” ခရီးသွားတဲ့အခါ မူးဝေအော့အန်ခြင်း “

” ခရီးသွားတဲ့အခါ မူးဝေအော့အန်ခြင်း

( Travel sickness ) “

???? ဘယ်သူတွေက ခရီးသွားရင်မူးကြသလဲ ?

ခရီးသွားတဲ့သူမှန်သမျှ မူးဝေနိုင်ပါတယ်။

ဒါပေမယ့် လူကြီးတွေထက် ကလေးတွေက ပိုဖြစ်ကြပါတယ်။

ကိုယ်စီးတဲ့ ယာဉ်ကြီးလေလေ ခရီးသွားရင် မူးဖို့ရာခိုင်နှုန်း နည်းလေလေပါပဲ။

ရထားနဲ့ ခရီးသွားရင် မူးဝေဖို့ ရာခိုင်နှုန်းနည်းပါတယ်။ .

???? ဘယ်လိုခံစားရမလဲ ?

– မအီမသာဖြစ်မယ်

– အန်ချင်မယ်

– လေးလံထိုင်းမှိုင်းနေမယ်

– ကလေးတွေမှာ ဖြူဖျော့လာမယ်

– မှိုင်တိုင်တိုင်ဖြစ်လာတာမယ် …. ဒါတွေ ကတော့ ပထမဆုံးတွေ့နိုင်တဲ့ လက္ခဏာတွေဖြစ်ပါတယ်။

.

???? ဘာကြောင့်ဖြစ်တာလဲ ?

ဦးခေါင်းခွံရိုးရဲ့အတွင်းပိုင်း ၊ နားရဲ့အတွင်းပိုင်းမှာ ခန္ဓာကိုယ်ကို ဟန်ချက်ညီအောင် ထိန်းညှိလုပ်ဆောင်ပေးနေတဲ့ နေရာတစ်ခုရှိပါတယ်။

ခရီးသွားတဲ့အခါ ယာဉ်ရဲ့တုန်ခါမှုကနေတစ်ဆင့် ထိုနေရာကို သက်ရောက်တာကြောင့် မူးတာမျိုး ဖြစ်ကြပါတယ်။

.

???? ဘယ်လိုကုသကြမလဲ ?

ပထမဆုံး အနေနဲ့ ခရီးမသွားခင်နဲ့သွားနေစဉ် လမ်းတစ်လျှောက်လုံးမှာ စိတ်လျှော့ထားပါ ၊ သက်တောင့်သက်သာနေပါ။ ခရီးသွားတုန်း အဝေးပတ်ဝန်းကျင်က အရာလေးတွေကို လိုက်ကြည့်ပါ။ ဖုန်း၊ ဂိမ်း၊ စာဖတ်တာတို့ကို မပြုလုပ်သင့်ပါ။

ငြိမ်ငြိမ်လေးထိုင်နေပါ။ ကားနဲ့ခရီးသွားရင် လမ်းမှာ နားနားပြီးမှ မောင်းပါ။ ယာဉ်စီးလို့ မူးတတ်တဲ့သူတွေအနေနဲ့ ကားရဲ့အရှေ့ထိုင်ခုံမှာ ထိုင်စေလိုပါတယ်။

ခရီးမသွားခင်နဲ့ သွားနေစဉ်ကာလတွေမှာ အစားအများကြီးမစားပါနဲ့။ ဆီကြော်တွေ၊ နွားနို့၊ အဆီများတဲ့ အစားအစာတွေ ရှောင်ပါ။ အရည်တွေလည်း အများကြီးမသောက်ပါနဲ့။ ဘာမှ မစားဘဲနဲ့လည်း မသွားပါနဲ့။ အစာပေါ့ပေါ့ပါးပါးဖြစ်တာမျိုး စားသွားပါ။ လူကိုလန်းဆန်းစေမယ့် သံပုရာရည်၊ လိမ္မော်ရည်တွေကို သောက်သုံးနိုင်ပါတယ်။

ဆေး အနေနဲ့ကတော့ ခရီးမသွားခင် Antihistamine လို့ခေါ်တဲ့ဆေးကို ခရီးစမထွက်ခင် ၁ နာရီကြိုသောက်သင့်ပါတယ်။ သတိထားရမှာတော့ ထိုဆေးဟာ အိပ်ချင်တတ်ပါတယ်။

ဂျင်းပြုတ်ရည်ကလည်း အမူးသက်သာစေတာမို့သောက်သုံးနိုင်ပါတယ်။

Scopolamine ပါတဲ့ ဆေးကပ်ခွာကိုလည်း အသုံးပြုနိုင်ပါတယ်။ ထိုကပ်ခွာကိုလည်း ခရီးမသွားခင်ကြိုကပ်ထားနိုင်ပါတယ်။ နေရာကတော့ နားအနောက်မှာ ကပ်လို့ရပါတယ်။ ခရီးပြီးသွားပြီဆိုရင်တော့ ပြန်ခွာလို့ရပါတယ်။ သတိထားရမှာတော့ ဆေးကပ်ခွာကိုကိုင်ပြီး ကပ်ပြီးတာနဲ့ လက်ကိုရေပြန်ဆေးရပါမယ်။ အကယ်၍ ထိုလက်နဲ့မျက်လုံးပွတ်မိရင် မျက်လုံးပူလာတာ၊ စပ်လာတာစတဲ့မလိုလားအပ်တဲ့ ပြသာနာတွေဖြစ်နိုင်ပါတယ်။

Reference ????

