယူရမည်နည်း?
မိတ်ဆွေတွင် ကုဒ်ရှိပြီးသားဖြစ်ပါက ထပ်မံစာရင်းသွင်းရန် မလိုတော့ပါ။ ရှိပြီးသား Patient Code၊ ဆေးခန်းပြလိုသည့် အကြောင်းအရင်းနှင့် ပြသလိုသည့် အချိန်တို့ကို Messenger တွင် ပေးပို့လိုက်ရုံဖြင့် လုံလောက်ပါသည်။ ထို့နောက် မိတ်ဆွေအတွက် ရက်ချိန်းအချိန်နှင့် ဆေးခန်း Link ကို ပြန်လည်ပေးပို့ပေးပါလိမ့်မည်။
ရက်ချိန်းအချိန်ရောက်ပါက ဘာဆက်လုပ်ရမည်နည်း?
မိတ်ဆွေ၏ရက်ချိန်းအချိန် ရောက်သောအခါ -
ဝဘ်ဆိုက် (Website) တွင် ဆေးခန်းအပြင် အခြားကျန်းမာရေးဆိုင်ရာ အရင်းအမြစ်များ ရှိပါသလား?
ရှိပါသည်။ ပြည်သူ့ကျန်းမာရေး အသိပညာဗဟုသုတ တိုးပွားစေရန် ရည်ရွယ်၍ စိတ်ကျန်းမာရေး၊ အာဟာရဆိုင်ရာ၊ ကလေးကျန်းမာရေးနှင့် အထွေထွေကျန်းမာရေး အသိပညာပေး စသည့် ခေါင်းစဉ်မျိုးစုံပါဝင်သော "ကျန်းမာရေးဆောင်းပါးများ" ကဏ္ဍလည်း ဝဘ်ဆိုက်တွင် ပါရှိပါသည်။