– Murtagh,J , 2016. Murtagh’s patient education. 6th Ed. Australia:Mcgraw-Hill Australia,pp. ( page 340 )

❤️ NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️

???? တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက်( https://m.me/telehealthmm )ကို နှိပ်ပါ

( နေ့စဥ် မနက် ၈နာရီမှ ည၁၀နာရီအထိ )

#nugmoh#telehealth#telemedicine

#teleconsultation#တယ်လီကျန်းမာ

#travelsickness#travel_sickness

Ministry of Health,

National Unity Government.

Published on: 25 January 2023
Last Updated: 25 January 2023

ဆက်စပ်ရာ ကျန်းမာရေးဆောင်းပါးများ

ဖောက်ပြန်ခံရတဲ့အခါ ….

ပတ်ဝန်းကျင်မှာ ဒါမှမဟုတ် ဆိုရှယ်မီဒီယာမှာ ခဏခဏ မြင်ဖူး၊ ကြားဖူးကြပါလိမ့်မယ်။ အိမ်ထောင်ဖက် ဒါမှမဟုတ် ချစ်သူက ဖောက်ပြန်သွားတဲ့အခါ.... ဖောက်ပြန်ခံရတဲ့သူကပဲ "ငါ ဘာတွေ လိုအပ်သွားလို့လဲ"၊ "ငါ့မှာ ဘာအားနည်းချက်ရှိလို့လဲ"၊ "ငါ့အပြစ်တွေပဲ" ဆိုပြီး ကိုယ့်ကိုယ်ကိုယ် အပြစ်ရှာ၊ လက်ညှိုးထိုးတတ်ကြပါတယ်။ တကယ်တော့ အမှားလုပ်တာက တစ်ဖက်လူဖြစ်ပြီး နာကျင်ရတာက...

ဒိုပါမင်း အလွန်အကျွံလှုံ့ဆော်မှုကို ခဏတာဖြတ်တောက်ခြင်း Dopamine Fasting

ဖုန်းသုံးနေရင်း social media ပေါ်က short videos တွေကို တစ်ခုပြီးတစ်ခု ပွတ်နေရင်း အချိန်တွေကုန်မှန်းမသိ ကုန်သွားတာမျိုး ကြုံဖူးပါသလား။ ဒီလိုဖြစ်ရတဲ့ အဓိကတရားခံကတော့ ဦးနှောက်ထဲက ဒိုပါမင်း (Dopamine) ဓာတ်တွေ အလွန်အကျွံ လှုံ့ဆော်ခံနေရလို့ပဲ ဖြစ်ပါတယ်။ ဒိုပါမင်း (Dopamine) ဆိုတာ အလွယ်ပြောရရင် ကျွန်မတို့...

သွေးစစ်ဖို့ နောက်မကျပါစေနဲ့

ဆေးခန်းရှေ့ရောက်မှ ရင်တွေတအားခုန်လာပြီး နောက်ပြန်လှည့်ပြေးချင်စိတ် ပေါက်ဖူးလား။ "အဖြေတစ်ခုခု ထွက်လာရင် ငါဘယ်လို ရှေ့ဆက်ရမလဲ" ဆိုတဲ့ အတွေးက လူကို အတော်လေး မွန်းကျပ်စေတာ အမှန်ပဲ။ HIV လို၊ ကာလသားရောဂါလို ကိစ္စတွေမှာ သွေးသွားစစ်ဖို့ ကြောက်နေတာ သင်တစ်ယောက်တည်း မဟုတ်ပါဘူး။ လူတိုင်းလိုလို ဒီခံစားချက်ကို ဖြတ်သန်းဖူးကြတာချည်းပဲ။ ဒါပေမယ့်...

အယူအဆလွဲများ (၃၇)

❌ အယူအဆလွဲ >>> နှာခေါင်းသွေးယိုတဲ့အခါ သွေးတွေ အပြင်ကို ထပ်မထွက်လာစေဖို့ ခေါင်းကို အနောက်ဘက်ကို မော့ပစ်လိုက်တာ ဒါမှမဟုတ် ပက်လက်လှန်အိပ်ခိုင်းလိုက်တာ။ ☑️ အမှန် >>> ခေါင်းကို အနောက်ကို မော့လိုက်တဲ့အခါ နှာခေါင်းထဲက သွေးတွေဟာ အပြင်ကို မစီးတော့တာ မှန်ပေမယ့် အဲဒီသွေးတွေဟာ လည်ချောင်းထဲမှတစ်ဆင့်...